ဗဟုတုသ

ပီေလာပီနံရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား

(Zawgyi)
ပီေလာပီနံရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား

ဝမ္းခ်ဳပ္ေနတယ္ဆိုရင္ အမွ်င္ဓာတ္ မ်ားမ်ားရေအာင္ ပီေလာပီနံ စားသုံးေပးလို႔ရပါတယ္။ ပီေလာပီနံမွာ ပါတဲ့ အမွ်င္ဓာတ္က ေသြးတြင္းသၾကားဓာတ္ကို ေကာင္းမြန္ေစၿပီး ကိုလက္စထေရာ ပမာဏကို ထိန္းညႇိေပးတဲ့အျပင္ အမ်ိဳးအစား ၂ ဆီးခ်ိဳေရာဂါနဲ႔ ႏွလုံးေရာဂါ ျဖစ္ႏိုင္ေျခေတြကို က်ဆင္းေစႏိုင္ပါတယ္။ ဆီးခ်ိဳေဝဒနာရွင္ေတြအေနနဲ႔လည္း ပီေလာပီနံက ဆီးခ်ိဳ ထိန္းညႇိရာမွာ အေထာက္အကူျပဳမွာ ျဖစ္ပါတယ္။ ပီေလာပီနံမွာ ဗီတာမင္စီ ႂကြယ္ဝစြာ ပါဝင္ပါတယ္။

၁။ ဝမ္းခ်ဳပ္တာကို သက္သာေစျခင္း

ပီေလာပီနံ တစ္ခြက္စာမွာ အမွ်င္ဓာတ္ ၃.၇ ဂရမ္ပါဝင္တာေၾကာင့္ အူမႀကီး လႈပ္ရွားမႈအတြက္ ေကာင္းမြန္ေအာင္ ေထာက္ပံ့ေပးပါတယ္။ ပုံမွန္စားသုံးေပးပါက ဝမ္းခ်ဳပ္ျခင္းကေန ကင္းေဝးေစမွာျဖစ္ပါတယ္။ ဝမ္းခ်ဳပ္တာ သက္သာေအာင္ ပီေလာပီနံကို စားသုံးမယ္ဆိုရင္ ျဖည္းျဖည္းခ်င္း ေက်ညက္ေအာင္ဝါးၿပီး စားသုံးေပးရမွာ ျဖစ္ပါတယ္။အရမ္း ျမန္ျမန္ စားသုံးမိပါက ဝမ္းခ်ဳပ္တာကို ပိုဆိုးေစမွာ ျဖစ္ပါတယ္။ ေရလည္းမ်ားမ်ား ေသာက္ေပးဖို႔ လိုပါတယ္။

၂။ ဆီးခ်ိဳျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစ

ပီေလာပီနံမွာပါတဲ့ အမွ်င္ဓာတ္က ေသြးတြင္းသၾကားဓာတ္တက္လာတာကို ေႏွးေစၿပီး ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိေပးပါတယ္။ ဆီးခ်ိဳရွိသူေတြအေနနဲ႔လည္း ဆီးခ်ိဳ ေရာဂါကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ပီေလာပီနံ စားသုံးေပးလို႔ ရပါတယ္။

၃။ ကိုလက္စထေရာ က်ဆင္းေစျခင္း

ပီေလာပီနံမွာပါတဲ့ အမွ်င္ဓာတ္က ကိုလက္စထေရာပမာဏကို တိုးတက္ေစပါတယ္။ သည္းေျခရည္ေတြ ထြက္ရွိေအာင္ လႈံ႕ေဆာ္ေပးၿပီး ခႏၶာကိုယ္အတြင္း အက်ိဳးမျပဳတဲ့ ကိုလက္စထေရာကို က်ဆင္းေစတာေၾကာင့္ ႐ုတ္တရက္ႏွလုံးရပ္ျခင္း၊ ေလျဖတ္ျခင္းနဲ႔ အျခားေသာ ႏွလုံးေရာဂါေတြ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

၄။ ကိုယ္အေလးခ်ိန္က်ေစႏိုင္ျခင္း

ဝိတ္ခ်ခ်င္သူေတြအေနနဲ႔ ေန႔စဥ္ စားသုံးတဲ့အစားအေသာက္ေတြထဲမွာ ပီေလာပီနံ ထည့္သြင္းစားသုံးေပးမယ္ဆိုရင္ ပီေလာပီနံမွာပါတဲ့ အမွ်င္ဓာတ္က အဆာခံႏိုင္ေအာင္ လုပ္ေဆာင္ေပးတာေၾကာင့္ အစားစားခ်င္စိတ္ ေလ်ာ့နည္းသြားမွာ ျဖစ္ပါတယ္။ ဆာေလာင္မႈကိုလည္း ထိန္းခ်ဳပ္ႏိုင္သြားမွာ ျဖစ္ပါတယ္။

၅။ ကိုယ္ခံအားစနစ္ကို တိုးျမႇင့္ေပးျခင္း

ပီေလာပီနံစားသုံးမႈက ခႏၶာကိုယ္ကို က်န္းမာေစပါတယ္။ ပီေလာပီနံတစ္ခြက္စာမွာ ဗီတာမင္စီ ၄၂.၄ မီလီဂရမ္ပါဝင္ေနၿပီး အမ်ိဳးသားေတြအေနနဲ႔ ၈၅ မီလီဂရမ္နဲ႔ အမ်ိဳးသမီးေတြအေနနဲ႔ ၉၅ မီလီဂရမ္စား သုံးေပးသင့္ပါတယ္။ ဓာတ္တိုးဆန႔္က်င္ပစၥည္းနဲ႔ ဗီတာမင္ စီႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ ကိုယ္ခံအားစနစ္ကို တိုးတက္ေစမွာ ျဖစ္ပါတယ္။

ကိုယ္ခံအားစနစ္ေကာင္းမြန္မွသာ ကူးစက္ေရာဂါေတြ၊ အေအးမိျခင္းနဲ႔ ကင္ဆာေရာဂါ ျဖစ္ေပၚတာေတြကို ခုခံႏိုင္မွာ ျဖစ္ပါတယ္။

Author – ေအးသီမြန္

Credit – Kumudra

(Unicode)
ပီလောပီနံရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ဝမ်းချုပ်နေတယ်ဆိုရင် အမျှင်ဓာတ် များများရအောင် ပီလောပီနံ စားသုံးပေးလို့ရပါတယ်။ ပီလောပီနံမှာ ပါတဲ့ အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်ကို ကောင်းမွန်စေပြီး ကိုလက်စထရော ပမာဏကို ထိန်းညှိပေးတဲ့အပြင် အမျိုးအစား ၂ ဆီးချိုရောဂါနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေတွေကို ကျဆင်းစေနိုင်ပါတယ်။ ဆီးချိုဝေဒနာရှင်တွေအနေနဲ့လည်း ပီလောပီနံက ဆီးချို ထိန်းညှိရာမှာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ပီလောပီနံမှာ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်ပါတယ်။

၁။ ဝမ်းချုပ်တာကို သက်သာစေခြင်း

ပီလောပီနံ တစ်ခွက်စာမှာ အမျှင်ဓာတ် ၃.၇ ဂရမ်ပါဝင်တာကြောင့် အူမကြီး လှုပ်ရှားမှုအတွက် ကောင်းမွန်အောင် ထောက်ပံ့ပေးပါတယ်။ ပုံမှန်စားသုံးပေးပါက ဝမ်းချုပ်ခြင်းကနေ ကင်းဝေးစေမှာဖြစ်ပါတယ်။ ဝမ်းချုပ်တာ သက်သာအောင် ပီလောပီနံကို စားသုံးမယ်ဆိုရင် ဖြည်းဖြည်းချင်း ကျေညက်အောင်ဝါးပြီး စားသုံးပေးရမှာ ဖြစ်ပါတယ်။အရမ်း မြန်မြန် စားသုံးမိပါက ဝမ်းချုပ်တာကို ပိုဆိုးစေမှာ ဖြစ်ပါတယ်။ ရေလည်းများများ သောက်ပေးဖို့ လိုပါတယ်။

၂။ ဆီးချိုဖြစ်နိုင်ခြေကို လျော့ကျစေ

ပီလောပီနံမှာပါတဲ့ အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်တက်လာတာကို နှေးစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ဆီးချိုရှိသူတွေအနေနဲ့လည်း ဆီးချို ရောဂါကို ထိန်းချုပ်နိုင်ဖို့ ပီလောပီနံ စားသုံးပေးလို့ ရပါတယ်။

၃။ ကိုလက်စထရော ကျဆင်းစေခြင်း

ပီလောပီနံမှာပါတဲ့ အမျှင်ဓာတ်က ကိုလက်စထရောပမာဏကို တိုးတက်စေပါတယ်။ သည်းခြေရည်တွေ ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး ခန္ဓာကိုယ်အတွင်း အကျိုးမပြုတဲ့ ကိုလက်စထရောကို ကျဆင်းစေတာကြောင့် ရုတ်တရက်နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်းနဲ့ အခြားသော နှလုံးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၄။ ကိုယ်အလေးချိန်ကျစေနိုင်ခြင်း

ဝိတ်ချချင်သူတွေအနေနဲ့ နေ့စဉ် စားသုံးတဲ့အစားအသောက်တွေထဲမှာ ပီလောပီနံ ထည့်သွင်းစားသုံးပေးမယ်ဆိုရင် ပီလောပီနံမှာပါတဲ့ အမျှင်ဓာတ်က အဆာခံနိုင်အောင် လုပ်ဆောင်ပေးတာကြောင့် အစားစားချင်စိတ် လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဆာလောင်မှုကိုလည်း ထိန်းချုပ်နိုင်သွားမှာ ဖြစ်ပါတယ်။

၅။ ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးခြင်း

ပီလောပီနံစားသုံးမှုက ခန္ဓာကိုယ်ကို ကျန်းမာစေပါတယ်။ ပီလောပီနံတစ်ခွက်စာမှာ ဗီတာမင်စီ ၄၂.၄ မီလီဂရမ်ပါဝင်နေပြီး အမျိုးသားတွေအနေနဲ့ ၈၅ မီလီဂရမ်နဲ့ အမျိုးသမီးတွေအနေနဲ့ ၉၅ မီလီဂရမ်စား သုံးပေးသင့်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဗီတာမင် စီကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို တိုးတက်စေမှာ ဖြစ်ပါတယ်။

ကိုယ်ခံအားစနစ်ကောင်းမွန်မှသာ ကူးစက်ရောဂါတွေ၊ အအေးမိခြင်းနဲ့ ကင်ဆာရောဂါ ဖြစ်ပေါ်တာတွေကို ခုခံနိုင်မှာ ဖြစ်ပါတယ်။

Author – အေးသီမွန်

Credit – Kumudra

Leave a Reply

Your email address will not be published. Required fields are marked *