ဗဟုတုသ

ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေပွေးများ နေထိုင်ရာ အရပ်

(Zawgyi)
ဘရာဇီးႏိုင္ငံ၊ ေဆာ္ေပၚလိုၿမိဳ႕၏ ကမ္းလြန္ပင္လယ္ျပင္ရွိ ကြၽန္းတစ္ကြၽန္းကို အစိုးရက လူအမ်ား ျဖတ္သန္းသြားလာခြင့္ ပိတ္ပင္ထားသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ကမာၻေပၚတြင္ အဆိပ္အျပင္းဆုံး ေႁမြမ်ိဳးစိတ္မ်ား ရွင္သန္ေပါက္ဖြား ေနျခင္းေၾကာင့္ ျဖစ္သည္။

ေဆာ္ေပၚလို ကမ္းလြန္မွ မိုင္(၂၀)မွ် ကြာေဝးေသာ ေနရာတြင္ တည္ရွိသည့္ အီလ္ဟာဒီ ကြီမာဒါ ဂရန္ဒီကြၽန္းကို ေႁမြကြၽန္းဟုလည္း တင္စားေခၚေဝၚေလ့ ရွိသည္။ စတုရန္းေပ (၄၆၃၀)မွ်သာ က်ယ္ဝန္းသည့္ ကြၽန္းေလးသည္ ကမာၻေပၚတြင္ Golden Lancehead Viper (ေ႐ႊလံွဖ်ားေႁမြေပြး)မ်ား ရွင္သန္ေပါက္ဖြားသည့္ တစ္ခုတည္းေသာ ေနရာလည္း ျဖစ္သည္။

သိပၸံအမည္ Bothrops insularis ဟုေခၚေသာ ေႁမြမ်ားသည္ ကမာၻေပၚတြင္ အဆိပ္အျပင္းဆုံး ေႁမြေပြးမ်ိဳးႏြယ္ဝင္မ်ား ျဖစ္ၾကသည္။ ယင္းတို႔၏ အဆိပ္သည္ ေသြးေၾကာမ်ားကိုေရာ၊ အာ႐ုံေၾကာမ်ားကိုပါ ပ်က္စီးႏိုင္သည့္ ဓာတ္သဘာဝႏွစ္မ်ိဳး ေရာေႏွာလ်က္ ရွိသည္။ ဘရာဇီး အစိုးရသည္ ဇီဝေဗဒဆိုင္ရာ ေလ့လာဆန္းစစ္မႈမ်ား ျပဳလုပ္မည့္ သိပၸံပညာရွင္ အခ်ိဳ႕မွလြဲၿပီး အီလ္ဟာဒီ ကြီမာဒါ ဂရန္ဒီသို႔ လူအမ်ား သြားေရာက္ခြင့္ မေပးေခ်။

ထိုကြၽန္းအနီးတြင္ မီးျပတိုက္တစ္ခု တည္ေဆာက္ထားသျဖင့္ ဘရာဇီးေရတပ္က ရံဖန္ရံခါ သြားေရာက္စစ္ေဆးမႈမ်ိဳးသာ လူသူအေရာက္အေပါက္ ရွိသည္။ ယင္းေႁမြမ်ားသည္ ေ႐ႊညိဳေရာင္ရွိၿပီး ဦးေခါင္း ဖြဲ႕စည္း ပုံမွာ သြယ္လ်ခြၽန္ျမသျဖင့္ Golden Lancehead Viperဟု ေခၚေဝၚျခင္း ျဖစ္သည္။ အဆိုပါ ေႁမြမ်ားကို တရားမဝင္ ဖမ္းဆီးမႈမ်ား ရွိေနၿပီး ေမွာင္ခိုေဈးကြက္တြင္ ေႁမြတစ္ေကာင္၏ေဈးသည္ ေဒၚလာ သုံးေသာင္းမွ်ထိ ေပါက္ေဈးရွိေနသည္။

အႀကီးဆုံး အ႐ြယ္အစား ႏွစ္ေပခြဲမွ်ထိ ရွည္လ်ားေလ့ရွိသည့္ ေႁမြေပြးမ်ား၏ အဆိပ္မွာ ျပင္းထန္လြန္းသျဖင့္ အကိုက္ခံရေသာ သားေကာင္သည္ အသားမ်ားပင္ အရည္ေပ်ာ္သြားႏိုင္ေၾကာင္း သိရသည္။ ယင္း တို႔၏ အဆိပ္သည္ အျခားေသာ ေႁမြေပြးမ်ိဳးႏြယ္မ်ားထက္ ငါးဆမွ် ပိုမိုျပင္းထန္ၿပီး သားေကာင္ကို လွမ္းေပါက္လိုက္သည္ႏွင့္ ခ်က္ခ်င္း အသက္ေသဆုံးေစႏိုင္သည္။

Golden Lancehead Viperမ်ား အကိုက္ခံရပါက လူတစ္ဦး ေသဆုံးႏိုင္သည့္ အေျခအေနသည္ (၇)ရာခိုင္ႏႈန္းႏွင့္ (၁၀)ရာခိုင္ႏႈန္းၾကား ရွိသည္။ အဆိုပါေႁမြမ်ား အကိုက္ခံရျခင္းေၾကာင့္ ကြၽန္းေပၚသို႔ မ်က္စိလည္လမ္းမွား ေရာက္ရွိသြားသည့္ တံငါသည္တစ္ဦးႏွင့္ မီးျပတိုက္ေစာင့္ မိသားစုတို႔ ေသဆုံးခဲ့ဖူးေၾကာင္း ပါးစပ္ရာဇဝင္မ်ား ထြက္ေပၚခဲ့သည္။

အဆိုပါ ကြၽန္းေပၚရွိ Golden Lancehead Viper မ်ား၏ အေရအတြက္သည္ လြန္ခဲ့သည့္ ဆယ္စုႏွစ္မ်ားကထက္ (၁၅)ရာခိုင္ႏႈန္း ေလ်ာ့က်သြားၿပီး ေထာင္ဂဏန္း အနည္းငယ္သာ ရွိေတာ့သည္။ႏိုင္ငံတကာ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးအဖြဲ႕က အဆိုပါ ေႁမြေပြးမ်ားကို မ်ိဳးသုဥ္းလုနီးပါး အေျခအေနမ်ိဳး ၿခိမ္းေျခာက္ခံေနရေၾကာင္း သတ္မွတ္ထားသည္။

Ref: Dailymail

Credit – 7 Day Dail

(Unicode)
ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုမြို့၏ ကမ်းလွန်ပင်လယ်ပြင်ရှိ ကျွန်းတစ်ကျွန်းကို အစိုးရက လူအများ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံး မြွေမျိုးစိတ်များ ရှင်သန်ပေါက်ဖွား နေခြင်းကြောင့် ဖြစ်သည်။

ဆော်ပေါ်လို ကမ်းလွန်မှ မိုင်(၂၀)မျှ ကွာဝေးသော နေရာတွင် တည်ရှိသည့် အီလ်ဟာဒီ ကွီမာဒါ ဂရန်ဒီကျွန်းကို မြွေကျွန်းဟုလည်း တင်စားခေါ်ဝေါ်လေ့ ရှိသည်။ စတုရန်းပေ (၄၆၃၀)မျှသာ ကျယ်ဝန်းသည့် ကျွန်းလေးသည် ကမ္ဘာပေါ်တွင် Golden Lancehead Viper (ရွှေလံှဖျားမြွေပွေး)များ ရှင်သန်ပေါက်ဖွားသည့် တစ်ခုတည်းသော နေရာလည်း ဖြစ်သည်။

သိပ္ပံအမည် Bothrops insularis ဟုခေါ်သော မြွေများသည် ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံး မြွေပွေးမျိုးနွယ်ဝင်များ ဖြစ်ကြသည်။ ယင်းတို့၏ အဆိပ်သည် သွေးကြောများကိုရော၊ အာရုံကြောများကိုပါ ပျက်စီးနိုင်သည့် ဓာတ်သဘာဝနှစ်မျိုး ရောနှောလျက် ရှိသည်။ ဘရာဇီး အစိုးရသည် ဇီဝဗေဒဆိုင်ရာ လေ့လာဆန်းစစ်မှုများ ပြုလုပ်မည့် သိပ္ပံပညာရှင် အချို့မှလွဲပြီး အီလ်ဟာဒီ ကွီမာဒါ ဂရန်ဒီသို့ လူအများ သွားရောက်ခွင့် မပေးချေ။

ထိုကျွန်းအနီးတွင် မီးပြတိုက်တစ်ခု တည်ဆောက်ထားသဖြင့် ဘရာဇီးရေတပ်က ရံဖန်ရံခါ သွားရောက်စစ်ဆေးမှုမျိုးသာ လူသူအရောက်အပေါက် ရှိသည်။ ယင်းမြွေများသည် ရွှေညိုရောင်ရှိပြီး ဦးခေါင်း ဖွဲ့စည်း ပုံမှာ သွယ်လျချွန်မြသဖြင့် Golden Lancehead Viperဟု ခေါ်ဝေါ်ခြင်း ဖြစ်သည်။ အဆိုပါ မြွေများကို တရားမဝင် ဖမ်းဆီးမှုများ ရှိနေပြီး မှောင်ခိုဈေးကွက်တွင် မြွေတစ်ကောင်၏ဈေးသည် ဒေါ်လာ သုံးသောင်းမျှထိ ပေါက်ဈေးရှိနေသည်။

အကြီးဆုံး အရွယ်အစား နှစ်ပေခွဲမျှထိ ရှည်လျားလေ့ရှိသည့် မြွေပွေးများ၏ အဆိပ်မှာ ပြင်းထန်လွန်းသဖြင့် အကိုက်ခံရသော သားကောင်သည် အသားများပင် အရည်ပျော်သွားနိုင်ကြောင်း သိရသည်။ ယင်း တို့၏ အဆိပ်သည် အခြားသော မြွေပွေးမျိုးနွယ်များထက် ငါးဆမျှ ပိုမိုပြင်းထန်ပြီး သားကောင်ကို လှမ်းပေါက်လိုက်သည်နှင့် ချက်ချင်း အသက်သေဆုံးစေနိုင်သည်။

Golden Lancehead Viperများ အကိုက်ခံရပါက လူတစ်ဦး သေဆုံးနိုင်သည့် အခြေအနေသည် (၇)ရာခိုင်နှုန်းနှင့် (၁၀)ရာခိုင်နှုန်းကြား ရှိသည်။ အဆိုပါမြွေများ အကိုက်ခံရခြင်းကြောင့် ကျွန်းပေါ်သို့ မျက်စိလည်လမ်းမှား ရောက်ရှိသွားသည့် တံငါသည်တစ်ဦးနှင့် မီးပြတိုက်စောင့် မိသားစုတို့ သေဆုံးခဲ့ဖူးကြောင်း ပါးစပ်ရာဇဝင်များ ထွက်ပေါ်ခဲ့သည်။

အဆိုပါ ကျွန်းပေါ်ရှိ Golden Lancehead Viper များ၏ အရေအတွက်သည် လွန်ခဲ့သည့် ဆယ်စုနှစ်များကထက် (၁၅)ရာခိုင်နှုန်း လျော့ကျသွားပြီး ထောင်ဂဏန်း အနည်းငယ်သာ ရှိတော့သည်။နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က အဆိုပါ မြွေပွေးများကို မျိုးသုဉ်းလုနီးပါး အခြေအနေမျိုး ခြိမ်းခြောက်ခံနေရကြောင်း သတ်မှတ်ထားသည်။

Ref: Dailymail
Credit – 7 Day Dail

Leave a Reply

Your email address will not be published. Required fields are marked *