ဗဟုတုသ

ရေတွင်းအတွင်းသို့ ဘေးကင်းစွာ ဆင်းသက်နည်း (ရေတွင်းပျက်ဆယ်နည်း)

(Unicode)
ရေတွင်းအတွင်းသို့ ဘေးကင်းစွာ ဆင်းသက်နည်း

ရေတွင်းများ ပြုပြင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဆောင်ရွက်ရာတွင်လည်းကောင်း၊ ရေတွင်းဟောင်း/ပျက်များ ပြန်လည်ဆယ်ယူရာတွင်လည်းကောင်း၊ ရေတွင်းထဲသို့ အဖိုးတန် ပစ္စည်းတစ်ခုခုကျသွား၍ ပြန်လည်ဆယ်ယူရာတွင်လည်းကောင်း ရေတွင်းထဲသို့ မလွဲမသွေဆင်းသက်ရမှာဖြစ်ပါတယ်။

ဤနေရာမှာ ဘေးကင်းစွာဆင်းသက်ရန် လိုပါတယ်။အခန့် မသင့်လျှင် အသက်ဆုံးရှုံးတတ်ပါတယ်။ ရေတွင်းထဲသို့ အသက်ဆုံးရှုံးတော့မယ့်သူကို ဆင်းကယ်ရင်း ကယ်သူပါ ဆက်တိုက်ဆိုသလို တစ်ဦးပြီး တစ်ဦး သေဆုံးသွားတတ်ပါတယ်။

ဤနေရာတွင်သေဆုံးရခြင်းကို အနည်းငယ် ရှင်းပြလိုပါတယ်။ ရေတွင်းအတွင်း၌ အောက်ခြေရှိ ရေထွက်ရှိရာ ရေလွှာကြောမှနေ၍ သဘာဝအလျောက် ထွက်သောဓာတ်ငွေ့များဖြစ်သည့် ကာဗွန်ဒိုင်အောက်ဆိုက်၊ ဟိုက်ဒရိုဂျင်ဆာလဖိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ မီသိန်း ဓာတ်ငွေ့များရှိနေတတ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ဟိုက်ဒရိုဂျင်ဆာလဖိုက်မှာ လေထက်လေးသောကြောင့် ရေတွင်းအောက်ခြေတွင်ရှိပြီး ကာဗွန်မိုနောက်ဆိုဒ်မှာ လေအလွှာထုတွင် ရှိပါတယ်။ မီသိန်းဓာတ်ငွေ့သည် လေထက်ပေါ့၍ အပေါ်ဆုံးအလွှာတွင် ရှိပါတယ်။ ၎င်း ဓာတ်ငွေ့များကို ရှူရှိုက်မိပါက ခေါင်းမူးခြင်း၊ အော့အန်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ သတိလစ်ခြင်းများဖြစ်ပေါ်ပြီး အသက်ဆုံးရှုံးတတ်ပါတယ်။ ထိုဓာတ်ငွေ့များသည် လူနဲ့ တိရစ္ဆာန်တို့အတွက် အဆိပ်ဓာတ်ငွေ့များဖြစ်ပါတယ်။

ငွေကုန်ကြေးကျမများဘဲ ဒေသန္တရအတွင်း အလွယ်တကူ ရနိုင်သော ပစ္စည်းများကို အသုံးပြုကာ ရေတွင်းအတွင်း ဘေးကင်းစွာဆင်းသက်နိုင်သော နည်းလမ်းကို သိသွားကြလို့ ဖြစ်ပါတယ်။

ဖော်ပြပါ ရေတွင်း(တွင်းတိမ်)အတွင်း ဘေးကင်းစွာ ဆင်းသက်နည်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) သင့်တော်သောအရွယ်ရှိ ထီးရှည်တစ်ချောင်းကို ဦးစွာယူပါ။ ထီးလက်ကိုင်တွင် နိုင်လွန်ကြိုးကဲ့သို့ ခိုင်ခံ့သောကြိုးရှည် တစ်ချောင်းဖြင့်ချည်နှောင်ပါ။ (ကြိုးသည် ရေတွင်းအနက်ထက် ပိုရှည်ရမည်)။

(၂) ထီးကိုဖွင့်လျက် ပက်လက်အနေအထားဖြင့် ကြိုးကို ကိုင်ကာရေတွင်းအောက်ခြေရေပြင်(သို့မဟုတ်) မြေပြင် အထိချပါ။

(၃) ဖွင့်လျက်ထီးကို ရေတွင်း အပေါ်ဆုံးအထိ ကြိုးကို ဆွဲကာ ပြန်မတင်ပါ။ ပြီးလျှင် ရေတွင်းအောက်ခြေသို့ ပြန်ချပါ။ ဤသို့ပြန်တင်ပြန်ချခြင်းကို အကြိမ်(၂ဝမှ ၃ဝ) အထိ ခပ်သွက်သွက်ပြုလုပ်ပါ။ (ရေတွင်းအောက်ခြေမှ အဆိပ်ဓာတ်ငွေ့များကို ရေတွင်းပြင်ပသို့ ရောက်အောင်ထီးဖြင့် ဖယ်ထုတ်ပြီး ပြင်ပမှ အောက်ဆီဂျင်ပါသော လေကို ရေတွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်။)

(၄) ထို့နောက် ရေတွင်းအောက်ခြေတွင် အောက်ဆီဂျင်ဓာတ် အလုံအလောက်ရှိမရှိ စမ်းသပ်ရန်လိုပါသည်။ ပထမဦးစွာ စားဆီခြင်တွယ်ရာတွင်အသုံးပြုသော ဆီမှုတ်တစ်ခုကို ယူပါ။ လက်ကိုင်တွင် တုတ်တစ်ချောင်းဖြင့် ချည်နှောင်ပါ။ တုတ်တွင် ကြိုးရှည်တစ်ချောင်းဖြင့် ထပ်မံ ချည်နှောင်ပါ။ ဆီမှုတ်အလယ်တွင် မီးထွန်းထားသော ဖယောင်းတိုင်တစ်တိုင်ကို သေချာစွာစိုက်ပါ။ ပြီးလျှင် မီးထွန်းထားသော ဖယောင်းတိုင်ကို ရေတွင်းအောက်ခြေသို့ ဖြည်းညင်းစွာချပါ။
(ဖယောင်းတိုင်မီး မငြိမ်းပါက ရေတွင်းအောက်ခြေတွင် အောက်ဆီဂျင်အလုံအလောက် ရှိနိုင်သည်။ ဖယောင်းတိုင်မီး ငြိမ်းသွားပါက ဖော်ပြပါ အဆင့်(၃)ဆင့်ကို ထပ်မံဆောင်ရွက်ပါ။) (ဆီမှုတ် မရှိပါက ကြေးနန်းကြိုး တပ်ဆင်ထားသော နို့ဆီခွက် အစရှိသည်တို့ကို သုံးနိုင်သည်။)

(၅) ရေတွင်းအောက်ခြေတွင် အောက်ဆီဂျင် အလုံ အလောက်ရှိပြီဟု သေချာပါက ရေတွင်းအတွင်းသို့ ဖြည်းညင်းစွာဆင်း၍ ဆောင်ရွက်စရာများကို သတိထား လျင်မြန်စွာဆောင်ရွက်ပါ။ ဆောင်ရွက်နေစဉ် ခေါင်းမူးခြင်း၊ အသက်ရှူကျပ်ခြင်း စတင်ဖြစ်ပေါ်ပါက ရေတွင်းပေါ်သို့ ချက်ချင်းအကြောင်းကြား၍ ပြန်တက်ပါ။ ခေတ္တအနားယူ၍ အဆင့်(၃)နှင့် (၄)ကို သေချာအောင် ပြန်လုပ်ပါ။ ဆင်းမည့်သူကို လူစားလဲဆောင်ရွက်ပါ။

(၆) ဤသို့ ရေတွင်းဆယ်ခြင်းကို တစ်ဦးတည်းမပြုလုပ်ရ။ ကူညီမည့်အဖော် လေးဦး ငါးဦး ရေတွင်းပေါ်တွင် အဆင်သင့်ရှိနေပါစေ။ ဖြစ်နိုင်လျှင် ရေတွင်းအတွင်း ဆင်းမည့်သူ၏ ချိုင်း၊ ခါးတို့တွင် သင့်တော်ရာ ကြိုးကြီးတစ်ချောင်း ချည်နှောင်ချိတ်ဆွဲလျက် ဆင်းပါ။ လိုအပ်လျှင် ရေတွင်းပေါ်မှ ကူညီမည့်သူများက အလျင်အမြန် ဆွဲမတင်၍ အချိန်မီ အသက်ကယ်နိုင်မည်။ မီးသတ်၊ ကြက်ခြေနီအဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်ပါက ပိုမိုကောင်းမွန်ပါသည်။ ရေတွင်းအတွင်း အလင်းရောင်ရစေရန် နဖူးတွင် တပ်ဆင်၍ရသော ဓာတ်မီးကို အသုံးပြုနိုင်ပါသည်။

ဤဆောင်းပါးကို ဖတ်ရှုသော စာဖတ်ပရိသတ်များသည် ဤဗဟု သုတကို ဖြန့်ဝေပေးခြင်းဖြင့် ”လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ကြပါစေ”ဟု ဆန္ဒပြု ရေးသားလိုက်ရပါသည်။

Credit – ပါမောက္ခဒေါက်တာထင်ဇော်စိုး

Ref: MOI Webportal Myanmar

(Zawgyi)
ေရတြင္းအတြင္းသို႔ ေဘးကင္းစြာ ဆင္းသက္နည္း

ေရတြင္းမ်ား ျပဳျပင္ထိန္းသိမ္းေရးနဲ႔ သန႔္ရွင္းေရးေဆာင္႐ြက္ရာတြင္လည္းေကာင္း၊ ေရတြင္းေဟာင္း/ပ်က္မ်ား ျပန္လည္ဆယ္ယူရာတြင္လည္းေကာင္း၊ ေရတြင္းထဲသို႔ အဖိုးတန္ ပစၥည္းတစ္ခုခုက်သြား၍ ျပန္လည္ဆယ္ယူရာတြင္လည္းေကာင္း ေရတြင္းထဲသို႔ မလြဲမေသြဆင္းသက္ရမွာျဖစ္ပါတယ္။

ဤေနရာမွာ ေဘးကင္းစြာဆင္းသက္ရန္ လိုပါတယ္။အခန႔္ မသင့္လွ်င္ အသက္ဆုံးရႈံးတတ္ပါတယ္။ ေရတြင္းထဲသို႔ အသက္ဆုံးရႈံးေတာ့မယ့္သူကို ဆင္းကယ္ရင္း ကယ္သူပါ ဆက္တိုက္ဆိုသလို တစ္ဦးၿပီး တစ္ဦး ေသဆုံးသြားတတ္ပါတယ္။

ဤေနရာတြင္ေသဆုံးရျခင္းကို အနည္းငယ္ ရွင္းျပလိုပါတယ္။ ေရတြင္းအတြင္း၌ ေအာက္ေျခရွိ ေရထြက္ရွိရာ ေရလႊာေၾကာမွေန၍ သဘာဝအေလ်ာက္ ထြက္ေသာဓာတ္ေငြ႕မ်ားျဖစ္သည့္ ကာဗြန္ဒိုင္ေအာက္ဆိုက္၊ ဟိုက္ဒ႐ိုဂ်င္ဆာလဖိုက္၊ ကာဗြန္မိုေနာက္ဆိုက္၊ မီသိန္း ဓာတ္ေငြ႕မ်ားရွိေနတတ္ပါတယ္။ ကာဗြန္ဒိုင္ေအာက္ဆိုက္နဲ႔ ဟိုက္ဒ႐ိုဂ်င္ဆာလဖိုက္မွာ ေလထက္ေလးေသာေၾကာင့္ ေရတြင္းေအာက္ေျခတြင္ရွိၿပီး ကာဗြန္မိုေနာက္ဆိုဒ္မွာ ေလအလႊာထုတြင္ ရွိပါတယ္။ မီသိန္းဓာတ္ေငြ႕သည္ ေလထက္ေပါ့၍ အေပၚဆုံးအလႊာတြင္ ရွိပါတယ္။ ၎ ဓာတ္ေငြ႕မ်ားကို ရွဴရႈိက္မိပါက ေခါင္းမူးျခင္း၊ ေအာ့အန္ျခင္း၊ အသက္ရွဴက်ပ္ျခင္း၊ သတိလစ္ျခင္းမ်ားျဖစ္ေပၚၿပီး အသက္ဆုံးရႈံးတတ္ပါတယ္။ ထိုဓာတ္ေငြ႕မ်ားသည္ လူနဲ႔ တိရစာၦန္တို႔အတြက္ အဆိပ္ဓာတ္ေငြ႕မ်ားျဖစ္ပါတယ္။

ေငြကုန္ေၾကးက်မမ်ားဘဲ ေဒသႏၲရအတြင္း အလြယ္တကူ ရႏိုင္ေသာ ပစၥည္းမ်ားကို အသုံးျပဳကာ ေရတြင္းအတြင္း ေဘးကင္းစြာဆင္းသက္ႏိုင္ေသာ နည္းလမ္းကို သိသြားၾကလို႔ ျဖစ္ပါတယ္။

ေဖာ္ျပပါ ေရတြင္း(တြင္းတိမ္)အတြင္း ေဘးကင္းစြာ ဆင္းသက္နည္းမွာ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

(၁) သင့္ေတာ္ေသာအ႐ြယ္ရွိ ထီးရွည္တစ္ေခ်ာင္းကို ဦးစြာယူပါ။ ထီးလက္ကိုင္တြင္ ႏိုင္လြန္ႀကိဳးကဲ့သို႔ ခိုင္ခံ့ေသာႀကိဳးရွည္ တစ္ေခ်ာင္းျဖင့္ခ်ည္ေႏွာင္ပါ။ (ႀကိဳးသည္ ေရတြင္းအနက္ထက္ ပိုရွည္ရမည္)။

(၂) ထီးကိုဖြင့္လ်က္ ပက္လက္အေနအထားျဖင့္ ႀကိဳးကို ကိုင္ကာေရတြင္းေအာက္ေျခေရျပင္(သို႔မဟုတ္) ေျမျပင္ အထိခ်ပါ။

(၃) ဖြင့္လ်က္ထီးကို ေရတြင္း အေပၚဆုံးအထိ ႀကိဳးကို ဆြဲကာ ျပန္မတင္ပါ။ ၿပီးလွ်င္ ေရတြင္းေအာက္ေျခသို႔ ျပန္ခ်ပါ။ ဤသို႔ျပန္တင္ျပန္ခ်ျခင္းကို အႀကိမ္(၂ဝမွ ၃ဝ) အထိ ခပ္သြက္သြက္ျပဳလုပ္ပါ။ (ေရတြင္းေအာက္ေျခမွ အဆိပ္ဓာတ္ေငြ႕မ်ားကို ေရတြင္းျပင္ပသို႔ ေရာက္ေအာင္ထီးျဖင့္ ဖယ္ထုတ္ၿပီး ျပင္ပမွ ေအာက္ဆီဂ်င္ပါေသာ ေလကို ေရတြင္းအတြင္းသို႔ ျပန္လည္ဝင္ေရာက္ေစရန္ ေဆာင္႐ြက္ျခင္းျဖစ္သည္။)

(၄) ထို႔ေနာက္ ေရတြင္းေအာက္ေျခတြင္ ေအာက္ဆီဂ်င္ဓာတ္ အလုံအေလာက္ရွိမရွိ စမ္းသပ္ရန္လိုပါသည္။ ပထမဦးစြာ စားဆီျခင္တြယ္ရာတြင္အသုံးျပဳေသာ ဆီမႈတ္တစ္ခုကို ယူပါ။ လက္ကိုင္တြင္ တုတ္တစ္ေခ်ာင္းျဖင့္ ခ်ည္ေႏွာင္ပါ။ တုတ္တြင္ ႀကိဳးရွည္တစ္ေခ်ာင္းျဖင့္ ထပ္မံ ခ်ည္ေႏွာင္ပါ။ ဆီမႈတ္အလယ္တြင္ မီးထြန္းထားေသာ ဖေယာင္းတိုင္တစ္တိုင္ကို ေသခ်ာစြာစိုက္ပါ။ ၿပီးလွ်င္ မီးထြန္းထားေသာ ဖေယာင္းတိုင္ကို ေရတြင္းေအာက္ေျခသို႔ ျဖည္းညင္းစြာခ်ပါ။
(ဖေယာင္းတိုင္မီး မၿငိမ္းပါက ေရတြင္းေအာက္ေျခတြင္ ေအာက္ဆီဂ်င္အလုံအေလာက္ ရွိႏိုင္သည္။ ဖေယာင္းတိုင္မီး ၿငိမ္းသြားပါက ေဖာ္ျပပါ အဆင့္(၃)ဆင့္ကို ထပ္မံေဆာင္႐ြက္ပါ။) (ဆီမႈတ္ မရွိပါက ေၾကးနန္းႀကိဳး တပ္ဆင္ထားေသာ ႏို႔ဆီခြက္ အစရွိသည္တို႔ကို သုံးႏိုင္သည္။)

(၅) ေရတြင္းေအာက္ေျခတြင္ ေအာက္ဆီဂ်င္ အလုံ အေလာက္ရွိၿပီဟု ေသခ်ာပါက ေရတြင္းအတြင္းသို႔ ျဖည္းညင္းစြာဆင္း၍ ေဆာင္႐ြက္စရာမ်ားကို သတိထား လ်င္ျမန္စြာေဆာင္႐ြက္ပါ။ ေဆာင္႐ြက္ေနစဥ္ ေခါင္းမူးျခင္း၊ အသက္ရွဴက်ပ္ျခင္း စတင္ျဖစ္ေပၚပါက ေရတြင္းေပၚသို႔ ခ်က္ခ်င္းအေၾကာင္းၾကား၍ ျပန္တက္ပါ။ ေခတၱအနားယူ၍ အဆင့္(၃)ႏွင့္ (၄)ကို ေသခ်ာေအာင္ ျပန္လုပ္ပါ။ ဆင္းမည့္သူကို လူစားလဲေဆာင္႐ြက္ပါ။

(၆) ဤသို႔ ေရတြင္းဆယ္ျခင္းကို တစ္ဦးတည္းမျပဳလုပ္ရ။ ကူညီမည့္အေဖာ္ ေလးဦး ငါးဦး ေရတြင္းေပၚတြင္ အဆင္သင့္ရွိေနပါေစ။ ျဖစ္ႏိုင္လွ်င္ ေရတြင္းအတြင္း ဆင္းမည့္သူ၏ ခ်ိဳင္း၊ ခါးတို႔တြင္ သင့္ေတာ္ရာ ႀကိဳးႀကီးတစ္ေခ်ာင္း ခ်ည္ေႏွာင္ခ်ိတ္ဆြဲလ်က္ ဆင္းပါ။ လိုအပ္လွ်င္ ေရတြင္းေပၚမွ ကူညီမည့္သူမ်ားက အလ်င္အျမန္ ဆြဲမတင္၍ အခ်ိန္မီ အသက္ကယ္ႏိုင္မည္။ မီးသတ္၊ ၾကက္ေျခနီအဖြဲ႕ဝင္မ်ား ပါဝင္ေဆာင္႐ြက္ပါက ပိုမိုေကာင္းမြန္ပါသည္။ ေရတြင္းအတြင္း အလင္းေရာင္ရေစရန္ နဖူးတြင္ တပ္ဆင္၍ရေသာ ဓာတ္မီးကို အသုံးျပဳႏိုင္ပါသည္။

ဤေဆာင္းပါးကို ဖတ္ရႈေသာ စာဖတ္ပရိသတ္မ်ားသည္ ဤဗဟု သုတကို ျဖန႔္ေဝေပးျခင္းျဖင့္ ”လူ႔အသက္ေပါင္းမ်ားစြာကို ကယ္တင္ႏိုင္ၾကပါေစ”ဟု ဆႏၵျပဳ ေရးသားလိုက္ရပါသည္။

Credit – ပါေမာကၡေဒါက္တာထင္ေဇာ္စိုး

Ref: MOI Webportal Myanmar

Leave a Reply

Your email address will not be published. Required fields are marked *