ဗဟုတုသ

ဆိုင်ကယ်အင်ဂျင်ဝိုင် ဘယ်ချိန်လဲရမှာလဲ?

(Zawgyi)
မည္သည့္ ဆိုင္ကယ္အမ်ိဳးအစားမဆို ကီလိုမီတာသုံးေထာင္ျပည့္တိုင္း အရည္အေသြးမီ အင္ဂ်င္ဝိုင္ လဲလွယ္ေပးသင့္ဟုဆို

ဖြံ႕ၿဖိဳးၿပီး ျပည္ပနိုင္ငံမ်ားတြင္ ကီလိုေလးေထာင္၊ သို႔မဟုတ္ ကီလိုငါးေထာင္ျပည့္တိုင္း အင္ဂ်င္ဝိုင္ လဲလွယ္ရန္ သက္ဆိုင္ရာကုမၸဏီအခ်ိဳ႕မွ လမ္းၫႊန္မႈရွိေသာ္လည္း ျမန္မာနိုင္ငံအတြင္း စီးနင္းေနၾကေသာ ဆိုင္ကယ္မ်ားအေနျဖင့္ လမ္းပန္းဆက္သြယ္ေရး အေနအထားအရ ကီလိုမီတာသုံးေထာင္ျပည့္တိုင္း အင္ဂ်င္ဝိုင္ လဲလွယ္ေပးသင့္ၿပီး အင္ဂ်င္အပါအဝင္ စက္ပိုင္းဆိုင္ရာကိုပါ တစ္လတစ္ႀကိမ္ စစ္ေဆးသင့္ေၾကာင္း မႏၱေလးၿမိဳ႕ရွိ ဝါရင့္ဆိုင္ကယ္ဝပ္ေရွာ့ဆရာမ်ားက အႀကံျပဳ ေျပာၾကားသည္။

”ျပည္ပနိုင္ငံေတြမွာေတာ့ ကီလိုေလးေထာင္ျပည့္ရင္ အင္ဂ်င္ဝိုင္တစ္ႀကိမ္ လဲရတယ္ဆိုေပမဲ့ ျမန္မာနိုင္ငံမွာ လမ္းအေနအထားနဲ႕ ရာသီဥတုအရ ကီလိုသုံးေထာင္ျပည့္တိုင္း တစ္ႀကိမ္လဲသင့္တယ္၊ ဝပ္ေရွာ့တခ်ိဳ႕မွာေတာ့ အင္ဂ်င္ဝိုင္ကို တစ္လတစ္ခါလဲေပးရမယ္လို႔ ေျပာၾကတယ္၊ အဓိကကေတာ့ လနဲ႕မဆိုင္ဘဲ ကီလိုမီတာ သုံးေထာင္ျပည့္တိုင္း အင္ဂ်င္ဝိုင္ပုံမွန္ ျပန္လဲေပးသင့္တယ္၊ ကီလိုမီတာႏႈန္းထား သိေအာင္လည္း အခ်က္ျပ မိုင္းေလ့ဂ်္ႀကိဳးလည္း တပ္ဆင္ထားသင့္ပါတယ္၊ အခုဆို ဆိုင္ကယ္စီးလာတာၾကာရင္ မိုင္းေလ့ဂ်္ႀကိဳးက ျပတ္တာေတြရွိေတာ့ ေနာက္တစ္ႀကိမ္ အသစ္မထည့္ၾကေတာ့ဘဲ အပ်က္အတိုင္း စီးေနၾကတယ္၊ မိုင္းေလ့ဂ်္ႀကိဳး အလုပ္မလုပ္ရင္ ကီလိုမီတာလည္း အခ်က္ျပမွာမဟုတ္ဘူး၊ ကီလိုမီတာအခ်က္မျပရင္ အင္ဂ်င္ဝိုင္ ဘယ္အခ်ိန္လဲရမယ္ဆိုတာ အသိေနာက္က်လာတာနဲ႕အမွ် အင္ဂ်င္ပ်က္စီးေစမႈကိုပါ တြန္းအားေပးေစပါတယ္”ဟု ဆိုင္ကယ္ဝပ္ေရွာ့လုပ္ငန္းကို ႏွစ္ႏွစ္ဆယ္ေက်ာ္ၾကာ ျဖတ္သန္းလာခဲ့သူ မႏၱေလးၿမိဳ႕ခံ ဦးစိုးသိန္းက ေျပာၾကားသည္။

ျမန္မာနိုင္ငံအတြင္းသို႔ ဝင္ေရာက္ေနေသာ ဆိုင္ကယ္မ်ားတြင္ ထိုင္းႏွင့္အိႏၵိယနိုင္ငံထုတ္ ဆိုင္ကယ္မ်ားမွာ ျပင္ဆင္ေပးရမႈ နည္းပါးေသာ္လည္း တ႐ုတ္နိုင္ငံထုတ္ဆိုင္ကယ္မ်ားမွာမူ မၾကာခဏ ျပဳျပင္ေနရေၾကာင္း၊ ယင္းမွာ အရည္အေသြး မၾကည့္ဘဲ ေစ်းႏႈန္းကိုသာ ၾကည့္သည့္ Customerမ်ားကိုရည္႐ြယ္၍ ထုတ္လုပ္လာေသာ ျပည္တြင္း ကုမၸဏီအခ်ိဳ႕၏ ဆိုင္ကယ္အရည္အေသြး မမီျခင္းေၾကာင့္ ျဖစ္ေၾကာင္း မႏၱေလးၿမိဳ႕ခံ ဆိုင္ကယ္ဝပ္ေရွာ့ဆရာမ်ားက သုံးသပ္ေျပာဆိုသည္။

”ထိုင္း ဆိုင္ကယ္ေတြလည္း ဆီမသန့္လို႔ ပလပ္မၾကာခဏလဲရ တာေတြရွိတာပဲ၊ ဒါေပမဲ့ ပလပ္တင္ မဟုတ္ဘဲ Air Cleaner ေတြပါ ေဆးေၾကာသင့္ပါတယ္၊ ဒါကေတာ့ EFI ဘီးေတြအတြက္ အစိတ္အပိုင္းတစ္ခု အေနနဲ႕ ေျပာတာေပါ့၊ Manual ဘီးေတြဆိုလည္း ကာပရိုက္တာေတြ၊ ဘက္ထရီေတြ လစဥ္ စစ္ေဆးသင့္ပါတယ္၊ အင္ဂ်င္ဝိုင္ေရာ၊ တျခားအစိတ္အပိုင္းေတြေရာ စီးထားတဲ့ကီလိုမီတာႏႈန္းအလိုက္ ပုံမွန္စစ္ေဆးမွ ဆိုင္ကယ္တစ္စီးဟာ ၾကာရွည္ခံနိုင္မယ္”ဟု မႏၱေလးၿမိဳ႕ ေ႐ႊနဒီ Service Center မွ ဝါရင့္ဝပ္ေရွာ့ဆရာ ကိုေဇာ္ဝင္းက သုံးသပ္ေျပာဆိုသည္။

ဆိုင္ကယ္တစ္စီး၏ အင္ဂ်င္ပိုင္းဆိုင္ရာမ်ား ပ်က္စီးမႈကို ေနာက္က်မွ သိရွိ၍ ျပင္ဆင္ျခင္းသည္ ဆိုင္ကယ္သက္တမ္း ခံနိုင္ရည္ကို ေလ်ာ့က်ေစၿပီး ကုန္က်စရိတ္ပါ ပိုမိုကုန္က်နိဳင္ျခင္းေၾကာင့္ မိမိဝင္ေငြပါ ထိခိုက္ေစနိုင္ေၾကာင္း မႏၱေလးၿမိဳ႕ခံ ဆိုင္ကယ္ဝပ္ေရွာ့ဆရာမ်ားက ဆိုသည္။

”ဆိုင္ကယ္အင္ဂ်င္ရဲ႕ အသက္က အင္ဂ်င္ဝိုင္ပဲ၊ အင္ဂ်င္ဝိုင္ဆိုေပမဲ့ ကိုယ္ထည့္မယ့္ အင္ဂ်င္ဝိုင္ကလည္း အရည္အေသြးေကာင္း ဖို႔လိုတယ္၊ ဆိုင္ကယ္တစ္စီး Highwayသြားရင္ အင္ဂ်င္ပိုင္းေရာ၊ စက္ပိုင္းဆိုင္ရာေရာ ႀကိဳတင္စစ္ေဆးသြားမွ ခရီးၾကန့္ၾကာမႈေတြ မျဖစ္ေပၚေစမွာပါ”ဟု မႏၱေလးၿမိဳ႕ခံ ဝါရင့္ဆိုင္ကယ္ဝပ္ေရွာ့ဆရာတစ္ဦးျဖစ္သူ ဦးစိုးသိန္းက ထပ္မံေျပာဆိုသည္။

Credit – ေက်ာ္ေက်ာ္ေအာင္(ကေလးၿမိဳ႕)

(Unicode)
မည်သည့် ဆိုင်ကယ်အမျိုးအစားမဆို ကီလိုမီတာသုံးထောင်ပြည့်တိုင်း အရည်အသွေးမီ အင်ဂျင်ဝိုင် လဲလှယ်ပေးသင့်ဟုဆို

ဖွံ့ဖြိုးပြီး ပြည်ပနိုင်ငံများတွင် ကီလိုလေးထောင်၊ သို့မဟုတ် ကီလိုငါးထောင်ပြည့်တိုင်း အင်ဂျင်ဝိုင် လဲလှယ်ရန် သက်ဆိုင်ရာကုမ္ပဏီအချို့မှ လမ်းညွှန်မှုရှိသော်လည်း မြန်မာနိုင်ငံအတွင်း စီးနင်းနေကြသော ဆိုင်ကယ်များအနေဖြင့် လမ်းပန်းဆက်သွယ်ရေး အနေအထားအရ ကီလိုမီတာသုံးထောင်ပြည့်တိုင်း အင်ဂျင်ဝိုင် လဲလှယ်ပေးသင့်ပြီး အင်ဂျင်အပါအဝင် စက်ပိုင်းဆိုင်ရာကိုပါ တစ်လတစ်ကြိမ် စစ်ဆေးသင့်ကြောင်း မန္တလေးမြို့ရှိ ဝါရင့်ဆိုင်ကယ်ဝပ်ရှော့ဆရာများက အကြံပြု ပြောကြားသည်။

”ပြည်ပနိုင်ငံတွေမှာတော့ ကီလိုလေးထောင်ပြည့်ရင် အင်ဂျင်ဝိုင်တစ်ကြိမ် လဲရတယ်ဆိုပေမဲ့ မြန်မာနိုင်ငံမှာ လမ်းအနေအထားနဲ့ ရာသီဥတုအရ ကီလိုသုံးထောင်ပြည့်တိုင်း တစ်ကြိမ်လဲသင့်တယ်၊ ဝပ်ရှော့တချို့မှာတော့ အင်ဂျင်ဝိုင်ကို တစ်လတစ်ခါလဲပေးရမယ်လို့ ပြောကြတယ်၊ အဓိကကတော့ လနဲ့မဆိုင်ဘဲ ကီလိုမီတာ သုံးထောင်ပြည့်တိုင်း အင်ဂျင်ဝိုင်ပုံမှန် ပြန်လဲပေးသင့်တယ်၊ ကီလိုမီတာနှုန်းထား သိအောင်လည်း အချက်ပြ မိုင်းလေ့ဂျ်ကြိုးလည်း တပ်ဆင်ထားသင့်ပါတယ်၊ အခုဆို ဆိုင်ကယ်စီးလာတာကြာရင် မိုင်းလေ့ဂျ်ကြိုးက ပြတ်တာတွေရှိတော့ နောက်တစ်ကြိမ် အသစ်မထည့်ကြတော့ဘဲ အပျက်အတိုင်း စီးနေကြတယ်၊ မိုင်းလေ့ဂျ်ကြိုး အလုပ်မလုပ်ရင် ကီလိုမီတာလည်း အချက်ပြမှာမဟုတ်ဘူး၊ ကီလိုမီတာအချက်မပြရင် အင်ဂျင်ဝိုင် ဘယ်အချိန်လဲရမယ်ဆိုတာ အသိနောက်ကျလာတာနဲ့အမျှ အင်ဂျင်ပျက်စီးစေမှုကိုပါ တွန်းအားပေးစေပါတယ်”ဟု ဆိုင်ကယ်ဝပ်ရှော့လုပ်ငန်းကို နှစ်နှစ်ဆယ်ကျော်ကြာ ဖြတ်သန်းလာခဲ့သူ မန္တလေးမြို့ခံ ဦးစိုးသိန်းက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နေသော ဆိုင်ကယ်များတွင် ထိုင်းနှင့်အိန္ဒိယနိုင်ငံထုတ် ဆိုင်ကယ်များမှာ ပြင်ဆင်ပေးရမှု နည်းပါးသော်လည်း တရုတ်နိုင်ငံထုတ်ဆိုင်ကယ်များမှာမူ မကြာခဏ ပြုပြင်နေရကြောင်း၊ ယင်းမှာ အရည်အသွေး မကြည့်ဘဲ ဈေးနှုန်းကိုသာ ကြည့်သည့် Customerများကိုရည်ရွယ်၍ ထုတ်လုပ်လာသော ပြည်တွင်း ကုမ္ပဏီအချို့၏ ဆိုင်ကယ်အရည်အသွေး မမီခြင်းကြောင့် ဖြစ်ကြောင်း မန္တလေးမြို့ခံ ဆိုင်ကယ်ဝပ်ရှော့ဆရာများက သုံးသပ်ပြောဆိုသည်။

”ထိုင်း ဆိုင်ကယ်တွေလည်း ဆီမသန့်လို့ ပလပ်မကြာခဏ လဲရတာတွေရှိတာပဲ၊ ဒါပေမဲ့ ပလပ်တင် မဟုတ်ဘဲ Air Cleaner တွေပါ ဆေးကြောသင့်ပါတယ်၊ ဒါကတော့ EFI ဘီးတွေအတွက် အစိတ်အပိုင်းတစ်ခု အနေနဲ့ ပြောတာပေါ့၊ Manual ဘီးတွေဆိုလည်း ကာပရိုက်တာတွေ၊ ဘက်ထရီတွေ လစဉ် စစ်ဆေးသင့်ပါတယ်၊ အင်ဂျင်ဝိုင်ရော၊ တခြားအစိတ်အပိုင်းတွေရော စီးထားတဲ့ကီလိုမီတာနှုန်းအလိုက် ပုံမှန်စစ်ဆေးမှ ဆိုင်ကယ်တစ်စီးဟာ ကြာရှည်ခံနိုင်မယ်”ဟု မန္တလေးမြို့ ရွှေနဒီ Service Center မှ ဝါရင့်ဝပ်ရှော့ဆရာ ကိုဇော်ဝင်းက သုံးသပ်ပြောဆိုသည်။

ဆိုင်ကယ်တစ်စီး၏ အင်ဂျင်ပိုင်းဆိုင်ရာများ ပျက်စီးမှုကို နောက်ကျမှသိရှိ၍ ပြင်ဆင်ခြင်းသည် ဆိုင်ကယ်သက်တမ်း ခံနိုင်ရည်ကို လျော့ကျစေပြီး ကုန်ကျစရိတ်ပါ ပိုမိုကုန်ကျနိုင်ခြင်းကြောင့် မိမိဝင်ငွေပါ ထိခိုက်စေနိုင်ကြောင်း မန္တလေးမြို့ခံ ဆိုင်ကယ်ဝပ်ရှော့ဆရာများက ဆိုသည်။

”ဆိုင်ကယ်အင်ဂျင်ရဲ့ အသက်က အင်ဂျင်ဝိုင်ပဲ၊ အင်ဂျင်ဝိုင်ဆိုပေမဲ့ ကိုယ်ထည့်မယ့် အင်ဂျင်ဝိုင်ကလည်း အရည်အသွေးကောင်း ဖို့လိုတယ်၊ ဆိုင်ကယ်တစ်စီး Highwayသွားရင် အင်ဂျင်ပိုင်းရော၊ စက်ပိုင်းဆိုင်ရာရော ကြိုတင်စစ်ဆေးသွားမှ ခရီးကြန့်ကြာမှုတွေ မဖြစ်ပေါ်စေမှာပါ”ဟု မန္တလေးမြို့ခံ ဝါရင့်ဆိုင်ကယ်ဝပ်ရှော့ဆရာတစ်ဦးဖြစ်သူ ဦးစိုးသိန်းက ထပ်မံပြောဆိုသည်။

Credit – ကျော်ကျော်အောင်(ကလေးမြို့)

Leave a Reply

Your email address will not be published. Required fields are marked *