ဗဟုတုသ

ကားေတြ ဘာလို႔မီးေလာင္သလဲ? ကားမီးေလာင္ေစတဲ့ အခ်က္ ၉ခ်က္

(Zawgyi)
ကားေတြ ဘာလို႔မီးေလာင္သလဲ၊ ကားမီးေလာင္ေစတဲ့ အခ်က္ ၉ခ်က္

ေလာင္စာဆီစနစ္က ခ်ိဳ႕ယြင္းမႈျဖစ္ၿပီး ယိုုစိမ့္တာကေန ကားမီးေလာင္တာ အမ်ားဆံုုးျဖစ္ေစႏုုိင္တယ္။ အခုတေလာ ကားမီးေလာင္တဲ့အျဖစ္ေတြ ခပ္စိပ္စိပ္ၾကားေနရပါတယ္။ ကားမီးေလာင္ရတဲ့ အေၾကာင္းရင္း အမ်ိဳးမ်ိဳးရွိေပမဲ့ ယာဥ္ပိုင္ရွင္ရဲ႕ ထိန္းသိမ္းေစာင့္ေရွာက္မႈက အဓိကက်ပါတယ္။ ကားေတြမီးေလာင္မႈ ျဖစ္ေစတဲ့ အခ်က္ကိုးခ်က္ ျဖစ္ပါတယ္။

(၁) ဆီယိုစိမ့္တာ
ေလာင္စာဆီစနစ္က ခ်ိဳ႕ယြင္းမႈျဖစ္ၿပီး ယိုစိမ့္တာကေန ကားမီးေလာင္တာ အမ်ားဆံုးျဖစ္ေစႏိုင္တယ္။ သာမန္ပြတ္တိုက္မႈက ျဖစ္တဲ့အပူဓာတ္ေၾကာင့္ ယိုစိမ့္တဲ့ေလာင္စာဆီက မီးထေတာက္ႏိုင္ ပါတယ္။ ယိုစိမ့္တာကို မ်က္ျမင္မေတြ႕ရရင္ေတာင္ ေလာင္စာဆီ အနံ႔ရလာရင္ ေလာင္စာဆီစနစ္က ယိုစိမ့္တာရွိလား ခ်က္ခ်င္း စစ္ေဆးသင့္ပါတယ္။

(၂) ဂက္စကတ္ျပတ္တာ
အင္ဂ်င္အပူလြန္ကဲၿပီး ေရဆူတာက ဂက္စကတ္ျပတ္တာ၊ ေပါက္တာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ အဲဒါကလည္း ဆီယိုစိမ့္တဲ့အထိျဖစ္လာၿပီး ကားမီးေလာင္ႏိုင္ပါတယ္။ဂက္စကတ္ျပတ္ရင္ ေရတိုင္ကီထဲမွာ ဆီနဲ႔ေရအေရာ အေႏွာ ျဖစ္လာတတ္ပါတယ္။

(၃) အြိဳင္းဆီးလ္နဲ႔ ဆီပိုက္ေတြ
Oil Seal နဲ႔ ဆီပိုက္ေတြက ေရာ္ဘာနဲ႔ ျပဳလုပ္ထားတာျဖစ္လို႔ အင္ဂ်င္အပူ လြန္ကဲတဲ့အခါ အရည္ေပ်ာ္ၿပီး ဒုကၡေပးႏိုင္တာပါ။ အဲသည္က ဆီစိမ့္ထြက္ၿပီး ဝါယာေရွာ့ ျဖစ္တာပဲျဖစ္ျဖစ္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မီးပြားေလးေတြျဖစ္လာရင္ မီးထေလာင္ႏိုင္တာျဖစ္တယ္။

(၄) အင္ဂ်င္အပူခ်ိန္
မီးေလာင္မႈတစ္ခုျဖစ္ဖို႔ အပူ (heat) ေလာင္စာ(fuel) နဲ႔ ေအာက္ဆီဂ်င္ (Oxgen) သံုးမ်ိဳးေပါင္းစပ္ရပါတယ္။ ကားအင္ဂ်င္အပူလြန္ကဲတာေၾကာင့္ မီးေလာင္ရတာ အျဖစ္မ်ား ပါတယ္။ အင္ဂ်င္အပူခ်ိန္လြန္လာတာနဲ႔ ေလာင္စာဆီနဲ႔ အင္ဂ်င္ဝိုင္ေတြက က်ယ္ျပန္႔လာၿပီး လွ်ံထြက္တာ၊ စိမ့္ထြက္တာေတြျဖစ္လာႏိုင္တယ္။ ဓာတ္ဆီက သတ္မွတ္တဲ့ အပူခ်ိန္က ေက်ာ္လြန္ရင္မီးထေတာက္ႏိုင္ပါတယ္။ အဲဒါက အင္ဂ်င္အနီးက ေလာင္စာဆီပို႔ေဆာင္တဲ့ ေနရာတစ္ေလွ်ာက္ မီးထေတာက္ေလာင္တာျဖစ္တယ္။ အခ်ိဳ႕ကားေတြမွာ ဆီပို႔တဲ့ ေရာ္ဘာပိုက္ေတြက အင္ဂ်င္အေပၚကေန ျဖတ္သြားတယ္။ အင္ဂ်င္အပူ လြန္ကဲတဲ့အခါ ေရာ္ဘာပိုက္က အရည္ေပ်ာ္ၿပီး မီးေလာင္ေစပါတယ္။

(၅) ေက်ာက္ဆန္ခါ ပိတ္ဆို႔
ေလာင္စာဆီမသန္႔တာ၊ အင္ဂ်င္က်ေနတာေတြေၾကာင့္ ကာဘြန္ထုတ္လႊတ္တာမ်ားပါတယ္။ ေလာင္စာကို အျပည့္အဝမေလာင္ကြ်မ္းႏိုင္ဘဲ အိတ္ေဇာစနစ္ထဲမွာ ကာဘြန္ဂ်ိဳးနဲ႔ အညစ္အေၾကးေတြ ပိတ္ဆို႔ေစပါတယ္။ အဲဒါေတြက ေက်ာက္ဆန္ခါကို လံုးဝပိတ္ဆို႔သြားေစၿပီး အပူဓာတ္ကို အင္ဂ်င္အတြင္းခန္းကို ျပန္ေရာက္ေစတာက အင္ဂ်င္အပူလြန္ကဲတာကို ျဖစ္ေစပါတယ္။ အဲဒါေၾကာင့္ ေက်ာက္ဆန္ခါကိုစစ္ေဆးၿပီး သန္႔စင္တာျပဳလုပ္သင့္သလို ခ်ိဳ႕ယြင္းေနရင္ ေက်ာက္ဆန္ခါအသစ္လဲလွယ္သင့္ပါတယ္။

(၆) ေရတိုင္ကီ ခ်ိဳ႕ယြင္း
အင္ဂ်င္အေအးေပးစနစ္ (cooling system) ထိန္းသိမ္းမႈမရွိရင္ အင္ဂ်င္အပူလြန္ကဲတာကေန တစ္ဆင့္ ကားမီးေလာင္တဲ့အထိ ျဖစ္ႏိုင္ပါတယ္။ ေရဒီေရတာစနစ္မွာ ခ်ိဳ႕ယြင္းတတ္တာေတြက ပန္ကာႀကိဳး၊ ေရလည္အံု၊ လည္ပတ္တဲ့ေရပိုက္လိုင္း စနစ္ေတြျဖစ္တယ္။ Cooling fan သီးျခားသံုးတဲ့ ကားေတြမွာ ပန္ကာအဖြင့္အပိတ္ မွန္ကန္ဖို႔ လိုအပ္ပါတယ္။ ေရတိုင္ကီ ေလဝင္ေပါက္ေတြမွာ ဖုန္မႈန္႔ေတြနဲ႔ အမိႈက္ေတြ ပိတ္ဆို႔ေနတတ္တာေၾကာင့္လည္း အေအးေပးစနစ္ကို ခ်ိဳ႕ယြင္းေစပါတယ္။ သတ္မွတ္ထားတဲ့ coolant အရည္ကို သတ္မွတ္ပမာဏအတိုင္း အျပည့္ရွိေနေစရပါမယ္။

(၇) သာမိုစတက္ ခ်ိဳ႕ယြင္း
အေအးေပးစနစ္မွာ သာမိုစတက္က ပံုမွန္အလုပ္မလုပ္ရင္လည္း အင္ဂ်င္အပူလြန္ကဲေစပါတယ္။ သာမိုုစတက္က ေရတိုင္ကီအတြင္းလည္ပတ္တဲ့ coolant အရည္ရဲ႕ အပူခ်ိန္ကို လိုအပ္သလို ထိန္းခ်ဳပ္ေပးတာျဖစ္တယ္။ေရဒီေရတာအတြင္း အေအးဓာတ္ လြန္ကဲေနရင္ ေရေတြခဲမသြားအာင္ သာမိုစတက္ကို ပိတ္ၿပီး အင္ဂ်င္အပူဓာတ္နဲ႔ coolant ရဲ႕အပူခ်ိန္ကိုု ျမႇင့္တင္ေပးတယ္။ ေရဒီေရတာအတြင္း အပူခ်ိန္မ်ားေနရင္ သာမိုစတက္ ဖြင့္ၿပီးဝင္လာတဲ့ ေလေအးေတြေၾကာင့္ ေရဒီေရတာနဲ႔ အပူခ်ိန္ကိုေလွ်ာ့ခ်ေပးတယ္။ ေရဒီေရတာက အင္ဂ်င္အပူရွိန္ေတြကို စုပ္ယူေလွ်ာ့ခ် ေပးပါတယ္။ သာမိုစတက္ခ်ိဳ႕ယြင္းၿပီး အၿမဲပိတ္ေနရင္ အင္ဂ်င္အပူလြန္ကဲေစပါတယ္။

(၈) အင္ဂ်င္ဝိုင္
အင္ဂ်င္အတြင္း လည္ပတ္ၿပီး လည္ပတ္မႈေခ်ာေမြ႕ေစ႐ံုမက အင္ဂ်င္ရဲ႕အပူကို ေလွ်ာ့ခ်ေပးႏိုင္တာက အင္ဂ်င္ဝိုင္ပဲ ျဖစ္တယ္။ အင္ဂ်င္ဝိုင္က သက္တမ္းရင့္ေနၿပီး အမိႈက္နဲ႔ အညစ္အေၾကးေတြ ေရာေထြးေနတာက အင္ဂ်င္အပူလြန္ကဲတာ ျဖစ္ေစပါတယ္။ အဲဒါေၾကာင့္ အင္ဂ်င္ဝိုင္ကို ပံုမွန္စစ္ေဆး လဲလွယ္သင့္ပါတယ္။

(၉) ဝါယာေရွာ့
ဘက္ထရီကထြက္လာတဲ့ လွ်ပ္စစ္စီးေၾကာင္းေၾကာင့္ ျဖစ္လာတဲ့ မီးပြားေတြက ယိုစိမ့္တဲ့ဆီေတြနဲ႔ ဆီေငြ႕ေတြနဲ႔ ေတြ႕ထိၿပီး မီးေလာင္ႏိုင္ပါတယ္။ ဝါယာႀကိဳးေတြ ေဆြးေျမ့ ပ်က္စီးတာက တစ္ဆင့္ ဝါယာေရွာ့ျဖစ္ႏိုင္လို႔ ဝါယာႀကိဳးရွိတဲ့ ေနရာတိုင္းမွာ ေရွာ့ခ္ရွိႏိုင္တယ္။ ကားနဲ႔ ကားအင္ဂ်င္ဝန္းက်င္မွာ ဆီနဲ႔ေလာင္စာဆီေတြ ေပက်န္ညစ္ပတ္ ေနတာေတြက မီးေလာင္မႈကိုုျဖစ္ေစတာပါ။ ကားမွာ မူလပါတဲ့ ဝါယာရင္းလိုင္းေတြကအပ အျခားဘာမွ ပါဝါမကူးတာ အေကာင္းဆံုးပါပဲ။ မူလကမပါတဲ့ ႏွင္းခဲြမီး၊ အယ္လ္အီးဒီအလွမီး စတာေတြကို ကိုယ့္သေဘာနဲ႔ကိုယ္ မကြ်မ္းက်င္ဘဲ တပ္ဆင္ထားတာက ဝါယာေရွာ့ျဖစ္ေစတာပါ။ ကြ်မ္းက်င္တဲ့ ဝါယာရင္းဆရာနဲ႔ စနစ္တက်တပ္ဆင္တာ၊ ျပဳျပင္တာေတြျဖစ္ရပါမယ္။ ကားဘက္ထရီက ခ်ိဳ႕ယြင္းလို႔ မီးေလာင္တာလည္းျဖစ္ႏိုင္လို႔ ဘက္ထရီကိုလည္း ပံုမွန္စစ္ေဆးရပါမယ္။ေလာင္စာဆီပါဝါ မျပည့္တာ မသန္႔ရွင္းတဲ့ ေလာင္စာဆီေၾကာင့္ ကာဘြန္ဂ်ိဳး ပိတ္တာ ပလပ္ခ်ိဳ႕ယြင္းတာ ေတြေၾကာင့္ အင္ဂ်င္အပူလြန္ကဲႏိုင္တာေၾကာင့္ သန္႔ရွင္းတဲ့ မွန္ကန္တဲ့ ေလာင္စာဆီ ေရြးခ်ယ္အသံုးျပဳဖို႔ လိုအပ္ပါတယ္။ ဝါယာရင္းဆိုင္ အမွားေၾကာင့္ ဝါယာေရွာ့ျဖစ္တာ၊ ဘက္ထရီေရွာ့ခ္ ျဖစ္တာ၊ ဆီပိုက္လိုင္း ျဖဳတ္ၿပီး ျပန္တပ္ဆင္တာ မေသခ်ာတာေတြေၾကာင့္လည္း ကားမီးေလာင္တဲ့အထိ ျဖစ္ႏိုုင္ပါတယ္။ ကြ်မ္းက်င္သူေတြ ျပဳျပင္တာဆိုေပမဲ့လည္း ကိုယ္တိုင္က စစ္ေဆးႏိုင္ေအာင္ ေလ့လာထားသင့္ပါတယ္။

Author – ေအာင္ထြန္းဦး
Credit – Kumudra

(Unicode)
ကားတွေ ဘာလို့မီးလောင်သလဲ၊ ကားမီးလောင်စေတဲ့ အချက် ၉ချက်

လောင်စာဆီစနစ်က ချို့ယွင်းမှုဖြစ်ပြီး ယိုစိမ့်တာကနေ ကားမီးလောင်တာ အများဆုံးဖြစ်စေနိုင်တယ်။ အခုတလော ကားမီးလောင်တဲ့အဖြစ်တွေ ခပ်စိပ်စိပ်ကြားနေရပါတယ်။ ကားမီးလောင်ရတဲ့ အကြောင်းရင်း အမျိုးမျိုးရှိပေမဲ့ ယာဉ်ပိုင်ရှင်ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုက အဓိကကျပါတယ်။ ကားတွေမီးလောင်မှု ဖြစ်စေတဲ့ အချက်ကိုးချက် ဖြစ်ပါတယ်။

(၁) ဆီယိုစိမ့်တာ
လောင်စာဆီစနစ်က ချို့ယွင်းမှုဖြစ်ပြီး ယိုစိမ့်တာကနေ ကားမီးလောင်တာ အများဆုံးဖြစ်စေနိုင်တယ်။ သာမန်ပွတ်တိုက်မှုက ဖြစ်တဲ့အပူဓာတ်ကြောင့် ယိုစိမ့်တဲ့လောင်စာဆီက မီးထတောက်နိုင် ပါတယ်။ ယိုစိမ့်တာကို မျက်မြင်မတွေ့ရရင်တောင် လောင်စာဆီ အနံ့ရလာရင် လောင်စာဆီစနစ်က ယိုစိမ့်တာရှိလား ချက်ချင်း စစ်ဆေးသင့်ပါတယ်။

(၂) ဂက်စကတ်ပြတ်တာ
အင်ဂျင်အပူလွန်ကဲပြီး ရေဆူတာက ဂက်စကတ်ပြတ်တာ၊ ပေါက်တာကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒါကလည်း ဆီယိုစိမ့်တဲ့အထိဖြစ်လာပြီး ကားမီးလောင်နိုင်ပါတယ်။ဂက်စကတ်ပြတ်ရင် ရေတိုင်ကီထဲမှာ ဆီနဲ့ရေအရော အနှော ဖြစ်လာတတ်ပါတယ်။

(၃) အွိုင်းဆီးလ်နဲ့ ဆီပိုက်တွေ
Oil Seal နဲ့ ဆီပိုက်တွေက ရော်ဘာနဲ့ ပြုလုပ်ထားတာဖြစ်လို့ အင်ဂျင်အပူ လွန်ကဲတဲ့အခါ အရည်ပျော်ပြီး ဒုက္ခပေးနိုင်တာပါ။ အဲသည်က ဆီစိမ့်ထွက်ပြီး ဝါယာရှော့ ဖြစ်တာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် မီးပွားလေးတွေဖြစ်လာရင် မီးထလောင်နိုင်တာဖြစ်တယ်။

(၄) အင်ဂျင်အပူချိန်
မီးလောင်မှုတစ်ခုဖြစ်ဖို့ အပူ (heat) လောင်စာ(fuel) နဲ့ အောက်ဆီဂျင် (Oxgen) သုံးမျိုးပေါင်းစပ်ရပါတယ်။ ကားအင်ဂျင်အပူလွန်ကဲတာကြောင့် မီးလောင်ရတာ အဖြစ်များ ပါတယ်။ အင်ဂျင်အပူချိန်လွန်လာတာနဲ့ လောင်စာဆီနဲ့ အင်ဂျင်ဝိုင်တွေက ကျယ်ပြန့်လာပြီး လျှံထွက်တာ၊ စိမ့်ထွက်တာတွေဖြစ်လာနိုင်တယ်။ ဓာတ်ဆီက သတ်မှတ်တဲ့ အပူချိန်က ကျော်လွန်ရင်မီးထတောက်နိုင်ပါတယ်။ အဲဒါက အင်ဂျင်အနီးက လောင်စာဆီပို့ဆောင်တဲ့ နေရာတစ်လျှောက် မီးထတောက်လောင်တာဖြစ်တယ်။ အချို့ကားတွေမှာ ဆီပို့တဲ့ ရော်ဘာပိုက်တွေက အင်ဂျင်အပေါ်ကနေ ဖြတ်သွားတယ်။ အင်ဂျင်အပူ လွန်ကဲတဲ့အခါ ရော်ဘာပိုက်က အရည်ပျော်ပြီး မီးလောင်စေပါတယ်။

(၅) ကျောက်ဆန်ခါ ပိတ်ဆို့
လောင်စာဆီမသန့်တာ၊ အင်ဂျင်ကျနေတာတွေကြောင့် ကာဘွန်ထုတ်လွှတ်တာ များပါတယ်။ လောင်စာကို အပြည့်အဝမလောင်ကျွမ်းနိုင်ဘဲ အိတ်ဇောစနစ်ထဲမှာ ကာဘွန်ဂျိုးနဲ့ အညစ်အကြေးတွေ ပိတ်ဆို့စေပါတယ်။ အဲဒါတွေက ကျောက်ဆန်ခါကို လုံးဝပိတ်ဆို့သွားစေပြီး အပူဓာတ်ကို အင်ဂျင်အတွင်းခန်းကို ပြန်ရောက်စေတာက အင်ဂျင်အပူလွန်ကဲတာကို ဖြစ်စေပါတယ်။ အဲဒါကြောင့် ကျောက်ဆန်ခါကိုစစ်ဆေးပြီး သန့်စင်တာပြုလုပ်သင့်သလို ချို့ယွင်းနေရင် ကျောက်ဆန်ခါအသစ်လဲလှယ်သင့်ပါတယ်။

(၆) ရေတိုင်ကီ ချို့ယွင်း
အင်ဂျင်အအေးပေးစနစ် (cooling system) ထိန်းသိမ်းမှုမရှိရင် အင်ဂျင်အပူလွန်ကဲတာကနေ တစ်ဆင့် ကားမီးလောင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ရေဒီရေတာစနစ်မှာ ချို့ယွင်းတတ်တာတွေက ပန်ကာကြိုး၊ ရေလည်အုံ၊ လည်ပတ်တဲ့ရေပိုက်လိုင်း စနစ်တွေဖြစ်တယ်။ Cooling fan သီးခြားသုံးတဲ့ ကားတွေမှာ ပန်ကာအဖွင့်အပိတ် မှန်ကန်ဖို့ လိုအပ်ပါတယ်။ ရေတိုင်ကီ လေဝင်ပေါက်တွေမှာ ဖုန်မှုန့်တွေနဲ့ အမှိုက်တွေ ပိတ်ဆို့နေတတ်တာကြောင့်လည်း အအေးပေးစနစ်ကို ချို့ယွင်းစေပါတယ်။ သတ်မှတ်ထားတဲ့ coolant အရည်ကို သတ်မှတ်ပမာဏအတိုင်း အပြည့်ရှိနေစေရပါမယ်။

(၇) သာမိုစတက် ချို့ယွင်း
အအေးပေးစနစ်မှာ သာမိုစတက်က ပုံမှန်အလုပ်မလုပ်ရင်လည်း အင်ဂျင်အပူလွန်ကဲစေပါတယ်။ သာမိုစတက်က ရေတိုင်ကီအတွင်းလည်ပတ်တဲ့ coolant အရည်ရဲ့ အပူချိန်ကို လိုအပ်သလို ထိန်းချုပ်ပေးတာဖြစ်တယ်။ရေဒီရေတာအတွင်း အအေးဓာတ် လွန်ကဲနေရင် ရေတွေခဲမသွားအာင် သာမိုစတက်ကို ပိတ်ပြီး အင်ဂျင်အပူဓာတ်နဲ့ coolant ရဲ့အပူချိန်ကို မြှင့်တင်ပေးတယ်။ ရေဒီရေတာအတွင်း အပူချိန်များနေရင် သာမိုစတက် ဖွင့်ပြီးဝင်လာတဲ့ လေအေးတွေကြောင့် ရေဒီရေတာနဲ့ အပူချိန်ကိုလျှော့ချပေးတယ်။ ရေဒီရေတာက အင်ဂျင်အပူရှိန်တွေကို စုပ်ယူလျှော့ချ ပေးပါတယ်။ သာမိုစတက်ချို့ယွင်းပြီး အမြဲပိတ်နေရင် အင်ဂျင်အပူလွန်ကဲစေပါတယ်။

(၈) အင်ဂျင်ဝိုင်
အင်ဂျင်အတွင်း လည်ပတ်ပြီး လည်ပတ်မှုချောမွေ့စေရုံမက အင်ဂျင်ရဲ့အပူကို လျှော့ချပေးနိုင်တာက အင်ဂျင်ဝိုင်ပဲ ဖြစ်တယ်။ အင်ဂျင်ဝိုင်က သက်တမ်းရင့်နေပြီး အမှိုက်နဲ့ အညစ်အကြေးတွေ ရောထွေးနေတာက အင်ဂျင်အပူလွန်ကဲတာ ဖြစ်စေပါတယ်။ အဲဒါကြောင့် အင်ဂျင်ဝိုင်ကို ပုံမှန်စစ်ဆေး လဲလှယ်သင့်ပါတယ်။

(၉) ဝါယာရှော့
ဘက်ထရီကထွက်လာတဲ့ လျှပ်စစ်စီးကြောင်းကြောင့် ဖြစ်လာတဲ့ မီးပွားတွေက ယိုစိမ့်တဲ့ဆီတွေနဲ့ ဆီငွေ့တွေနဲ့ တွေ့ထိပြီး မီးလောင်နိုင်ပါတယ်။ ဝါယာကြိုးတွေ ဆွေးမြေ့ ပျက်စီးတာကတစ်ဆင့် ဝါယာရှော့ဖြစ်နိုင်လို့ ဝါယာကြိုးရှိတဲ့ နေရာတိုင်းမှာ ရှော့ခ်ရှိနိုင်တယ်။ ကားနဲ့ ကားအင်ဂျင်ဝန်းကျင်မှာ ဆီနဲ့လောင်စာဆီတွေ ပေကျန်ညစ်ပတ် နေတာတွေက မီးလောင်မှုကိုဖြစ်စေတာပါ။ ကားမှာ မူလပါတဲ့ ဝါယာရင်းလိုင်းတွေကအပ အခြားဘာမှ ပါဝါမကူးတာ အကောင်းဆုံးပါပဲ။ မူလကမပါတဲ့ နှင်းခွဲမီး၊ အယ်လ်အီးဒီအလှမီး စတာတွေကို ကိုယ့်သဘောနဲ့ကိုယ် မကျွမ်းကျင်ဘဲ တပ်ဆင်ထားတာက ဝါယာရှော့ဖြစ်စေတာပါ။ ကျွမ်းကျင်တဲ့ ဝါယာရင်းဆရာနဲ့ စနစ်တကျတပ်ဆင်တာ၊ ပြုပြင်တာတွေဖြစ်ရပါမယ်။ ကားဘက်ထရီက ချို့ယွင်းလို့ မီးလောင်တာလည်းဖြစ်နိုင်လို့ ဘက်ထရီကိုလည်း ပုံမှန်စစ်ဆေးရပါမယ်။လောင်စာဆီပါဝါ မပြည့်တာ မသန့်ရှင်းတဲ့ လောင်စာဆီကြောင့် ကာဘွန်ဂျိုး ပိတ်တာ ပလပ်ချို့ယွင်းတာတွေကြောင့် အင်ဂျင်အပူလွန်ကဲနိုင်တာကြောင့် သန့်ရှင်းတဲ့ မှန်ကန်တဲ့ လောင်စာဆီ ရွေးချယ်အသုံးပြုဖို့ လိုအပ်ပါတယ်။ ဝါယာရင်းဆိုင် အမှားကြောင့် ဝါယာရှော့ဖြစ်တာ၊ ဘက်ထရီရှော့ခ် ဖြစ်တာ၊ ဆီပိုက်လိုင်း ဖြုတ်ပြီး ပြန်တပ်ဆင်တာ မသေချာတာတွေကြောင့်လည်း ကားမီးလောင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေ ပြုပြင်တာဆိုပေမဲ့လည်း ကိုယ်တိုင်က စစ်ဆေးနိုင်အောင် လေ့လာထားသင့်ပါတယ်။

Author – အောင်ထွန်းဦး
Credit – Kumudra

Leave a Reply

Your email address will not be published. Required fields are marked *