ရင်ပူရင်ဆာဖြစ်စေသော အစားအစာ (၁၀) မျိုး

(Unicode)

ရင်ပူရင်ဆာဖြစ်စေသော အစားအစာ (၁၀) မျိုး

===============================

လူတိုင်းနီးပါး ရင်ဘတ်ထဲမှာ တင်းကြပ်ပြီးပူနေတဲ့ လက္ခဏာကို ခံစားဖူးကြမှာပါ။ ဖြစ်ရတဲ့အကြောင်းကတော့ အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်တွေ များလာတဲ့အခါ အစာရေမျိုဆီကို ရောက်လာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကိုအစာခြေရည် အထက်ဆန်ခြင်း

(Gastroesophageal Reflux Disease) လို့ ခေါ်ပါတယ်။ အက်စစ်တွေ များလာပြီဆိုရင် အစားစားပေးဖို့ လိုအပ်လာပါပြီ။ ဒါပေမယ့် သင်စားလိုက်တဲ့အစာဟာ အက်စစ်ပိုထွက်စေပြီး ရင်ပိုပူစေမယ့် အစာမဖြစ်စေဖို့ အရေးကြီးပါတယ်။ ဒီတစ်ပတ်ဆောင်းပါးလေးမှာ ရင်ပူရင်ဆာဖြစ်စေတဲ့ အစားအစာ(၁၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အရက်

အားလုံးသိပြီးဖြစ်တဲ့အတိုင်း အရက်ဟာ ရင်ပူစေပါတယ်။ ဝိုင်နီ၊ ဘီယာစတာတွေဟာ အစာအိမ်ထဲက အက်စစ်ဓာတ်ကို မြင့်တက်စေတဲ့အပြင် အစာရေမျိုရဲ့ ညှစ်အားကို လျော့ကျစေတဲ့အတွက် ရင်ပူခြင်းကို ပိုဆိုးစေပါတယ်။

၂။ ဆီကြော် အစားအစာများ

ဒီအစားအစာမှာပါဝင်တဲ့ အဆီတွေဟာ အစာခြေဖို့အတွက် ခက်ခဲပါတယ်။ ဒါ့ကြောင့် အက်ဆစ်များများ ပိုထွက်ပေးရပါတယ်။ ဆီကြော်မုန့်တွေကို ရှောင်မယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်စေတဲ့အပြင် ရင်ပူစေခြင်းမှလည်း ကာကွယ်ပေးပါတယ်။

၃။ အပူအစပ်များ

အပူအစပ်တွေကလည်း အက်စစ်ထွက်ခြင်းကို အားပေးပါတယ်။

၄။ ခရမ်းချဉ်သီး

လတ်ဆတ်တဲ့ခရမ်းချဉ်သီးဟာ ကျန်းမာရေးကိုကောင်းစေပါတယ်။ ဒါပေမယ့် သူ့မှာပါတဲ့ အချဉ်ဓာတ်ဟာ အက်ဆစ်ဓာတ်ဖြစ်တဲ့အတွက် ရင်ပူခြင်းကို ပိုဆိုးစေပါတယ်။

၅။ လိမ္မော်သီး

အစာမရှိချိန်မှာ နံနက်စာအဖြစ် လိမ္မော်ရည်ကို သောက်မယ်ဆိုရင် အချဉ်ဓာတ်(အက်ဆစ်) များတဲ့အတွက် ရင်ပူခြင်းကို ဆိုးစေပါတယ်။ အလားတူပဲ စပျစ်၊ ပန်းသီး၊ သစ်တော်သီး နှင့် ချဉ်တဲ့အသီးတွေကို မနက်စောစောမှာ မစားသင့်ပါဘူး။

၆။ ပူစီနံ

ပူစီနံမှာပါဝင်တဲ့ဓာတ်ဟာ အစာရေမျိုရဲ့ ညှစ်အားကို လျော့ကျစေပါတယ်။

၇။ အမဲသား

အမဲသားမှာပါဝင်တဲ့ အဆီဓာတ်ဟာ အစာခြေဖို့ ခက်ခဲတဲ့အတွက် အက်ဆစ်ကို ပိုမိုထွက်စေပါတယ်။

၈။ ကော်ဖီ

ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်ဟာ ရင်ပူခြင်းကို ဆိုးစေပါတယ်။ နေ့စဉ်သောက်ဖို့ မသင့်တော်ပါဘူး။

၉။ ချိစ်

ချိစ်မှာလည်း အစာခြေဖို့ခက်တဲ့ အဆီဓာတ်များပါဝင်တဲ့အတွက် ရင်ပူခြင်းကို ပိုဆိုးစေပါတယ်။

၁၀။ ဆိုဒါ

ဆိုဒါသောက်ခြင်းဟာ အက်ဆစ်ဓာတ်ကို မြင့်စေပါတယ်။ ဆိုဒါမှာပါတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ အစာအိမ်အတွက် ဆိုးကျိုးကို ဖြစ်စေပါတယ်။ သူ့မှာ ပါတဲ့ဂတ်စ်တွေဟာ အစာရေမျိုကို တက်လာတဲ့အခါ ရင်ပူစေပါတယ်။

(Zawgyi)

ရင္ပူရင္ဆာျဖစ္ေစေသာ အစားအစာ (၁၀) မ်ိဳး

===============================

လူတိုင္းနီးပါး ရင္ဘတ္ထဲမွာ တင္းၾကပ္ၿပီးပူေနတဲ့ လကၡဏာကို ခံစားဖူးၾကမွာပါ။ ျဖစ္ရတဲ့အေၾကာင္းကေတာ့ အစာအိမ္ထဲမွာရွိတဲ့ အက္ဆစ္ေတြ မ်ားလာတဲ့အခါ အစာေရမ်ိဳဆီကို ေရာက္လာတဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။ ဒါကိုအစာေျခရည္ အထက္ဆန္ျခင္း

(Gastroesophageal Reflux Disease) လို႔ ေခၚပါတယ္။ အက္စစ္ေတြ မ်ားလာၿပီဆိုရင္ အစားစားေပးဖို႔ လိုအပ္လာပါၿပီ။ ဒါေပမယ့္ သင္စားလိုက္တဲ့အစာဟာ အက္စစ္ပိုထြက္ေစၿပီး ရင္ပိုပူေစမယ့္ အစာမျဖစ္ေစဖို႔ အေရးႀကီးပါတယ္။ ဒီတစ္ပတ္ေဆာင္းပါးေလးမွာ ရင္ပူရင္ဆာျဖစ္ေစတဲ့ အစားအစာ(၁၅) မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အရက္

အားလုံးသိၿပီးျဖစ္တဲ့အတိုင္း အရက္ဟာ ရင္ပူေစပါတယ္။ ဝိုင္နီ၊ ဘီယာစတာေတြဟာ အစာအိမ္ထဲက အက္စစ္ဓာတ္ကို ျမင့္တက္ေစတဲ့အျပင္ အစာေရမ်ိဳရဲ႕ ညႇစ္အားကို ေလ်ာ့က်ေစတဲ့အတြက္ ရင္ပူျခင္းကို ပိုဆိုးေစပါတယ္။

၂။ ဆီေၾကာ္ အစားအစာမ်ား

ဒီအစားအစာမွာပါဝင္တဲ့ အဆီေတြဟာ အစာေျခဖို႔အတြက္ ခက္ခဲပါတယ္။ ဒါ့ေၾကာင့္ အက္ဆစ္မ်ားမ်ား ပိုထြက္ေပးရပါတယ္။ ဆီေၾကာ္မုန႔္ေတြကို ေရွာင္မယ္ဆိုရင္ က်န္းမာေရးနဲ႔ညီၫြတ္ေစတဲ့အျပင္ ရင္ပူေစျခင္းမွလည္း ကာကြယ္ေပးပါတယ္။

၃။ အပူအစပ္မ်ား

အပူအစပ္ေတြကလည္း အက္စစ္ထြက္ျခင္းကို အားေပးပါတယ္။

၄။ ခရမ္းခ်ဥ္သီး

လတ္ဆတ္တဲ့ခရမ္းခ်ဥ္သီးဟာ က်န္းမာေရးကိုေကာင္းေစပါတယ္။ ဒါေပမယ့္ သူ႔မွာပါတဲ့ အခ်ဥ္ဓာတ္ဟာ အက္ဆစ္ဓာတ္ျဖစ္တဲ့အတြက္ ရင္ပူျခင္းကို ပိုဆိုးေစပါတယ္။

၅။ လိေမၼာ္သီး

အစာမရွိခ်ိန္မွာ နံနက္စာအျဖစ္ လိေမၼာ္ရည္ကို ေသာက္မယ္ဆိုရင္ အခ်ဥ္ဓာတ္(အက္ဆစ္) မ်ားတဲ့အတြက္ ရင္ပူျခင္းကို ဆိုးေစပါတယ္။ အလားတူပဲ စပ်စ္၊ ပန္းသီး၊ သစ္ေတာ္သီး ႏွင့္ ခ်ဥ္တဲ့အသီးေတြကို မနက္ေစာေစာမွာ မစားသင့္ပါဘူး။

၆။ ပူစီနံ

ပူစီနံမွာပါဝင္တဲ့ဓာတ္ဟာ အစာေရမ်ိဳရဲ႕ ညႇစ္အားကို ေလ်ာ့က်ေစပါတယ္။

၇။ အမဲသား

အမဲသားမွာပါဝင္တဲ့ အဆီဓာတ္ဟာ အစာေျခဖို႔ ခက္ခဲတဲ့အတြက္ အက္ဆစ္ကို ပိုမိုထြက္ေစပါတယ္။

၈။ ေကာ္ဖီ

ေကာ္ဖီမွာပါတဲ့ ကဖိန္းဓာတ္ဟာ ရင္ပူျခင္းကို ဆိုးေစပါတယ္။ ေန႔စဥ္ေသာက္ဖို႔ မသင့္ေတာ္ပါဘူး။

၉။ ခ်ိစ္

ခ်ိစ္မွာလည္း အစာေျခဖို႔ခက္တဲ့ အဆီဓာတ္မ်ားပါဝင္တဲ့အတြက္ ရင္ပူျခင္းကို ပိုဆိုးေစပါတယ္။

၁၀။ ဆိုဒါ

ဆိုဒါေသာက္ျခင္းဟာ အက္ဆစ္ဓာတ္ကို ျမင့္ေစပါတယ္။ ဆိုဒါမွာပါတဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဟာ အစာအိမ္အတြက္ ဆိုးက်ိဳးကို ျဖစ္ေစပါတယ္။ သူ႔မွာ ပါတဲ့ဂတ္စ္ေတြဟာ အစာေရမ်ိဳကို တက္လာတဲ့အခါ ရင္ပူေစပါတယ္။

Crd,က်န္းက်န္းမာမာ


Leave a Reply

Your email address will not be published. Required fields are marked *

*