ဗဟုတုသ

ဆီနဲ့ ပလုတ်ကျင်းကြည့်ဖူးသလား

ဆီနဲ့ ပလုတ်ကျင်းကြည့်ဖူးသလား

====================
====================

ဆီကိုသွားနဲ့ ခံတွင်းကျန်းမာဖို့ အသုံးပြုနိုင်တယ်ဆိုရင် ယုံကြည်ပါ့မလား။ နှမ်းဆီမွှေး၊ အုန်းဆီ၊ သံလွင်ဆီ၊ နေကြာဆီ တစ်မျိုးမျိုး စားပွဲဇွန်းတစ်ဇွန်းစာကို ပါးစပ် ထဲထည့်ပြီး ခံတွင်းအနှံ့ပလုတ် ကျင်းသလို မိနစ် ၂၀ လုပ်ဆောင်ပေးခြင်းဖြင့် ဘာတွေကောင်း ကျိုးရှိတယ်ဆိုတာ ဖော်ပြပေး လိုက်ပါတယ်။

-ခံတွင်းအနံ့ဆိုးဖြစ်စေတဲ့ ဗက် တီးရီးယားတွေကို ဖယ်ရှားပေးသ လို သွားကြားတွေအထိအောင် သန့်စင်ပေးနိုင်တဲ့အတွက် အနံ့ အသက်မကောင်းမှာ မပူရတော့ ပါဘူး။

-သွားတွေကို ခိုင်ခံ့ကျန်းမာစေ သလို ဖြူစင်သန့်ရှင်းစေတဲ့အ တွက် သွားဖြူအောင်တကူးတက လုပ်စရာ မလိုတော့ပါဘူး။

-သွားထဲမှာ ညပ်နေတဲ့စားကြွင်း စားကျန်တွေပါ မကျန်သန့်စင်စေ လို့ ခံတွင်းမသန့်ရှင်းလို့ ဖြစ်လာ နိုင်တဲ့ ရောဂါတွေကို ကာကွယ်ပြီး သားဖြစ်စေပါတယ်။

-ဆီနဲ့ ခံတွင်းသန့်ရှင်းရေးလုပ်ပေး ခြင်းဖြင့် ခံတွင်းကနေတစ်ဆင့် ၀င်လာနိုင်တဲ့ ရောဂါပိုးမွှားတွေကို ကာကွယ်ပြီးသားဖြစ်သလို အ သားအရေ မကောင်းတာတို့၊ အ ဆစ်ရောင်နာတို့၊ ပန်းနာရောဂါ၊ ဟော်မုန်းဓာတ်မညီမျှတာ၊ အ သည်းရောဂါစတာတွေကိုပါ ကာ ကွယ်ပေးပါတယ်။

ဆီနဲ့ခံတွင်းသန့်ရှင်းရေး လုပ်မယ်ဆိုရင် အထက်ပါဆီတစ် မျိုးမျိုး စားပွဲဇွန်းတစ်ဇွန်းနဲ့ ပလုတ်ကျင်းပါ။ ပြီးရင်ဆီတွေကို ရေခပ် နွေးနွေးလေးနဲ့ ပလုတ်ကျင်းပါ။ နောက်ဆုံးမှာတော့ ဗက်တီးရီး ယားတွေ ကျန်နေသေးရင်လည်း အကုန်သန့်စင်သွားဖို့ သွားတိုက် ဆေးနဲ့ သွားတိုက်ပါ။ ဒီလိုတွေ လုပ်ဖို့ဆိုရင် ဘာမှမစားမသောက် ခင် မနက်စောစော ပြုလုပ်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

==========

Mingalarbar Morning Health

Leave a Reply

Your email address will not be published. Required fields are marked *