ဗဟုတုသ

လူႀကိဳက္မ်ားတဲ့ မရမ္းသီးနဲ႔ က်န္းမာေရး

(Zawgyi)

လူႀကိဳက္မ်ားတဲ့ မရမ္းသီးနဲ႔ က်န္းမာေရး

ဟင္းေတြခ်က္ရာမွာလည္းထည့္ခ်က္ၿပီး အစိမ္းလိုက္လည္းစားၾကသလို အမွည့္လည္းစားၾကတဲ့ အသီးတစ္မ်ိဳးပါ။ လူႀကိဳက္မ်ားတဲ့ မရမ္းသီးမွာ အာဟာရဓါတ္ေတြ အမ်ားအျပားပါ၀င္ပါတယ္။ ေရဓါတ္၊ ဗီတာမင္ C နဲ႔ အမွ်င္ဓါတ္ေတြပါ၀င္လို႔ က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးမ်ားစြာရွိပါတယ္။

အေရျပားက်န္းမာေရး

ဗီတာမင္ C ၾကြယ္၀စြာပါ၀င္လို႔ အေရျပားကို က်န္းမာေစပါတယ္။ ေရဓါတ္ျမင့္မားစြာပါ၀င္လို႔လည္း အသားအေရကို စိုေျပေစပါတယ္။

ကင္ဆာကာကြယ္ေပးျခင္း

ေရဓါတ္ပါ၀င္မႈ ျမင့္မားတာဟာ အစာေခ်စနစ္ကိုေကာင္းမြန္ေစပါတယ္။ ဒါ့ေၾကာင့္ အစာအိမ္လမ္းေၾကာင္းမွာ ျဖစ္ေပၚတတ္တဲ့ ကင္ဆာေရာဂါျဖစ္ပြားမႈကို ကာကြယ္ေပးႏိုင္ပါတယ္။
ဒါ့အျပင္ အမွ်င္ဓါတ္လည္းၾကြယ္၀စြာပါ၀င္ပါတယ္။ ေလ့လာေတြ႔ရွိမႈအရ အမွ်င္ဓါတ္စားသံုးမႈမ်ားတဲ့သူေတြဟာ အမွ်င္ဓါတ္စားသံုးမႈနည္းတဲ့သူေတြထက္ ကင္ဆာျဖစ္ပြားမႈ ေလွ်ာ့္နည္းတာကိုေတြ႔ရပါတယ္။ ဒါ့ေၾကာင့္ အမွ်င္ဓါတ္ပါ၀င္တဲ့ မရမ္းသီးဟာ ကင္ဆာအမ်ိဳးမ်ိဳး ျဖစ္ပြားမႈကေန ကာကြယ္ေပးႏိုင္ပါတယ္။

ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစျခင္း

ေရဓါတ္ျမင့္မားစြာပါ၀င္လို႔လည္း ေသြးလည္ပတ္မႈကိုေကာင္းမြန္ေစပါတယ္။ ေသြးလည္ပတ္ဖို႔အတြက္ ေရဓါတ္လိုအပ္တာေၾကာင့္ပါ။

ဦးေႏွာက္စြမ္းေဆာင္ရည္

ေသြးလည္ပတ္ဖို႔အတြက္ ေရလိုအပ္သလို ဦးေႏွာက္ကလည္း ေရလိုအပ္ပါတယ္။ ဦးေႏွာက္စြမ္းေဆာင္ရည္ရဲ့ ၇၀% အတြက္ ေရဓါတ္လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ ေရဓါတ္ျမင့္မားစြာပါ၀င္တဲ့ မရမ္းသီးကို စားေပးသင့္ပါတယ္။

အဆုတ္လုပ္ေဆာင္ခ်က္ကို ေကာင္းမြန္ေစျခင္း

မရမ္းသီးမွာပါ၀င္တဲ့ အဟာရဓါတ္ေတြဟာ အဆုတ္ရဲ့လုပ္ေဆာင္ခ်က္ေတြကို ေကာင္းမြန္ေစပါတယ္။

ေလျဖတ္ေရာဂါျဖစ္ပြားမႈကို ေလွ်ာ့ခ်ေပးျခင္း

ေလ့လာေတြ႔ရွိမႈအရ အမွ်င္ဓါတ္ဟာ ကိုလက္စထေရာကိုထိန္းခ်ဳပ္ေပးႏိုင္သလို ေလ်ာ့ပါးေစပါတယ္။ ဒါ့ေၾကာင့္ ကိုလက္စထေရာ ပါ၀င္မႈနည္းတာဟာ ေလျဖတ္ေရာဂါျဖစ္ပြားမႈကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ႏွလံုးက်န္းမာေရး

အမွ်င္ဓါတ္ပါ၀င္တဲ့ အစားအစာကို မ်ားမ်ားစားတာဟာႏွလံုးေရာဂါျဖစ္ပြားမႈကို ေရွာင္ရွားႏိုင္ပါတယ္။

ဆီးခ်ိဳ ျဖစ္ပြားမႈကိုကာကြယ္ေပးျခင္း

အမွ်င္ဓါတ္နဲ႔ ေရဓါတ္ပါ၀င္လုိ႔ ဆီးခ်ိဳေရာဂါျဖစ္ပြားမႈကို ကာကြယ္ေပးႏိုင္ပါတယ္။

မ်က္လံုးက်န္းမာေရး

Beta Carotene ပါ၀င္လို႔ အျမင္အာရံုကို ေကာင္းမြန္ေစပါတယ္။ ဒါ့အျပင္ ဗီတာမင္ A ပါ၀င္လို႔လည္း မ်က္လံုးကိုက်န္းမာေစပါတယ္။

(Unicode)

လူကြိုက်များတဲ့ မရမ်းသီးနဲ့ ကျန်းမာရေး

ဟင်းတွေချက်ရာမှာလည်းထည့်ချက်ပြီး အစိမ်းလိုက်လည်းစားကြသလို အမှည့်လည်းစားကြတဲ့ အသီးတစ်မျိုးပါ။ လူကြိုက်များတဲ့ မရမ်းသီးမှာ အာဟာရဓါတ်တွေ အများအပြားပါဝင်ပါတယ်။ ရေဓါတ်၊ ဗီတာမင် C နဲ့ အမျှင်ဓါတ်တွေပါဝင်လို့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။

အရေပြားကျန်းမာရေး

ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ အရေပြားကို ကျန်းမာစေပါတယ်။ ရေဓါတ်မြင့်မားစွာပါဝင်လို့လည်း အသားအရေကို စိုပြေစေပါတယ်။

ကင်ဆာကာကွယ်ပေးခြင်း

ရေဓါတ်ပါဝင်မှု မြင့်မားတာဟာ အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် အစာအိမ်လမ်းကြောင်းမှာ ဖြစ်ပေါ်တတ်တဲ့ ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။
ဒါ့အပြင် အမျှင်ဓါတ်လည်းကြွယ်ဝစွာပါဝင်ပါတယ်။ လေ့လာတွေ့ရှိမှုအရ အမျှင်ဓါတ်စားသုံးမှုများတဲ့သူတွေဟာ အမျှင်ဓါတ်စားသုံးမှုနည်းတဲ့သူတွေထက် ကင်ဆာဖြစ်ပွားမှု လျှော့်နည်းတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် အမျှင်ဓါတ်ပါဝင်တဲ့ မရမ်းသီးဟာ ကင်ဆာအမျိုးမျိုး ဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။

သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း

ရေဓါတ်မြင့်မားစွာပါဝင်လို့လည်း သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ သွေးလည်ပတ်ဖို့အတွက် ရေဓါတ်လိုအပ်တာကြောင့်ပါ။

ဦးနှောက်စွမ်းဆောင်ရည်

သွေးလည်ပတ်ဖို့အတွက် ရေလိုအပ်သလို ဦးနှောက်ကလည်း ရေလိုအပ်ပါတယ်။ ဦးနှောက်စွမ်းဆောင်ရည်ရဲ့ ၇၀% အတွက် ရေဓါတ်လိုအပ်ပါတယ်။ ဒါ့ကြောင့် ရေဓါတ်မြင့်မားစွာပါဝင်တဲ့ မရမ်းသီးကို စားပေးသင့်ပါတယ်။

အဆုတ်လုပ်ဆောင်ချက်ကို ကောင်းမွန်စေခြင်း

မရမ်းသီးမှာပါဝင်တဲ့ အဟာရဓါတ်တွေဟာ အဆုတ်ရဲ့လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပါတယ်။

လေဖြတ်ရောဂါဖြစ်ပွားမှုကို လျှော့ချပေးခြင်း

လေ့လာတွေ့ရှိမှုအရ အမျှင်ဓါတ်ဟာ ကိုလက်စထရောကိုထိန်းချုပ်ပေးနိုင်သလို လျော့ပါးစေပါတယ်။ ဒါ့ကြောင့် ကိုလက်စထရော ပါဝင်မှုနည်းတာဟာ လေဖြတ်ရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

နှလုံးကျန်းမာရေး

အမျှင်ဓါတ်ပါဝင်တဲ့ အစားအစာကို များများစားတာဟာနှလုံးရောဂါဖြစ်ပွားမှုကို ရှောင်ရှားနိုင်ပါတယ်။

ဆီးချို ဖြစ်ပွားမှုကိုကာကွယ်ပေးခြင်း

အမျှင်ဓါတ်နဲ့ ရေဓါတ်ပါဝင်လို့ ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

မျက်လုံးကျန်းမာရေး

Beta Carotene ပါဝင်လို့ အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဗီတာမင် A ပါဝင်လို့လည်း မျက်လုံးကိုကျန်းမာစေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *