ပင်မှည့်သီး ကနေ ဒီလို ကောင်းကျိုးတွေရနိုင်ပါတယ်

ပင်မှည့်သီး ဖျော်ရည်ဆိုတာ အအေးဆိုင်ရဲ့ မီနူးထဲမှာမရှိမဖြစ်ဖြစ်တဲ့ အအေးတစ်ခုပါ။ အရသာလည်း ရှိသလို သောက်တဲ့လူတိုင်းကိုလည်း ကောင်းကျိုးလေးတွေ ရစေတဲ့ ဒီ ပင်မှည့်သီး ဖျော်ရည်ရဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်ရအောင်။

ပင်မှည့်သီး ရဲ့ ကောင်းကျိုးများ

( ၁ ) လူကို လန်းဆန်းစေပါတယ်။

ပင်မှည့်သီး ဖျော်ရည်ဟာ ချိုအီအီထက် ချဉ်ချိုချိုလေးဖြစ်တာကြောင် သောက်လိုက်တဲ့ လူတိုင်းကို လန်းဆန်းစေမှာ အသေအချာပါ။ ရေဓာတ်ကြွယ်ဝတဲ့အတွက် အခြား ဖျော်ရည်တွေလိုမျိုး သောက်ပြီးတာနဲ့ ရေဆာခြင်းကို မဖြစ်စေသလို ခံတွင်းကိုလည်းရှင်းစေဦးမှာပါ။

( ၂ ) အာဟာရဓာတ်တွေ များစွာပါပါတယ်။

ချဉ်ချိုချို အသီးလေဖြစ်တာကြောင့် ဗီတာမင် C ပါမယ်ဆိုတာကတော့ အထူးပြောနေစရာကို မလိုဘူးထင်ပါတယ်။ ဒါ့အပြင် နှလုံးကြွက်သားတွေနဲ့ သွေးကြောတို့အတွက် လိုအပ်တဲ့ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ အသီး တစ်မျိုးလည်း ဖြစ်ပါတယ်။ နောက်ပြီး အမျှင်ဓာတ် ၊ သံဓာတ်နဲ့ ကယ်လ်ဆီယမ် ၁၂.၈ ရာခိုင်နှုန်းပါတဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။

( ၃ ) ခုခံအားကို တက်စေပါတယ်။

ခုခံအားအတွက် အရေးကြီးတဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့အသီးဖြစ်တာကြောင့် ကိုယ်တွင်းကို ဝင်လာမယ့် ရောဂါပိုးတွေကို သူက ကူပြီး တိုက်ထုတ်ပေးမှာ အသေအချာနော်။

ပင်မှည့်သီး ကနေ ဒီလို ကောင်းကျိုးတွေရနိုင်ပါတယ်။

( ၄ ) ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါပါတယ်။

အသီးတိုင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝကြတဲ့အတွက် အသီးတစ်မျိုးဖြစ်တဲ့ ပင်မှည့်သီးလည်း အတူတူပါပဲ။ သူ့ရဲ့ ကြွယ်ဝတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးမှာ ဖြစ်တဲ့အပြင် ကင်ဆာရောဂါ မဖြစ်အောင်လို့လည်း ကာကွယ်ပေးဦးမှာပါ။

( ၅ ) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

ပင်မှည့်သီးက အစာကြေ စေတဲ့အပြင် အစာခြေစနစ်ကို ကူညီပေးတဲ့အတွက် အစာအိမ်သမားတွေ အထူးအားထားရတဲ့ အသီးတစ်ခုပါ။

( ၆ ) ဓာတ်မတည့်ခြင်းဖြစ်တတ်သူများအတွက်လည်း အားထားရတဲ့ အသီးတစ်ခုပါ။

ဓာတ်မတည့်ပစ္စည်းတွေ ထွက်တာ၊ ကိုယ်တွင်းရောင်ရမ်းတာတွေကို သက်သာစေတဲ့အတွက် ပင်မှည့်သီးဟာ ပန်းနာရင်ကျပ်သမားတွေ အတွက် လက်စွဲ အသီးတစ်ခုပါ။

( ၇ ) အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr. Thin Yadanar @ Frances


Leave a Reply

Your email address will not be published. Required fields are marked *

*