ဗဟုတုသ

မယုံမရှိနဲ့၊ စမ်းကြည့်။ နတ်ကန္နားပွဲတွေက လိမ်နည်းများ။

(Unicode) မယုံမရှိနဲ့။ စမ်းကြည့်။ နတ်ကန္နားပွဲတွေက လိမ်နည်း။ ၁။ မီးရဲရဲပေါ်. လမ်းဖြတ်လျှောက်ရန် ကျောက်ချဉ်ရယ်၊ သဲဆပ်ပြာ/ရွှေဝါဆပ်ပြာ ဆတူ/အမျှဖျော်။ လိမ်း။ လိမ်းထားတဲ့ နေရာမှန်သမျှ မီးမဟပ်/ မီးမပူ။ ၂။ ထုံးကို အရုပ်စုံ ထုလုပ်ထား။ ကျီးကန်းသည်းခြေကို ကြိမ်လုံးထိပ် သုတ်လိမ်းပြီး ထုံးရုပ်ကို တို့လိုက်တာနဲ့. မီးထတောက်၏။ ၃။ နှင်းဆီပန်းကို အညှာဖြုတ်။ အပ်နဲ့ အပ်ချည်ကိုပြဒါးစိမ်။ တွဲလျှက်သား အပ်ချည်ပါ အပ်ကို ပန်းဖင်မှာထိုးထား။ ပန်းထိပ်ကို ပြဒါးသုတ်။ အပေါ်က ကြေးလင်ပန်းထား တီးကြည့်။ ထိုပန်း ထကမည်။ ၄။ နို့ဆီဗူးကို အပေါက်မဖောက်ဖဲ ကုန်တာဟာ နတ်ဘုရားတန်ခိုးကြောင့် မဟုတ်ပါ။ ပြဒါးကြောင့်ပါ။ သံနဲ့ပြဒါး ဓာတ် ပြုမြဲမို့ သုတ်လိမ်းထားပြီး များမကြာမှီ ပူလာပြီး […]

ဗဟုတုသ

စားကောင်းသောမှို၊ မစားကောင်းသောမှို၊ စားကောင်း/မကောင်း စမ်းသပ်ပုံ၊ မှိုဆိပ်ဖြေနည်း၊ မှိုနှင့်ဆေးဘက်ဝင်ပုံ

(Unicode) စားကောင်းသောမှိုနှင့် မစားကောင်းသောမှို အကြောင်း မှိုသည် အများအားဖြင့် ပူနွေးသော ရာသီဥတုမှ စိုစွတ်ထိုင်းမှိုင်းသော မိုးဥတုသို့ အကူးတွင် သစ်ပင်၊ဝါးပင်၊ တောင်ပို့နှင့် အခြားမြေအချို့တွင် ပေါက်တတ်သည်။ မှိုကို ဟင်းချက်သောအခါ ငြုပ်သီးစပ်စပ်ကလေး ထည့်ချက်ခြင်း၊ ကန်စွန်း ရွက်များ စသည်ဖြင့် ထည့်ချက်လေ့ရှိကြသည်။ ငြုပ်သီး၊ ကန်စွန်းရွက် ထည့်ချက်ခြင်းမှာ မှိုတောက်ခြင်း အဆိပ်သင့်ခြင်းမှ ကင်းဝေးစေရန်ဖြစ်သည်။ ကောက်ရိုးမှိုသည် ရာသီမရွေး စိုက်ပျိုးနိုင်သဖြင့် ယခုအခါတွင် ကောက်ရိုးမှိုကို ရာသီမရွေး စားသုံးနိုင်သည်။ စားကောင်းသောမှိုများ ကောက်ရိုးမှို၊ မှိုကြက်တောင်၊ ငှက်ပျောမှို၊ တောင်ပို့မှို(ခြေတို၊ ခြေရှည်)၊ ဖက်ဆွတ်မှို(မှိုဖြူလေး)၊ ကြက်တူရွေးမှို၊ မှိုသားပိုက်၊ မှိုဆန်ကွဲ၊ မှိုကျောက်ခဲ၊ မှိုခြေတံရှည်၊ မှိုနီ၊ မှိုပြင်းတွဲ၊ မှိုဖြူ၊ မှိုအုန်းနက်၊ (မှို၏ထိပ်တွင် နက်သော အကွက်လေးရှိသည်။)၊ […]

ဗဟုတုသ

ထမင်းချက်စားတဲ့ဆန်ရဲ့ အခြားအသုံးဝင်ပုံများ

ဆန်ဆိုတာနဲ့ မျက်လုံးထဲမြင်မိတာက ထမင်းချက်လို့ရတယ်။ ဒါပဲလား။ မဟုတ်သေးပါဘူး။ နေ့စဉ်ဘဝမှာလည်း တစ်မျိုးတစ်ဖုံ အသုံးဝင်နေပါသေးတယ်။ ၁။ ကော်ဖီကြိတ်စက် ဆေးကြောလို့ရ။ ဆန် အနည်းငယ်ကို ကြိတ်စက်ထဲထည့်ပြီး အမှုန့်ဖြစ်တဲ့အထိ ကြိတ်ပါ။ အဲ့ဒီအခါမှာတော့ ကြိတ်စက်ထဲမှာရှိတဲ့ အဆီကျန်တွေကို ဆန်တွေက စုပ်ယူသွားမယ့်အပြင် ဓားသွားတွေကိုလည်း ပိုပြီးထက်လာစေပါတယ်။ ၂။ ကိုက်ခဲ၊နာကျင်မှုတွေကို ကုသလို့ရ။ လိုအပ်တာက ခြေအိတ် နဲ့ ဆန်ပါ။ ခြေအိတ်ထဲကို ဆန်အနည်ငယ်ထည့်ပြီး အပ်ချဉ်ကြိုးနဲ့သေချာ ချည်လိုက်ပါ။ ထို့နောက် ရေခဲသေတ္တာ အခဲခန်း (Freezer) ထဲ မိနစ်၃၀ မှ ၄၅မိနစ်ထိထည့်ထားပြီး အခဲခံကာ ကိုက်ခံနေသော ဒူးဆစ်၊ ပုခုံး၊ ခြေဖနောင့် စသဖြင့် အုံပေးလို့ရပါတယ်။ ၃။ ရေစိုနေသော လျှပ်စစ်သုံးပစ္စည်းများအား ခြောက်သွေ့စေ။ အမှတ်တမဲ့ ဖုန်းရေစိုသွားရင် […]

ဗဟုတုသ

မိုးရွာနေချိန်၊ လျှပ်စီးမိုးကြိုးလက်နေချိန်မှာ မိုဘိုင်းဖုန်းအသုံးပြုရင် အန္တရာယ်ရှိတယ်ဆိုတာ မှားပါတယ်

[Unicode version] မိုးကြိုးလျှပ်စီးနဲ့ မိုဘိုင်းဖုန်း မုန်တိုင်းကျနေချိန်၊ လျှပ်စီးမိုးကြိုးလက်နေချိန်မှာ မိုဘိုင်းဖုန်းအသုံးပြုရင် အန္တရာယ်ရှိတယ်ဆိုတာ မှားပါတယ်။ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ရှိသူတွေပြောကြားချက်အရ- အိမ်အပြင်ဘက်မှာရှိနေပြီး – ကုန်းမြေမြင့်တွေ၊ – ကွင်းပြင်တွေ၊ – ရေရှိတဲ့နေရာအနီး၊ – ကြီးမားတဲ့ သတ္တုတိုင်/သတ္တုအဆောက်အဦအနီး (တာဝါတိုင်/သတ္တုလျှပ်စစ်တိုင် စသည်) သို့မဟုတ် – သစ်ပင်ကြီးတွေရဲ့အနီးမှာရှိနေတဲ့ *ဘယ်သူမဆို* မိုးကြိုးလျှပ်စီးအန္တရာယ် ပိုရှိပါတယ်။ ဒီအချက်တွေက လျှပ်စီးမုန်တိုင်းဖြစ်ရင် မိုဘိုင်းဖုန်း အသုံးပြုတာထက်ပိုပြီး အန္တရာယ်ဖြစ်စေတဲ့ အချက်တွေပါပဲ။ မိုဘိုင်းဖုန်းမှာ လျှပ်စစ် စီးကူးစေနိုင်တဲ့ သတ္တုတွေ အများကြီးပါတာကြောင့် အိမ်အပြင်ဘက်မှာ အသုံးပြုခဲ့ရင် အဲ့ဒီသတ္တုတွေက လျှပ်စီးမိုးကြိုးကို ဖမ်းယူနိုင်တယ်လို့ လူတချို့က ထင်မြင်ယူဆကြပါတယ်။ တကယ်တော့ မိုဘိုင်းဖုန်းဟာ စွမ်းအင်(ဗို့အား)နည်းတဲ့ ပစ္စည်းသာဖြစ်ပြီး မိုးကြိုးကို ဖမ်းယူပစ်ခတ်ခံရစေနိုင်လောက်တဲ့ သွင်ပြင်ပစ္စည်း ဘာတစ်ခုမှ […]

ဗဟုတုသ

ကွမ်းအရမ်းကြိုက်၊ စားသူများအတွက် ကွမ်းယာဖြတ်ဆေး (မိမိလက်တွေ့)

[Zawgyi version] ကွမ်းစားသူများအတွက် ကွမ်းယာဖြတ်ဆေး မိမိလက်တွေ့ မြန်မာလူမျိုး တော်တော်များများ ကွမ်းအလွန်ကြိုက်ကြ၏။ ခေတ်ကာလအရ ကျန်းမာရေးတွေ့ရှိချက်များ၌ ကွမ်းသမားအချို့ ကင်ဆာ ဖြစ်နေကြလေသည်။ ကွမ်းကြိုက်သူများတွင် မိမိကိုယ်တိုင်လည်း ပါ၏။ တစ်နေ့ ၂၀၀၀ ကျပ်ဖိုးလောက် ကုန်ပါသည်။ အချို့ဆိုလျှင် တစ်နေ့ ၅၀၀၀ ကျပ်လောက် ကုန်သည်ဟုလည်း ဆိုသည်။ ကွမ်းသီး၊ ကွမ်းရွက်၊ ထုံး၊ ဆေးရွက်ကြီးမှ စကာ ကွမ်းယာဆေး အမျိုးမျိုး ကိုပြောင်း၍ စားသုံးမိ၏။ ၉၂။ ဆာဂါ။ ပါရာဂျက်။ ၁၆၂။ စီကနဲ အမျိုးမျိုး အဖုံဖုံ နှပ်ဆေးလည်း စုံပြန်သည်။ အတိအကျ မရှိသော ထုံးစပ်နည်းနှင့် အတူ ကွမ်းသီးစိတ် မှိုတက်သည်လည်း ပါပေလိမ့်မည်။ အချို့ ကွမ်းယာဆိုင်တို့ကလည်း သန့်သန့်ပြန့်ပြန့် ရောင်းချသည်လည်း […]

ဗဟုတုသ

အမျိုးသမီးတို့လွဲနေသော ဆံပင်အလှူ

[Zawgyi version] အမျိုးသမီးတို့လွဲနေသော ဆံပင်အလှူ အရှင်ဘုရား။…….။ တပည့်တော်မသည် ဆံပင်ရှည်များကို ဘုရားမှာလှူမည်ဟု ဆုံးဖြတ်ပြီး အရှည်ထားပါသည်။ ယခု ဆံပင်ရှည်၍ ဖြတ်ပြီးလှူမည်လုပ်ရာ အချို့က ဆံပင်အတိုင်း မလှူကောင်း ရောင်း၍၊ သို့မဟုတ်-ဘုန်းကြီးသုံး ယပ်လုပ်၍ လှူရသည်ဟု ပြောပါသည်။ မည်သို့လှူသင့်သည်ကို ဖြေကြားပေးပါရန် လျှောက်ထားပါသည်ဘုရား။ ………………………..( အေးငြိမ်းမိုး-ပန်းတောင်းမြို့ ) ( ဖြေ )။……..။ ဆံပင်မှာ မိမိခန္ဓာကိုယ်မှ ပေါက်ရောက်သော အရာဝတ္ထုဖြစ်ကာ အမွေး-ခြေသည်း-လက်သည်း-သွား-အရေပြား- တို့နှင့်အတူ တစပဥစကအဝင် ဇေဂုစ္ဆ-သဘောတရားဖြစ်၍ သူတော်ကောင်းတို့ စက်ဆုပ်အပ်သော အရာဝတ္ထုပင်ဖြစ်ပါသည်။ အမျိုးသမီးတို့အဖို့ အမွန်အမြတ်ဖြစ်သော်လည်း ရတနာသုံးပါး၌ ဆံပင်အတိုင်း ဆွဲချိတ်လှူဒါန်း၍လည်း တင့်တယ်မှုမရှိပါ။ လူ့ဆံပင်ကို ယပ်စသည်လုပ်၍ လှူဒါန်းရိုးလည်း မရှိပါ။ မြတ်စွာဘုရားလက်ထက်က ဆံပင်ကောင်းသော အမျိုးသမီးတဦး ဆံပင်ကိုဖြတ်၍ […]

ဗဟုတုသ

မန္တလေးသားတွေ သုံးနေတဲ့ ကျုံးတစ်ပတ်၊ တစ်ပြ ဆိုတာမှာ ဘယ်လောက်မိုင်အကွာဝေးရှိလဲ

[Zawgyi version] မန္တလေးသားတွေ သုံးနေတဲ့ ကျုံးတစ်ပတ်၊ တစ်ပြ တို့ရဲ့ မိုင်/ဖာလုံ အတိုင်းအတာများ မန္တလေးမြို့ရဲ့ ကျုံးတစ်ပတ် မိုင် ဘယ်လောက်ရှိပါသလဲ။ တစ်ပြ (တစ်လမ်း) ကို ဘယ်လောက်ကွာဝေးပါသလဲ။ မင်းတုန်းမင်းကြီးက နန်းတော်ကြီးကို သာသနာ ၂၄၀၀ အထိမ်းအမှတ်နဲ့ တည်ခဲ့တာပါ။ ကျုံးတစ်ပတ်ကို တာပေါင်း ၂၄၀၀ရှိပါတယ်။ လေးဖက်ဆိုတော့ တစ်ဖက်ကို တာပေါင်း ၆၀၀ရှိတာပေါ့။ တစ်တာကို ခုနှစ်တောင် ( ၁၀ ပေခွဲ) ရှိတာဆိုတော့ တစ်ဖက်ကို ပေပေါင်း (၆၃၀၀) ရှိပါတယ်။ (၅၂၈၀)ပေမှာ တစ်မိုင်ဆိုတော့ တစ်မိုင်သာသာပဲ ရှိပါတယ်။ လေးဖက်မှာ ၂၅၂၀၀ ပေရှိတာပေါ့။ ဒါကြောင့် ကျုံး တစ်ပတ်ကို (၄.၇၇ )မိုင်ပဲရှိပါတယ်။ ကျုံးတစ်ဖက်ကို ၁၂ ပြ […]

ဗဟုတုသ

ကိုယ်တိုင်လုပ်ပြီး စိတ်ချလက်ချစားဖို့ စားတော်ပဲပြုတ်လုပ်နည်း

[Zawgyi version] စားတော်ပဲပြုတ်နည်း လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းပါပဲ။ အရင်ဆုံး ရေနွေးနဲ့ ရေအေးကို ကြက်သီးနွေးလေး ရောစပ်ပါ။ ရေထဲ လက်နှစ်ကြည့်လိုက်ရင် ကိုယ့်လက်အပူခံနိုင်တဲ့ အနေအထားလေးပေါ့။ ပြီးရင် အဲ့ဒီရေထဲ စားတော်ပဲကို ၃နာရီကြာအောင် ရေစိမ်ပါ။ ၃နာရီပြည့်ရင် ဆယ်ပြီး စကာလေးနဲ့ ရေစစ်ပြီး အပေါ်က အဝတ်ပါးလေး အုပ်ထားပါ။ မနက်တကြိမ် ညတကြိမ် ရေလောင်းပေးပါ။ နောက်နေ့ဆို ပဲညှောင့်လေးတွေ ပေါက်လာပါပြီ။ ဒါဆို ပဲပြုတ်လို့ ရပါပြီ။ ရေနွေးကို အရင်ဆုံး ဆူအောင် တည်ပါ။ မုန့်လုပ် ထန်းလျက်အညို ၂ခဲ ရေနွေးထဲပျော်သွားအောင် မွှေပေးပြီးရင် ပဲထည့်ပြုတ်ပါ။ ဆားဆော်ဒါ လဖက်ရည် ဇွန်းတဝက် ထည့်ပါ။ သကြား ဟင်းစားဇွန်း တဝက်ထည့်ပါ။ ဆီ ဟင်းစားဇွန်း ၁ဇွန်းလောက် […]

ဗဟုတုသ

ရာဇဝင်ထဲက နာမည်ကြီး မင်းလက်ဝါးအကြောင်း

မင်းလက်ဝါးကို သမိန်ထောရာဇာဘွဲ့ခံ ပုသိမ်မြို့ဝန် မဟာသမိန်ထောနှင့် ရေကင်းသူ မမကြီးတို့က ၁၈၂၃-ခုနှစ်တွင် မွေးဖွားသည်။ မွေးချင် ၂-ဦးအနက် အငယ်ဖြစ်သည်။ ငယ်မည်မှာ မောင်လတ်ဖြစ်သည်။ မင်းလက်ဝါး၏ အနွယ်ရင်း ဖြစ်သော သူ၏ အဘ၊ အဘိုး၊ အဘေးများသည် အလောင်းမင်းတရားလက်ထက်မှစ၍ အစဉ်အဆက် အမှုထမ်းလာကြသော မွန်တိုင်းရင်းသားများ ဖြစ်ကြသည်။ မင်းလက်ဝါးသည် ကုန်းဘောင်ဆက် မင်းတုန်းမင်းနှင့် သီပေါမင်းတို့ လက်ထက်တွင် နှစ်ပေါင်း ၃၀-ခန့် အမှုထမ်းခဲ့သည်။ မင်းတုန်းမင်းသည် မင်းလက်ဝါးအား အမြင့်ငါးမြို့ဝန်၊ မဟာသမိန်ဘရမ်း၊ မင်းကြီးမင်းခေါင်သူရိန်၊ မင်းကြီးမဟာသက်တော်ရှည် ဘွဲ့များချီးမြှင့်ခဲ့သည်။ သီပေါမင်းက မက္ခရာမြို့စား၊ လက်ဝဲတော်မှူး၊ မင်းကြီးသူရ မဟာမင်းခေါင် သမိန်ဘရမ်းနှင့် အောက်မြစ်စဉ် ခရိုင်မင်းကြီးဘွဲ့များ ချီးမြှင့်ခဲ့သည်။ မောင်လတ်၏ဖခင်သည် ငယ်စဉ်ကပင် ဆုံးသွားခဲ့သည်။ မိခင်၊ အမများနှင့်လည်း ကွဲကွာခဲ့ရပြီး […]

ဗဟုတုသ

မအောင်မြင်သော ဈေးဆိုင်များ၏ အလွဲများ

(၁) ဖွင့်လှစ်ရောင်းချသည့် နေရာနှင့် ကုန်စည် လိုက်လျောညီထွေ မှုမရှိခြင်း။ ဥပမာ – ဆောက်လုပ်ရေးပစ္စည်းဆိုင်အား လမ်းကြိုလမ်းကြား ဖွင့်ထားခြင်း။ တန်ဖိုးကြီးပစ္စည်း အရောင်းဆိုင်အား ဆင်းရဲသား လက်လုပ်လက်စား ရပ်ကွက်မှာ ဖွင့်လှစ်ခြင်း။ (၂) ပြောဆိုဆက်ဆံရေး ညံဖျင်းခြင်း စိတ်မရှည်ခြင်း၊ ရှင်းမပြချင်ခြင်း၊ တစ်ခုမှ နှစ်ခု မပြလိုခြင်း။ ဒီဟာက ဈေးကြီးတယ် စသဖြင့် ဈေးဝယ်အား နှိမ့်ချပြောဆိုခြင်း။ (၃) ဈေးနှုန်းကြီးမြင့်စွာ ရောင်းချခြင်း (၄) မိမိရောင်းချသော ကုန်စည်များအား မိမိကိုယ်တိုင် ထဲထဲဝင်ဝင် သိနားလည်မှု မရှိခြင်း။ (၅) ဈေးဝယ်သူမှ မြင်နိုင်သောနေရာတွင် အချိန်ပြည့်မနေထိုင်ခြင်း။ ဆိုင်ပစ်၍ အနီးအပါးသွားရောက် စကားစမြည် ပြောဆိုနေခြင်း။ အခြားအလုပ် တခုခုလုပ်ကိုင်နေခြင်း။ TV ကြည့်နေခြင်း။ (၆) လွှဲအပ်ထားသော ဝန်ထမ်းထားရှိပါက […]

Back To Top