ဗဟုတုသ

ဦးစိုးမြင့် ကိုယ်တိုင်ရှင်းပြတဲ့ စိုးမြင့်ကြော် သမိုင်းကြောင်း

(Zawgyi)
ဦးစိုးျမင့္ရွင္းတဲ့ စိုးျမင့္ေၾကာ္ရွင္းတမ္း

ဦးစိုးျမင့္ ကိုယ္တိုင္ရွင္းျပတဲ့ စိုးျမင့္ေၾကာ္ သမိုင္းေၾကာင္း..

ကြၽန္ေတာ့္ မိတ္ေဆြႀကီး ကိုေက်ာ္စြာမင္းအား ဤစာစုျဖင့္ ဦးၫႊတ္ပါတယ္။ လူအမ်ား ျငင္းခုံေနၾကတာ၊ ေသေသျခာျခာ၊ ေရေရရာရာ မသိတဲ့ သူေတြအတြက္၊ အဆင္ေျပရင္ မွတ္တမ္းေလးျဖစ္ေအာင္ ေရးပါ အစ္ကိုလို႔ တိုက္တြန္းတဲ့ အတြက္ ေရးလိုက္ရတာပါ။ တစ္ကယ္ေတာ့ ရည္႐ြယ္ခ်က္မရွိဘဲ အေပ်ာ္သေဘာနဲ႔ ေက်ာင္းသားဘဝ၊ လြတ္လြတ္လပ္လပ္ ဘာမွေစာင့္ထိမ္းစရာမလိုတဲ့ ငယ္႐ြယ္စဥ္အခါက လုပ္ခဲ့ၾကတဲ့ လုပ္ရပ္ေလးဟာ ဒီေန႔ အထိ အမွတ္တရတကၠသိုလ္ ဝန္းက်င္မွာ ထင္က်န္ရစ္ေနတာဆိုေတာ့ ဝမ္းသာရပါတယ္။ ခုခ်ိန္မွာေတာ့ ရွက္စရာလိုလို၊ ရီစရာလိုလို ျဖစ္ေနတာေတာ့ တစ္ကယ္ပါ။

ကြၽန္ေတာ္ စိန္ဂြၽန္းေက်ာင္းသားဘဝက စေျပာမွဘဲ ျပည့္စုံမွာမို႔၊ အားလုံးလည္း သိသင့္တယ္ထင္လို႔ တင္ျပပါရေစ။ စိန္ဂြၽန္းေက်ာင္းက မုန႔္ေဈးတန္းမွာ အပ်ိဳႀကီး ထမင္းေၾကာ္ဆိုင္ဆိုတာ ရွိပါတယ္။ ထမင္းျဖဴ ေလးကို ဝက္ဆီနဲ႔ ၾကက္သြန္ျဖဴ ဆီသတ္ၿပီး၊ ပဲငံျပာရည္၊ ၾကာညႇိဳ႕၊ အခ်ိဳမႈန႔္ေလးသုံးၿပီး ဒယ္အိုးေပၚမွာ မီးမွ်င္းမွ်င္းေလးနဲ႔ လိမ့္ထားတာပါ။ ၿပီးေတာ့ ဝက္သားကို ျပဳတ္ၿပီး အေနေတာ္ အျပားေလးေတြလွီးၿပီး ပဲငံျပာရည္နဲ႔ၾကာညႇိဳ႕၊ အခ်ိဳမႈန႔္တို႔ သုံးၿပီး ေၾကာ္ထား ပါတယ္။ ဟင္းခ်ိဳအတြက္ကေတာ့ ခုနဝက္သားျပဳတ္တုန္းက ေရာျပဳတ္ထားတဲ့ ဝက္႐ိုးဟင္းခ်ိဳ ရယ္ သခြားခ်ဥ္ရယ္ တြဲဖက္ေပးထားပါတယ္။ ကြၽန္ေတာ္ ၈တန္း၊ ၉ တန္း ပထမႏွစ္၊ ၉ တန္း ဒုတိယ ႏွစ္ထိ၊ ေန႔စဥ္ မပ်က္မကြက္ စားသုံးခဲ့တာပါ။ (စိန္ဂြၽန္းေက်ာင္းသားေဟာင္းတိုင္း မွတ္မိမွာပါ။ ကြၽန္ေတာ့္ ေဖးဖရိတ္ မနက္စာဘဲ ျဖစ္ပါတယ္)

ဒီလိုနဲ႔ ၉ တန္းေအာင္၊ ၁၀ တန္းကိုေတာ့ အင္းယားလမ္းက စိန္ဩဂတ္စတင္း ေက်ာင္းေျပာင္းခဲ့ရေတာ့ အပ်ိဳႀကီး ထမင္းေၾကာ္နဲ႔ ေဝးခဲ့ရပါေတာ့တယ္။ ၁၀ တန္း ၂ ႏွစ္ တက္ၿပီး ေဒသေကာလိပ္ေရာက္။ ပထမႏွစ္ ေအာင္၊ ဒုတိယ ႏွစ္ ေအာင္ၿပီး တတိယႏွစ္ ဘူမိေဗဒတက္ဖို႔ ရန္ကုန္တကၠသိုလ္ ပင္မ (RASU)ကို ေရာက္လာပါတယ္။ (၁၉၈၁ ခုႏွစ္ ေလာက္ကပါ) သူငယ္ခ်င္းေတြကလည္း M C, R I T, ECO, MATHS, PHYSIC, ZOO, BOTANY စသျဖင့္ Major ေတြ ကြဲကုန္ၾကပါတယ္။ ဒါေပမဲ့ ေဒသေကာလိပ္တက္ခဲ့တုန္းက တစ္တြဲတြဲ ေနခဲ့ၾကတာေတာ့ မခြဲႏိုင္ျဖစ္ေနၾကတာေပါ့။ ဒါေၾကာင့္ မ်ားေသာ အားျဖင့္ အတန္းမတက္ၾကဘဲ၊ တကၠသိုလ္စာၾကည့္တိုက္ေရွ႕နဲ႔ ေငြစာရင္းဌာန (cash) ေရွ႕မွာဘဲ လူစုျဖစ္ၾကပါတယ္။ မနက္ေစာေစာ ေရာက္ၾကၿပီး လူစုံေအာင္ေစာင့္ၾကပါတယ္။ လူစုံမွ သိပၸံကန္တင္းကို ခ်ီတက္ ၾကတာပါ။ ဒါမွမဟုတ္ ကားေတြေပၚစုတက္ၿပီး၊ ေက်ာင္းထဲက ဦးခ်စ္ လၻက္ရည္ဆိုင္ျဖစ္ျဖစ္၊ လွည္းတန္းျဖစ္ျဖစ္၊ တစ္ခါတစ္ေလ အလြမ္းေျပ RC 2 ျဖစ္ျဖစ္ သြားေသာက္ၾကပါတယ္။ ေန႔လည္ဖက္ ေရာက္ရင္ေတာ့ ေက်ာင္းထဲ ျပန္ေရာက္လာၾကၿပီး ေန႔လည္စာ စားၾကျပန္ပါတယ္။ အမ်ားဆုံးကေတာ့ သိပၸံ ကန္တင္းက ကိုဖိုးေထာင္တို႔ မိသားစု စားေသာက္ဆိုင္မွာ စားျဖစ္ၾကပါတယ္။ သူနဲ႔ ကပ္ရက္ ကေတာ့ ကိုစိန္ေအး အေအးဆိုင္ ျဖစ္ပါတယ္။ ကိုစိန္ေအးကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ အခ်ိန္းအခ်က္လုပ္ရာ ေအာ္ပေရတာဘဲ ျဖစ္ပါတယ္။ ဘယ္သူလာသြားၿပီ၊ ဘယ္သူျပန္သြားၿပီ၊ ဘယ္သူ ဘာမွာသြားတယ္၊ ဘယ္သူ ေနာက္က်မယ္ ေစာင့္ပါမွာသြားတယ္ စသျဖင့္ အခ်ိန္းအခ်က္မွန္သမွ် သတင္းပို႔ေပးရသူ ျဖစ္ပါတယ္။

ကိုဖိုးေထာင္တို႔မိသားစု ထမင္းဆိုင္ကေတာ့ စိုးျမင့္ေၾကာ္ စတင္ရာ ဘူမိနက္သန္ဘဲ ျဖစ္ပါတယ္။ တစ္ေန႔ တစ္ေန႔ စားလိုက္ၾကတာ ထမင္းေၾကာ္၊ ထမင္းေပါင္း၊ ၾကာဇံေၾကာ္၊ ေခါက္ဆြဲေၾကာ္၊ ၾကက္ဥေမႊၾကာ္၊ အစိမ္းေၾကာ္၊ ခ်ိဳခ်ဥ္ ေၾကာ္၊ ေတာက္ေတာက္ေၾကာ္၊ ကုန္းေဘာင္ႀကီးေၾကာ္ ၾကာေတာ့ ထပ္ေနေတာ့တာေပါ့။ ဒီၾကားထဲ ဂ်ီးမ်ားတဲ့သူက ရွိေသးတယ္။ ဟို ဟာေလ်ာ့၊ ဒီဟာေလ်ာ့၊ ဒါပိုထည့္ေပး၊ ေကာ္ရည္ ေလ်ာ့၊ အစပ္ေလ်ာ့ အမ်ိဳးမ်ိဳး ဒုကၡေပးၾကတာေပါ့။ ကိုဖိုးေထာင္တို႔ကလည္း စိတ္ရွည္ပါတယ္။ စားေသာက္ဆိုင္ေတြထဲမွာေတာ့ ေက်ာင္းထဲမွာ ဖြင့္တဲ့ ကန္တင္းက စားေသာက္ဆိုင္ေတြက သနားစရာ အေကာင္းဆုံးပါဘဲ။ ေဈးသက္သာတဲ့အျပင္ အေႂကြးလည္းထားရ၊ ေက်ာင္းသား ေတြလည္းေၾကာက္ရ၊ အျမတ္အစြန္းလည္း သိပ္မရ၊ ေစတနာ တစ္အား ေကာင္းၾကပါတယ္။

စိုးျမင့္ေၾကာ္ ဇာတ္လမ္း စပါေတာ့မယ္။ အခု ေပါင္းေနတဲ့ အုပ္စုထဲမွာ စိန္ဂြၽန္းထဲကေပါင္းတဲ့ သူငယ္ခ်င္းေတြလည္းပါ ပါတယ္။ ပိုက္ဆံလည္း အမ်ားစုက တတ္ႏိုင္ၾကပါတယ္။ အဲ့မွာ အစားအေသာက္ ဂ်ီးမ်ားၾကရင္း ကိုယ္ေတြက စိန္ဂြၽန္း ေက်ာင္းတုန္းက စားခဲ့တဲ့ အပ်ိဳႀကီး ထမင္းေၾကာ္ကို သတိရသြားတယ္။ အိမ္မွာလည္း တစ္ခါတစ္ေလ စမ္းၿပီး ေၾကာ္စားေနၾကဆိုေတာ့၊ ဘယ္သူစားမလဲ ငါေၾကာ္ေကြၽး မယ္ဆိုေတာ့ တစ္ခ်ိဳ႕က မယုံၾကဘူး။ တ႐ုတ္စာ ေကာင္းေကာင္း ခ်က္တတ္တာမသိၾကဘူး။ သိတဲ့ သူငယ္ခ်င္းေတြ က ေျမႇာက္ေပးတယ္။ ေဟ့ေကာင္ စိုးျမင့္ ခ်က္ျပလိုက္ကြာဆိုေတာ့ ကိုယ္ေတြက အရွက္ မရွိ ကိုဖိုးေထာင္တို႔ မီးဖိုထဲဝင္ၿပီး စီမံရေတာ့တာေပါ့။ ဆီမ်ားတာ မႀကိဳက္တဲ့သူ၊ ေကာ္ရည္ မႀကိဳက္တဲ့သူ အတြက္စဥ္းစားၿပီး အပ်ိဳႀကီး ထမင္းေၾကာ္ကို မွီျငမ္းၿပီး၊ အစိမ္းေၾကာ္ ဆန္ဆန္ အ႐ြက္၂ မ်ိဳး ၃ မ်ိဳး ထည့္ၿပီး ေၾကာ္လိုက္တာေပါ့။ ၾကက္သားျဖစ္ျဖစ္၊ ဝက္သားျဖစ္ျဖစ္ ႏုတ္ႏုတ္မစဥ္းဘဲ အပ်ိဳႀကီး ဆိုင္က ထမင္းေၾကာ္ အတိုင္း ခပ္ျပားျပားလွီးၿပီး ထည့္ေၾကာ္ေတာ့ ပုစံတစ္မ်ိဳး ျဖစ္သြားတာေပါ့။ ထမင္းကို လည္း အဲ့ဒီေခတ္က ဘယ္သူမွ မလုပ္ေသးတဲ့ ပုံ၊ ပုဂံလုံးထဲ ထည့္သိပ္ၿပီး ပုဂံျပားထဲ ေမွာက္ခ်လိုက္တဲ့အခါ ဒီဇိုင္းဆန္းသြားတာေပါ့။ ၾကက္ဥကလည္း ထည့္ခ်င္လည္းရတယ္။ မထည့္ခ်င္လည္း ရတယ္ ဆိုေတာ့ အိုေကသြားၿပီ။

ပထမေတာ့ သူနဲနဲျမည္း ကိုယ္နဲနဲျမည္းေပါ့။ ေနာက္ၾကေတာ့ သူတစ္ပြဲမွာစား ကိုယ္တစ္ပြဲမွာစားေပါ့။ ေနာက္ပိုင္း ၾကေတာ့ ေဖာ္ျမဴလာ တတ္သြားၿပီျဖစ္တဲ့ ကိုဖိုးေထာင္ကဘဲ ေၾကာ္ေပးတာပါ။ နာမည္ ျဖစ္ေပၚလာပုံကေတာ့ ရီစရာပါ။ သူငယ္ခ်င္းေတြက ကိုယ္မရွိလည္း သြားစားၾကတဲ့အခါကိုဖိုးေထာင္ေရ စိုးျမင့္ေၾကာ္တာမ်ိဳး တစ္ပြဲေၾကာ္ေပးပါ။ ၂ ပြဲေၾကာ္ေပးပါ စသျဖင့္ မွာၾကတာေပါ့။ ကိုယ္ေတြ အဖြဲ႕က အဲ့လိုမွာစားၾကေတာ့ ကိုဖိုးေထာင္တို႔ဆိုင္မွာ လာစားေနၾက အျခားေက်ာင္းသားအဖြဲ႕ေတြကလည္း ေမးၿပီ။ ကိုဖိုးေထာင္ အဲ့ဒါ ဘာေၾကာ္လဲ။ သူတို႔ဘာေတြ မွာစားေနတာလည္းေပါ့။ သူတို႔ေကာ မွာစားလို႔ မရဘူးလားဆိုေတာ့ ကိုဖိုးေထာင္က ေနာက္ေန႔က် ခြင့္ေတာင္းၿပီ။ ကိုစိုးျမင့္ေရ အျခား ေက်ာင္းသားေတြကလည္း စားခ်င္လို႔ ေမးေနၾကတယ္။ ကြၽန္ေတာ္ ေၾကာ္ေရာင္းလို႔ရမလား ဆိုေတာ့၊ ကိုယ္ေတြကလည္း ဘာမွ ကန႔္ကြက္စရာမရွိတာမို႔ ေရာင္းေပါ့ ဘာမွမျဖစ္ပါဘူး ကိုဖိုးေထာင္ သေဘာဆိုေတာ့ သူတို႔လည္း စေရာင္းတာေပါ့။ မွာတဲ့အခါၾကေတာ့ ဟင္းပြဲက နာမည္မရွိေတာ့ ဝိတ္တာေလးေတြက ကိုဖိုးေထာင္ေရ ကိုစိုးျမင့္ေၾကာ္တာမ်ိဳး ၂ပြဲ၊ ၄ပြဲ ဆိုၿပီး ေအာ္ေျပာၾကတာေပါ့။ ေနာက္ၾကေတာ့ ကိုစိုးျမင့္ေၾကာ္တာမ်ိဳး ဆိုရာကေန ကိုစိုးျမင့္ေၾကာ္ ၿပီးမွ ခပ္လြယ္လြယ္ စိုးျမင့္ေၾကာ္ဆိုၿပီး ကိုဖိုးေထာင္တို႔ဆိုင္မွာ ေရာင္းေကာင္းလာေတာ့တယ္။

ျပသနာက စလာၿပီ။ ကိုဖိုးေထာင္တို႔ဆိုင္မွာ ေရာင္းေကာင္းေတာ့ ေဘးတစ္ဆိုင္ေက်ာ္က ထမင္းေၾကာ္ဆိုင္ကလည္း ခပ္တည္တည္ လိုက္ေၾကာ္ေရာင္းၿပီ။ အဲ့မွာ ကိုဖိုးေထာင္နဲ႔ စကားမ်ားၾကတာေပါ့။ ကိုဖိုးေထာင္က တိုင္ၿပီ။ ကိုစိုးျမင့္ ကြၽန္ေတာ္တို႔က မူပိုင္၊ သူတို႔က လိုက္တုေရာင္းတာ ဘယ္လိုလုပ္ရမလဲဆိုေတာ့ ကိုယ္ေတြကၾကားက ဒုကၡေရာက္ ရတာေပါ့။ ဒါနဲ႔ ကိုဖိုးေထာင္ကို ေခ်ာ့ေမာ့ၿပီး ေရာင္းပေစ ေပါ့ဗ်ာ။ ဘာတတ္ႏိုင္မွာလဲ ကိုယ့္မိတ္နဲ႔ ကိုယ္ဘဲ၊ သူလည္း ေရာင္းပါေစ၊ ကိုယ္လည္းေရာင္းေပါ့၊ ပိတ္ပင္လို႔မွ မရတာဆိုေတာ့ သူလည္း စိတ္ေလ်ာ့ရေတာ့တာေပါ့။ ဒီလိုနဲ႔ မီႏူးမွာကို ”စိုးျမင့္ေၾကာ္“ ဆိုၿပီး ထည့္ၿပီး ေရာင္းၾကတာေပါ့။ အဲ့ဒီကမွ Mainထဲမွာတင္ Arts ကန္တင္း Eco ကန္တင္း အကုန္ ပ်ံ႕ႏွံ႔ သြားတာေပါ့။ ေနာက္မၾကာပါဘူး RC 2 ထဲမွာပါ မွာစားလို႔ရတဲ့အထိ ျဖစ္လာပါတယ္။

ကေန႔ဆိုယင္ေတာ့ ျမန္မာျပည္အႏွံ႔မွာရွိတဲ့ တကၠသိုလ္ကန္တင္းတိုင္းလိုလိုမွာ ရွိတဲ့ စားစရာ အမယ္တစ္မ်ိဳးအျဖစ္ ေတြ႕ရွိေနရတာ ျဖစ္ပါတယ္။ (သူငယ္ခ်င္း နာမည္ေတြ ထည့္မေရးတာ ခြင့္လႊတ္ပါ။ တစ္ခ်ိဳ႕က ခုအခ်ိန္မွာ သူေဌးႀကီးေတြျဖစ္ေနေတာ့ ႀကိဳက္မွန္းမသိ မႀကိဳက္မွန္းမသိဆိုေတာ့ .. အားလုံးကို သတိရလ်က္ ……..)

Credit: ဦးစိုးျမင့္၏ facebook Account မွကူးယူေဖာ္ျပပါသည္။

(Unicode)
ဦးစိုးမြင့်ရှင်းတဲ့ စိုးမြင့်ကြော်ရှင်းတမ်း

ဦးစိုးမြင့် ကိုယ်တိုင်ရှင်းပြတဲ့ စိုးမြင့်ကြော် သမိုင်းကြောင်း..

ကျွန်တော့် မိတ်ဆွေကြီး ကိုကျော်စွာမင်းအား ဤစာစုဖြင့် ဦးညွှတ်ပါတယ်။ လူအများ ငြင်းခုံနေကြတာ၊ သေသေခြာခြာ၊ ရေရေရာရာ မသိတဲ့ သူတွေအတွက်၊ အဆင်ပြေရင် မှတ်တမ်းလေးဖြစ်အောင် ရေးပါ အစ်ကိုလို့ တိုက်တွန်းတဲ့ အတွက် ရေးလိုက်ရတာပါ။ တစ်ကယ်တော့ ရည်ရွယ်ချက်မရှိဘဲ အပျော်သဘောနဲ့ ကျောင်းသားဘဝ၊ လွတ်လွတ်လပ်လပ် ဘာမှစောင့်ထိမ်းစရာမလိုတဲ့ ငယ်ရွယ်စဉ်အခါက လုပ်ခဲ့ကြတဲ့ လုပ်ရပ်လေးဟာ ဒီနေ့ အထိ အမှတ်တရတက္ကသိုလ် ဝန်းကျင်မှာ ထင်ကျန်ရစ်နေတာဆိုတော့ ဝမ်းသာရပါတယ်။ ခုချိန်မှာတော့ ရှက်စရာလိုလို၊ ရီစရာလိုလို ဖြစ်နေတာတော့ တစ်ကယ်ပါ။

ကျွန်တော် စိန်ဂျွန်းကျောင်းသားဘဝက စပြောမှဘဲ ပြည့်စုံမှာမို့၊ အားလုံးလည်း သိသင့်တယ်ထင်လို့ တင်ပြပါရစေ။ စိန်ဂျွန်းကျောင်းက မုန့်ဈေးတန်းမှာ အပျိုကြီး ထမင်းကြော်ဆိုင်ဆိုတာ ရှိပါတယ်။ ထမင်းဖြူ လေးကို ဝက်ဆီနဲ့ ကြက်သွန်ဖြူ ဆီသတ်ပြီး၊ ပဲငံပြာရည်၊ ကြာညှို့၊ အချိုမှုန့်လေးသုံးပြီး ဒယ်အိုးပေါ်မှာ မီးမျှင်းမျှင်းလေးနဲ့ လိမ့်ထားတာပါ။ ပြီးတော့ ဝက်သားကို ပြုတ်ပြီး အနေတော် အပြားလေးတွေလှီးပြီး ပဲငံပြာရည်နဲ့ကြာညှို့၊ အချိုမှုန့်တို့ သုံးပြီး ကြော်ထား ပါတယ်။ ဟင်းချိုအတွက်ကတော့ ခုနဝက်သားပြုတ်တုန်းက ရောပြုတ်ထားတဲ့ ဝက်ရိုးဟင်းချို ရယ် သခွားချဉ်ရယ် တွဲဖက်ပေးထားပါတယ်။ ကျွန်တော် ၈တန်း၊ ၉ တန်း ပထမနှစ်၊ ၉ တန်း ဒုတိယ နှစ်ထိ၊ နေ့စဉ် မပျက်မကွက် စားသုံးခဲ့တာပါ။ (စိန်ဂျွန်းကျောင်းသားဟောင်းတိုင်း မှတ်မိမှာပါ။ ကျွန်တော့် ဖေးဖရိတ် မနက်စာဘဲ ဖြစ်ပါတယ်)

ဒီလိုနဲ့ ၉ တန်းအောင်၊ ၁၀ တန်းကိုတော့ အင်းယားလမ်းက စိန်ဩဂတ်စတင်း ကျောင်းပြောင်းခဲ့ရတော့ အပျိုကြီး ထမင်းကြော်နဲ့ ဝေးခဲ့ရပါတော့တယ်။ ၁၀ တန်း ၂ နှစ် တက်ပြီး ဒေသကောလိပ်ရောက်။ ပထမနှစ် အောင်၊ ဒုတိယ နှစ် အောင်ပြီး တတိယနှစ် ဘူမိဗေဒတက်ဖို့ ရန်ကုန်တက္ကသိုလ် ပင်မ (RASU)ကို ရောက်လာပါတယ်။ (၁၉၈၁ ခုနှစ် လောက်ကပါ) သူငယ်ချင်းတွေကလည်း M C, R I T, ECO, MATHS, PHYSIC, ZOO, BOTANY စသဖြင့် Major တွေ ကွဲကုန်ကြပါတယ်။ ဒါပေမဲ့ ဒေသကောလိပ်တက်ခဲ့တုန်းက တစ်တွဲတွဲ နေခဲ့ကြတာတော့ မခွဲနိုင်ဖြစ်နေကြတာပေါ့။ ဒါကြောင့် များသော အားဖြင့် အတန်းမတက်ကြဘဲ၊ တက္ကသိုလ်စာကြည့်တိုက်ရှေ့နဲ့ ငွေစာရင်းဌာန (cash) ရှေ့မှာဘဲ လူစုဖြစ်ကြပါတယ်။ မနက်စောစော ရောက်ကြပြီး လူစုံအောင်စောင့်ကြပါတယ်။ လူစုံမှ သိပ္ပံကန်တင်းကို ချီတက် ကြတာပါ။ ဒါမှမဟုတ် ကားတွေပေါ်စုတက်ပြီး၊ ကျောင်းထဲက ဦးချစ် လ္ဘက်ရည်ဆိုင်ဖြစ်ဖြစ်၊ လှည်းတန်းဖြစ်ဖြစ်၊ တစ်ခါတစ်လေ အလွမ်းပြေ RC 2 ဖြစ်ဖြစ် သွားသောက်ကြပါတယ်။ နေ့လည်ဖက် ရောက်ရင်တော့ ကျောင်းထဲ ပြန်ရောက်လာကြပြီး နေ့လည်စာ စားကြပြန်ပါတယ်။ အများဆုံးကတော့ သိပ္ပံ ကန်တင်းက ကိုဖိုးထောင်တို့ မိသားစု စားသောက်ဆိုင်မှာ စားဖြစ်ကြပါတယ်။ သူနဲ့ ကပ်ရက် ကတော့ ကိုစိန်အေး အအေးဆိုင် ဖြစ်ပါတယ်။ ကိုစိန်အေးကတော့ ကျွန်တော်တို့ရဲ့ အချိန်းအချက်လုပ်ရာ အော်ပရေတာဘဲ ဖြစ်ပါတယ်။ ဘယ်သူလာသွားပြီ၊ ဘယ်သူပြန်သွားပြီ၊ ဘယ်သူ ဘာမှာသွားတယ်၊ ဘယ်သူ နောက်ကျမယ် စောင့်ပါမှာသွားတယ် စသဖြင့် အချိန်းအချက်မှန်သမျှ သတင်းပို့ပေးရသူ ဖြစ်ပါတယ်။

ကိုဖိုးထောင်တို့မိသားစု ထမင်းဆိုင်ကတော့ စိုးမြင့်ကြော် စတင်ရာ ဘူမိနက်သန်ဘဲ ဖြစ်ပါတယ်။ တစ်နေ့ တစ်နေ့ စားလိုက်ကြတာ ထမင်းကြော်၊ ထမင်းပေါင်း၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ကြက်ဥမွှေကြာ်၊ အစိမ်းကြော်၊ ချိုချဉ် ကြော်၊ တောက်တောက်ကြော်၊ ကုန်းဘောင်ကြီးကြော် ကြာတော့ ထပ်နေတော့တာပေါ့။ ဒီကြားထဲ ဂျီးများတဲ့သူက ရှိသေးတယ်။ ဟို ဟာလျော့၊ ဒီဟာလျော့၊ ဒါပိုထည့်ပေး၊ ကော်ရည် လျော့၊ အစပ်လျော့ အမျိုးမျိုး ဒုက္ခပေးကြတာပေါ့။ ကိုဖိုးထောင်တို့ကလည်း စိတ်ရှည်ပါတယ်။ စားသောက်ဆိုင်တွေထဲမှာတော့ ကျောင်းထဲမှာ ဖွင့်တဲ့ ကန်တင်းက စားသောက်ဆိုင်တွေက သနားစရာ အကောင်းဆုံးပါဘဲ။ ဈေးသက်သာတဲ့အပြင် အကြွေးလည်းထားရ၊ ကျောင်းသား တွေလည်းကြောက်ရ၊ အမြတ်အစွန်းလည်း သိပ်မရ၊ စေတနာ တစ်အား ကောင်းကြပါတယ်။

စိုးမြင့်ကြော် ဇာတ်လမ်း စပါတော့မယ်။ အခု ပေါင်းနေတဲ့ အုပ်စုထဲမှာ စိန်ဂျွန်းထဲကပေါင်းတဲ့ သူငယ်ချင်းတွေလည်းပါ ပါတယ်။ ပိုက်ဆံလည်း အများစုက တတ်နိုင်ကြပါတယ်။ အဲ့မှာ အစားအသောက် ဂျီးများကြရင်း ကိုယ်တွေက စိန်ဂျွန်း ကျောင်းတုန်းက စားခဲ့တဲ့ အပျိုကြီး ထမင်းကြော်ကို သတိရသွားတယ်။ အိမ်မှာလည်း တစ်ခါတစ်လေ စမ်းပြီး ကြော်စားနေကြဆိုတော့၊ ဘယ်သူစားမလဲ ငါကြော်ကျွေး မယ်ဆိုတော့ တစ်ချို့က မယုံကြဘူး။ တရုတ်စာ ကောင်းကောင်း ချက်တတ်တာမသိကြဘူး။ သိတဲ့ သူငယ်ချင်းတွေ က မြှောက်ပေးတယ်။ ဟေ့ကောင် စိုးမြင့် ချက်ပြလိုက်ကွာဆိုတော့ ကိုယ်တွေက အရှက် မရှိ ကိုဖိုးထောင်တို့ မီးဖိုထဲဝင်ပြီး စီမံရတော့တာပေါ့။ ဆီများတာ မကြိုက်တဲ့သူ၊ ကော်ရည် မကြိုက်တဲ့သူ အတွက်စဉ်းစားပြီး အပျိုကြီး ထမင်းကြော်ကို မှီငြမ်းပြီး၊ အစိမ်းကြော် ဆန်ဆန် အရွက်၂ မျိုး ၃ မျိုး ထည့်ပြီး ကြော်လိုက်တာပေါ့။ ကြက်သားဖြစ်ဖြစ်၊ ဝက်သားဖြစ်ဖြစ် နုတ်နုတ်မစဉ်းဘဲ အပျိုကြီး ဆိုင်က ထမင်းကြော် အတိုင်း ခပ်ပြားပြားလှီးပြီး ထည့်ကြော်တော့ ပုစံတစ်မျိုး ဖြစ်သွားတာပေါ့။ ထမင်းကို လည်း အဲ့ဒီခေတ်က ဘယ်သူမှ မလုပ်သေးတဲ့ ပုံ၊ ပုဂံလုံးထဲ ထည့်သိပ်ပြီး ပုဂံပြားထဲ မှောက်ချလိုက်တဲ့အခါ ဒီဇိုင်းဆန်းသွားတာပေါ့။ ကြက်ဥကလည်း ထည့်ချင်လည်းရတယ်။ မထည့်ချင်လည်း ရတယ် ဆိုတော့ အိုကေသွားပြီ။

ပထမတော့ သူနဲနဲမြည်း ကိုယ်နဲနဲမြည်းပေါ့။ နောက်ကြတော့ သူတစ်ပွဲမှာစား ကိုယ်တစ်ပွဲမှာစားပေါ့။ နောက်ပိုင်း ကြတော့ ဖော်မြူလာ တတ်သွားပြီဖြစ်တဲ့ ကိုဖိုးထောင်ကဘဲ ကြော်ပေးတာပါ။ နာမည် ဖြစ်ပေါ်လာပုံကတော့ ရီစရာပါ။ သူငယ်ချင်းတွေက ကိုယ်မရှိလည်း သွားစားကြတဲ့အခါကိုဖိုးထောင်ရေ စိုးမြင့်ကြော်တာမျိုး တစ်ပွဲကြော်ပေးပါ။ ၂ ပွဲကြော်ပေးပါ စသဖြင့် မှာကြတာပေါ့။ ကိုယ်တွေ အဖွဲ့က အဲ့လိုမှာစားကြတော့ ကိုဖိုးထောင်တို့ဆိုင်မှာ လာစားနေကြ အခြားကျောင်းသားအဖွဲ့တွေကလည်း မေးပြီ။ ကိုဖိုးထောင် အဲ့ဒါ ဘာကြော်လဲ။ သူတို့ဘာတွေ မှာစားနေတာလည်းပေါ့။ သူတို့ကော မှာစားလို့ မရဘူးလားဆိုတော့ ကိုဖိုးထောင်က နောက်နေ့ကျ ခွင့်တောင်းပြီ။ ကိုစိုးမြင့်ရေ အခြား ကျောင်းသားတွေကလည်း စားချင်လို့ မေးနေကြတယ်။ ကျွန်တော် ကြော်ရောင်းလို့ရမလား ဆိုတော့၊ ကိုယ်တွေကလည်း ဘာမှ ကန့်ကွက်စရာမရှိတာမို့ ရောင်းပေါ့ ဘာမှမဖြစ်ပါဘူး ကိုဖိုးထောင် သဘောဆိုတော့ သူတို့လည်း စရောင်းတာပေါ့။ မှာတဲ့အခါကြတော့ ဟင်းပွဲက နာမည်မရှိတော့ ဝိတ်တာလေးတွေက ကိုဖိုးထောင်ရေ ကိုစိုးမြင့်ကြော်တာမျိုး ၂ပွဲ၊ ၄ပွဲ ဆိုပြီး အော်ပြောကြတာပေါ့။ နောက်ကြတော့ ကိုစိုးမြင့်ကြော်တာမျိုး ဆိုရာကနေ ကိုစိုးမြင့်ကြော် ပြီးမှ ခပ်လွယ်လွယ် စိုးမြင့်ကြော်ဆိုပြီး ကိုဖိုးထောင်တို့ဆိုင်မှာ ရောင်းကောင်းလာတော့တယ်။

ပြသနာက စလာပြီ။ ကိုဖိုးထောင်တို့ဆိုင်မှာ ရောင်းကောင်းတော့ ဘေးတစ်ဆိုင်ကျော်က ထမင်းကြော်ဆိုင်ကလည်း ခပ်တည်တည် လိုက်ကြော်ရောင်းပြီ။ အဲ့မှာ ကိုဖိုးထောင်နဲ့ စကားများကြတာပေါ့။ ကိုဖိုးထောင်က တိုင်ပြီ။ ကိုစိုးမြင့် ကျွန်တော်တို့က မူပိုင်၊ သူတို့က လိုက်တုရောင်းတာ ဘယ်လိုလုပ်ရမလဲဆိုတော့ ကိုယ်တွေကကြားက ဒုက္ခရောက် ရတာပေါ့။ ဒါနဲ့ ကိုဖိုးထောင်ကို ချော့မော့ပြီး ရောင်းပစေ ပေါ့ဗျာ။ ဘာတတ်နိုင်မှာလဲ ကိုယ့်မိတ်နဲ့ ကိုယ်ဘဲ၊ သူလည်း ရောင်းပါစေ၊ ကိုယ်လည်းရောင်းပေါ့၊ ပိတ်ပင်လို့မှ မရတာဆိုတော့ သူလည်း စိတ်လျော့ရတော့တာပေါ့။ ဒီလိုနဲ့ မီနူးမှာကို ”စိုးမြင့်ကြော်“ ဆိုပြီး ထည့်ပြီး ရောင်းကြတာပေါ့။ အဲ့ဒီကမှ Mainထဲမှာတင် Arts ကန်တင်း Eco ကန်တင်း အကုန် ပျံ့နှံ့ သွားတာပေါ့။ နောက်မကြာပါဘူး RC 2 ထဲမှာပါ မှာစားလို့ရတဲ့အထိ ဖြစ်လာပါတယ်။

ကနေ့ဆိုယင်တော့ မြန်မာပြည်အနှံ့မှာရှိတဲ့ တက္ကသိုလ်ကန်တင်းတိုင်းလိုလိုမှာ ရှိတဲ့ စားစရာ အမယ်တစ်မျိုးအဖြစ် တွေ့ရှိနေရတာ ဖြစ်ပါတယ်။ (သူငယ်ချင်း နာမည်တွေ ထည့်မရေးတာ ခွင့်လွှတ်ပါ။ တစ်ချို့က ခုအချိန်မှာ သူဌေးကြီးတွေဖြစ်နေတော့ ကြိုက်မှန်းမသိ မကြိုက်မှန်းမသိဆိုတော့ .. အားလုံးကို သတိရလျက် ……..)

Credit: ဦးစိုးမြင့်၏ facebook Account မှကူးယူဖော်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *