ဗဟုတုသ

၀က္ၿခံအမာ႐ြတ္ လက္ေတြ႕ေပ်ာက္နည္း

(Zawgyi)
ဝက္ၿခံခြက္ေတြ လက္ေတြ႕ ေပ်ာက္ကင္းဖို႔ အေကာင္းဆုံးနည္းေပးပါရေစ။ ဒီနည္းက တကယ္လည္း သိသာထင္ရွားတဲ့ နည္းတခုျဖစ္တယ္။ ဝက္ၿခံအမာ႐ြတ္ခြက္ေတြ ကုသဖို႔ ၾကက္ဥတစ္လုံး၊ ပ်ားရည္ ထမင္းစားဇြန္း တစ္ဇြန္း၊ ေရွာက္သီး တစ္ျခမ္း၊ ဒိန္ခ်ဥ္ တစ္ဇြန္းနဲ႔ မုန႔္ဖုတ္ေဆာ္ဒါ လက္ဖက္ရည္တစ္ဇြန္းစာ လိုအပ္ပါတယ္။

ျပဳလုပ္နည္း

– ၾကက္ဥတလုံးကို ေဖာက္ၿပီး ေဘးအကာ(အျဖဴႏွစ္)ကိုယူၿပီး ပန္ကန္လုံးတခုထဲထည့္ပါ။

– ၿပီးရင္ ပ်ားရည္နဲ႔ ဒိန္ခ်ဥ္ ထမင္းစားဇြန္းတစ္ဇြန္းစီထည့္ၿပီး ေမႊပါ။

– ေနာက္မွ ေရွာက္သီးတျခမ္းကို အရည္ညႇစ္ၿပီး မုန႔္ဖုတ္ေဆာ္ဒါနဲ႔ေရာပါ။

– ဒီေနရာမွာ ေဆာ္ဒါဟာ ေရွာက္သီးရည္နဲ႔ ထိတဲ့အခါ ဓာတ္ျပဳၿပီး အျမႇဳပ္ထလာလိမ့္မယ္။

– အဆိုပါအေရာကို သန႔္စင္တဲ့ အဝတ္တခုနဲ႔စိမ္ပါ။ တခ်ိဳ႕က ဂြမ္းနဲ႔ပြတ္ၿပီးမွ အေပၚက သန႔္စင္တဲ့ အဝတ္စ gauze ကို ကပ္ၾကတယ္။ ဘယ္လိုျဖစ္ျဖစ္ရပါတယ္။ လိုရင္းက ေဆးကို အေရျပားက စုပ္ယူမႈ အားေကာင္းေစဖို႔ အဝတ္စတခုခု ဖုံးအုပ္ဖို႔ အတြက္သာျဖစ္တယ္။

– မ်က္ႏွာမွာတင္ၿပီးရင္ မိနစ္(၃၀)ၾကာထားပါ။

– ၿပီးရင္ ၾကက္သီးေႏြးေရနဲ႔ ခပ္ဖြဖြေဆးၿပီး မ်က္ႏွာသစ္ပါ။

– အဲလိုအခ်ိန္ facial foam မသုံးပါနဲ႔။ မ်က္ႏွာသစ္ၿပီးတဲ့အခါ အဝတ္နဲ႔အရင္သုတ္ပါ။ ၿပီးမွ ေရေအးနဲ႔ ေသခ်ာျပန္သစ္ရမယ္။

အဆိုပါနည္းဟာ ဝက္ၿခံအမာ႐ြတ္အတြက္ အေကာင္းဆုံးနည္းျဖစ္ပါတယ္။ ညစဥ္လုပ္ေပး႐ုံနဲ႔ သုံးလအၾကာမွာ အမာ႐ြတ္ေတြ သိသိသာသာ သက္သာေလွ်ာ့ပါးလာမွာ ျဖစ္တယ္။

Credit : ေဒါက္တာ ေအးမင္းထူး

(Unicode)
ဝက်ခြံခွက်တွေ လက်တွေ့ ပျောက်ကင်းဖို့ အကောင်းဆုံးနည်းပေးပါရစေ။ ဒီနည်းက တကယ်လည်း သိသာထင်ရှားတဲ့ နည်းတခုဖြစ်တယ်။ ဝက်ခြံအမာရွတ်ခွက်တွေ ကုသဖို့ ကြက်ဥတစ်လုံး၊ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်း၊ ရှောက်သီး တစ်ခြမ်း၊ ဒိန်ချဉ် တစ်ဇွန်းနဲ့ မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်တစ်ဇွန်းစာ လိုအပ်ပါတယ်။

ပြုလုပ်နည်း

– ကြက်ဥတလုံးကို ဖောက်ပြီး ဘေးအကာ(အဖြူနှစ်)ကိုယူပြီး ပန်ကန်လုံးတခုထဲထည့်ပါ။

– ပြီးရင် ပျားရည်နဲ့ ဒိန်ချဉ် ထမင်းစားဇွန်းတစ်ဇွန်းစီထည့်ပြီး မွှေပါ။

– နောက်မှ ရှောက်သီးတခြမ်းကို အရည်ညှစ်ပြီး မုန့်ဖုတ်ဆော်ဒါနဲ့ရောပါ။

– ဒီနေရာမှာ ဆော်ဒါဟာ ရှောက်သီးရည်နဲ့ ထိတဲ့အခါ ဓာတ်ပြုပြီး အမြှုပ်ထလာလိမ့်မယ်။

– အဆိုပါအရောကို သန့်စင်တဲ့ အဝတ်တခုနဲ့စိမ်ပါ။ တချို့က ဂွမ်းနဲ့ပွတ်ပြီးမှ အပေါ်က သန့်စင်တဲ့ အဝတ်စ gauze ကို ကပ်ကြတယ်။ ဘယ်လိုဖြစ်ဖြစ်ရပါတယ်။ လိုရင်းက ဆေးကို အရေပြားက စုပ်ယူမှု အားကောင်းစေဖို့ အဝတ်စတခုခု ဖုံးအုပ်ဖို့ အတွက်သာဖြစ်တယ်။

– မျက်နှာမှာတင်ပြီးရင် မိနစ်(၃၀)ကြာထားပါ။

– ပြီးရင် ကြက်သီးနွေးရေနဲ့ ခပ်ဖွဖွဆေးပြီး မျက်နှာသစ်ပါ။

– အဲလိုအချိန် facial foam မသုံးပါနဲ့။ မျက်နှာသစ်ပြီးတဲ့အခါ အဝတ်နဲ့အရင်သုတ်ပါ။ ပြီးမှ ရေအေးနဲ့ သေချာပြန်သစ်ရမယ်။

အဆိုပါနည်းဟာ ဝက်ခြံအမာရွတ်အတွက် အကောင်းဆုံးနည်းဖြစ်ပါတယ်။ ညစဉ်လုပ်ပေးရုံနဲ့ သုံးလအကြာမှာ အမာရွတ်တွေ သိသိသာသာ သက်သာလျှော့ပါးလာမှာ ဖြစ်တယ်။

Credit : ဒေါက်တာ အေးမင်းထူး

Leave a Reply

Your email address will not be published. Required fields are marked *