ဗဟုတုသ

ဆန္ေတြ ခဏခဏပိုးတက္ျခင္း၊ ပိုးဟပ္ေတြမ်ားေနျခင္း၊ ယင္ေကာင္ေတြ လာလြန္းျခင္း၊ ပုရြတ္ဆိတ္ေတြ တက္လြန္းျခင္းအတြက္ သဘာ၀ နည္းလမ္းေကာင္းမ်ား။

(Zawgyi)
အင္းဆက္ပိုးမႊားေတြကို ဖယ္ရွားေပးႏိုင္မယ့္ သဘာဝနည္းလမ္းေကာင္းမ်ား

အိမ္တြင္းက အင္းဆက္ပိုးမႊားေတြကို ဓာတုပစၥည္းေတြနဲ႔ ျပဳလုပ္ထားတဲ့ ပိုးသတ္ေဆးေတြရဲ႕ အကူအညီနဲ႔ ႏွိမ္ႏွင္း ႏိုင္တယ္ဆိုေပမယ့္ ဓာတုပစၥည္းေတြပါဝင္တဲ့ ပိုးသတ္ေဆးေတြကို ေရရွည္အသုံးျပဳမယ္ ဆိုရင္ က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။

ဒါေၾကာင့္မို႔လို႔ အင္းဆက္ပိုးမႊားေတြကို သဘာဝပစၥည္းေတြ အသုံးျပဳၿပီး ႏွိမ္နင္းႏိုင္မယ့္ နည္းလမ္းေကာင္းေတြ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

(၁) ပု႐ြက္ဆိတ္

မီးဖိုေခ်ာင္၊ ထမင္းစားပြဲနဲ႔ အိမ္ရဲ႕ေနရာအႏွံ႔မွာ ေတြ႕ရတတ္တဲ့ ပု႐ြက္ဆိတ္ေတြကိုေတာ့ သူတို႔ လာတတ္တဲ့ ေနရာတဝိုက္မွာ သခြားသီးစိတ္ေလးေတြ ထားေပးျခင္းအားျဖင့္ ေဝးေဝးေျပးေစႏိုင္မွာ ျဖစ္ပါတယ္။ ေနာက္ထပ္ နည္းလမ္းေကာင္းတခုကေတာ့ သစ္ႀကံပိုးေခါက္မႈန႔္ အနည္းငယ္ကို ပု႐ြက္ဆိတ္ေတြရွိတဲ့ ေနရာတဝိုက္မွာ ျဖဴးေပးထားျခင္း အားျဖင့္လည္း ႏွိမ္နင္းႏိုင္မွာ ျဖစ္ပါတယ္။

(၂) ပိုးဟပ္

ပိုးဟပ္ေတြက အႏၲရာယ္မ်ားတဲ့ ကူးစက္ေရာဂါေတြကို သယ္ယူလာႏိုင္တဲ့ အင္းဆက္တမ်ိဳး ျဖစ္တာေၾကာင့္ အထူး သတိထားသင့္ပါတယ္။ သခြားသီးစိတ္ေလးေတြကို ပိုးဟပ္ေတြ လာတတ္တဲ့ ေနရာေတြမွာ ထားေပးျခင္းအားျဖင့္ ႏွိမ္နင္းႏိုင္သလို ပိုးဟပ္ေတြရွိတဲ့ ေနရာ တဝိုက္ကို ဆပ္ျပာ အရည္ေဖ်ာ္ၿပီး ေလာင္းခ်ေပးျခင္းအားျဖင့္လည္း ႏွိမ္နင္းႏိုင္မွာ ျဖစ္ပါတယ္။

(၃) ဆန္ပိုး

ဆန္ပုံးထဲက ဆန္ေတြ ခဏခဏ ပိုးတက္လို႔ စိတ္ညစ္ေနရတဲ့ အိမ္ရွင္မေတြ အေနနဲ႔ ဆန္ပုံးထဲကို ေလးညႇင္းပြင့္ ဒါမွမဟုတ္ ကရေဝး႐ြက္တို႔ကို ထည့္ၿပီး ႏွိမ္နင္းႏိုင္မွာ ျဖစ္ပါတယ္။

(၄) ယင္ေကာင္

အစားအစာေတြမွာ နားတတ္တဲ့ ယင္ေကာင္ေတြဟာ က်န္းမာေရးအတြက္ အႏၲရာယ္ရွိလွတဲ့ အင္းဆက္တမ်ိဳး ျဖစ္ၿပီး ယင္ေကာင္ေတြကို ႏွိမ္နင္းႏိုင္ဖို႔ နည္းလမ္းေကာင္းကေတာ့ ယူကလစ္ဆီ အနည္းငယ္ကို ခ်ည္ထည္ အဝတ္စတခုေပၚမွာ အနည္းငယ္ အစက္ခ် ထည့္ေပးၿပီး ယင္ေကာင္ေတြ ရွိတဲ့ ေနရာတဝိုက္မွာ ထားေပးျခင္းအားျဖင့္ ႏွိမ္နင္းႏိုင္မွာ ျဖစ္ပါတယ္။

Ref : dengarden.com

Credit – ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy – Burmese Edition

(Unicode)
အင်းဆက်ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်မယ့် သဘာဝနည်းလမ်းကောင်းများ

အိမ်တွင်းက အင်းဆက်ပိုးမွှားတွေကို ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ပိုးသတ်ဆေးတွေရဲ့ အကူအညီနဲ့ နှိမ်နှင်း နိုင်တယ်ဆိုပေမယ့် ဓာတုပစ္စည်းတွေပါဝင်တဲ့ ပိုးသတ်ဆေးတွေကို ရေရှည်အသုံးပြုမယ် ဆိုရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့်မို့လို့ အင်းဆက်ပိုးမွှားတွေကို သဘာဝပစ္စည်းတွေ အသုံးပြုပြီး နှိမ်နင်းနိုင်မယ့် နည်းလမ်းကောင်းတွေ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) ပုရွက်ဆိတ်

မီးဖိုချောင်၊ ထမင်းစားပွဲနဲ့ အိမ်ရဲ့နေရာအနှံ့မှာ တွေ့ရတတ်တဲ့ ပုရွက်ဆိတ်တွေကိုတော့ သူတို့ လာတတ်တဲ့ နေရာတဝိုက်မှာ သခွားသီးစိတ်လေးတွေ ထားပေးခြင်းအားဖြင့် ဝေးဝေးပြေးစေနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် နည်းလမ်းကောင်းတခုကတော့ သစ်ကြံပိုးခေါက်မှုန့် အနည်းငယ်ကို ပုရွက်ဆိတ်တွေရှိတဲ့ နေရာတဝိုက်မှာ ဖြူးပေးထားခြင်း အားဖြင့်လည်း နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

(၂) ပိုးဟပ်

ပိုးဟပ်တွေက အန္တရာယ်များတဲ့ ကူးစက်ရောဂါတွေကို သယ်ယူလာနိုင်တဲ့ အင်းဆက်တမျိုး ဖြစ်တာကြောင့် အထူး သတိထားသင့်ပါတယ်။ သခွားသီးစိတ်လေးတွေကို ပိုးဟပ်တွေ လာတတ်တဲ့ နေရာတွေမှာ ထားပေးခြင်းအားဖြင့် နှိမ်နင်းနိုင်သလို ပိုးဟပ်တွေရှိတဲ့ နေရာ တဝိုက်ကို ဆပ်ပြာ အရည်ဖျော်ပြီး လောင်းချပေးခြင်းအားဖြင့်လည်း နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

(၃) ဆန်ပိုး

ဆန်ပုံးထဲက ဆန်တွေ ခဏခဏ ပိုးတက်လို့ စိတ်ညစ်နေရတဲ့ အိမ်ရှင်မတွေ အနေနဲ့ ဆန်ပုံးထဲကို လေးညှင်းပွင့် ဒါမှမဟုတ် ကရဝေးရွက်တို့ကို ထည့်ပြီး နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

(၄) ယင်ကောင်

အစားအစာတွေမှာ နားတတ်တဲ့ ယင်ကောင်တွေဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိလှတဲ့ အင်းဆက်တမျိုး ဖြစ်ပြီး ယင်ကောင်တွေကို နှိမ်နင်းနိုင်ဖို့ နည်းလမ်းကောင်းကတော့ ယူကလစ်ဆီ အနည်းငယ်ကို ချည်ထည် အဝတ်စတခုပေါ်မှာ အနည်းငယ် အစက်ချ ထည့်ပေးပြီး ယင်ကောင်တွေ ရှိတဲ့ နေရာတဝိုက်မှာ ထားပေးခြင်းအားဖြင့် နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

Ref : dengarden.com

Credit – ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *