ဗဟုတုသ

မနက္ခင္းမွာ ေရခ်ိဳးျခင္း၏ အံ့ဖြယ္ ေကာင္းက်ိဳး (၆)ခ်က္

(Zawgyi)
နံနက္ခင္းမွာ ေရခ်ိဳးျခင္း၏ အံ့အားသင့္ဖြယ္ ေကာင္းက်ိဳး (၆) ခ်က္

၁။ ေသြးလည္ပတ္မူကို ပိုမိုၿပီး ေကာင္းမြန္ေစပါတယ္။
နံနက္ခင္းမွာ ေရေအးနဲ႔ ခ်ိဳးတာထက္ ေရေႏြးနဲ႔ ခ်ိဳးတာကပိုမိုၿပီး ေသြးလည္ပတ္မူကို အားေကာင္းေစပါတယ္။ ဒါ့အျပင္ ႂကြက္သားမ်ားကို ေတာင့္တင္း သန္မာေစႏိုင္ပါတယ္။ ေရေႏြးနဲ႔ ေရခ်ိဳးျခင္းဟာ က်န္းမာေရးအတြက္လည္း မ်ားစြာ အေထာက္အကူ ျပဳေစပါတယ္။

၂။ ေပါ့ပါး လြတ္လပ္ေစတယ္။
အိပ္ယာႏိုးတဲ့ အခါမွာ ထိုင္းထိုင္းမႈိင္းမႈိင္းႀကီး ျဖစ္ေနရင္ မနက္ခင္း ေရခ်ိဳးလိုက္တဲ့ အတြက္ေၾကာင့္ ေပါ့ပါးလြတ္လပ္သြားပါတယ္။

၃။ ဖိစီးမူေတြကို သက္သာေစပါတယ္။
နံနက္ခင္း ေရခ်ိဳးျခင္းဟာ စိတ္ဖိစီးမူေတြကို သက္သာ ေပ်ာက္ကင္းေစပါတယ္။ ဒါေၾကာင့္ စိတ္ဖိစီးမူေတြ ျဖစ္ေနခဲ့ရင္ မနက္ခင္း ေရခ်ိဳးျခင္းက မ်ားစြာ အေထာက္အကူ ျပဳေစမွာပါ။

၄။ ႂကြက္သားမ်ား အတြက္လည္း ေကာင္းမြန္ေစပါတယ္။
နံနက္ခင္းမွာ လမ္းေလ်ာက္တာပဲ ျဖစ္ျဖစ္၊ gym ေဆာ့တာပဲ ျဖစ္ျဖစ္ ေလ့က်င့္ခန္း တစ္စုံတစ္ခု လုပ္ၿပီးတာနဲ႔ ေရခ်ိဳးျခင္းဟာ ႂကြက္သားမ်ားကို ပိုမိုၿပီး သန္မာေစပါတယ္။

၅။ အမ်ိဳးသားေတြ အတြက္ အထူးပင္ ေကာင္းမြန္ပါတယ္။
ကယ္လီဖိုးနီယား တကၠသိုလ္မွ သုေတသန ပညာရွင္မ်ား၏ အဆိုအရ တစ္ပတ္မွာ တစ္ႀကိမ္ခန႔္ ေအးတဲ့ေရနဲ႔ နံနက္ခင္း ေရခ်ိဳးျခင္းဟာ သုတ္ပိုးမ်ားကို ပိုမိုၿပီး ဖြံၿဖိဳးေစႏိုင္တယ္လို႔ ဆိုပါတယ္။

၆။ ဆံပင္ အတြက္လည္း ေကာင္းမြန္ေစပါတယ္။
ေရေႏြး (သို႔) ေရေအးနဲ႔ နံနက္ခင္း ေခါင္းေလ်ာ္ျခင္းဟာ ဆံပင္ ကြၽတ္ျခင္းအတြက္ အထူးပင္ ေကာင္းမြန္ေစပါတယ္။ ဒါ့အျပင္ ဆံပင္သား မေကာင္းျခင္း၊ မြဲေျခာက္ေျခာက္ ျဖစ္ျခင္းတို႔အတြက္လည္း ကာကြယ္ တားဆီးေပးပါတယ္။

Ref – venusbuzz
Credit: ေက်ာ္လင္းႏိုင္ (႐ိုးရာေလး)

(Unicode)
နံနက်ခင်းမှာ ရေချိုးခြင်း၏ အံ့အားသင့်ဖွယ် ကောင်းကျိုး (၆) ချက်

၁။ သွေးလည်ပတ်မူကို ပိုမိုပြီး ကောင်းမွန်စေပါတယ်။
နံနက်ခင်းမှာ ရေအေးနဲ့ ချိုးတာထက် ရေနွေးနဲ့ ချိုးတာကပိုမိုပြီး သွေးလည်ပတ်မူကို အားကောင်းစေပါတယ်။ ဒါ့အပြင် ကြွက်သားများကို တောင့်တင်း သန်မာစေနိုင်ပါတယ်။ ရေနွေးနဲ့ ရေချိုးခြင်းဟာ ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူ ပြုစေပါတယ်။

၂။ ပေါ့ပါး လွတ်လပ်စေတယ်။
အိပ်ယာနိုးတဲ့ အခါမှာ ထိုင်းထိုင်းမှိုင်းမှိုင်းကြီး ဖြစ်နေရင် မနက်ခင်း ရေချိုးလိုက်တဲ့ အတွက်ကြောင့် ပေါ့ပါးလွတ်လပ်သွားပါတယ်။

၃။ ဖိစီးမူတွေကို သက်သာစေပါတယ်။
နံနက်ခင်း ရေချိုးခြင်းဟာ စိတ်ဖိစီးမူတွေကို သက်သာ ပျောက်ကင်းစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမူတွေ ဖြစ်နေခဲ့ရင် မနက်ခင်း ရေချိုးခြင်းက များစွာ အထောက်အကူ ပြုစေမှာပါ။

၄။ ကြွက်သားများ အတွက်လည်း ကောင်းမွန်စေပါတယ်။
နံနက်ခင်းမှာ လမ်းလျောက်တာပဲ ဖြစ်ဖြစ်၊ gym ဆော့တာပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်း တစ်စုံတစ်ခု လုပ်ပြီးတာနဲ့ ရေချိုးခြင်းဟာ ကြွက်သားများကို ပိုမိုပြီး သန်မာစေပါတယ်။

၅။ အမျိုးသားတွေ အတွက် အထူးပင် ကောင်းမွန်ပါတယ်။
ကယ်လီဖိုးနီယား တက္ကသိုလ်မှ သုတေသန ပညာရှင်များ၏ အဆိုအရ တစ်ပတ်မှာ တစ်ကြိမ်ခန့် အေးတဲ့ရေနဲ့ နံနက်ခင်း ရေချိုးခြင်းဟာ သုတ်ပိုးများကို ပိုမိုပြီး ဖွံဖြိုးစေနိုင်တယ်လို့ ဆိုပါတယ်။

၆။ ဆံပင် အတွက်လည်း ကောင်းမွန်စေပါတယ်။
ရေနွေး (သို့) ရေအေးနဲ့ နံနက်ခင်း ခေါင်းလျော်ခြင်းဟာ ဆံပင် ကျွတ်ခြင်းအတွက် အထူးပင် ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဆံပင်သား မကောင်းခြင်း၊ မွဲခြောက်ခြောက် ဖြစ်ခြင်းတို့အတွက်လည်း ကာကွယ် တားဆီးပေးပါတယ်။

Ref – venusbuzz
Credit: ကျော်လင်းနိုင် (ရိုးရာလေး)

Leave a Reply

Your email address will not be published. Required fields are marked *