အရေပြားဓာတ်မတည့်မှု (Skin Allergic) ဖြစ်တတ်သူတွေ သတိထားသင့်တဲ့အရာများ

အရေပြားဓာတ်မတည့်မှု (skin allergic) ဖြစ်တယ် ဆိုတာမျိုးကတော့ တစုံတခုနဲ့ ထိတွေ့မိပြီး အရေပြားယားယံလာတာ၊ အဖုအပိန့်တွေ ထွက်လာတာမျိုးကို ပြောတာပါ။ တခါတရံမှာတော့ အစားအစာတခုခုကို စားမိရာကနေလည်း အရေပြားဓာတ်မတည့်တာ၊ အစာအဆိပ်သင့်တဲ့ လက္ခဏာမျိုးတွေအထိ ဖြစ်တတ်တာကြောင့် skin allergic ဟာ မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတမျိုးပါ။ ဒါကြောင့်မို့လို့ ကိုယ်က အရေပြားဓာတ်မတည့်တာမျိုး မကြာခဏ ဖြစ်တတ်သူဆိုရင်တော့ အခုပြောပြပေးမယ့် အရာတွေကို သတိထားရှောင်ကြဉ်သင့်ပါတယ်။

(၁) မွှေးရနံ့တွေ

မွှေးရနံ့တွေကလည်း အရေပြားဓာတ်မတည့်မှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး ရေမွှေးလိုမျိုး ခန္ဓာကိုယ်အရေပြားပေါ် တိုက်ရိုက်ထိတွေ့စွတ်ဖျန်းရတဲ့ အခါမျိုးနဲ့ မွှေးရနံ့ပါတဲ့ အလှကုန်ပစ္စည်းတွေနဲ့ ထိတွေ့အသုံးပြုတဲ့အခါ ကိုယ့်အရေပြားနဲပ ဓာတ်တည့်၊မတည့်ကို အရင်ဆုံးစမ်းသပ်ပြီးမှ အသုံံးပြုသင့်ပါတယ်။

(၂) မှို

မှိုဟာဆိုရင်လည်း စားသုံးမိတဲ့အခါမှာဖြစ်ဖြစ် ထိတွေ့မိတဲ့အခါမှာဖြစ်ဖြစ် ဖြစ်လွယ်တဲ့သူတွေမှာဆိုရင် အရေပြားယားယံတာ၊ အဖုအပိန့်တွေထွက်တာ၊ မူးဝေတာမျိုးတွေအထိ ဖြစ်နိုင်တာကြောင့် သတိထားသင့်ပါတယ်။

(၃) ပန်းဝတ်မှုန်တွေ

ကိုယ်က အရေပြား allergic ထတာမျိုး ခဏခဏ ဖြစ်တတ်တဲ့သူဆိုရင်တော့ သစ်ပင်၊ ပန်းပင်တွေကြားသွားတဲ့ အခါမျိုးမှာ ဂရုစိုက်သင့်ပါတယ်။ ပန်းပင်တွေ သစ်ပင်တွေက ပန်းဝတ်မှုန်တွေနဲ့ ထိတွေ့ရှုရှိုက်မိတဲ့ အခါမျိုးမှာ နှာချေတာ၊ ရုတ်တရက်အသက်ရှုကြပ်လာတာ နှာရည်ယိုပြီး ယားယံတာ စတာတွေ ဖြစ်ပေါ်နိုင်တာကြောင့်မို့လို့ skin allergic ဖြစ်တတ်သူတွေအနေနဲ့ သတိထားသင့်ပါတယ်။

(၄) အိမ်မွေးတိရစ္ဆာန်တွေ

အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ခွေး၊ ကြောင်စတာတွေရဲ့ အမွှေးတွေနဲ့ ထိတွေ့တဲ့အခါမျိုးမှာလည်း အရေပြားဓာတ်မတည့်တာမျိုး ဖြစ်ပြီး ယားယံတာ၊ အဖုအပိန့်ထတာမျိုးတွေ ဖြစ်တတ်တာကြောင့် ထိတွေ့ပြီးတဲ့အခါတိုင်း သေချာဆေးကြောသန့်စင်ပေးသင့်ပါတယ်။

Calcifer

Photo-credit


Leave a Reply

Your email address will not be published. Required fields are marked *

*