ဗဟုတုသ

စကၠန္႔ (၆၀) အတြင္း အိပ္ေမာက်ေစမယ့္ အသက္ရႈ ေလ့က်င့္ခန္း

(Zawgyi)
စကၠန္႔ (၆၀) အတြင္း အိပ္ေမာက်ေစမယ့္ အသက္ရႈ ေလ့က်င့္ခန္း

စိတ္ဖိစီးမႈေၾကာင့္ပဲျဖစ္ျဖစ္ ညဖက္မွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ဖို႔ခက္ေနလား။ ၄-၇-၈ ဆိုတဲ့ အသက္ရႈ ေလ့က်င့္ခန္းတစ္ခုကို မိတ္ဆက္ေပးခ်င္ပါတယ္။ ဒီနည္းလမ္းက ဦးေႏွာက္ကေန ေတြးေနတဲ့ အေတြးေတြကို ရပ္တန္႔ၿပီး အိပ္ေမာက်ေစဖို႔ အကူအညီျဖစ္ေစမွာပါ။ ဒီနည္းလမ္းကိုေတာ့ အေမရိကန္က နာမည္ေက်ာ္ ဆရာ၀န္တစ္ဦးျဖစ္တဲ့ Dr. Andrew Weil က ေျပာျပ ေပးခဲ့တာပါ။ ဒါက သင့္ရဲ့ အသက္ရႈတဲ့နည္းလမ္းကို ပံုမွန္ျဖစ္ေအာင္ ထိန္းခ်ဳပ္ေပးႏိုင္တဲ့ နည္းလမ္းလည္း ျဖစ္ပါတယ္။ အရမ္းကို စိတ္၀င္စားစရာေကာင္းၿပီး အဆုတ္ထဲမွာ ေအာက္စီဂ်င္ေရာက္ရွိမႈလည္း ပိုေကာင္းတယ္သလို စိတ္ကိုလည္း တည္ၿငိမ္ေစတယ္လို႔ ဆိုပါတယ္။ တခ်ိဳ႕သူေတြဟာ စိတ္ဖိစီးမႈေၾကာင့္ ညအိပ္ယာမ၀င္ခင္ TV Screenေတြ၊ ကြန္ပ်ဴတာေတြ ဖုန္းေတြ အၾကည့္မ်ားတာေၾကာင့္ပဲျဖစ္ျဖစ္ အေတြးမ်ားလို႔ပဲျဖစ္ျဖစ္ အိပ္မေပ်ာ္ၾကပါဘူး။ ကိုယ့္ရဲ့ ဦးေႏွာက္ကေန ေတာင္စဥ္ေရမရ ေလွ်ာက္ေတြးေနတဲ့ အေတြးေတြကို ရပ္ပစ္လိုက္ဖို႔က တကယ္ကို ခက္ခဲပါတယ္။

၄၊ ၇ နဲ႔ ၈ ဆိုတာဘာလဲဆိုတဲ့ ေမးခြန္းရွိပါတယ္။ Dr. Andrew Weil ကေတာ့ ဒီကုသနည္းဟာ စိတ္ဖိစီးမႈကို တန္ျပန္တုန္႔ျပန္တဲ့သေဘာ ျဖစ္တယ္လို႔ ဆိုပါတယ္။ နည္းလမ္းကလည္း လြယ္ကူၿပီး ရိုးရွင္ပါတယ္။ အရင္ဆံုး အသက္ကို ၄ စကၠန္႔ေလာက္ ရႈသြင္းပါ။ ၇ စကၠန္႔ေလာက္ ေအာင့္ထားပါ။ ၿပီးရင္ ၈ စကၠန္႔ေလာက္ ေလျပန္ထုတ္ေပးပါ။ လြယ္တယ္ေနာ္။ ဒီနည္းလမ္းက ႏွလံုးခုန္ႏႈန္းကို တျဖည္းျဖည္းေႏွးသြားၿပီး ဦးေႏွာက္ထဲက အေတြးေတြ ကို သက္သာေစသလို သင့္ကိုလည္း စိတ္တည္ၿငိမ္ ေစမွာျဖစ္ပါတယ္။ ညဖက္ အိပ္မေပ်ာ္ျဖစ္ေနတယ္ဆိုရင္ ဒီနည္းလမ္းေလး ကို စမ္းသပ္ၾကည့္ဖို႔ အႀကံျပဳလိုပါတယ္။ ရိုးရွင္းလြယ္ကူျပီး အပန္းမႀကီးပါဘူး။ စာဖတ္သူတို႔ စိတ္ဖိစီးမႈ ကင္းေ၀းၿပီး ညဖက္မွာ အိပ္မက္လွလွမက္ၾကပါေစ။
Credit – MyStyle Myanmar

(Unicode)
စက္ကန့် (၆၀) အတွင်း အိပ်မောကျစေမယ့် အသက်ရှု လေ့ကျင့်ခန်း

စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ဖြစ် ညဖက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ခက်နေလား။ ၄-၇-၈ ဆိုတဲ့ အသက်ရှု လေ့ကျင့်ခန်းတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီနည်းလမ်းက ဦးနှောက်ကနေ တွေးနေတဲ့ အတွေးတွေကို ရပ်တန့်ပြီး အိပ်မောကျစေဖို့ အကူအညီဖြစ်စေမှာပါ။ ဒီနည်းလမ်းကိုတော့ အမေရိကန်က နာမည်ကျော် ဆရာဝန်တစ်ဦးဖြစ်တဲ့ Dr. Andrew Weil က ပြောပြပေးခဲ့တာပါ။ ဒါက သင့်ရဲ့ အသက်ရှုတဲ့နည်းလမ်းကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးနိုင်တဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ အရမ်းကို စိတ်ဝင်စားစရာကောင်းပြီး အဆုတ်ထဲမှာ အောက်စီဂျင်ရောက်ရှိမှုလည်း ပိုကောင်းတယ်သလို စိတ်ကိုလည်း တည်ငြိမ်စေတယ်လို့ ဆိုပါတယ်။ တချို့သူတွေဟာ စိတ်ဖိစီးမှုကြောင့် ညအိပ်ယာမဝင်ခင် TV Screenတွေ၊ ကွန်ပျူတာတွေ ဖုန်းတွေ အကြည့်များတာကြောင့်ပဲဖြစ်ဖြစ် အတွေးများလို့ပဲဖြစ်ဖြစ် အိပ်မပျော်ကြပါဘူး။ ကိုယ့်ရဲ့ ဦးနှောက်ကနေ တောင်စဉ်ရေမရ လျှောက်တွေးနေတဲ့ အတွေးတွေကို ရပ်ပစ်လိုက်ဖို့က တကယ်ကို ခက်ခဲပါတယ်။

၄၊ ၇ နဲ့ ၈ ဆိုတာဘာလဲဆိုတဲ့ မေးခွန်းရှိပါတယ်။ Dr. Andrew Weil ကတော့ ဒီကုသနည်းဟာ စိတ်ဖိစီးမှုကို တန်ပြန်တုန့်ပြန်တဲ့သဘော ဖြစ်တယ်လို့ ဆိုပါတယ်။ နည်းလမ်းကလည်း လွယ်ကူပြီး ရိုးရှင်ပါတယ်။ အရင်ဆုံး အသက်ကို ၄ စက္ကန့်လောက် ရှုသွင်းပါ။ ၇ စက္ကန့်လောက် အောင့်ထားပါ။ ပြီးရင် ၈ စက္ကန့်လောက် လေပြန်ထုတ်ပေးပါ။ လွယ်တယ်နော်။ ဒီနည်းလမ်းက နှလုံးခုန်နှုန်းကို တဖြည်းဖြည်းနှေးသွားပြီး ဦးနှောက်ထဲက အတွေးတွေ ကို သက်သာစေသလို သင့်ကိုလည်း စိတ်တည်ငြိမ် စေမှာဖြစ်ပါတယ်။ ညဖက် အိပ်မပျော်ဖြစ်နေတယ်ဆိုရင် ဒီနည်းလမ်းလေး ကို စမ်းသပ်ကြည့်ဖို့ အကြံပြုလိုပါတယ်။ ရိုးရှင်းလွယ်ကူပြီး အပန်းမကြီးပါဘူး။ စာဖတ်သူတို့ စိတ်ဖိစီးမှု ကင်းဝေးပြီး ညဖက်မှာ အိပ်မက်လှလှမက်ကြပါစေ။
Credit – MyStyle Myanmar

Leave a Reply

Your email address will not be published. Required fields are marked *