ဗဟုတုသ

ကိုယ္လက္ ကိုက္ခဲ ေတာင့္တင္းၿပီး အျမဲဇက္ေၾကာတက္ေနသူမ်ားအတြက္ ေဆးနည္းလြယ္

(Zawgyi)

႐ုံးကျပန္လာတိုင္း အၿမဲတမ္း ကိုယ္လက္ေတြ ကိုက္ခဲေတာင့္တင္းၿပီး ဇက္ေၾကာေတြ တက္လွသည္ဟုဆိုကာ နင္းပါဦး ႏွိပ္ပါဦး မိသားစုဝင္မ်ားအား အကူအညီေတာင္းခံတက္ေသာ ဖခင္အားၾကည့္ၿပီး ဂ႐ုဏာသက္မိသည္။

ထိုမွ်မက ဇက္ေၾကာကို ထင္းေခ်ာင္းျဖင့္ ထုခိုင္း၊ သနပ္ခါးတုံးျဖင့္ ထုခိုင္း ေစခိုင္းတတ္ျပန္သည္။ ထိုကာလသည္က (၆) ႏွစ္မကပင္ ၾကာမည္ထင္ပါသည္။ ယခုမျဖစ္ေတာ့ပါ။ နည္းလမ္းေကာင္းေလး ရလိုက္၍လည္း ျဖစ္၏။

-နည္းလမ္း

ေန႔စဥ္ အုန္းမႈတ္ခြက္ နင္းျခင္းျဖစ္သည္။ ႐ုံးက ျပန္လာသည္ႏွင့္ ေရမိုးခ်ိဳးသည္။ ၿပီးေနာက္ အိမ္နီးနားရွိ သက္ရင္းႀကီးပင္မွ သက္ရင္းႀကီး႐ြက္ (၂) ႐ြက္ကိုခူးကာ အုန္းမႈတ္ခြက္ေပၚ တင္လိုက္ၿပီး ေျခဖဝါးျပင္ႏွစ္ဖက္ ေနရာအႏွံ႔ မုန္ညင္းဆီကို လူးေတာ့သည္။

ထိုေနာက္ မုန္ညင္းဆီ လိမ္းထားေသာ ေျခဖဝါးႏွစ္ဖက္ျဖင့္ သက္ရင္းႀကီး႐ြက္ အသင့္တင္ထားေသာ အုန္းမႈတ္ခြက္ေပၚသို႔ (၁၅) မိနစ္ခန႔္ စိတ္တိုင္းၾက နင္းျခင္း ျဖစ္ေလသည္။ အေဖ ႏွစ္ေပါင္းမ်ားစြာ ခံစားရခက္ေသာ ကိုယ္လက္ေတာင့္တင္း ဇက္ေၾကာတက္ျခင္း အမွန္ပင္ ယေန႔ခ်ိန္ထိ ေပ်ာက္ကင္းသြားေလသည္။

လိုသူတို႔သုံး ေစတနာ အၿပဳံးျဖင့္ ႐ႊင္လန္းႏိုင္ပါေစ။

Credit : ရဲမ်ိဳးသူ (ေဗာဓိၿမိဳင္)

(Unicode)

ရုံးကပြန်လာတိုင်း အမြဲတမ်း ကိုယ်လက်တွေ ကိုက်ခဲတောင့်တင်းပြီး ဇက်ကြောတွေ တက်လှသည်ဟုဆိုကာ နင်းပါဦး နှိပ်ပါဦး မိသားစုဝင်များအား အကူအညီတောင်းခံတက်သော ဖခင်အားကြည့်ပြီး ဂရုဏာသက်မိသည်။

ထိုမျှမက ဇက်ကြောကို ထင်းချောင်းဖြင့် ထုခိုင်း၊ သနပ်ခါးတုံးဖြင့် ထုခိုင်း စေခိုင်းတတ်ပြန်သည်။ ထိုကာလသည်က (၆) နှစ်မကပင် ကြာမည်ထင်ပါသည်။ ယခုမဖြစ်တော့ပါ။ နည်းလမ်းကောင်းလေး ရလိုက်၍လည်း ဖြစ်၏။

-နည်းလမ်း

နေ့စဉ် အုန်းမှုတ်ခွက် နင်းခြင်းဖြစ်သည်။ ရုံးက ပြန်လာသည်နှင့် ရေမိုးချိုးသည်။ ပြီးနောက် အိမ်နီးနားရှိ သက်ရင်းကြီးပင်မှ သက်ရင်းကြီးရွက် (၂) ရွက်ကိုခူးကာ အုန်းမှုတ်ခွက်ပေါ် တင်လိုက်ပြီး ခြေဖဝါးပြင်နှစ်ဖက် နေရာအနှံ့ မုန်ညင်းဆီကို လူးတော့သည်။

ထိုနောက် မုန်ညင်းဆီ လိမ်းထားသော ခြေဖဝါးနှစ်ဖက်ဖြင့် သက်ရင်းကြီးရွက် အသင့်တင်ထားသော အုန်းမှုတ်ခွက်ပေါ်သို့ (၁၅) မိနစ်ခန့် စိတ်တိုင်းကြ နင်းခြင်း ဖြစ်လေသည်။ အဖေ နှစ်ပေါင်းများစွာ ခံစားရခက်သော ကိုယ်လက်တောင့်တင်း ဇက်ကြောတက်ခြင်း အမှန်ပင် ယနေ့ချိန်ထိ ပျောက်ကင်းသွားလေသည်။

လိုသူတို့သုံး စေတနာ အပြုံးဖြင့် ရွှင်လန်းနိုင်ပါစေ။

Credit : ရဲမျိုးသူ (ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *