ဗဟုတုသ

ပဲပင်ပေါက် ဖောက်နည်း

(Zawgyi)

ပဲတီပင္ေပါက္ ပဲပင္ေပါက္ ေဖာက္နည္း

ဒီတခါ ကြၽန္ေတာ္ ဘဝခါးခါး “Bean Sprouts “ပဲတီပင္ေပါက္ ေဖာက္နည္းကို တစ္ဆင့္ျခင္းစီ ေျပာျပေပးပါ့မယ္။ ပဲတီပင္ေဖာက္တဲ့ေနရာမွာ ေက်ာက္စည္ပိုင္း/ ျခင္းေတာင္း/ ေကာ္ေရပုံးႏွင့္ အျခားေသာ ဗူးငယ္ေလးမ်ားအထဲတြင္ ထည့္ေဖာက္လို႔ရပါသည္။

ျပဳလုပ္ပုံ ျပဳလုပ္နည္းကေတာ့

(၁) ပဲတီေစ့ကို ၈နာရီခန႔္ ႀကိဳတင္ၿပီး ေရစိမ္ထားေပးပါ။

(၂) ဂုန္နီအိတ္ႏွင့္ ပဲအေစ့မက်ႏိုင္ေသာ သံဇကာပိုက္ကြက္ကို ကိုယ္ထည့္ေဖာက္မည့္ ေက်ာက္စည္ပိုင္း/ ျခင္းေတာင္း (သို႔) အျခားေသာ ေကာ္ဗူးတို႔၏ ထိပ္ဝျဖင့္ အံဝင္ဂြင္က် တိုင္းတာၿပီး အဝိုင္းသ႑န္ ပိုင္းျဖတ္ေပးပါ။ ပုံမွာ ျပထားသည့္အတိုင္း ပိုင္းျဖတ္ပါ။

(၃) ေက်ာက္စည္းပိုင္း၏ ေအာက္ေျခမွာ ေရထြက္ေပါက္ ေဖာက္ေပးၿပီး ပုံမွာျပထားသည့္အတိုင္း စက္ဘီး တာယာကြင္းကိုခံ၍ အေပၚမွ သံဇကာ တစ္ထပ္ခင္းေပးပါ။

(၄) ပိုင္းျဖတ္ထားေသာ ေကာ္ဇကာပိုက္ကြက္ကို သံဇကာေပၚမွာ ထပ္ခင္းေပးၿပီး ေကာ္ဇကာပိုက္ကြက္အေပၚမွ ဂုန္နီအိတ္စ ထပ္ခင္းေပးပါ။

(၅) အားလုံး ခင္းက်င္းၿပီးပါက ေရစိမ္ထားေသာ ပဲတီစိမ္းအေစ့မ်ားကို ခပ္ႀကဲႀကဲ ဂုန္နီအိတ္စအေပၚမွာ ျဖဴးေပးလိုက္ပါ။

မိမိထည့္ေဖာက္ထားေသာ ေက်ာက္စည္ပိုင္း အျမင့္ကို တိုင္းတာၿပီး ပဲတီပင္၏ အျမင့္ျဖင့္ တြက္ခ်က္၍ ၎ အထဲမွာ အထပ္ေပါင္းမ်ားစြာ ဝင္ဆံ့သေလာက္ တစ္ခုေပၚတစ္ခုထပ္၍ အဆင့္ဆင့္ ထိုနည္းတူစြာ ျပဳလုပ္လို႔ရပါသည္။

စေဖာက္သည့္အခ်ိန္မွစ၍ ၄နာရီ တစ္ႀကိမ္ ေရသန႔္ျဖင့္ပုံမွန္ေရဝေအာင္ ၂ညအိပ္ ၃ရက္ေျမာက္သည့္အခ်ိန္ထိ ဂ႐ုတစိုက္ ေရေလာင္ေပးပါ။

၂ ရက္ေျမာက္ေန႔( သို႔)၃ရက္မွ်ၾကာေသာအခါ ပဲတီအပင္မ်ား ရရွိလာပါလိမ့္မည္။ ပဲတီပင္ကို တဆင့္ျခင္း ခြာယူ၍ အျမစ္မစားခ်င္ပါက ဂုံနီအိတ္စ၏ ေနာက္ေၾကာဘက္မွ ေဖာက္ထြက္ေနေသာ အျမစ္မ်ားကို ဓားျဖင့္ လွီးခ်လိုက္ပါ။ ပဲတီအပင္၏ အခြံအမည္းမ်ားကို သန႔္စင္ခ်င္ပါက ေရအျပည့္ထည့္ထားေသာ စည္ပိုင္းထဲမွာ ေမွာက္၍ ေျပာင္စင္သြားသည့္အထိ ခါခ်ေပးလိုက္ပါ။

ဤနည္းအားလုံးသည္ ဟိုးလြန္ခဲ့တဲ့ ၂ႏွစ္ခန႔္က youtube မွာ ဘီဘီစီ ဦးဝင္းျမင့္ တင္ျပေပးထားတာကို ကြၽန္ေတာ္ၾကည့္ဖူးထားျခင္းေၾကာင့္ ျဖစ္သည္။

ယခုပုံအားလုံးသည္ Internet google မွရွာေဖြ၍ ထိုင္း website တစ္ခုမွ ကူးယူေဖာ္ျပျခင္းျဖစ္သည္။ ပုံေတြကေတာ့ အစီအစဥ္မက်ပါဘူး..အဘယ့္ေၾကာင့္ဆိုေသာ္ ကြၽန္ေတာ့္ file ထဲမွ တစ္ပုံျခင္း ျပန္လည္ရွာေဖြ စုစည္းရျခင္းေၾကာင့္ ျဖစ္ပါသည္။

ဗဟုသုတမွန္သမွ် လူတိုင္းအတြက္ ရည္႐ြယ္တာျဖစ္လို႔ လြတ္လပ္စြာ Share လုပ္ၿပီးေတာ့ မွ်ေဝႏိူင္ပါသည္။ ငါသိတာ ငါပဲတစ္ေယာက္တည္း ႀကိတ္ဖတ္မယ္ဆိုတဲ့ ေျမာင္းထဲက အေတြးအေခၚနဲ႔ စိတ္ဓာတ္ေတြကို ေဖာက္ထုတ္ျပစ္ၾကပါလို႔ ေျပာခ်င္ပါသည္။

ေက်းဇူးတင္ပါတယ္..ကြၽန္ေတာ္ ဘဝခါးခါးပါ။

Credit : Win Min Phyo (ဘဝခါးခါး)

(Unicode)

ပဲတီပင်ပေါက် ပဲပင်ပေါက် ဖောက်နည်း

ဒီတခါ ကျွန်တော် ဘဝခါးခါး “Bean Sprouts “ပဲတီပင်ပေါက် ဖောက်နည်းကို တစ်ဆင့်ခြင်းစီ ပြောပြပေးပါ့မယ်။ ပဲတီပင်ဖောက်တဲ့နေရာမှာ ကျောက်စည်ပိုင်း/ ခြင်းတောင်း/ ကော်ရေပုံးနှင့် အခြားသော ဗူးငယ်လေးများအထဲတွင် ထည့်ဖောက်လို့ရပါသည်။

ပြုလုပ်ပုံ ပြုလုပ်နည်းကတော့

(၁) ပဲတီစေ့ကို ၈နာရီခန့် ကြိုတင်ပြီး ရေစိမ်ထားပေးပါ။

(၂) ဂုန်နီအိတ်နှင့် ပဲအစေ့မကျနိုင်သော သံဇကာပိုက်ကွက်ကို ကိုယ်ထည့်ဖောက်မည့် ကျောက်စည်ပိုင်း/ ခြင်းတောင်း (သို့) အခြားသော ကော်ဗူးတို့၏ ထိပ်ဝဖြင့် အံဝင်ဂွင်ကျ တိုင်းတာပြီး အဝိုင်းသဏ္ဍန် ပိုင်းဖြတ်ပေးပါ။ ပုံမှာ ပြထားသည့်အတိုင်း ပိုင်းဖြတ်ပါ။

(၃) ကျောက်စည်းပိုင်း၏ အောက်ခြေမှာ ရေထွက်ပေါက် ဖောက်ပေးပြီး ပုံမှာပြထားသည့်အတိုင်း စက်ဘီး တာယာကွင်းကိုခံ၍ အပေါ်မှ သံဇကာ တစ်ထပ်ခင်းပေးပါ။

(၄) ပိုင်းဖြတ်ထားသော ကော်ဇကာပိုက်ကွက်ကို သံဇကာပေါ်မှာ ထပ်ခင်းပေးပြီး ကော်ဇကာပိုက်ကွက်အပေါ်မှ ဂုန်နီအိတ်စ ထပ်ခင်းပေးပါ။

(၅) အားလုံး ခင်းကျင်းပြီးပါက ရေစိမ်ထားသော ပဲတီစိမ်းအစေ့များကို ခပ်ကြဲကြဲ ဂုန်နီအိတ်စအပေါ်မှာ ဖြူးပေးလိုက်ပါ။

မိမိထည့်ဖောက်ထားသော ကျောက်စည်ပိုင်း အမြင့်ကို တိုင်းတာပြီး ပဲတီပင်၏ အမြင့်ဖြင့် တွက်ချက်၍ ၎င်း အထဲမှာ အထပ်ပေါင်းများစွာ ဝင်ဆံ့သလောက် တစ်ခုပေါ်တစ်ခုထပ်၍ အဆင့်ဆင့် ထိုနည်းတူစွာ ပြုလုပ်လို့ရပါသည်။

စဖောက်သည့်အချိန်မှစ၍ ၄နာရီ တစ်ကြိမ် ရေသန့်ဖြင့်ပုံမှန်ရေဝအောင် ၂ညအိပ် ၃ရက်မြောက်သည့်အချိန်ထိ ဂရုတစိုက် ရေလောင်ပေးပါ။

၂ ရက်မြောက်နေ့( သို့)၃ရက်မျှကြာသောအခါ ပဲတီအပင်များ ရရှိလာပါလိမ့်မည်။ ပဲတီပင်ကို တဆင့်ခြင်း ခွာယူ၍ အမြစ်မစားချင်ပါက ဂုံနီအိတ်စ၏ နောက်ကြောဘက်မှ ဖောက်ထွက်နေသော အမြစ်များကို ဓားဖြင့် လှီးချလိုက်ပါ။ ပဲတီအပင်၏ အခွံအမည်းများကို သန့်စင်ချင်ပါက ရေအပြည့်ထည့်ထားသော စည်ပိုင်းထဲမှာ မှောက်၍ ပြောင်စင်သွားသည့်အထိ ခါချပေးလိုက်ပါ။

ဤနည်းအားလုံးသည် ဟိုးလွန်ခဲ့တဲ့ ၂နှစ်ခန့်က youtube မှာ ဘီဘီစီ ဦးဝင်းမြင့် တင်ပြပေးထားတာကို ကျွန်တော်ကြည့်ဖူးထားခြင်းကြောင့် ဖြစ်သည်။

ယခုပုံအားလုံးသည် Internet google မှရှာဖွေ၍ ထိုင်း website တစ်ခုမှ ကူးယူဖော်ပြခြင်းဖြစ်သည်။ ပုံတွေကတော့ အစီအစဉ်မကျပါဘူး..အဘယ့်ကြောင့်ဆိုသော် ကျွန်တော့် file ထဲမှ တစ်ပုံခြင်း ပြန်လည်ရှာဖွေ စုစည်းရခြင်းကြောင့် ဖြစ်ပါသည်။

ဗဟုသုတမှန်သမျှ လူတိုင်းအတွက် ရည်ရွယ်တာဖြစ်လို့ လွတ်လပ်စွာ Share လုပ်ပြီးတော့ မျှဝေနိူင်ပါသည်။ ငါသိတာ ငါပဲတစ်ယောက်တည်း ကြိတ်ဖတ်မယ်ဆိုတဲ့ မြောင်းထဲက အတွေးအခေါ်နဲ့ စိတ်ဓာတ်တွေကို ဖောက်ထုတ်ပြစ်ကြပါလို့ ပြောချင်ပါသည်။

ကျေးဇူးတင်ပါတယ်..ကျွန်တော် ဘဝခါးခါးပါ။

Credit : Win Min Phyo (ဘဝခါးခါး)

Leave a Reply

Your email address will not be published. Required fields are marked *