တရုတ်က ပေးပို့မယ့် ကာကွယ်ဆေး ၃ သန်းကို မြောက်ကိုရီးယားငြင်းဆန်

တရုတ်နိုင်ငံက ပေးပို့မယ့် Sinovac ကာကွယ်ဆေး ၃သန်းနီးပါးကို မြောက်ကိုရီးယားဘက်က ငြင်းဆန်လိုက်ပါတယ်။ တရုတ်ဘက်က ပေးမယ့် ကာကွယ်ဆေးတွေကို ကာကွယ်ဆေးမရနိုင်တဲ့ အခြားသောတိုင်းပြည်တွေကိုသာ လှူဒါန်းဖို့အတွက်လည်း ပြောဆိုခဲ့တယ်လို့ Unicef ပြောဆိုခွင့်ရသူတစ်ဦးက ပြောကြားခဲ့ကြောင်း Asian News က ဆိုပါတယ်။

Covax အစီအစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ ဆင်းရဲနွမ်းပါးတဲ့တိုင်းပြည်တွေကို ကာကွယ်ဆေးမျှဝေပေးဖို့အတွက် ကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။ ပြုံယမ်းအနေနဲ့ ဇူလိုင်လအတွင်းကလည်း AstraZenca ကာကွယ်ဆေးပေါင်း ၂ သန်းနီးပါးကိုလည်း ငြင်းဆန်ခဲ့ဖူးပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ Sputnik ကာကွယ်ဆေးကူညီဖို့ ကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့ပါသေးတယ်။

WHO ရဲ့ အစီရင်ခံစာအရ သြဂုတ်လ ၁၉ ရက်နေ့အထိ မြောက်ကိုရီးယားဟာ ကိုဗစ်ကူးစက်သူရှိကြောင်း ကြေညာမှုလုံးမရှိသေးတာဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကစပြီး မြောက်ကိုရီးယားဟာ နယ်စပ်တွေကို တင်းတင်းကျပ်ကျပ်ပိတ်ဆို့ခဲ့ပြီး သွားလာမှုတွေကိုလည်း ကန့်သတ်ပြီး ထိန်းချုပ်ခဲ့ပါတယ်။

လေ့လာသူတွေကတော့ ပြုံယမ်းဟာ ကြိုတင်ပြင်ဆင်မှုတွေမရှိတာကြောင့် ကာကွယ်ဆေးတွေကို လက်ခံခြင်းမပြုတာလို့ သုံးသပ်ခဲ့ပါတယ်။ ကပ်ရောဂါကို ပူးပေါင်းတုံ့ပြန်ဖို့အတွက် တောင်ကိုရီးယားဘက်က အဆိုပြုချက်တွေကိုလည်း ပြုံယမ်းက ပယ်ချခဲ့ကာ နိုင်ငံတွင်းမှာ ကိုဗစ်ကပ်ရောဂါလုံးမဖြစ်ပွားမရှိဘူးလို့ တွင်တွင်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့လအတွင်းကတော့ မြောက်ကိုရီးယားဟာ ကိုဗစ်စစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် ကိုယ်ပိုင်တီထွင်မှုတွေကို ဖန်တီးနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ လူအစုလိုက်အပြုံလိုက်စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက်လို့ ယုံကြည်ရပြီး ကိုယ်ပိုင်နည်းပညာကို အသုံးပြုကာ ထုတ်လုပ်နိုင်ဖို့အထိ အားထုတ်နေတာလည်းဖြစ်ပါတယ်။

Crd, The River News

photo crd


Leave a Reply

Your email address will not be published. Required fields are marked *

*