ရှောက်ရွက်နှင့်ကျန်းမာရေး(အဆီကျဆေး)

မြန်မာလဆန်းရက်မှာ ရှောက်ရွက်ကိုစားထားရင် အဲဒီတစ်လလုံးလေမဖြတ်တော့ဘူးလို့ ရှေးရိုးစကားရှိပါတယ်။ရှောက်ရွက်ကိုကြက်သွန်ဖြူ၊ငြုပ်ကောင်းတို့နဲ့ဟင်းခါးချက်ပြီးအမြဲတမ်းသောက်ပေးရင် လေငန်းရောဂါပျောက်ပါတယ်။ဒါတင်ပဲလား? မဟုတ်ပါဘူး၊ကမ္ဘာပေါ်မှာအဖြစ်များပြီး၊အပျောက်နည်းတဲ့ ကင်ဆာရောဂါကိုလည်းကာကွယ်ပေးပါတယ်၊ ရှောက်ရွက်ဟာ ကင်ဆာဆဲလ်တွေကို ခန္ဓာကိုယ်ထဲမှာ မကြီးထွားနိုင်အောင်ကူညီပေးပါတယ်။တစ်ပတ်ကို ၃/၄ ကြိမ်စားသုံးပေးရုံနဲ့ ကြိုတင်ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။

ရှောက်ရွက်မှာ စိတ်ဖိစီးမှုကိုလျှော့ချနိုင်တဲ့ Astsiri အဆီဓာတ်တစ်မျိုးပါဝင်ပြီး သူ့ အနံ့က ဦးနှောက်ကို စိတ်ဖိစီးမှု လျော့ချတဲ့ ဟော်မှုန်းတစ်မျိုးထုတ်လုပ်အောင် နှိုးဆွပေးတဲ့အတွက် စိတ်ဖိစီးမှုဒဏ်ခံနေရသူများ အထူးစားသုံးသင့်ပါတယ်။

ရှောက်ရွက်မှာ ပိုးသတ်ဆေးလိုမျိုး ပိုးမွှားတွေကိုသေစေနိုင်တဲ့အစွမ်းလည်းရှိတဲ့အတွက် ဖျားနာနေရင် ဒါမှမဟုတ် ကိုယ်ခံအားကျဆင်းနေရင် ရှောက်ရွက်ကို စားသုံးသင့်ပါတယ်။

ပွက်ပွက်ဆူနေတဲ့ရေထဲကို ရှောက်ရွက်ခပ်ပြီး မနက်မိုးလင်းမှာသောက်ရင် ကိုယ်ခံအားကိုမြှင့်တင်ပေးပါတယ်။အဝလွန်၊အနေခက်၊ အလှပျက်ကာ အဆီပို၊ဗိုက်ခေါက်ထူနေကြတဲ့ အမျိုးသမီးတွေ၊ ခါးသေးရင်ချီ၊စလင်းဘော်ဒီဖြစ်ပြီး လူတကာတွေ ပြန်လှည့်ငေးရလောက်အောင်ဖြစ်ချင်ရင်တော့ လွယ်ပါတယ်။ ပုလင်းလွတ်တစ်လုံးမှာ ရှောက်ရွက် (အရင့်) ၁၁ ရွက် (တချို့က ၉ ရွက်)ကိုထည့်၊ သကြားစားပွဲတင်ဇွန်း သုံးဇွန်းနဲ့ရေကျက်အေး(ရေသန့်လည်းရ) အပြည့်ဖြည့်၊လုံအောင်ပိတ်ပြီး နေပူပူမှာ ၁၁ ရက်လောက်နေလှန်းလိုက်ပါ။ ရက်ပြည့်သွားရင် မနက်တစ်ကြိမ်၊ညတစ်ကြိမ်(ပုလင်းလှုပ်ပြီး) လက်ဖက်ရည်ကြမ်းပန်းကန်လုံး တစ်ဝက်လောက် နေ့စဉ်မှန်မှန်သောက်သွားပေးရင် တစ်လနှစ်လအတွင်းမှာ အသားအရေစစ်သွားပြီး၊ အများငေးတဲ့ အလှပဂေး ဘော်ဒီလေးရသွားပါလိမ့်မယ်။ဒါ့အပြင်အသည်းအဆီဖုံးတာတွေ၊နှလုံးအဆီပိတ်တာတွေလည်းမဖြစ်တော့ပါဘူး။

အချိန်မရလို့ မလုပ်ဖြစ်ခဲ့ရင်တောင်မှ အနည်းဆုံး တို့စရာအဖြစ်စားသုံးကြပါ။ အပြုတ်တွေ၊ ဟင်းချိုတွေထဲမှာ မီးဖိုပေါ်ကချခါနီး ခပ်သောက်ကြပါ။ အသုတ်တွေထဲမှာ လှီးထည့်ပြီး စားကြပါ။

ထမင်းကြော်စားတဲ့နေရာမှာလည်း(အနံ့လေးမွှေးအောင်) ရှောက်ရွက်လေးကို ညှပ်ထည့်ပြီး ကြော်စားကြပါလို့ တိုက်တွန်းလိုက်ရပါတယ်

ရှောက်ရွက်ဟာ ဗိုက်ခေါက်က အဆီတွေကို ချေဖျက်ပေးနိုင်စွမ်း ရှိတယ်ဆိုတာ ကြားဖူးကြမှာပါ။ တို့စရာအဖြစ်သာ စားသုံးကြတဲ့ ရှောက်ရွက်ကိုသဘာဝရဲ့ အစွမ်းနဲ့ အဆီကျတဲ့နေရာမှာပါ သုံးကြည့်ခြင်းဟာ ထူးခြားတဲ့ ရလဒ်တွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းနဲ့ ပြုလုပ်ပုံကတော့ အလွန် လွယ်ကူလှပါတယ်။ ရှောက်ရွက်အကြမ်းနဲ့ သကြားပဲ လိုတာပါ။

လိုအပ်တဲ့ ပစ္စည်းများ

ရှောက်ရွက်အကြမ်း ၉ရွက်
သကြား ၃ဇွန်း (စားပွဲတင်ဇွန်း)
အဝကျယ် ပုလင်းလွတ်

ပထမဦးစွာ ရှောက်ရွက်တွေကို ရေစင်အောင်ဆေးပါ။ ပုလင်းအလွတ်ထဲကို သကြား ၃ဇွန်းထည့်ပါ။ ပြီးရင် ရှောက်ရွက် ၉ရွက်ကို စီထည့်ပါ။ ရေကျတ်အေး အပြည့်လောင်းထည့်ပါ။ နေပူမှာ ၉ရက်လှန်းထားပါ။

သောက်ရမယ့် ရက်က ၉ရက်ဖြစ်တဲ့အတွက် ပုလင်းတစ်လုံးကို ၃ရက်လောက်ပဲ သောက်ရမယ်ထင်ရင် နောက်ထပ် ပုလင်းတွေနဲ့ ရှောက်ရွက်တွေကို ရှာထားပါ။ ပုလင်းတစ်လုံးစီတိုင်းမှာတော့ ရှောက်ရွက် ၉ရွက်နဲ့ သကြား ၃ဇွန်းထည့်ပါ။

နေလှန်းတာ ၉ရက်ပြည့်ရင်တော့ စစားလို့ ရပါပြီ။ မနက် တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးပါ။ မသောက်ခင် ပုလင်းကို လှုပ်ပေးပါ။ လက်ဖက်ရည်ပန်းကန် တစ်ဝက်ခန့် မှန်မှန် သောက်ပေးပါ။ ၉ရက်သောက်ပါ။ တစ်ခါတည်း စွဲသောက်မယ်ဆိုရင်တော့ ထိုနည်းအတိုင်း ထပ်ထပ်ပြီး လုပ်ထားပါ။ မှန်မှန်သောက်ပေးခြင်းဟာ ခါးနဲ့ ဗိုက်အဆီတွေကို ချေပေးနိုင်ရုံမက အသည်းအဆီဖုံးခြင်းနဲ့ နှလုံးအဆီပိတ်ခြင်းတွေကိုပါ သက်သာစေနိုင်ပါတယ်။

Crd.တိုင်းရင်းဆေး

သမားတော်တိုင်းရင်းဆေး


Leave a Reply

Your email address will not be published. Required fields are marked *

*