ဗဟုတုသ

ဒီအခ်ိန္မွာ ကား၀ယ္မယ္ဆိုရင္

(Zawgyi)
ဒီအခ်ိန္မွာ ကားဝယ္မယ္ဆိုရင္ ဒီေဆာင္းပါးေလးကို အရင္ဖတ္ၾကည့္ပါ…ကားတစ္စီးဝယ္မယ္ဆိုရင္ ဘာကားကို ဝယ္မလဲ၊ ဘယ္လိုပုံစံမ်ိဳးနဲ႔ဝယ္မလဲ၊ ေငြဘယ္ေလာက္သုံးမလဲ၊ ဘယ္မွာဝယ္မလဲဆိုတာ ကိုယ္တိုင္ေသခ်ာ ဆုံးျဖတ္ပါ။

လြန္ခဲ့တဲ့ ၃၊ ၄ ႏွစ္ေလာက္က ကားတစ္စီးဝယ္မယ္ဆိုရင္ ဂ်ပန္ညာ ေမာင္းကားေတြကိုသာ ေ႐ြးခ်ယ္စရာရွိလို႔ လိုခ်င္တဲ့ ကားအမ်ိဳးအစားနဲ႔ တတ္ႏိုင္တဲ့ ေငြပမာဏရွိရင္ အမ်ားႀကီးစဥ္းစားစရာမလိုဘဲ ဝယ္လို႔ရ ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက ဂ်ပန္တစ္ပတ္ရစ္ကားေတြကို ဝယ္ယူမယ္ဆိုရင္ ဖရီးပါမစ္နဲ႔ စလစ္ကပ္ ႏွစ္မ်ိဳးရွိၿပီး လိုခ်င္တဲ့ကားအေပၚမူတည္ကာ ဝယ္လို႔ရပါတယ္။ ဒါေပမဲ့ အခုခ်ိန္မွာေတာ့ ေ႐ြးခ်ယ္စရာေတြ မ်ားသြားၿပီး ကားအေရာင္းျပခန္းေတြကေန ေရာင္းခ်တဲ့ Brand New ကားအသစ္ေတြ ကို ဝယ္မလား၊ ကားအေရာင္းစင္တာေတြကေန ေရာင္းတဲ့ ဂ်ပန္ညာေမာင္း လက္က်န္ကားေတြကို ဝယ္မလား၊ ျပည္တြင္း မွာ တပ္ဆင္ထုတ္လုပ္တဲ့ CKD ၊ SKD ကားေတြကိုပဲ ဝယ္မလား၊ ဒါမွမဟုတ္ နံပါတ္ထြက္ၿပီးသား ကားေတြကိုပဲ ဝယ္မလားဆိုတာ စဥ္းစားရၾကပ္တဲ့ အေျခအေနတစ္ခု ျဖစ္သြားပါတယ္။ အခုခ်ိန္မွာ ကားတစ္စီး ဝယ္မယ္ဆိုရင္ ဘယ္မွာပဲ ဝယ္ဝယ္ အားသာခ်က္၊ အားနည္းခ်က္ေတြ ရွိပါတယ္။

ကားအေရာင္းျပခန္းေတြကေန ေရာင္းခ်တဲ့ Brand New ကားအသစ္ေတြကို ဝယ္မလား?

Brand New ကားသစ္ေတြ တင္သြင္းေရာင္းခ်တဲ့ Car Showroom ေတြကို ၂၀၁၅ ခုႏွစ္ကစၿပီး ဖြင့္လွစ္ခြင့္ ေပးခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ Brand New Showroom ၂၀ ေက်ာ္ရွိလာတဲ့အတြက္ ေ႐ြးခ်ယ္စရာ ကားေတြလည္း မ်ားသြားပါတယ္။ Asia Brand ကို ယူမလား၊ Japan Brand ကို ယူမလား၊ Europe Brand ကို ယူမလား၊ American Brand ကို ယူမလား ႀကိဳက္ႏွစ္သက္တဲ့ ကားအမ်ိဳးအစားကို ေ႐ြးခ်ယ္ခြင့္ ရသြားပါတယ္။ Brand New ကားသစ္ကို ဝယ္ယူမယ္ဆိုရင္ Zero Kilo ကားကို စီးရမယ္၊ ကားဝယ္ၿပီးလို႔ After Sale Service အျဖစ္ Warranty ရမယ္၊ သူမ်ားအသုံးမျပဳရေသးတဲ့ ကားအသစ္ တစ္စီးကို ပိုင္ဆိုင္ခြင့္ရမယ္ဆိုတဲ့ အားသာခ်က္ေတြ ရွိပါတယ္။ ဒါေပမဲ့ Brand New ကားေတြက အသုံးျပဳၿပီးတဲ့ကားေဟာင္းေတြထက္ ေဈးပို မ်ားတယ္၊ ရန္ကုန္လိုင္စင္ပိတ္ထားတဲ့အတြက္ နယ္လိုင္စင္နဲ႔ပဲ ဝယ္လို႔ရမယ္၊ ကားအသစ္ဝယ္ၿပီးမွ အမည္ေပါက္မရတဲ့ ျပႆနာေတြ ရွိတယ္၊ ရန္ကုန္လိုင္စင္လိုခ်င္လို႔ စလစ္ကပ္မယ္ဆိုရင္လည္း စလစ္တန္ဖိုးထပ္ကုန္မယ္ စတဲ့အားနည္းခ်က္ေတြ ရွိေနပါတယ္။ ရန္ကုန္လိုင္စင္မရတဲ့ ျပႆသနာေၾကာင့္လည္း Brand New ကားေဈးကြက္က အခုခ်ိန္ထိ အားမေကာင္းေသးတာ ေတြ႕ရပါတယ္။

ကားအေရာင္းျပခန္းေတြကေနေရာင္းတဲ့ ဂ်ပန္ညာေမာင္းလက္က်န္ ကားေတြကို ဝယ္မလား?

ဦးသိန္းစိန္အစိုးရလက္ထက္တုန္းက ကားေဟာင္းေတြ အပ္ႏွံၿပီး ကားအသစ္ အစားထိုးတင္သြင္းတဲ့ အစီအစဥ္နဲ႔ ၂၀၁၁ ခုႏွစ္၊ စက္တင္ဘာလကစၿပီး ကားအေရာင္းစင္တာေတြကို ဖြင့္လွစ္ခြင့္ ေပးခဲ့ပါတယ္။ ဝယ္လိုအား ျမင့္တက္ၿပီး ကားအေရာင္းစင္တာေတြ အၿပိဳင္အဆိုင္ ဖြင့္ခဲ့တဲ့အခ်ိန္တုန္းက ကားအေရာင္းစင္တာ ၂၂၀ ေက်ာ္အထိ ရွိခဲ့ေပမဲ့လည္း အခုခ်ိန္မွာေတာ့ ၄၀ ေက်ာ္ေလာက္ပဲ က်န္ပါေတာ့တယ္။ ဒီႏွစ္ကစၿပီး ဂ်ပန္ညာေမာင္းကားေတြ တင္သြင္းခြင့္ မေပးေတာ့တဲ့အတြက္ ကားအေရာင္းစင္တာေတြကလည္း အရင္ႏွစ္ပါမစ္ေတြနဲ႔ တင္သြင္းထားတဲ့ ဂ်ပန္ညာေမာင္း ကားေတြကို ထိန္းေရာင္းလာၾကတဲ့ အတြက္ ကားတစ္စီးကို ေဈးသက္သက္သာသာနဲ႔ ဝယ္ယူခြင့္မရေတာ့ပါဘူး။ ဒီႏွစ္မူဝါဒအရလည္း ဂ်ပန္ညာေမာင္းစတိနံပါတ္ကားကို ဝယ္ယူမယ္ဆိုရင္ ကားေဟာင္းစလစ္ကပ္ရမွာ ျဖစ္တဲ့အတြက္ အရင္ႏွစ္ေတြတုန္းက သိန္း ၂၀၀ ဝန္းက်င္နဲ႔ ဝယ္ယူလို႔ရတဲ့ ၁၃၀၀ စီစီကားေတြေတာင္ အခုခ်ိန္မွာ သိန္း ၃၀၀ နား ကပ္သြားပါတယ္။ တစ္ခ်ိဳ႕ ၁၃၀၀ စီစီကားေတြဆိုရင္ အင္ဂ်င္ပါဝါနည္း Brand New ကားေတြထက္ေတာင္ ေဈးမ်ားေနပါတယ္။ ဒါေၾကာင့္ ကား အေရာင္းစင္တာက ကားတစ္စီးဝယ္မယ္ဆိုရင္ အနီးစပ္ဆုံး အမ်ိဳးအစားတူ နံပါတ္ထြက္ၿပီးသား ကားေဈးနဲ႔ ခ်ိန္ဆၿပီး ဝယ္ယူသင့္ပါတယ္။ ေနာက္ၿပီး ေဈးတန္းအရမ္းမကြာတဲ့ Brand New ကားေတြနဲ႔လည္း ယွဥ္ၿပီးေတာ့ ဝယ္ယူသင့္ပါတယ္။

ျပည္တြင္းမွာ တပ္ဆင္ထုတ္လုပ္တဲ့ CKD ၊ SKD ကားေတြကိုပဲ ဝယ္မလား?

ျမန္မာ့ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ရဲ႕ ခြင့္ျပဳခ်က္နဲ႔ ကားတပ္ဆင္ထုတ္ လုပ္တဲ့ကုမၸဏီ ၁၇ ခုရွိၿပီး အေရာင္းရဆုံး ထိပ္ဆုံးစာရင္းမွာ Suzuki ၊ Ford ၊ Nissan နဲ႔ KIA တို႔ ပါဝင္ေနပါတယ္။ ကုမၸဏီအမ်ားစု ကေတာ့ တစ္စိတ္တစ္ပိုင္းတပ္ဆင္ထုတ္လုပ္တဲ့ SKD စနစ္နဲ႔သြားတာမ်ားၿပီး ျပည္တြင္းမွာ တပ္ဆင္ထုတ္လုပ္တာျဖစ္လို႔ ရန္ကုန္လိုင္စင္ရရွိတဲ့ အခြင့္အေရးေတာ့ ရွိပါတယ္။ ေနာက္တစ္ခုအားသာခ်က္က ျပည္တြင္းမွာ တပ္ဆင္ထုတ္လုပ္ၿပီး ေရာင္းခ်တဲ့ကားေတြက ကားအေရာင္းစင္တာေတြက ေရာင္းခ်တဲ့ တစ္ပတ္ရစ္ကားေတြထက္ ဘဏ္စနစ္ ပိုမိုအားေကာင္းၿပီး ၂ ႏွစ္ကေန ၇ ႏွစ္အထိ အရစ္က်စနစ္နဲ႔ ဝယ္ယူလို႔ရတဲ့ အားသာခ်က္ ရွိပါတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံရဲ႕ ပုဂၢလိကဘဏ္အတိုးႏႈန္းက ၁၃ ရာခိုင္ႏႈန္းရွိၿပီး အာမခံေၾကးနဲ႔ တျခားဝန္ေဆာင္မႈေတြပါရင္ ၁၄ ရာခိုင္ႏႈန္း ေလာက္က်ပါတယ္။ ဒါေၾကာင့္ ကနဦးေပးသြင္းရတဲ့ ေငြပမာဏနည္းတာ ကိုၾကည့္ၿပီး အရစ္က်စနစ္နဲ႔ ဝယ္ယူမယ္ဆိုရင္ေတာ့ ကားတန္ဖိုးက အဆမတန္ပိုမ်ားသြားမွာ ျဖစ္ပါတယ္။ နမူနာအေနနဲ႔ Suzuki Ciaz ကို ကနဦး ၂၅ ရာခိုင္ႏႈန္း ျဖစ္တဲ့ ၆၅ သိန္းေက်ာ္ေပးသြင္းၿပီး ၇ ႏွစ္အရစ္က် နဲ႔ ဝယ္ယူမယ္ဆိုရင္ ကားအေႂကြးေက်တဲ့အခ်ိန္မွာ မူလကားတန္ဖိုးထက္ သိန္း ၁၁၀ ေက်ာ္ပိုမ်ားသြားမွာ ျဖစ္ပါတယ္။ အခြန္မေဆာင္ထားလို႔ ဝင္ေငြခြန္ပါ ထည့္သြင္းတြက္ခ်က္မယ္ဆိုရင္ သိန္း ၁၅၀ ေက်ာ္မ်ားသြားမွာ ျဖစ္ပါတယ္။ ေနာက္ၿပီး ကားသစ္တစ္စီးကို ဝယ္တာျဖစ္လို႔ မစီးခ်င္လို႔ ျပန္ေရာင္းမယ္ဆိုရင္လည္း ရႈံးမွာ ေသခ်ာပါတယ္။

နံပါတ္ထြက္ၿပီးသား ကားေတြကိုပဲ ဝယ္မလား?

၂၀၁၁ ခုႏွစ္ေနာက္ပိုင္းကစလို႔ ၿပီးခဲ့တဲ့ႏွစ္အထိ ဂ်ပန္ညာေမာင္းကားေတြကိုပဲ အဓိကတင္သြင္းခဲ့တဲ့အတြက္ နံပါတ္ ထြက္ၿပီးသား ကားေဟာင္းေတြရဲ႕ ၉၀ ရာခိုင္ႏႈန္းဝန္းက်င္က ဂ်ပန္ညာေမာင္းကားေတြပဲ ျဖစ္ပါတယ္။ ေဈးကြက္ အတြင္းမွာ ရွိတဲ့ ကားေတြက ကားေဟာင္းေတြျဖစ္လို႔ ေသခ်ာတာတစ္ခုက Brand New ကားေတြ၊ စတိနံပါတ္ ကားေတြနဲ႔ ယွဥ္ရင္ ေဈးသက္သာပါတယ္။ ဒါေပမဲ့ ကားေဟာင္း တစ္စီးကို ဝယ္တယ္ဆိုတာ ကားအေၾကာင္း နားမလည္ရင္ အရမ္းအႏၲရာယ္မ်ားပါတယ္။ ကိုယ္ဝယ္လိုက္တဲ့ကားက တိုက္ထားၿပီး မိတ္ကပ္ဖို႔ထားတဲ့ကားလား၊ ေဖာက္စြပ္ကားလား၊ ေအာ္ေဆးလား ျပန္ေဆး လား၊ အင္ဂ်င္အေနအထား၊ ေအာက္ပိုင္းအေျခအေန စတာေတြကို ေသခ်ာစစ္ေဆးၿပီးမွ ဝယ္သင့္ပါတယ္။ ကားတစ္စီးဝယ္ၿပီးမွ မၾကာခဏ ျပင္ေနရမယ္ဆိုရင္ေတာ့ ကားတန္ဖိုး ထက္ ျပင္ဆင္စရိတ္က ပိုမ်ားသြားမွာပါ။ အဆိုးဆုံးကေတာ့ ေဖာက္စြပ္ မမိဖို႔ပါပဲ။ ယာဥ္မွန္/မမွန္ မစစ္ဘဲ ဝယ္လိုက္ၿပီး သက္တမ္းတိုးတဲ့အခ်ိန္က်မွ ေဖာက္စြပ္ဆိုရင္ေတာ့ ကားတစ္စီးလုံး ပလုံသြားမွာပါ။ ယာဥ္မွန္/ မမွန္ စစ္ဖို႔ကလည္း အခုခ်ိန္မွာ အနည္းဆုံး ႏွစ္ပတ္ကေန တစ္လအထိ ၾကာတဲ့အတြက္ ျပင္ပကေန နံပါတ္ထြက္ၿပီးသား ကားတစ္စီး ဝယ္ဖို႔ဆိုတာ ခက္ခဲပါတယ္။ ကားေကာင္းေကာင္း ၾကည့္တတ္ၿပီး ေဈးတန္းလည္း သိမယ္ဆိုရင္ေတာ့ မစီးခ်င္လို႔ ျပန္ေရာင္းမယ္ဆိုရင္ေတာင္ ျမတ္မယ့္အေနအထား ရွိပါတယ္။ ကားမၾကည့္တတ္ဘဲ မိတ္ကပ္ဖို႔ထားၿပီး အင္ဂ်င္က်တဲ့ကားကို ဝယ္လိုက္မိရင္ေတာ့ ဒီကားက သခင္ခ်စ္ကားျဖစ္သြားၿပီး ေတာ္ေတာ္နဲ႔ ေရာင္းထြက္ေတာ့မွာ မဟုတ္ပါဘူး။

ခင္မင္တဲ့ မိတ္ေဆြေတြက““ကိုၿဖိဳးေရ…လက္ထဲမွာ ေငြဘယ္ေလာက္ရွိလို႔ ကားတစ္စီးဝယ္ခ်င္ပါတယ္။ ဘယ္ကား အမ်ိဳးအစားကို ဝယ္ရင္ေကာင္းမလဲ… အႀကံေလးေပးပါဦး””ဆိုၿပီး မၾကာခဏဆိုသလို အႀကံဉာဏ္ေတာင္းပါတယ္။ အမွန္အတိုင္းေျပာရရင္ ကြၽန္ေတာ္ကိုယ္တိုင္လည္း အႀကံမေပးတတ္ပါဘူး။ အခုခ်ိန္မွာ ကားတစ္စီး ဝယ္ယူမယ္ဆိုရင္ ေ႐ြးခ်ယ္စရာေတြမ်ားၿပီး ဘယ္မွာဝယ္ပါ၊ ဘာကားဝယ္ပါ၊ ဘယ္လိုဝယ္ ပါ အစရွိသျဖင့္ ဆရာႀကီးလုပ္ၿပီး အႀကံမျပဳေပးလိုပါ။ ဘာေၾကာင့္လည္း ဆိုရင္ Brand New ကားပဲဝယ္ဝယ္၊ ဂ်ပန္ညာေမာင္း စတိကားပဲ ဝယ္ဝယ္၊ ျပည္တြင္းမွာ တပ္ဆင္ထုတ္လုပ္တဲ့ ကားေတြကိုပဲဝယ္ဝယ္၊ အျပင္ကေန နံပါတ္ထြက္ၿပီးသား ကားပဲဝယ္ဝယ္ သူ႔အားသာခ်က္နဲ႔သူ သူ႔အားနည္းခ်က္နဲ႔သူရွိတဲ့အတြက္ ျဖစ္ပါတယ္။ Brand New ကားျဖစ္ျဖစ္၊ စတိနံပါတ္ ကားျဖစ္ျဖစ္ ဝယ္ယူတဲ့ အခါမွာလည္း ကိုယ့္မွာ ေငြျဖဴျပဖို႔ အခြန္ေပးေဆာင္ထားတာရွိလား။ စလစ္ကပ္ၿပီး အမည္ေပါက္နဲ႔ စီးမွာလားဆိုတာကိုလည္း ေရာင္းခ်မယ့္သူနဲ႔ ေသခ်ာတိုင္ပင္ရမွာ ျဖစ္ပါတယ္။ ဘဏ္နဲ႔ခ်ိတ္ၿပီး အရစ္က်စနစ္နဲ႔ ဝယ္မယ္ဆိုရင္လည္း ကနဦးေပးသြင္းရမယ့္ ေငြပမာဏနည္းတာကိုၾကည့္ၿပီး အရစ္က်ျပန္ဆပ္ရမယ့္ အခ်ိန္အတိုင္းအတာ၊ ႏွစ္အနည္းအမ်ားအေပၚမူတည္ၿပီး ေပးရမယ့္အတိုးႏႈန္းေတြကိုလည္း ေသခ်ာတြက္ခ်က္ ရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကားတစ္စီးဝယ္မယ္ဆိုရင္ ဘယ္လိုပုံစံမ်ိဳးနဲ႔ဝယ္မလဲ၊ ေငြဘယ္ေလာက္သုံးမလဲ၊ ဘယ္မွာဝယ္မလဲ၊ ဘာကားကို ဝယ္မလဲဆိုတာ ကိုယ္တိုင္ဆုံးျဖတ္သင့္ပါတယ္။ ေနာက္ၿပီး စီးဖို႔ဝယ္မွာလား၊ ျမတ္ခ်င္လို႔ ဝယ္မွာလားဆိုတာလည္း ကိုယ္တိုင္ေသခ်ာဆုံးျဖတ္ၿပီးမွ ဝယ္ယူသင့္ပါတယ္လို႔ပဲ အႀကံျပဳလိုက္ပါတယ္။

Credit – Ko Phyo (Automobile)

(Unicode)
ဒီအချိန်မှာ ကားဝယ်မယ်ဆိုရင် ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်ပါ…ကားတစ်စီးဝယ်မယ်ဆိုရင် ဘာကားကို ဝယ်မလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ဝယ်မလဲ၊ ငွေဘယ်လောက်သုံးမလဲ၊ ဘယ်မှာဝယ်မလဲဆိုတာ ကိုယ်တိုင်သေချာ ဆုံးဖြတ်ပါ။

လွန်ခဲ့တဲ့ ၃၊ ၄ နှစ်လောက်က ကားတစ်စီးဝယ်မယ်ဆိုရင် ဂျပန်ညာ မောင်းကားတွေကိုသာ ရွေးချယ်စရာရှိလို့ လိုချင်တဲ့ ကားအမျိုးအစားနဲ့ တတ်နိုင်တဲ့ ငွေပမာဏရှိရင် အများကြီးစဉ်းစားစရာမလိုဘဲ ဝယ်လို့ရ ပါတယ်။ အဲ့ဒီအချိန်တုန်းက ဂျပန်တစ်ပတ်ရစ်ကားတွေကို ဝယ်ယူမယ်ဆိုရင် ဖရီးပါမစ်နဲ့ စလစ်ကပ် နှစ်မျိုးရှိပြီး လိုချင်တဲ့ကားအပေါ်မူတည်ကာ ဝယ်လို့ရပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ရွေးချယ်စရာတွေ များသွားပြီး ကားအရောင်းပြခန်းတွေကနေ ရောင်းချတဲ့ Brand New ကားအသစ်တွေ ကို ဝယ်မလား၊ ကားအရောင်းစင်တာတွေကနေ ရောင်းတဲ့ ဂျပန်ညာမောင်း လက်ကျန်ကားတွေကို ဝယ်မလား၊ ပြည်တွင်း မှာ တပ်ဆင်ထုတ်လုပ်တဲ့ CKD ၊ SKD ကားတွေကိုပဲ ဝယ်မလား၊ ဒါမှမဟုတ် နံပါတ်ထွက်ပြီးသား ကားတွေကိုပဲ ဝယ်မလားဆိုတာ စဉ်းစားရကြပ်တဲ့ အခြေအနေတစ်ခု ဖြစ်သွားပါတယ်။ အခုချိန်မှာ ကားတစ်စီး ဝယ်မယ်ဆိုရင် ဘယ်မှာပဲ ဝယ်ဝယ် အားသာချက်၊ အားနည်းချက်တွေ ရှိပါတယ်။

ကားအရောင်းပြခန်းတွေကနေ ရောင်းချတဲ့ Brand New ကားအသစ်တွေကို ဝယ်မလား?

Brand New ကားသစ်တွေ တင်သွင်းရောင်းချတဲ့ Car Showroom တွေကို ၂၀၁၅ ခုနှစ်ကစပြီး ဖွင့်လှစ်ခွင့် ပေးခဲ့ပါတယ်။ အခုချိန်မှာတော့ Brand New Showroom ၂၀ ကျော်ရှိလာတဲ့အတွက် ရွေးချယ်စရာ ကားတွေလည်း များသွားပါတယ်။ Asia Brand ကို ယူမလား၊ Japan Brand ကို ယူမလား၊ Europe Brand ကို ယူမလား၊ American Brand ကို ယူမလား ကြိုက်နှစ်သက်တဲ့ ကားအမျိုးအစားကို ရွေးချယ်ခွင့် ရသွားပါတယ်။ Brand New ကားသစ်ကို ဝယ်ယူမယ်ဆိုရင် Zero Kilo ကားကို စီးရမယ်၊ ကားဝယ်ပြီးလို့ After Sale Service အဖြစ် Warranty ရမယ်၊ သူများအသုံးမပြုရသေးတဲ့ ကားအသစ် တစ်စီးကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုတဲ့ အားသာချက်တွေ ရှိပါတယ်။ ဒါပေမဲ့ Brand New ကားတွေက အသုံးပြုပြီးတဲ့ကားဟောင်းတွေထက် ဈေးပို များတယ်၊ ရန်ကုန်လိုင်စင်ပိတ်ထားတဲ့အတွက် နယ်လိုင်စင်နဲ့ပဲ ဝယ်လို့ရမယ်၊ ကားအသစ်ဝယ်ပြီးမှ အမည်ပေါက်မရတဲ့ ပြဿနာတွေ ရှိတယ်၊ ရန်ကုန်လိုင်စင်လိုချင်လို့ စလစ်ကပ်မယ်ဆိုရင်လည်း စလစ်တန်ဖိုးထပ်ကုန်မယ် စတဲ့အားနည်းချက်တွေ ရှိနေပါတယ်။ ရန်ကုန်လိုင်စင်မရတဲ့ ပြဿသနာကြောင့်လည်း Brand New ကားဈေးကွက်က အခုချိန်ထိ အားမကောင်းသေးတာ တွေ့ရပါတယ်။

ကားအရောင်းပြခန်းတွေကနေရောင်းတဲ့ ဂျပန်ညာမောင်းလက်ကျန် ကားတွေကို ဝယ်မလား?

ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက ကားဟောင်းတွေ အပ်နှံပြီး ကားအသစ် အစားထိုးတင်သွင်းတဲ့ အစီအစဉ်နဲ့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလကစပြီး ကားအရောင်းစင်တာတွေကို ဖွင့်လှစ်ခွင့် ပေးခဲ့ပါတယ်။ ဝယ်လိုအား မြင့်တက်ပြီး ကားအရောင်းစင်တာတွေ အပြိုင်အဆိုင် ဖွင့်ခဲ့တဲ့အချိန်တုန်းက ကားအရောင်းစင်တာ ၂၂၀ ကျော်အထိ ရှိခဲ့ပေမဲ့လည်း အခုချိန်မှာတော့ ၄၀ ကျော်လောက်ပဲ ကျန်ပါတော့တယ်။ ဒီနှစ်ကစပြီး ဂျပန်ညာမောင်းကားတွေ တင်သွင်းခွင့် မပေးတော့တဲ့အတွက် ကားအရောင်းစင်တာတွေကလည်း အရင်နှစ်ပါမစ်တွေနဲ့ တင်သွင်းထားတဲ့ ဂျပန်ညာမောင်း ကားတွေကို ထိန်းရောင်းလာကြတဲ့ အတွက် ကားတစ်စီးကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူခွင့်မရတော့ပါဘူး။ ဒီနှစ်မူဝါဒအရလည်း ဂျပန်ညာမောင်းစတိနံပါတ်ကားကို ဝယ်ယူမယ်ဆိုရင် ကားဟောင်းစလစ်ကပ်ရမှာ ဖြစ်တဲ့အတွက် အရင်နှစ်တွေတုန်းက သိန်း ၂၀၀ ဝန်းကျင်နဲ့ ဝယ်ယူလို့ရတဲ့ ၁၃၀၀ စီစီကားတွေတောင် အခုချိန်မှာ သိန်း ၃၀၀ နား ကပ်သွားပါတယ်။ တစ်ချို့ ၁၃၀၀ စီစီကားတွေဆိုရင် အင်ဂျင်ပါဝါနည်း Brand New ကားတွေထက်တောင် ဈေးများနေပါတယ်။ ဒါကြောင့် ကား အရောင်းစင်တာက ကားတစ်စီးဝယ်မယ်ဆိုရင် အနီးစပ်ဆုံး အမျိုးအစားတူ နံပါတ်ထွက်ပြီးသား ကားဈေးနဲ့ ချိန်ဆပြီး ဝယ်ယူသင့်ပါတယ်။ နောက်ပြီး ဈေးတန်းအရမ်းမကွာတဲ့ Brand New ကားတွေနဲ့လည်း ယှဉ်ပြီးတော့ ဝယ်ယူသင့်ပါတယ်။

ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ CKD ၊ SKD ကားတွေကိုပဲ ဝယ်မလား?

မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ ကားတပ်ဆင်ထုတ် လုပ်တဲ့ကုမ္ပဏီ ၁၇ ခုရှိပြီး အရောင်းရဆုံး ထိပ်ဆုံးစာရင်းမှာ Suzuki ၊ Ford ၊ Nissan နဲ့ KIA တို့ ပါဝင်နေပါတယ်။ ကုမ္ပဏီအများစု ကတော့ တစ်စိတ်တစ်ပိုင်းတပ်ဆင်ထုတ်လုပ်တဲ့ SKD စနစ်နဲ့သွားတာများပြီး ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တာဖြစ်လို့ ရန်ကုန်လိုင်စင်ရရှိတဲ့ အခွင့်အရေးတော့ ရှိပါတယ်။ နောက်တစ်ခုအားသာချက်က ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်ပြီး ရောင်းချတဲ့ကားတွေက ကားအရောင်းစင်တာတွေက ရောင်းချတဲ့ တစ်ပတ်ရစ်ကားတွေထက် ဘဏ်စနစ် ပိုမိုအားကောင်းပြီး ၂ နှစ်ကနေ ၇ နှစ်အထိ အရစ်ကျစနစ်နဲ့ ဝယ်ယူလို့ရတဲ့ အားသာချက် ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကဘဏ်အတိုးနှုန်းက ၁၃ ရာခိုင်နှုန်းရှိပြီး အာမခံကြေးနဲ့ တခြားဝန်ဆောင်မှုတွေပါရင် ၁၄ ရာခိုင်နှုန်း လောက်ကျပါတယ်။ ဒါကြောင့် ကနဦးပေးသွင်းရတဲ့ ငွေပမာဏနည်းတာ ကိုကြည့်ပြီး အရစ်ကျစနစ်နဲ့ ဝယ်ယူမယ်ဆိုရင်တော့ ကားတန်ဖိုးက အဆမတန်ပိုများသွားမှာ ဖြစ်ပါတယ်။ နမူနာအနေနဲ့ Suzuki Ciaz ကို ကနဦး ၂၅ ရာခိုင်နှုန်း ဖြစ်တဲ့ ၆၅ သိန်းကျော်ပေးသွင်းပြီး ၇ နှစ်အရစ်ကျ နဲ့ ဝယ်ယူမယ်ဆိုရင် ကားအကြွေးကျေတဲ့အချိန်မှာ မူလကားတန်ဖိုးထက် သိန်း ၁၁၀ ကျော်ပိုများသွားမှာ ဖြစ်ပါတယ်။ အခွန်မဆောင်ထားလို့ ဝင်ငွေခွန်ပါ ထည့်သွင်းတွက်ချက်မယ်ဆိုရင် သိန်း ၁၅၀ ကျော်များသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး ကားသစ်တစ်စီးကို ဝယ်တာဖြစ်လို့ မစီးချင်လို့ ပြန်ရောင်းမယ်ဆိုရင်လည်း ရှုံးမှာ သေချာပါတယ်။

နံပါတ်ထွက်ပြီးသား ကားတွေကိုပဲ ဝယ်မလား?

၂၀၁၁ ခုနှစ်နောက်ပိုင်းကစလို့ ပြီးခဲ့တဲ့နှစ်အထိ ဂျပန်ညာမောင်းကားတွေကိုပဲ အဓိကတင်သွင်းခဲ့တဲ့အတွက် နံပါတ် ထွက်ပြီးသား ကားဟောင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းဝန်းကျင်က ဂျပန်ညာမောင်းကားတွေပဲ ဖြစ်ပါတယ်။ ဈေးကွက် အတွင်းမှာ ရှိတဲ့ ကားတွေက ကားဟောင်းတွေဖြစ်လို့ သေချာတာတစ်ခုက Brand New ကားတွေ၊ စတိနံပါတ် ကားတွေနဲ့ ယှဉ်ရင် ဈေးသက်သာပါတယ်။ ဒါပေမဲ့ ကားဟောင်း တစ်စီးကို ဝယ်တယ်ဆိုတာ ကားအကြောင်း နားမလည်ရင် အရမ်းအန္တရာယ်များပါတယ်။ ကိုယ်ဝယ်လိုက်တဲ့ကားက တိုက်ထားပြီး မိတ်ကပ်ဖို့ထားတဲ့ကားလား၊ ဖောက်စွပ်ကားလား၊ အော်ဆေးလား ပြန်ဆေး လား၊ အင်ဂျင်အနေအထား၊ အောက်ပိုင်းအခြေအနေ စတာတွေကို သေချာစစ်ဆေးပြီးမှ ဝယ်သင့်ပါတယ်။ ကားတစ်စီးဝယ်ပြီးမှ မကြာခဏ ပြင်နေရမယ်ဆိုရင်တော့ ကားတန်ဖိုး ထက် ပြင်ဆင်စရိတ်က ပိုများသွားမှာပါ။ အဆိုးဆုံးကတော့ ဖောက်စွပ် မမိဖို့ပါပဲ။ ယာဉ်မှန်/မမှန် မစစ်ဘဲ ဝယ်လိုက်ပြီး သက်တမ်းတိုးတဲ့အချိန်ကျမှ ဖောက်စွပ်ဆိုရင်တော့ ကားတစ်စီးလုံး ပလုံသွားမှာပါ။ ယာဉ်မှန်/ မမှန် စစ်ဖို့ကလည်း အခုချိန်မှာ အနည်းဆုံး နှစ်ပတ်ကနေ တစ်လအထိ ကြာတဲ့အတွက် ပြင်ပကနေ နံပါတ်ထွက်ပြီးသား ကားတစ်စီး ဝယ်ဖို့ဆိုတာ ခက်ခဲပါတယ်။ ကားကောင်းကောင်း ကြည့်တတ်ပြီး ဈေးတန်းလည်း သိမယ်ဆိုရင်တော့ မစီးချင်လို့ ပြန်ရောင်းမယ်ဆိုရင်တောင် မြတ်မယ့်အနေအထား ရှိပါတယ်။ ကားမကြည့်တတ်ဘဲ မိတ်ကပ်ဖို့ထားပြီး အင်ဂျင်ကျတဲ့ကားကို ဝယ်လိုက်မိရင်တော့ ဒီကားက သခင်ချစ်ကားဖြစ်သွားပြီး တော်တော်နဲ့ ရောင်းထွက်တော့မှာ မဟုတ်ပါဘူး။

ခင်မင်တဲ့ မိတ်ဆွေတွေက““ကိုဖြိုးရေ…လက်ထဲမှာ ငွေဘယ်လောက်ရှိလို့ ကားတစ်စီးဝယ်ချင်ပါတယ်။ ဘယ်ကား အမျိုးအစားကို ဝယ်ရင်ကောင်းမလဲ… အကြံလေးပေးပါဦး””ဆိုပြီး မကြာခဏဆိုသလို အကြံဉာဏ်တောင်းပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်ကိုယ်တိုင်လည်း အကြံမပေးတတ်ပါဘူး။ အခုချိန်မှာ ကားတစ်စီး ဝယ်ယူမယ်ဆိုရင် ရွေးချယ်စရာတွေများပြီး ဘယ်မှာဝယ်ပါ၊ ဘာကားဝယ်ပါ၊ ဘယ်လိုဝယ် ပါ အစရှိသဖြင့် ဆရာကြီးလုပ်ပြီး အကြံမပြုပေးလိုပါ။ ဘာကြောင့်လည်း ဆိုရင် Brand New ကားပဲဝယ်ဝယ်၊ ဂျပန်ညာမောင်း စတိကားပဲ ဝယ်ဝယ်၊ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ ကားတွေကိုပဲဝယ်ဝယ်၊ အပြင်ကနေ နံပါတ်ထွက်ပြီးသား ကားပဲဝယ်ဝယ် သူ့အားသာချက်နဲ့သူ သူ့အားနည်းချက်နဲ့သူရှိတဲ့အတွက် ဖြစ်ပါတယ်။ Brand New ကားဖြစ်ဖြစ်၊ စတိနံပါတ် ကားဖြစ်ဖြစ် ဝယ်ယူတဲ့ အခါမှာလည်း ကိုယ့်မှာ ငွေဖြူပြဖို့ အခွန်ပေးဆောင်ထားတာရှိလား။ စလစ်ကပ်ပြီး အမည်ပေါက်နဲ့ စီးမှာလားဆိုတာကိုလည်း ရောင်းချမယ့်သူနဲ့ သေချာတိုင်ပင်ရမှာ ဖြစ်ပါတယ်။ ဘဏ်နဲ့ချိတ်ပြီး အရစ်ကျစနစ်နဲ့ ဝယ်မယ်ဆိုရင်လည်း ကနဦးပေးသွင်းရမယ့် ငွေပမာဏနည်းတာကိုကြည့်ပြီး အရစ်ကျပြန်ဆပ်ရမယ့် အချိန်အတိုင်းအတာ၊ နှစ်အနည်းအများအပေါ်မူတည်ပြီး ပေးရမယ့်အတိုးနှုန်းတွေကိုလည်း သေချာတွက်ချက် ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကားတစ်စီးဝယ်မယ်ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ဝယ်မလဲ၊ ငွေဘယ်လောက်သုံးမလဲ၊ ဘယ်မှာဝယ်မလဲ၊ ဘာကားကို ဝယ်မလဲဆိုတာ ကိုယ်တိုင် ဆုံးဖြတ် သင့်ပါတယ်။ နောက်ပြီး စီးဖို့ဝယ်မှာလား၊ မြတ်ချင်လို့ ဝယ်မှာလားဆိုတာလည်း ကိုယ်တိုင်သေချာဆုံးဖြတ်ပြီးမှ ဝယ်ယူသင့်ပါတယ်လို့ပဲ အကြံပြုလိုက်ပါတယ်။

Credit – Ko Phyo (Automobile)

Leave a Reply

Your email address will not be published. Required fields are marked *