ရထားဘူတာတွင် ညတိုင်း သခင်ကို စောင့်မျှော်နေသည့် အထီးကျန်ခွေးမလေး ================== ================== ညစဉ် တညပြီးတည ကုန်ဆုံးသွားတဲ့အထိ ရထားဘူတာရုံ တခုတည်းမှာ အထီးကျန်ဆန်ဆန် တယောက်ယောက်ကို စောင့်နေတဲ့ ခွေးမလေးတကောင်ရဲ့ အဖြစ်ဟာ စိတ်ဝင်စားစရာပါပဲ။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ ဖြစ်ခဲ့ပြီး ည ၁၁ နာရီဆိုရင် ခွေးမလေးဟာ အချိန်မှန် ရထားကို စောင့်နေခဲ့တာလို့ ဆိုပါတယ်။ သူဟာ သူ့ကိုချစ်တဲ့ သခင်ကို စောင့်မျှော်နေတာဖြစ်ပြီး အချိန်မှန် ရထားဖြတ်သွားချိန်ထိ ငေးမောပြီး ကျန်နေခဲ့တတ်တယ်လို့ သည်မွမ်ဘိုင်း မေရာသတင်းမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဖော်ပြပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ မျက်မြင်တွေ့ရှိသူ ဒေသခံ ဆမ်မီယာ သိုရက်တ်က ရိုက်ယူထားခဲ့တာဖြစ်ပြီး သနားစရာကောင်းတဲ့ ခွေးမလေးရဲ့ ချစ်ခြင်းမေတ္တာကို ဖမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ […]
မျှစ်စားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ
[Zawgyi version] မျှစ်စားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ မြန်မာနိုင်ငံမှာ မျှစ်စားလို့သေတဲ့သူဆိုတာ မကြားဖူးသလောက်ပါပဲ။ မြန်မာနိုင်ငံသားတိုင်း မျှစ်ကို နှစ်နှစ်ကာကာစားကြတာပါပဲ။ မျှစ်စားခြင်းကြောင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေသလို ဆိုးကျိုးတွေလည်း ရှိနေပါတယ်။ မျှစ်ရဲ့ကောင်းကျိုးများ (၁) အစာခြေစနစ် ကျန်းမာခြင်း မျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။ မျှစ်ဟာ အစာအိမ်ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါတယ်။ (၂) နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း မျှစ်မှာ ဖီနောလစ်အက်စစ် များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှု လျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေကို လျော့ကျစေပါတယ်။ မျှစ်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ (၃) […]
Respect (လေးစားမှု)
Respect (လေးစားမှု) တခါက ဘုရင်ကြီးတစ်ပါးဟာ သူရဲ့ မြေးတော်နဲ့အတူ လမ်းလျှောက်ထွက်လာခဲ့တယ်။ လမ်းမှာ သူတောင်းစားတစ်ဦးက ဘုရင်ကြီးကိုတွေ့တော့ ခါးညွှတ်အလေးပြုတယ်။ ဘုရင်ကြီးကလည်း ချက်ချင်းပြန် ခါးညွှတ်အလေးပြုတယ်။ ဘုရင်ကြီးညွှတ်တဲ့ခါးက သူတောင်းစားထက်တောင် ပိုနိမ့်နေသေးတာတွေ့ရလို့ မြေးဖြစ်သူက နားမလည်ဖြစ်ပြီးမေးတယ်။ “ဘိုးဘိုး.. သူက သူတောင်းစားတစ်ဦးပဲ.. ဘာလို့ ခါးကို ဒီလောက်ညွှတ်ပြီး ပြန်အလေးပြုရသလဲ” “သူတောင်းစားတစ်ဦးက ဘုရင်တစ်ပါး ထက်တောင် ပိုယဉ်ကျေးတာကို ငါလက်မခံနိုင်ဘူး” —- တခြားသူ သင့်ကိုလေးစားတာဟာ သင်တော်လို့ ထူးကဲလို့မဟုတ်ဘူး။ တခြားသူ သင့်ကိုလေးစားတာဟာ သူတို့တော်လို့ ထူးကဲလို့ဖြစ်တယ်။ ထက်မြက်ထူးချွန်သူတွေက လူတိုင်းကိုလေးစားတယ်။ ယဉ်ကျေးခြင်း၊ လေးစားခြင်းဆိုတာ သင့်အဆင့်အတန်း၊ သင့်အသိဉာဏ်အနိမ့်အမြင့်ရဲ့ သင်္ကေတဖြစ်တယ်။ credit to ပြေခိုင်
#ဒီဓါတ်ပုံက လူတိုင်းနဲ့ ရင်းနှီးမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ဓါတ်ပုံဆိုလိုရင်းကို လူတိုင်းနားမလည်းကြပါဘူး ။ ကျွန်တော် အပါအဝင်ပါ ။
#ဒီဓါတ်ပုံက လူတိုင်းနဲ့ ရင်းနှီးမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ဓါတ်ပုံဆိုလိုရင်းကို လူတိုင်းနားမလည်းကြပါဘူး ။ ကျွန်တော် အပါအဝင်ပါ ။ ကျွန်တော် ဒီဓါတ်ပုံကို စမြင်တုန်းက သဘောရိုးပဲတွေးမြင်ခဲ့တာပါ၊ ကြောင်လေးက မြွေဟောက်ရဲ့ အမြီးကို ကြွက်လို့ထင်ပြီး ဖမ်းဖို့ ပြင်နေတဲ့ ပုံပေါ့။ သေချာ လေ့လာကြည့်မှ ဒါဟာဓါတ်ပုံမဟုတ်ပဲ အီတလီပန်းချီဆရာတစ်ယောက်ဖြစ်တဲ့ Mr. Marco Melgrati ရေးဆွဲခဲ့တဲ့ သက်ဝင်ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။ ပန်းချီဆရာဖော်ကျူးချင်တဲ့ အဓိပ္ပာယ်ကဒီလိုပါ။ မင်းကိုယ်မင်း ဟုတ်လှပြီးလို့ တွေးပြီး ကစားနေတဲ့လူဟာ ဘယ်လိုလူလည်းဆိုတာ မင်းလုံးဝမသိသေးပဲ လွယ့်လင့်တစ်ကူ မကစားပါနဲ့ ၊ သူများက မင်းအကြောင်း အကုန်လုံးမြင်ပြီး သိပြီးသား ၊ မင်းကို မသတ်ချင်သေးလို့ ကြည့်နေတယ် ဆိုတာ မှတ်ပါ။ ဘာလုပ်လုပ် ဘယ်လိုလူစားနဲ့ တွေ့တွေ့ […]
ကိုယ်ဝန် ပျက်ကျမှုဖြစ်စေနိုင်တဲ့ အစားအစာများ
ကိုယ်ဝန် ပျက်ကျမှုဖြစ်စေနိုင်တဲ့ အစားအစာများ =============================== ကိုယ်ဝန်ဆောင်ချိန်မှာဆိုလျှင် သာမန်အချိန်ထက် အစားအသောက် ၊ အနေအထိုင် ဆင်ခြင်ရတာကို သိရှိပြီး ဖြစ်မှာပါ။ ကိုယ်ဝန်ရှိပြီဆိုတာနှင့် နားလည်တတ်ကျွမ်းသူတွေဆီမှ ဆောင်ရန်၊ရှောင်ရန် နည်းနာများကို သိရှိထားသင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်နုနယ်သေးတဲ့အချိန်မှာ အစားအသောက် ၊ အနေအထိုင် မဆင်ခြင်လျှင် ပျက်ကျသည်အထိ ဖြစ်သွားနိုင်ပါတယ်။ အောက်ဖော်ပြပါ အစားအသောက်တွေဟာ အခန့်မသင့်လျှင် ပျက်ကျခြင်း ဖြစ်နိုင်တာကြောင့် ကိုယ်ဝန်နုစဉ်မှာ လုံးဝမစားသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ၁။ နာနတ်သီး —————- နာနတ်သီးဟာ ကိုယ်ဝန်ပျက်ကျနိုင်ခြေ အများဆုံး အသီးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ လုံးဝမစားသင့်တဲ့ ဦးစားပေး အသီးတစ်မျိုးဖြစ်ပါတယ်။ နာနတ်သီးမှာပါဝင်တဲ့ bromelain လို့ခေါ်တဲ့ ဓါတ်ဟာ သားအိမ်ကို ပျော့စေပြီး သားအိမ်လမ်းကြောင်းကိုလည်း ကျဉ်းမြောင်းစေကာ ကိုယ်ဝန်နုစဉ်မှာ စားသုံးလျှင် […]
နှစ်ပေါင်း ၁ဝဝဝဝ အထိ မှန်ကန် သောအချိန် ဖော်ပြပေးမည့် နာရီကြီးကို အနောက် တက္ကဆက် တောင်ပေါ်၌ တည်ဆောက်နေ
နှစ်ပေါင်း ၁ဝဝဝဝ အထိ မှန်ကန် သောအချိန် ဖော်ပြပေးမည့် နာရီကြီးကို အနောက် တက္ကဆက် တောင်ပေါ်၌ တည်ဆောက်နေ အမေဇွန် ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် ဂျက်ဘီဇော့သည် နှစ်ပေါင်း ၁ဝဝဝဝ အထိတိကျ မှန်ကန်သောအချိန် ဖော်ပြပေးမည့် နာရီကြီး တစ်လုံးကို အနောက်တက္ကဆက် တောင်ပေါ်၌ တည်ဆောက် လျက်ရှိသည်။ ဘီဇော့သည် အဆိုပါ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၄၂ သန်း ရင်းနှီးမြှုပ်နှံကာ လုပ်ဆောင်နေခြင်း ဖြစ်ပြီး အလုပ်သမားများက ထိုနာရီကြီး၏ စက်ကိရိယာများကို တပ်ဆင်နေသည့် ဗီဒီယိုဖိုင်မှာ အွန်လိုင်းပေါ်သို့ ရောက်ရှိလာသည်။ အဆိုပါ နာရီကြီးသည် ကမ္ဘာမြေ၏အပူ လှည့်ပတ် စီးဆင်းမှု စွမ်းအင်ဖြင့် လည်ပတ်မည် ဖြစ်ပြီး ထောင်ပေါင်း များစွာသော နှစ်များအတွင်း တစ်နာရီတစ်ကြိမ်ထက် […]
အစာအိမ်ကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးနိုင်တဲ့အပြင် ငှက်ပျောသီးရဲ့ ကျန်းမာရေး ကောင်းကျိုး ၈ ချက်
အစာအိမ်ကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးနိုင်တဲ့အပြင် ငှက်ပျောသီးရဲ့ ကျန်းမာရေး ကောင်းကျိုး ၈ ချက် Sunday, February 25, 2018 ငှက်ပျောသီးက ဈေးချိုတယ်၊ အာဟာရရှိတယ်၊ အရသာကောင်းတယ်ဆိုတဲ့ အချက်တွေကြောင့် လူကြိုက်များကြပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းလောက်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေပါသေးတယ်။ .. ၁။ အစာအိမ်ကို ကျန်းမာစေတယ် ငှက်ပျောသီးမှာ အမျှင်ဓာတ်များပြီး ကာဗိုဟိုက်ဒရိတ် ဓာတ်တွေလည်းမြင့်မားတာကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ငှက်ပျောသီးကို ပုံမှန်စားသုံးပေးမယ်ဆိုရင် အူမကြီးရဲ့ လှုပ်ဆောင်မှုကို ထောက်ပံ့ပေးပါတယ်။ ငှက်ပျောသီးမှာ အစာခြေစနစ်ကို အားကောင်းစေပြီး ၀မ်းချုပ်မှုကနေ လည်း ကာကွယ်ပေးပါတယ်။ ငှက်ပျောသီး စားသုံးခြင်းဖြင့် အစာအိမ် ကင်ဆာကို ဖြစ်နိုင်မှုနှုန်းကိုလည်း လျော့ကျစေပြီး သင့်မှာ အစာအိမ် ပြဿနာရှိရင် ငှက်ပျောသီးကို ထည့်သွင်းစားသုံးခြင်းဖြင့် အစာခြေအားကို တိုးမြှင့်ပေးမှာဖြစ်ပါတယ်။ .. […]
ဒူဘိုင်းမှာ လုပ်ခဲ့တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး Wedding ကိတ်
ဒူဘိုင်းမှာ လုပ်ခဲ့တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး Wedding ကိတ် ••••••••••••••••••••••••••••••••••••••••••••••••••• အမေရိကန်ဒေါ်လာ ၁ သန်းတန်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး Wedding ကိတ်ကို ဒူဘိုင်းမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ .. ကိတ်မုန့်ကို ဖန်တီးသူ Debbie Wingham က ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။ .. Wedding ကိတ်ကို သတို့သမီးတစ်ယောက်ပုံစံ ပြုလုပ်ထားပြီး သူ့အရပ်က ၅ ပေ ၉ လက်မရှိပါတယ်။ .. ဒီလို သတို့သမီးပုံစံ Wedding ကိတ်ကို လုပ်ဆောင်ဖို့အတွက် ကြက်ဥပေါင်း ၁ထောင်ကျော် နဲ့ ချောကလက် အလေးချိန် ၄၄ ပေါင်သုံးခဲ့ရပါတယ်။ .. သတို့သမီးပုံစံ ကိတ်မုန့်ကြီးအားလုံးက စားသုံးလို့ရပါတယ်။ ကိတ်မုန့်ရဲ့ စုစုပေါင်း အလေးချိန် ၁၁၀ ပေါင် […]
မြန့်မာရိုးရာ မုန့်အများဆုံး ရနိုင်တဲ့မြို့
မြန့်မာရိုးရာ မုန့်အများဆုံး ရနိုင်တဲ့မြို့ ဝက်သားဒုတ်ထိုးကို ထမင်းလွတ်စားသောမြို့ ကားဝယ်ပီးရင် ဘုရားကြီးနဲ့ဘိုးဘိုးကြီးကို ဦးတိုက်သောမြို့ ဘုရားပွဲဆိုဇာတ်စင်ကို လမ်းပိတ်ဆောက်တတ်သောမြို့ ကိုလေးဖြူ ရိုးပွဲ ဆိုရင် အချုပ်ကားပါ အဆင်သင့် ကားထိုးထားရသောမြို့ မိုးရွာရင် အလုပ်မလုပ်သောမြို့ သံဃာထု့အင်အား ကြီးမားသောမြို့ ရပ်ကွက်တိုင်းလိုလိုမှာ ဓမ္မာရုံ ဘုံဆွမ်းလောင်းအသင်း တွေရှိ့သောမြို့ ဝါတွင်းရပ်ကွက်တိုင်းဘုံဆွမ်းလောင်း အသင်းနဲ့ရပ်ကွက်ဓမ္မာရုံများမှာ သီလပေးတရားနာကာ ဥပုသ်စောင့်ကြတဲ့မြို့ သင်္ကြန်ချိန်ဆို စတုဒီသာတွေအပေါဆုံးမြို့ မီးနီမိရင်ကိုယ့်ပွိုင့် ကိုယ်မကြည့်ပဲအခြားပွိုင့်မီးဝါနေပီ ဆိုဖြတ်ကူးတတ်သောမြို့ ယာဉ်စည်းကမ်းကို နားလည်မှုနဲ့မောင်းနေသောမြို့ လမ်းမသိလို့ မေးရင် အရှေ့ အနောက် တောင်မြောက် ညွှန်းသုံးတတ်တဲ့မြို့ Rock Showပွဲတွေတိုင်းမှာ Brandများ အပြိုင်ကျဲပီး ဝတ်သောမြို့ (Mdy rockကြီးများ) ခြင်အပေါဆုံးမြို့ မင်္ဂလာဆောင် ရှေ့ပြေးဆိုင်ကယ်များ ရှေ့ဘီးထောင် စတန့်ပြတဲ့မြို့ ကွမ်းယာဆိုင်အပေါဆုံး […]