(Zawgyi)
”ေျမဂရန္အမည္ေပါက္ရေအာင္ ဘယ္လုိေဆာင္ရြက္ရမလဲဆုိတာ သိခ်င္လုိ႔ပါ ဆရာ”
မိတ္ေဆြတစ္ဦးက စာေရးသူ ရွိရာ႐ုံးခန္းသုိ႔ ေရာက္ရွိလာၿပီး ေဆြးေႏြးျခင္း ျဖစ္သည္။
”ဦးတင္က ေျမကြက္ဝယ္ထား လုိ႔လား”
”ဟုတ္ကဲ့ ဆရာ၊ အိမ္ကေတာ့ ပ်ဥ္ေထာင္အိမ္ေလးေတာ့ပါတယ္ ေျပာတယ္။ ေျမကြက္က ဂရန္ေျမကြက္ ဆုိေတာ့ဝယ္ထားရင္ေကာင္း မလားလုိ႔”
”ဂရန္ ဓာတ္ပုံမိတၱဴ ပါမလာဘူးလား”
”အခုက စုံစမ္း႐ုံအဆင့္ပဲဆုိ ေတာ့ ဂရန္ဓာတ္ပုံ မိတၱဴမရခဲ့ေသးဘူး”
”စရန္ေငြမခ်ရေသးဘူးေပါ့”
”ဟုတ္ပါတယ္ ဆရာ။ဘယ္လုိ အဆင့္ေတြ ေဆာင္ရြက္ရမယ္ဆုိတာလဲ သိခ်င္လုိ႔ဆရာ့ဆီ ဝင္လာတာ”
”ေျမဂရန္မွာ ေရာင္းမယ္ဆုိသူရဲ႕ အမည္ေပါက္လား”
”အက်ဳိးေဆာင္ အိမ္ပြဲစားေျပာတာေတာ့ ေရာင္းသူအမည္ေပါက္လုိ႔ ေျပာတယ္ ထင္တယ္။ ဂရန္အမည္ေပါက္ျဖစ္လုိ႔ အဆင္ေျပတယ္လုိ႔ ေျပာတာပဲ ဆရာ”
”ေရာင္းသူကုိယ္တုိင္ ေျမဂရန္ အမည္ေပါက္ ဆုိရင္ေတာ့လုပ္ေဆာင္ရမယ့္ အဆင့္က နည္းနည္း သက္သာသြားတာေပါ့။ ဒါေပမယ့္ ေျမဂရန္အမည္ေပါက္ျဖစ္သူက ကြယ္လြန္သြားမယ္။ ေျမဂရန္အမည္ ေပါက္သူထံက မွတ္ပုံတင္ အေရာင္းအဝယ္စာခ်ဳပ္ မျပဳလုပ္ဘဲ ဝယ္ထားသူ ထပ္ဆင့္ ေရာင္းတာလည္း ရွိတတ္တယ္”
”ပထမဆုံး ဘယ္လုိ စိစစ္ေဆာင္ရြက္ရမလဲ ဆရာ”
”ေရာင္းသူက ေျမဂရန္ဓာတ္ပုံ မိတၱဴ မေပးရင္ေတာ့ ေျမကြက္အမွတ္၊ ဂရန္အမည္ေပါက္အမည္၊ အတုိင္း အတာ၊ ႏွစ္ ၆ဝ ဂရန္ ဟုတ္မဟုတ္ စတဲ့အခ်က္ေတြကုိ ေရးမွတ္ယူၿပီးရန္ကုန္ၿမိဳ႕ေတာ္ခန္းမမွာရွိတဲ့ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီၿမိဳ႕ျပႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနမွာ သြားေရာက္စုံစမ္းရပါတယ္”
”အခ်ဳိ႕ ေျမကြက္ေတြက ကန္႔ကြက္ထားတာေတြလည္းရွိတတ္တယ္လုိ႔ ေျပာတယ္ ဟုတ္ပါသလား”
”ျဖစ္ႏုိင္ပါတယ္။ ဒါေၾကာင့္ သြားေရာက္စုံစမ္းတဲ့အခါမွာ ေရာင္းသူအမည္နဲ႔ ဂရန္မွာ အမည္ေပါက္ ေနသလား။ ကန္႔ကြက္သူ ရွိမရွိ၊ ဂရန္ သက္တမ္း ကုန္မကုန္ဆုိတဲ့ အခ်က္ေတြကို အဓိက
စံုစမ္းရမွာ ျဖစ္တယ္”
”ဒီအခ်က္ေတြ ျပည့္စုံရင္ အ ေရာင္းအဝယ္လုပ္လုိ႔ ရၿပီလား”
”ေျမဂရန္အမည္ေပါက္က ေရာင္းမည့္သူ႔ရဲ႕ အမည္ျဖစ္ေနၿပီး၊ ႏွစ္ ၆ဝ ဂရန္ သက္တမ္းမကုန္ေသးဘူးျဖစ္မယ္၊ ကန္႔ကြက္ထားသူလည္း မရွိဘူးဆုိရင္ ‘စရန္ေပးစာခ်ဳပ္’ ခ်ဳပ္ ဆုိလုိ႔ ရၿပီေပါ့”
”အေရာင္းအဝယ္စရန္ေပး စာခ်ဳပ္ ခ်ဳပ္ဆုိၿပီးၿပီ ဆုိေတာ့ အေရာင္းအဝယ္ မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဖုိ႔ ကိစၥက ဘယ္လုိေဆာင္ရြက္ ရပါသလဲ”
”အဆင့္ေတြကေတာ့မ်ားတယ္၊
ဦးတင္နားလည္ေအာင္ ေျပာရရင္-
၁။ ဂရန္အမည္ေပါက္သူထံက တုိက္႐ုိက္ဝယ္မယ္ဆုိရင္ ေရာင္းသူ (ဂရန္အမည္ေပါက္သူ) က ၿမိဳ႕ေတာ္ခန္းမမွာ သြားၿပီး ေျမပုံေျမရာဇဝင္ကူးေပး ရပါမယ္။
၂။ ေျမပုံေျမရာဇဝင္ရၿပီဆုိရင္အေရာင္းအဝယ္ အရပ္ကတိစာခ်ဳပ္ကို ခ်ဳပ္ဆုိရပါတယ္။
၃။ အရပ္ကတိစာခ်ဳပ္ ခ်ဳပ္ၿပီးရင္ အေရာင္းအဝယ္ျပဳလုပ္တဲ့အိမ္နဲ႔ ေျမကို ေရွ႕ဘက္၊ ေဘးဘက္ ဓာတ္ပုံ ႏွစ္ပုံစီ၊
စုစုေပါင္း ေလးပုံနဲ႔အတူ
– အေရာင္းအဝယ္ ကတိစာခ်ဳပ္ မိတၱဴ၊
– ဝယ္သူရဲ႕ ႏုိင္ငံသား ကတ္ျပား မိတၱဴ၊
– အိမ္ေထာင္စု စာရင္း မိတၱဴ ေျခာက္စုံစီကို ယူသြားၿပီး ရန္ကုန္တုိင္းေဒသႀကီး ကာလတန္ဖုိး စိစစ္သတ္မွတ္ေရး အဖဲြ႔ (အခြန္ဦးစီးဌာန) မွာ အျမတ္ခြန္ေပးေဆာင္ဖုိ႔နဲ႔
အခြန္ တံဆိပ္ေခါင္း ကပ္ဖု႔ိအတြက္ တင္ျပ ေလွ်ာက္ထားရပါတယ္။
၄။ သက္ဆုိင္ရာ အခြန္ဦးစီးဌာနက ေလွ်ာက္ထားသည့္ ေျမကြက္ကို ကြင္းဆင္းစစ္ေဆးပါတယ္။ ၿပီးေတာ့မွ အိမ္ႏွင့္ေျမကာလတန္ဖုိး သတ္မွတ္ေပးပါတယ္။
၅။ အိမ္ႏွင့္ ေျမကာလတန္ဖုိး သတ္မွတ္သည့္ တန္ဖုိးေငြ အေပၚ ဝယ္သူ အေနျဖင့္
– ဝင္ေငြရလမ္းမေဖာ္ျပႏုိင္လွ်င္ ျဖစ္ေစ၊
– ဝင္ေငြရလမ္း ေဖာ္ျပႏုိင္ေသာ္လည္း ဝယ္ေငြ တန္ဖုိးထက္ နည္းေနပါက ယင္းေငြကုိ ႏုတ္ၿပီး က်န္ေငြအေပၚမွာ
အိမ္ေျမ တန္ဖုိး
– (၁) က်ပ္မွ က်ပ္သိန္း ၃ဝဝ ထိ ၁၅ ရာခုိင္ႏႈန္း။
– က်ပ္သိန္း ၃ဝ၁ မွ က်ပ္သိန္း ၁ဝဝဝ ထိ ၂ဝ ရာခုိင္ႏႈန္း။
– က်ပ္သိန္း ၁ဝဝ၁ က်ပ္မွ အထက္ကို ၃ဝ ရာခုိင္ႏႈန္း သတ္မွတ္၍ အခြန္ေငြထမ္းေဆာင္ ရပါတယ္။ တစ္ဆက္တည္း အိမ္ေျမတန္ဖုိးေပၚ မူတည္ၿပီး တံဆိပ္ေခါင္းခြန္ ၄ ရာခုိင္ႏႈန္း စာခ်ဳပ္စာတမ္း မွတ္ပုံတင္ခ်ဳပ္ဆုိရာမွာ ထမ္းေဆာင္ဖုိ႔အတြက္ သတ္မွတ္ေပးပါတယ္။
၆။ အဲဒီသတ္မွတ္ေပးထားတဲ့ က်သင့္သည့္ အခြန္ေငြကို မိမိေနထုိင္ရာၿမိဳ႕နယ္ အခြန္ဦးစီးဌာန႐ုံးနဲ႔ ၿမိဳ႕နယ္ဘဏ္ တုိ႔မွာ သြားေရာက္ေငြသြင္းရပါတယ္။ ၿမိဳ႕နယ္အခြန္ဦးစီးဌာနက ေငြသြင္းၿပီးေၾကာင္း တုိင္းအခြန္ဦးစီးဌာနကို အေၾကာင္းၾကားပါတယ္။ တုိင္းအခြန္ဦးစီးမွဴး႐ုံးက ရန္ကုန္ၿမိဳ႕ စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးကုိ အေရာင္းအဝယ္မွတ္ပုံတင္ စာခ်ဳပ္ ခ်ဳပ္ဆုိႏုိင္ေၾကာင္း အေၾကာင္းၾကားစာ ေပးပုိ႔ပါတယ္။
၇။ ရန္ကုန္ၿမိဳ႕ စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးမွာ အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆုိတဲ့အခါ ေျမအမည္ေပါက္ ေရာင္းသူကုိယ္တုိင္ ေရာင္းသူအျဖစ္ လက္မွတ္ေရးထုိးရပါတယ္။ ဝယ္သူနဲ႔ သက္ေသ ႏွစ္ဦး၊ လက္မွတ္ေရး ထုိးရတယ္။စာခ်ဳပ္ခ်ဳပ္ဆုိၿပီးရင္ေတာ့ မွတ္ပုံတင္ေၾကးေပးသြင္းရပါ တယ္။
၈။ မွတ္ပုံတင္ စာခ်ဳပ္ခ်ဳပ္ဆုိၿပီး သုံးပတ္ၾကာရင္ေတာ့မွတ္ပုံတင္အၿပီးအပုိင္ အေရာင္းအဝယ္စာခ်ဳပ္ကိုထုတ္ယူလုိ႔ ရပါၿပီ”
”ေျမဂရန္အမည္ေျပာင္းမယ္ ဆုိရင္ဘယ္လုိဆက္လုပ္ရမလဲ ဆရာ”
”အေရာင္းအဝယ္ မွတ္ပုံတင္ စာခ်ဳပ္နဲ႔ ဝယ္သူ႔ရဲ႕မွတ္ပုံတင္ ကတ္ျပားကိုယူၿပီး ၿမိဳ႕ေတာ္ခန္းမကုိသြားလုိ႔အမည္ေျပာင္းေလွ်ာက္ထား ရပါတယ္။
ေျမယာဌာနက သတ္မွတ္တဲ့ အမည္ေျပာင္းခ၊ သတင္းစာ ေၾကာ္ ျငာခေတြ ေပးသြင္းၿပီး ကန္႔ကြက္သူရွိ မရွိ တစ္ပတ္၊ ၇ ရက္ ေစာင့္ရပါတယ္။
ကန္႔ကြက္သူမရွိရင္ေတာ့ မိမိ ဝယ္ထားတဲ့ ေျမဂရန္မူရင္းကို သက္ဆုိင္ရာက အမည္ေျပာင္းလဲ မွတ္သား ေပးသြားမွာျဖစ္ပါတယ္”
”ေက်းဇူးပဲ ဆရာ၊အခုလုိ သိထားေတာ့ ဝယ္သူအေနနဲ႔ စိစစ္ၿပီး စိတ္ေအးရတာေပါ့” ဟု ေျပာကာ ဉာဏ္ပူေဇာ္ခပါ ဆုိၿပီးေငြက်ပ္ ငါးေသာင္း ေပးသြား ခဲ့ပါသည္။
ထီယု (ဥပေဒအတုိင္ပင္ခံ)
Credit : Zaygwet Journal
(Unicode)
”မြေဂရန်အမည်ပေါက်ရအောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ”
မိတ်ဆွေတစ်ဦးက စာရေးသူ ရှိရာရုံးခန်းသို့ ရောက်ရှိလာပြီး ဆွေးနွေးခြင်း ဖြစ်သည်။
”ဦးတင်က မြေကွက်ဝယ်ထား လို့လား”
”ဟုတ်ကဲ့ ဆရာ၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးတော့ပါတယ် ပြောတယ်။ မြေကွက်က ဂရန်မြေကွက် ဆိုတော့ဝယ်ထားရင်ကောင်း မလားလို့”
”ဂရန် ဓာတ်ပုံမိတ္တူ ပါမလာဘူးလား”
”အခုက စုံစမ်းရုံအဆင့်ပဲဆို တော့ ဂရန်ဓာတ်ပုံ မိတ္တူမရခဲ့သေးဘူး”
”စရန်ငွေမချရသေးဘူးပေါ့”
”ဟုတ်ပါတယ် ဆရာ။ဘယ်လို အဆင့်တွေ ဆောင်ရွက်ရမယ်ဆိုတာလဲ သိချင်လို့ဆရာ့ဆီ ဝင်လာတာ”
”မြေဂရန်မှာ ရောင်းမယ်ဆိုသူရဲ့ အမည်ပေါက်လား”
”အကျိုးဆောင် အိမ်ပွဲစားပြောတာတော့ ရောင်းသူအမည်ပေါက်လို့ ပြောတယ် ထင်တယ်။ ဂရန်အမည်ပေါက်ဖြစ်လို့ အဆင်ပြေတယ်လို့ ပြောတာပဲ ဆရာ”
”ရောင်းသူကိုယ်တိုင် မြေဂရန် အမည်ပေါက် ဆိုရင်တော့လုပ်ဆောင်ရမယ့် အဆင့်က နည်းနည်း သက်သာသွားတာပေါ့။ ဒါပေမယ့် မြေဂရန်အမည်ပေါက်ဖြစ်သူက ကွယ်လွန်သွားမယ်။ မြေဂရန်အမည် ပေါက်သူထံက မှတ်ပုံတင် အရောင်းအဝယ်စာချုပ် မပြုလုပ်ဘဲ ဝယ်ထားသူ ထပ်ဆင့် ရောင်းတာလည်း ရှိတတ်တယ်”
”ပထမဆုံး ဘယ်လို စိစစ်ဆောင်ရွက်ရမလဲ ဆရာ”
”ရောင်းသူက မြေဂရန်ဓာတ်ပုံ မိတ္တူ မပေးရင်တော့ မြေကွက်အမှတ်၊ ဂရန်အမည်ပေါက်အမည်၊ အတိုင်း အတာ၊ နှစ် ၆ဝ ဂရန် ဟုတ်မဟုတ် စတဲ့အချက်တွေကို ရေးမှတ်ယူပြီးရန်ကုန်မြို့တော်ခန်းမမှာရှိတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမြို့ပြနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ သွားရောက်စုံစမ်းရပါတယ်”
”အချို့ မြေကွက်တွေက ကန့်ကွက်ထားတာတွေလည်းရှိတတ်တယ်လို့ ပြောတယ် ဟုတ်ပါသလား”
”ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွားရောက်စုံစမ်းတဲ့အခါမှာ ရောင်းသူအမည်နဲ့ ဂရန်မှာ အမည်ပေါက် နေသလား။ ကန့်ကွက်သူ ရှိမရှိ၊ ဂရန် သက်တမ်း ကုန်မကုန်ဆိုတဲ့ အချက်တွေကို အဓိက
စုံစမ်းရမှာ ဖြစ်တယ်”
”ဒီအချက်တွေ ပြည့်စုံရင် အ ရောင်းအဝယ်လုပ်လို့ ရပြီလား”
”မြေဂရန်အမည်ပေါက်က ရောင်းမည့်သူ့ရဲ့ အမည်ဖြစ်နေပြီး၊ နှစ် ၆ဝ ဂရန် သက်တမ်းမကုန်သေးဘူးဖြစ်မယ်၊ ကန့်ကွက်ထားသူလည်း မရှိဘူးဆိုရင် ‘စရန်ပေးစာချုပ်’ ချုပ် ဆိုလို့ ရပြီပေါ့”
”အရောင်းအဝယ်စရန်ပေး စာချုပ် ချုပ်ဆိုပြီးပြီ ဆိုတော့ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဖို့ ကိစ္စက ဘယ်လိုဆောင်ရွက် ရပါသလဲ”
”အဆင့်တွေကတော့များတယ်၊
ဦးတင်နားလည်အောင် ပြောရရင်-
၁။ ဂရန်အမည်ပေါက်သူထံက တိုက်ရိုက်ဝယ်မယ်ဆိုရင် ရောင်းသူ (ဂရန်အမည်ပေါက်သူ) က မြို့တော်ခန်းမမှာ သွားပြီး မြေပုံမြေရာဇဝင်ကူးပေး ရပါမယ်။
၂။ မြေပုံမြေရာဇဝင်ရပြီဆိုရင်အရောင်းအဝယ် အရပ်ကတိစာချုပ်ကို ချုပ်ဆိုရပါတယ်။
၃။ အရပ်ကတိစာချုပ် ချုပ်ပြီးရင် အရောင်းအဝယ်ပြုလုပ်တဲ့အိမ်နဲ့ မြေကို ရှေ့ဘက်၊ ဘေးဘက် ဓာတ်ပုံ နှစ်ပုံစီ၊
စုစုပေါင်း လေးပုံနဲ့အတူ
– အရောင်းအဝယ် ကတိစာချုပ် မိတ္တူ၊
– ဝယ်သူရဲ့ နိုင်ငံသား ကတ်ပြား မိတ္တူ၊
– အိမ်ထောင်စု စာရင်း မိတ္တူ ခြောက်စုံစီကို ယူသွားပြီး ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ (အခွန်ဦးစီးဌာန) မှာ အမြတ်ခွန်ပေးဆောင်ဖို့နဲ့
အခွန် တံဆိပ်ခေါင်း ကပ်ဖု့ိအတွက် တင်ပြ လျှောက်ထားရပါတယ်။
၄။ သက်ဆိုင်ရာ အခွန်ဦးစီးဌာနက လျှောက်ထားသည့် မြေကွက်ကို ကွင်းဆင်းစစ်ဆေးပါတယ်။ ပြီးတော့မှ အိမ်နှင့်မြေကာလတန်ဖိုး သတ်မှတ်ပေးပါတယ်။
၅။ အိမ်နှင့် မြေကာလတန်ဖိုး သတ်မှတ်သည့် တန်ဖိုးငွေ အပေါ် ဝယ်သူ အနေဖြင့်
– ဝင်ငွေရလမ်းမဖော်ပြနိုင်လျှင် ဖြစ်စေ၊
– ဝင်ငွေရလမ်း ဖော်ပြနိုင်သော်လည်း ဝယ်ငွေ တန်ဖိုးထက် နည်းနေပါက ယင်းငွေကို နုတ်ပြီး ကျန်ငွေအပေါ်မှာ
အိမ်မြေ တန်ဖိုး
– (၁) ကျပ်မှ ကျပ်သိန်း ၃ဝဝ ထိ ၁၅ ရာခိုင်နှုန်း။
– ကျပ်သိန်း ၃ဝ၁ မှ ကျပ်သိန်း ၁ဝဝဝ ထိ ၂ဝ ရာခိုင်နှုန်း။
– ကျပ်သိန်း ၁ဝဝ၁ ကျပ်မှ အထက်ကို ၃ဝ ရာခိုင်နှုန်း သတ်မှတ်၍ အခွန်ငွေထမ်းဆောင် ရပါတယ်။ တစ်ဆက်တည်း အိမ်မြေတန်ဖိုးပေါ် မူတည်ပြီး တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်း စာချုပ်စာတမ်း မှတ်ပုံတင်ချုပ်ဆိုရာမှာ ထမ်းဆောင်ဖို့အတွက် သတ်မှတ်ပေးပါတယ်။
၆။ အဲဒီသတ်မှတ်ပေးထားတဲ့ ကျသင့်သည့် အခွန်ငွေကို မိမိနေထိုင်ရာမြို့နယ် အခွန်ဦးစီးဌာနရုံးနဲ့ မြို့နယ်ဘဏ် တို့မှာ သွားရောက်ငွေသွင်းရပါတယ်။ မြို့နယ်အခွန်ဦးစီးဌာနက ငွေသွင်းပြီးကြောင်း တိုင်းအခွန်ဦးစီးဌာနကို အကြောင်းကြားပါတယ်။ တိုင်းအခွန်ဦးစီးမှူးရုံးက ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကို အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုနိုင်ကြောင်း အကြောင်းကြားစာ ပေးပို့ပါတယ်။
၇။ ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုတဲ့အခါ မြေအမည်ပေါက် ရောင်းသူကိုယ်တိုင် ရောင်းသူအဖြစ် လက်မှတ်ရေးထိုးရပါတယ်။ ဝယ်သူနဲ့ သက်သေ နှစ်ဦး၊ လက်မှတ်ရေး ထိုးရတယ်။စာချုပ်ချုပ်ဆိုပြီးရင်တော့ မှတ်ပုံတင်ကြေးပေးသွင်းရပါ တယ်။
၈။ မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီး သုံးပတ်ကြာရင်တော့မှတ်ပုံတင်အပြီးအပိုင် အရောင်းအဝယ်စာချုပ်ကိုထုတ်ယူလို့ ရပါပြီ”
”မြေဂရန်အမည်ပြောင်းမယ် ဆိုရင်ဘယ်လိုဆက်လုပ်ရမလဲ ဆရာ”
”အရောင်းအဝယ် မှတ်ပုံတင် စာချုပ်နဲ့ ဝယ်သူ့ရဲ့မှတ်ပုံတင် ကတ်ပြားကိုယူပြီး မြို့တော်ခန်းမကိုသွားလို့အမည်ပြောင်းလျှောက်ထား ရပါတယ်။
မြေယာဌာနက သတ်မှတ်တဲ့ အမည်ပြောင်းခ၊ သတင်းစာ ကြော် ငြာခတွေ ပေးသွင်းပြီး ကန့်ကွက်သူရှိ မရှိ တစ်ပတ်၊ ၇ ရက် စောင့်ရပါတယ်။
ကန့်ကွက်သူမရှိရင်တော့ မိမိ ဝယ်ထားတဲ့ မြေဂရန်မူရင်းကို သက်ဆိုင်ရာက အမည်ပြောင်းလဲ မှတ်သား ပေးသွားမှာဖြစ်ပါတယ်”
”ကျေးဇူးပဲ ဆရာ၊အခုလို သိထားတော့ ဝယ်သူအနေနဲ့ စိစစ်ပြီး စိတ်အေးရတာပေါ့” ဟု ပြောကာ ဉာဏ်ပူဇော်ခပါ ဆိုပြီးငွေကျပ် ငါးသောင်း ပေးသွား ခဲ့ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit : Zaygwet Journal