ဗဟုတုသ

ေဘာလုံး ကစားသမားမ်ား ႏွလုံး႐ုတ္တရက္ ရပ္သြားျခင္းေၾကာင့္ အသက္မဆုံးရႈံးဖို႔

(Zawgyi)
ေဘာလုံး ကစားသမားမ်ား ႏွလုံး႐ုတ္တရက္ ရပ္သြားျခင္းေၾကာင့္ အသက္မဆုံးရႈံးဖို႔

ေဘာလုံး အားကစားဟာ ကမာၻမွာ လူစိတ္ဝင္စားမႈ အမ်ားဆုံး အားကစားျဖစ္တဲ့အတြက္ ပေရာ္ဖက္ရွင္နယ္ ကစားသမားေတြ၊ အေပ်ာ္တမ္း ကစားသမားေတြ အပါအဝင္ လူငယ္လူ႐ြယ္ က်ား/မ မေ႐ြး အသက္အ႐ြယ္ မ်ိဳးစုံ ေနရာေဒသမေ႐ြး ေဘာလုံးကစားၾကပါတယ္။ ရာသီဥတု မေ႐ြး ကစားၾကသလို ေနရာ ေဒသမေ႐ြး ကစားၾကပါတယ္။ ေဘာလုံးကြင္းထဲ ကန္ၾကသလို လမ္းေပၚမွာလည္း ကစားၾကတယ္။ အခ်ိဳ႕က က်န္းမာေရး အတြက္ ကစားၾကသလို ဝါသနာအရလည္း ကစားၾကတယ္။

ဒီလိုကစားၾကတဲ့ ေနရာမွာ တစ္ဦးနဲ႔တစ္ဦး ထိမိခိုက္မိမႈေၾကာင့္ အေသးစား ဒဏ္ရာမ်ား ရတတ္ၾကသလို အသက္ အႏၲရာယ္ ထိခိုက္တဲ့အထိလည္း ကံဆိုးသြားတတ္ၾကတယ္။ ေဘာလုံးေၾကာင့္ အသက္ေသဆုံးၾကရသူေတြ ဆိုတာ ေဘာလုံးကစားတဲ့ လူဦးေရ ရာခိုင္ႏႈန္းနဲ႔ ယွဥ္ၾကည့္မယ္ဆိုရင္ အင္မတန္ နည္းပါးပါတယ္။ သို႔ေသာ္လည္း ကံဆိုးသြားၾကရသူေတြေတာ့ ရွိပါတယ္။ ၂၀၁၇ ခုႏွစ္အတြင္း အာဖရိကန္ ကစားသမား (၄)ဦး၊ အင္ဒိုနီးရွား ကစားသမား (၁)ဦး၊ ဘယ္လ္ဂ်ီယံ ကစားသမား (၁)ဦး၊ ေသဆုံးခဲ့ၿပီး ၂၀၁၈ ခုႏွစ္မွာေတာ့ ခ႐ိုေအးရွား ကစားသမား (၁)ဦးနဲ႔ ေတာင္အာဖရိက ကစားသမား (၁)ဦးတို႔ အသက္ဆုံးရႈံးခဲ့ရၿပီး ယခုရက္ပိုင္းမွာလည္း ျမန္မာကစားသမား ၂ ဦး ကြယ္လြန္သြားခဲ့ျပန္ပါတယ္။ အမ်ားဆုံးကေတာ့ ႏွလုံးေရာဂါအခံေၾကာင့္ ေသဆုံးခဲ့ရသူေတြပါ။

ႏွလုံးေရာဂါေၾကာင့္ ႐ုတ္တရက္ အသက္ဆုံးရႈံးျခင္း နဲ႔ပတ္သတ္လို႔ ျမန္မာႏိုင္ငံ ေဘာလုံး အဖြဲ႕ခ်ဳပ္ MFF Chief Medical Officer ေဒါက္တာေအာင္ေက်ာ္ဦးရဲ႕ အႀကံျပဳ ရွင္းလင္းခ်က္ကို မွ်ေဝေပးလိုက္ပါတယ္။

Sudden Cardiac Arrest (SCA) ႏွလုံး႐ုတ္တရက္ ရပ္သြားျခင္း

ျဖစ္ေပၚႏိုင္သည့္ လကၡဏာမ်ား

– ကစားေနရင္း (သို႔) ကစားၿပီး ရင္ဘတ္ထဲမွာ တင္းတင္းၾကပ္ၾကပ္ ျဖစ္ေနမယ္။ Chest Pain ရမယ္။ ႏွလုံးခုန္ ျမန္ေနမယ္။ ႏုံးခ်ိခ်ိ ျဖစ္ေနမယ္။ မအီမသာျဖစ္ၿပီး ကိုယ္လက္ မသယ္ခ်င္ျဖစ္ေနမယ္။ အသက္ရႈရတာ ျမန္လာမယ္။ သတိလစ္မယ္ဆိုရင္ ဒါေတြဟာ (SCA) အခ်က္ျပ လကၡဏာေတြ ျဖစ္ပါတယ္။

– Myocarditis ေၾကာင့္လည္းျဖစ္ေပၚႏိုင္ပါတယ္။ ႐ုတ္တရက္ ႏွလုံးႂကြက္သား ေရာင္ရမ္းျခင္းေၾကာင့္လည္း SCA ရႏိုင္ပါတယ္။ ဒါ့အျပင္ HOCM (Hypertrophic Obstructive Cardiomyopathy) ေၾကာင့္လည္း ျဖစ္ပါတယ္။ ကစားသမားေတြက ေလ့က်င့္မႈေၾကာင့္ ႏွလုံးႂကြက္သားေတြက သာမန္လူထက္ ပိုၿပီးႀကီးပါတယ္။ အဲ့ဒီလို အခ်ိန္မွာ Overload ျဖစ္ၿပီး ႏွလုံးႂကြက္သားကို ေသြးမေရာက္ဘဲ ႏွလုံး႐ုတ္တရက္ ရပ္သြားျခင္း SCA ရႏိုင္ပါတယ္။

ႏွလုံး႐ုတ္တရက္ ရပ္သြားျခင္းေၾကာင့္ အသက္ဆုံးရႈံးမႈ မျဖစ္ေအာင္ ဘယ္လို ႀကိဳတင္ကာကြယ္ႏိုင္မလဲ?
၁။ Regular Medical Check Up ပုံမွန္က်န္းမာေရး စစ္ေဆးမႈျပဳလုပ္ရပါမယ္။

၂။ အဆီမ်ားေသာ အစားအစာမ်ား ( ႏွစ္ျပန္ေက်ာ္၊ ဆီေက်ာ္ အစားအစာမ်ား၊ အေရျပား၊ အာလူးေက်ာ္ Fast Food) စတာေတြ ေရွာင္သင့္ပါတယ္။

၃။ အရက္၊ ေဆးလိပ္ ေရွာင္ရပါမယ္။

၄။ အသီးအ႐ြက္မ်ားမ်ား စားေပးပါ။

၅။ ၿပိဳင္ပြဲေတြ ကစားကြင္းေတြမွာ အလိုအေလ်ာက္ ႏွလုံးႏိုးစက္ (AED)ေတြ ထားေပးရပါမယ္။ (AED စက္ေတြဟာ ကစားကြင္းေတြမွာသာမက Public Area ေတြမွာလည္း ထားရွိသင့္ပါတယ္။ ႏိုင္ငံအေတာ္မ်ားမ်ားက ေလဆိပ္ေတြမွာ Shopping Mall ေတြမွာ ႐ုပ္ရွင္႐ုံေတြမွာ အစရွိသျဖင့္ AED စက္ေတြ တပ္ဆင္ေပးထားေလ့ရွိပါတယ္)

၆။ လူနာတင္ယာဥ္ Ambulance ရွိရပါမယ္။

၇။ ကစားကြင္းမွ ေဆး႐ုံသို႔ ပို႔ဖို႔ ျမန္ဆန္လြယ္ကူတဲ့ အေျခအေန ျဖစ္ေနရပါမယ္။

(ျမန္မာႏိုင္ငံ ေဘာလုံး အဖြဲ႕ခ်ဳပ္ MFF Chief Medical Officer ေဒါက္တာေအာင္ေက်ာ္ဦးရဲ႕ အႀကံျပဳ ရွင္းလင္းခ်က္)

Credit : Myanmar Football Federation

via – wunyan

(Unicode)
ဘောလုံး ကစားသမားများ နှလုံးရုတ်တရက် ရပ်သွားခြင်းကြောင့် အသက်မဆုံးရှုံးဖို့

ဘောလုံး အားကစားဟာ ကမ္ဘာမှာ လူစိတ်ဝင်စားမှု အများဆုံး အားကစားဖြစ်တဲ့အတွက် ပရော်ဖက်ရှင်နယ် ကစားသမားတွေ၊ အပျော်တမ်း ကစားသမားတွေ အပါအဝင် လူငယ်လူရွယ် ကျား/မ မရွေး အသက်အရွယ် မျိုးစုံ နေရာဒေသမရွေး ဘောလုံးကစားကြပါတယ်။ ရာသီဥတု မရွေး ကစားကြသလို နေရာ ဒေသမရွေး ကစားကြပါတယ်။ ဘောလုံးကွင်းထဲ ကန်ကြသလို လမ်းပေါ်မှာလည်း ကစားကြတယ်။ အချို့က ကျန်းမာရေး အတွက် ကစားကြသလို ဝါသနာအရလည်း ကစားကြတယ်။

ဒီလိုကစားကြတဲ့ နေရာမှာ တစ်ဦးနဲ့တစ်ဦး ထိမိခိုက်မိမှုကြောင့် အသေးစား ဒဏ်ရာများ ရတတ်ကြသလို အသက် အန္တရာယ် ထိခိုက်တဲ့အထိလည်း ကံဆိုးသွားတတ်ကြတယ်။ ဘောလုံးကြောင့် အသက်သေဆုံးကြရသူတွေ ဆိုတာ ဘောလုံးကစားတဲ့ လူဦးရေ ရာခိုင်နှုန်းနဲ့ ယှဉ်ကြည့်မယ်ဆိုရင် အင်မတန် နည်းပါးပါတယ်။ သို့သော်လည်း ကံဆိုးသွားကြရသူတွေတော့ ရှိပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း အာဖရိကန် ကစားသမား (၄)ဦး၊ အင်ဒိုနီးရှား ကစားသမား (၁)ဦး၊ ဘယ်လ်ဂျီယံ ကစားသမား (၁)ဦး၊ သေဆုံးခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ခရိုအေးရှား ကစားသမား (၁)ဦးနဲ့ တောင်အာဖရိက ကစားသမား (၁)ဦးတို့ အသက်ဆုံးရှုံးခဲ့ရပြီး ယခုရက်ပိုင်းမှာလည်း မြန်မာကစားသမား ၂ ဦး ကွယ်လွန်သွားခဲ့ပြန်ပါတယ်။ အများဆုံးကတော့ နှလုံးရောဂါအခံကြောင့် သေဆုံးခဲ့ရသူတွေပါ။

နှလုံးရောဂါကြောင့် ရုတ်တရက် အသက်ဆုံးရှုံးခြင်း နဲ့ပတ်သတ်လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF Chief Medical Officer ဒေါက်တာအောင်ကျော်ဦးရဲ့ အကြံပြု ရှင်းလင်းချက်ကို မျှဝေပေးလိုက်ပါတယ်။

Sudden Cardiac Arrest (SCA) နှလုံးရုတ်တရက် ရပ်သွားခြင်း

ဖြစ်ပေါ်နိုင်သည့် လက္ခဏာများ

– ကစားနေရင်း (သို့) ကစားပြီး ရင်ဘတ်ထဲမှာ တင်းတင်းကြပ်ကြပ် ဖြစ်နေမယ်။ Chest Pain ရမယ်။ နှလုံးခုန် မြန်နေမယ်။ နုံးချိချိ ဖြစ်နေမယ်။ မအီမသာဖြစ်ပြီး ကိုယ်လက် မသယ်ချင်ဖြစ်နေမယ်။ အသက်ရှုရတာ မြန်လာမယ်။ သတိလစ်မယ်ဆိုရင် ဒါတွေဟာ (SCA) အချက်ပြ လက္ခဏာတွေ ဖြစ်ပါတယ်။

– Myocarditis ကြောင့်လည်းဖြစ်ပေါ်နိုင်ပါတယ်။ ရုတ်တရက် နှလုံးကြွက်သား ရောင်ရမ်းခြင်းကြောင့်လည်း SCA ရနိုင်ပါတယ်။ ဒါ့အပြင် HOCM (Hypertrophic Obstructive Cardiomyopathy) ကြောင့်လည်း ဖြစ်ပါတယ်။ ကစားသမားတွေက လေ့ကျင့်မှုကြောင့် နှလုံးကြွက်သားတွေက သာမန်လူထက် ပိုပြီးကြီးပါတယ်။ အဲ့ဒီလို အချိန်မှာ Overload ဖြစ်ပြီး နှလုံးကြွက်သားကို သွေးမရောက်ဘဲ နှလုံးရုတ်တရက် ရပ်သွားခြင်း SCA ရနိုင်ပါတယ်။

နှလုံးရုတ်တရက် ရပ်သွားခြင်းကြောင့် အသက်ဆုံးရှုံးမှု မဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်နိုင်မလဲ?
၁။ Regular Medical Check Up ပုံမှန်ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ရပါမယ်။

၂။ အဆီများသော အစားအစာများ ( နှစ်ပြန်ကျော်၊ ဆီကျော် အစားအစာများ၊ အရေပြား၊ အာလူးကျော် Fast Food) စတာတွေ ရှောင်သင့်ပါတယ်။

၃။ အရက်၊ ဆေးလိပ် ရှောင်ရပါမယ်။

၄။ အသီးအရွက်များများ စားပေးပါ။

၅။ ပြိုင်ပွဲတွေ ကစားကွင်းတွေမှာ အလိုအလျောက် နှလုံးနိုးစက် (AED)တွေ ထားပေးရပါမယ်။ (AED စက်တွေဟာ ကစားကွင်းတွေမှာသာမက Public Area တွေမှာလည်း ထားရှိသင့်ပါတယ်။ နိုင်ငံအတော်များများက လေဆိပ်တွေမှာ Shopping Mall တွေမှာ ရုပ်ရှင်ရုံတွေမှာ အစရှိသဖြင့် AED စက်တွေ တပ်ဆင်ပေးထားလေ့ရှိပါတယ်)

၆။ လူနာတင်ယာဉ် Ambulance ရှိရပါမယ်။

၇။ ကစားကွင်းမှ ဆေးရုံသို့ ပို့ဖို့ မြန်ဆန်လွယ်ကူတဲ့ အခြေအနေ ဖြစ်နေရပါမယ်။

(မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF Chief Medical Officer ဒေါက်တာအောင်ကျော်ဦးရဲ့ အကြံပြု ရှင်းလင်းချက်)

Credit : Myanmar Football Federation

via – wunyan

Leave a Reply

Your email address will not be published. Required fields are marked *