မြန်မာစစ်တပ် ရေရှည်ရပ်တည်ရေး မဖြစ်နိုင်တော့ဘူးလို့ အမေရိကန် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ် ပြော

အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်က ထွက်ပြေးတဲ့ လူဉီးရေတော်တော်လေးများပျားလာနေတယ်ဆိုတာ

နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။ အထူးသဖြင့် စစ်တပ်အင်အား သုံးသိန်းရှိတယ်ဆိုတဲ့အထဲကမှ

အခုဆိုရင် နှစ်ထောင်ကျော်လောက် စစ်တပ်ကို စွန်ခွာထွက် ပြေးတဲ့သူတွေရှိလာနေပြီးဆိုတာကိုလဲ

ပြည်သူ့စစ်သား (People’s Soldiers ) facebook လူမှုကွန်ယက်စာမျက်နှာရဲ့ ဖော်ပြချက်များအရ သိရှိရပါတယ်။

အဆိုပါ အကြောင်းအရာနဲ့ပတ်သက်၍မြန်မာနိုင်ငံ အရပ်သားအစိုးရ လက်ထပ်မှာတုန်းက အရပ်ဖက်

စစ်ဖက် ဆက်ဆံရေးကို လေ့ကျင့်သင်ကြားပေးခဲ့ဖူးသူလဲဖြစ် စစ်ရေးလေ့လာသူ သုံးသပ်သူလဲ ဖြစ်တဲ့

အမေရိကန် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်က အခုလိုပြောပါတယ်။

“အခုအချိန်မှာ အန်တီတို့အနေနဲ့ လေ့လာ သုံးသပ်ကြည့်ရမယ်ဆိုရင်ပေါ့နော် မြန်မာစစ်တပ်က အခုချိန်မှာ

ကြာရှည် ရပ်တည်နိုင်ဖို့အတွက်က မလွယ်တော့ဘူး ဘာလို့လဲဆိုတော့ CDMတွေလေ တော်တော်များများ

စစ်သားတွေ ထောင်ကျော် CDMကို သွားနေပြီ နောက်တစ်ခု ကြတော့ covidနဲ့ ပတ်သက်ပြီးတော့ ကြတော့လဲ

သူတို့မှာ သေဆုံးတာတွေရှိမယ်နော် ဘာလို့လဲ ကိုဗစ်က သူတို့ မြန်မာနိုင်ငံမှာ ဘယ်လိုမှ မထိန်းနိုင်ဘူး

နောက်တစ်ခုကြတော့ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေဖြစ်နေတယ် တိုက်ပွဲတွေမှာလဲ စစ်သားတွေ ထောင်ကျော်

ကျဆုံးတာတွေရှိနေတယ်။ ဆိုတော့ အခုဆိုရင် CDMကလဲ ပိုပြီးတော့ များလာတယ်။” လို

ဒေါက်တာမီမီတင်းဘတ်က သုံးသပ်ပြောဆိုပါတယ်။

အခုလို မြန်မာစစ်တပ်ဖက်က တိုက်ပွဲတွေမှာ အကျအဆုံးများနေတာ စစ်တပ်ကို စွန့်ခွာထွက်ပြေးသူတွေများနေတာကြောင့်

ပြည်သူလူထုရဲ့ အကူအညီကို မဖြစ်မနေရယူဖို့ လိုအပ်လာနေတဲ့ အခြေအနေကို ပြနေကြောင်းကို ၎င်းက သုံးသပ်ပါတယ်

ပြည်သူလူထုရဲ့ အကူအညီဆိုရာမှာလဲ G-Zလို လူငယ်လေးတွေကလဲ တိုင်းရင်းသားလက်နက်ကိုင်များနှင့်

ပူးပေါင်းနေပြီဖြစ်တဲ့အတွက် မလွယ်ကူနိုင်တော့ဘူး စစ်တပ်အနေနဲ့ ပြည်သူလူထုလက်မခံ နိုင်ကြတာတင်မကပဲ

နိုင်ငံတကာရဲ့ လက်ခံပေးနိုင်မှုကိုမရရှိတာကို တွေ့မြင်ရကြောင်း သုံးသပ်ပြောဆိုပါတယ်။

ယခု သတင်းကို VOAမြန်မာမှ အမေရိကန် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်အား

တွေ့ဆုံမေးမြန်းထားသည့် အချက်အလက်များကို ကိုးကားဖော်ပြထားခြင်းဖြစ်သည်။


Leave a Reply

Your email address will not be published. Required fields are marked *

*