စပါးကြီးသည်းခြေရဲ့ ဆေးအစွမ်း

စပါးကြီးသည်းခြေ ( Boa Gallbladder )

စပါးကြီးသည်းခြေရဲ့ ဆေးအစွမ်း

စပါးကြီးသည်းခြေက လေဖြတ်လေငန်းရောဂါများအတွက် အထူးဆေးစွမ်း ထက်ပါတယ်။

လျှာကို လေဖြတ်ထားပြီး စကားမပြောနိုင်ပါက စပါးကြီး သည်းခြေဖြင့် လျှာကို ပွတ်ပေးလိုက်ပါက စကားပြန်ပြောနိုင်ပါတယ်။

စပါးကြီးသည်းခြေ၏ စွမ်းရည်

စပါးကြီး သည်းခြေကို အသုံးပြုရာတွင် စစ်မှန်သော ပစ္စည်းဖြစ်ရန် အထူးလိုအပ်သည်။
စပါးကြီးသည်းခြေ စစ်မစစ် စမ်းသပ်နည်းတို့တွင် လွယ်ကူသောနည်းတို့ကို ဖော်ပြလိုက်ပါသည်။

အလွန်ထူးခြားသောအချက်မှာ လဆန်း ၈ ရက်များနဲ့ လပြည့်ကျော် ၈ ရက်များတွင် အစို ပြန်လာခြင်းပင် ဖြစ်သည်။

စပါးကြီး သည်းခြေသည် ရေတက်ရက်များ၌ စိုနေတတ်ပြီး .ရေသေရက်များ၌ ခြောက်သွေ့သွားတတ်ပါသည်။

သတိပြုရန်

စပါးကြီးသည်းခြေမှာ အသုံးများပြီး အလွန်စွမ်းသည်ဟု ပြောနေကြသောလည်း ရှာဖွေ
တွေ့ရှိရန်မှာ ခက်ခဲသည်။လိုက်လံ ရောင်းချနေသော သည်းခြေများမှာ အစစ်မဟုတ် အတုများသာ ဖြစ်သည်။

အထူးသတိပြုရန်မှာ အစစ် တစ် ခု အတု တစ်ထောင် ဟူသော စကားအတိုင်း ညိူ့ ချက်ကြိုး စသည် ပြည့်စုံစေလျှက် အတုပြုလုပ်ကြသည်လည်း ရှိသည်။

ချိုသော အရသာ အနည်းငယ် ထည့်သွင်းကြသည်လည်း ရှိသည်။ထိုအခါတွင် ပုံပန်းသဏ္ဍာန်ကို ကြည့်ရသည်။

အရသာဖြင့် စမ်းသပ်ရာ၌လည်း အစစ် အချိုနဲ့ အတု အချိုသည် ကွဲပြား ခြားနားမူရှိသည်။ထိုသို့ သတိပြုမှတ်သားပြီး စပါးကြီးသည်ခြေ စစ်မစစ်ကို ခွဲခြားမှတ်ယူနိုင်သည်။

စပါးကြီး သည်းခြေ စစ်မစစ် စမ်းသပ်နည်းများ

၁ ) စပါးကြီးသည်းခြေကို အနည်းငယ် လျှာပေါ် တင်ကြည့်သောအခါ သည်းခြေ တကာတို့သည် စ လယ် ဆုံး ၃ ကြိမ်လုံး ခါးကြသော်လည်းစပါးကြီးသည်းခြေက ဦးစွာခါးသောအရသာကို ရသော်လည်း နောက်ပိုင်း ချိုသော အရသာကိုရသည်။

၂ ) စပါးကြီး သည်းခြေရည်ကို လက်ဖဝါးတွင် သုတ်ထားပါက လက်ဖမိုးတွင် ခါးသော အရသာ ထွင်းဖောက် လာသည်ကိုတွေ့ရသည်။

၃ ) စပါးကြီးသည်းခြေ စစ်မစစ်သိလိုလျှင် သည်းခြေကို သွေး၍ ရေ၌ ချကြည့်ပါ ဝိုင်းပတ်၍ ပြေးလျှင် အတုဖြစ်ပြီး တည့်တည့်ပြေးလျှင် အစစ်ဖြစ်သည်။

သည်းခြေတိုင်း သွေး၍ ရေ၌ထည့်လျှင် ဝိုင်းပတ်၍ ပြေးကြသည် စပါးကြီးသည်းခြေ တမျိုးသာလျှင် တည့်တည့်ပြေးသည်။

၄ ) စပါးကြီးနဲ့ စပါးအုံးလည်း မှားတတ်ပါသည်။

၅ ) အခြားသော သည်းခြေများသည် အခွံထူထဲပြီး အိတ်သဏ္ဍာန် ရှိသော်လည်း စပါးကြီးသည်းခြေကား အလွန်ပါးလွှာသော အခွံ၏ အတွင်း၌ သည်းခြေရည်သည် ပျံ့နှံ၍တည်နေသည်။

၆ ) စပါးကြီး သည်းခြေသည် မည်သည့်အခါမှ သိုးခြင်း ပုပ်ခြင်းမရှိသည်ကို တွေ့ရလေသည်။

ခွဲခြားပုံမှာ

စပါးကြီးသည် နှာခေါင်းပေါက် ကိုးပေါက်ပါရှိပြီး စပါးအုံးတွင် မပါရှိပေ။စပါးကြီး အကွက်သည် စိပ်ပြီး တဆက်တည်း ရှိသည်။စပါးအုံးအကွက်သည် ကျဲပြီး တဆက်တည်း မရှိတတ်ပေ

ယခုလိုက်လံရောင်းချနေသော သည်းခြေများသည် ထန်းလျက်. မန်ကျည်းသီးရည် အခြား သည်းခြတို့ကို အိတ်လုပ်ပြီး ထုပ်ကာ ညို့တပ်၍ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်၍ရောင်းချကြခြင်းဖြစ်သည်။

ထိုနည်းတို့ဖြင့် စပါးကြီး သည်းခြေ စစ် မစစ်ကို စမ်းသပ်နိုင်သည်။

အသုံးပြုနိုင်သောရောဂါ အချို့မျက်စိရောဂါခံတွင်းနဲ့ လည်ချောင်းရောဂါ သွားရောဂါ နားရောဂါနှာခေါင်းရောဂါ အရိုးစူးအရိုးမျက်သောရောဂါ
လေငန်းရောဂါ သူငယ်နာ အတက်ရောဂါဆီးရောဂါ တို့ဖြစ်ကြသည်။

စပါးကြီးသည်းခြေ ဆေးအသုံးပြုနည်း

၁ ) မျက်စိ့နာ

ကိုယ်တွေ့ စပါးကြီးသည်းခြေ၏ အာနိသင်

မသွားလျှင် မဖြစ်သော ခရီး တစ်ခုကို ကြုံလာသည်။နံနက် သွားရမည့်ဆဲဆဲ ညနေ၌မျက်စိသည် အောင့်လာသည်။ တင်းရောင်နီရဲ၍ မျက်ရည်ပူများ ကျလာသည်။

စပါးကြီးသည်းခြေကို သွေး၍ သုံးလေးကြိမ်ခန့် ခပ်များများ ခပ်လိုက်၏ ခပ်ပြီးချိန်၌ အနည်းငယ် စပ်ဖျဉ်းဖျဉ်း ဖြစ်၏ အလွန်စပ် ခြင်းကား မဖြစ်ပါ။ နောက်နေ့ နံနက် မျက်လုံး ပကတိအတိုင်း ကောင်းသွား၏

၂) မျက်လုံအတွင်း ကျောက်ပေါက်ခြင်း

မျက်စိ အတွင်း၌ ကျောက်ဝင်ပေါက်ခြင်းသည် ကျောက်ဆိုး တမျိုးပင်ဖြစ်သည်။ မျက်စိထဲသို့ ဝင်ပေါက်သော မျက်လုံး ပျက်စီးရမည်သာ ဖြစ်သည်။

ကျောက်ကို ကုစားကာကွယ်သည်က လွယ်ကူသည်။ မျက်စိတွင် ကျောက်ဝင်ပေါက်လျှင်က ကုစားရန်မလွယ် ပျက်စီးရသည်သာ များပေသည်။

သို့သော် စပါးကြီးသည်းခြေ၏ စွမ်းအားအကူအညီနဲ့ မျက်စိထဲမှ ကျောက်ကို ကောင်းစွာ ကာကွယ်နိုင်ပါသည်။

တွေ့ရဖူးသည့် ဝေဒနာရှင်မှာ အသက် ၅၀ကျောက်မပေါက်သင့်သော အရွယ်ဖြစ်သည်။ ထိုအရွယ် ကျောက်ပေါက်လျှင် ကုစားရန်အခက်ခဲဆုံးဖြစ်တတ်သည်။

စပါးကြီး သည်းခြေကို လူနို့ရည့်နဲ့သွေးပြီး အကြိမ်ကြိမ် ခပ်ပေးခြင်းဖြင့် ထိုကျောက်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားရလေသည်မျက်စိသည်လည်း အကောင်း အ
တိုင်း ကျန်ရစ်လေသည်။

၃ ) ပိုးထိ၍ဆီးမသွားလျှင်

ပိုးထိ၍ ဆီးမသွားခဲ့သော စပါးကြီးသည်းခြေကို သွေးကာ ဆီးခုံနဲ့ ဝမ်းဗိုက် နောက်ကြောများကို လိမ်းသပ် ချ ပေးခြင်းဖြင့်ဆီးသွား‌‌နိုင်သည်။ (ဆီးသွားလျှင် မသေနိုင်တော့ )

၄ ) ငုတ်စူးလျှင် ငုတ်စူး၍ ကျန်နေသေ အနာ၏ ပတ်ဝန်းကျင်ကို စူးထွက်လာမည်။

၅ ) ကိုယ်တခြမ်းသေရောဂါ ကိုယ်တခြမ်းသေရောဂါဖြစ်လျှင် ဖြစ်သောဘက်ကိုလိမ်း လျှာတို လေငန်းဖြစ်သော လျှာကိုလိမ်း၍ ဆွဲပေးပါ။

၆ ) မေးခိုင်သော် လျှာမှာ ပွတ်ပြီး မျိုချ။

၇ ) မေးရွဲ့နေသော် မေးကိုလိမ်း လက်ဖြင့်တည့်ကာပေး။

၈ ) လေငန်းဖြစ်သော် တောရှောက်မြစ်နဲ့ ရော၍လိမ်း

၉ ) ဆီးချိုဖြစ်လျှင် ဆီးခုံမှာလိမ်း

၁၀ ) ဆီးကျောက်တည်သော် ဆန်ဆေးရေနဲ့ သွေးသောက်

၁၁) မျက်စိနာသော် ကွင်းပေး

၁၂ ) ကိုယ်ပူလျှင် ရေတွင်စိမ်၍ သောက်

၁၃ ) ကလေးသူငယ်နာ ဖြစ်လျှင် လျှာမှာပွတ်ပေး

၁၄ ) လေးဖက်နာဖြစ်လျှင် ဆေးပန်းဥနှင့် သွေးလိမ်း

၁၅ ) ကိုယ်ဖောကိုယ်ရောင်လျှင် ယူကလစ် ခေါက်နဲ့သွေးလိမ်း

၁၆ ) အဆစ်အမြစ်ကိုက်သော် – ရှောက်ရည်နဲ့ရော စုတ်နဲ့ပေါက်

၁၇ ) ဇက်ကြောထိုး ဇက်ကြောတက်လျှင်ကွမ်းရွက်ရည်နှင့် သွေးလိမ်း

၁၈ ) ကိုယ်ဝန်ဆောင်များ မီးဖွားရခက်လျှင် ချက်ပေါ်တင်ပေး

၁၉ ) ဈေးရောင်းကောင်းလိုလျှင် စပါးကြီးသည်းခြေ အဖိုအမကို ချိန်ခွင်မှာချိတ်ခြင်းဈေးဗန်း. ဈေးတောင်းမှာ ထည့်၍ရောင်းလေ။

မျက်စိရောဂါ

မျက်စိနဲ့ ပတ်သက်သော မျက်စိနာခြင်း ,မျက်စိကျိန်းခြင်း မျက်စိမူန်စေခြင်း စသည်ရောဂါ အမျိုးမျိုးတို့၌ ရေပြန် ရေသန့် သို့မဟုတ် နှင်းရည် တစ်ပုလင်းခန့်တွင် စပါးကြီးသည်းခြေ တစ်ရွေးခန့် ထည့်ဖျော်ထားပြီးမျက်စဉ်း ခပ်ပေးရသည်။

မျက်စိ အတွင်းတိမ် ရေတိမ်ရောဂါတို့၌ ခပ်ပျစ်ပျစ်သွေးပြီး မျက်စိအတွင်းသို့ ထည့်ပေးရသည်။

မျက်လုံးတိမ် မျက်လုံးဒါဏ် ဘေးကိုဆွဲ ဆိုသည်မှာ မျက်စိ မျက်လုံးကို မထိပဲ စပါးကြီး သည်းခြေဖြင့် အနီးကပ် နှာခေါင်းဘက်မှ အပြင် မျက်ထောင့်ဖက်သို့ ဆွဲဆွဲပေးပါ။

စပါးကြီးသည်းခြေဖြင့် စီမံဖော်ထုတ်ထားသည့် မည်သည့် မျက်ကွင်းဆေး( မျက်စဉ်းဆေး ) မဆို ရောဂါ တစုံတရာရောက်လာမှ မဟုတ်ပဲ ကြိုတင်ကာကွယ်မူအနေနဲ့ အသံးပြုနိုင်သည်။

ညိူ့ကြိုးသုံးနည်း

စကားပြောဆို ခက်ခဲခြင်း အင်တာဗျူး ဖြေစရာရှိလျှင် ဖို မ ညိူ့တံ ( သို့ ) အစုံဆောင်

ကိုယ်ဝန်ဆောင် မီးမဖွားနိုင်လျှင် ညိူ့ကြိုးကို ရင်ဆို့ပေါ် ကန့်လန့် ဖြတ်ထားပါ မွေးဖွားပြီးသည်နှင့် ညိူ့ကြိုးကို ပြန်သိမ်းပါ

ကလေး ရေချိုးပြီးသည့်တိုင် ပြန်မသိမ်းပါက ညိူ့ကြိုးများ ပြတ်တောက်သွားတတ်သည်ဟုဆိုသည်။

အပင်း သွင်းခြင်းကို ညိူ့ကြိုးဖြင့် ကုနည်း

ညိူ့ကြိုးတစ်ပင်ထဲမှ လက် ၃ လုံးခန့် ( လက်နှစ်ဆစ်ပိုပို ) ဖြတ်ယူ၍ အစာတခုခုနဲ့ရောကျွေး ( ကပ်ကျေးနဲ့ သေးသေးနုတ်နုတ်စင်းပြီး ရောနယ်ကျွေး ) အချို့က အစာနဲ့ ရောကျွေးသည်။

ရှိသမျှအပင်း အန်ထွက်လာမည် ဇလုံနဲ့ခံထားပါ ရှိသမျှ ဆံပင်ချည်မှအစ အစာအပင်း အားလုံး ထွက်လာမည်

လေဖြတ်သူကို စပါးကြီးသည်းခြေ အသုံးပြုပုံ

ရှောက်ရည် နဲ့ သည်းခြေ ( မီးခြစ်ဆံ ၅ ခေါင်းစာ ) လေဖြတ်သည့် ဘက် လက်မောင်းကို ဖြောင့်ဖြောင့်တန်းတန်း လက်ခလယ်လက်ချောင်းကို ဆုပ်ကိုင်ဆွဲထား

လက်ခလယ် လက်တစ်ချောင်းကို လက်တစ်ဖက်နှင့် လိမ်းသူမှ ဆုပ်ကိုင်ပြီး ပုခုံးဆစ်မှနေ၍ လက်ကောက်ဝတ်အထိ ဆေးကိုလိမ်းအထက်မှ အောက်သို့ ပွတ်ဆွဲ

( လက်ချောင်းအားလုံးကို စုမကိုင်ရ လက်ခလယ်တချောင်းသာ ဆုပ်ကိုင် ဆွဲထားရမည် ) လက်ဖြင့်လျှင် လက်ခလယ်/ ခြေဖြစ်လျင် ခြေခလယ်ချောင်းကိုသာ ကိုင်ဆွဲရမည် ခြေချောင်း အားလုံး စုကိုင်ပြီး မလိမ်းရ။

စပါးကြီးအဆီ အသုံးပြုပုံ comments

စပါးကြီးအဆီကို တော့ယူနမ် နဲ့ ရောစပ်ပြီး လိမ်းပေးရင် အရိုးကျိုတာကို ပြန်ဆက်တယ် ( စပါးကြီး အဆီကို တစ်မျိုးတည်း မသုံးသင့်ပါ ဆွဲအားပြင်းသည်) အကြောနဲ့ပတ်သက်ရင် တော့ယူနမ် နဲ့ တွဲသုံးပါ။

လေသမားတွေအတွက် အကောင်းဆုံးပါ။

သေနတ်ပြောင်းကို သုပ်ထားရင် သံချေးမတက်ပါ။

နောက်ထပ် အသုံးပြုနည်းများ ရှိပါသေးတယ်
ခံစားနေရသော ဝေဒနာများ ပျောက်ကင်း ချမ်းသာကြပါစေ။

မြန်မာ့ အာယုဗ္ဗေဒ သိမ်ဖြူ ဆေးသိပ္ပံဆရာတော် ရေးသားသော အိုမွုဆိုင်ရာပြဿနာများ စာအုပ်မှ ကြိုတင်ကာကွယ် ဘေးမတွယ် အပိုင်း ( ၅ )

မူရင်း ဘဝခါးခါး


Leave a Reply

Your email address will not be published. Required fields are marked *

*