ဗဟုတုသ

ေခြၽးေပါက္ေတြ အရမ္းက်ယ္ေနတဲ့ မ်က္ႏွာမ်ားအတြက္ အစြမ္းထက္လြန္းတဲ့ သဘာ၀နည္းမ်ား

(Zawgyi)

ေခြၽးေပါက္ေလးေတြ ျပန္က်ဥ္းေစမယ့္ သဘာဝရဲ႕စြမ္းအားမ်ား

ဆဲလ္အေသေတြကို ပုံမွန္ဖယ္ရွားျခင္းဟာ ေခြၽးေပါက္ေတြကို ျပန္က်ဥ္းေစမယ့္ အေကာင္းဆုံးနည္းပါပဲ။ ဆဲလ္အေသေတြကို ဖယ္ရွားတာကို အိမ္မွာပဲ သဘာဝပစၥည္းေတြနဲ႔ လုပ္လို႔ရတယ္ေနာ္။

– အရင္ဆုံး မ်က္ႏွာသစ္ပါ။

– ၿပီးေတာ့ မ်က္ႏွာသုတ္ပုဝါကို ေရေႏြးဆြတ္ အေရညႇစ္ၿပီး မ်က္ႏွာေပၚခဏတင္ထားပါ။ ဒါမွ ေခြၽးေပါက္ေတြကို ပြင့္ေစၿပီး ဆဲလ္ေသေတြကို ထိထိေရာက္ေရာက္ ဖယ္ရွားေပးႏိုင္ေစပါတယ္။

– ဂ်ဳံ (သို႔) မုန႔္ဖုတ္ေဆာ္ဒါနဲ႔ ေရကို ဆတူေရာၿပီး မ်က္ႏွာေပၚလိမ္းပါ။

– ခဏေနရင္ ေရေဆးခ်လိုက္႐ုံပါပဲ။

– တစ္ပတ္မွာ တစ္ခါထက္ေတာ့ ပိုၿပီး မလုပ္မိေစနဲ႔ေနာ္.. အလြန္အကြၽံလုပ္ရင္ အသားအေရကို ထိခိုက္သြားႏိုင္တယ္ေလ။

သခြားသီးနဲ႔ ေထာပတ္သီး မ်က္ႏွာေပါင္းတင္ေဆး

– ပါးပါးလွီးထားတဲ့ သခြားသီး လၻက္ရည္ပန္းကန္လုံးတစ္ဝက္၊ ေထာပတ္သီး လၻက္ရည္ပန္းကန္လုံးတစ္ဝက္၊ ၾကက္ဥအကာ တစ္လုံး၊ ႏို႔မႈန႔္ လၻက္ရည္ဇြန္း ၂ ဇြန္းအားလုံးကို ေသခ်ာသမၿပီး ပ်စ္ပ်စ္ေလး ျဖစ္သြားေအာင္ Blender နဲ႔ ေရာေမႊလိုက္ေနာ္။

– ရရွိလာတဲ့ အႏွစ္ကို မ်က္ႏွာနဲ႔ လည္ပင္းမွာ ႏွံ႔စပ္ေအာင္လိမ္းေပးပါ။

– ၃၀ မိနစ္ (သို႔) ေျခာက္သြားတဲ့အခါ ေရေႏြးေႏြးေလးနဲ႔ အရင္ေဆးခ်ၿပီး ေရေအးနဲ႔ ျပန္ေဆးလိုက္ပါ။

– မ်က္ႏွာနဲ႔ လည္ပင္းကို ေျခာက္ေသြ႕ေအာင္ သုတ္ၿပီးတဲ့အခါ သင့္ေခြၽးေပါက္ေလးေတြက်ဥ္းၿပီး ႏူးညံ့ေခ်ာေမြ႕ေနတဲ့ မ်က္ႏွာေလးကို ေတြ႕ၿပီး သင္လည္း အရမ္းကို ေပ်ာ္႐ႊင္သြားမွာေနာ္။

ၾကက္ဥနဲ႔ သံပုရာသီး မ်က္ႏွာေပါင္းတင္ေဆး

– သံပုရာသီးတစ္ျခမ္းကို အရည္ညႇစ္ၿပီး ၾကက္ဥအကာတစ္လုံးနဲ႔ ၃ မိနစ္ခန႔္ၾကာေအာင္ ေခါက္ေမႊပါ။ ၿပီးေတာ့ မ်က္လုံးတဝွိက္ကို ခ်န္ထားၿပီး မ်က္ႏွာအႏွံ႔လိမ္းလိုက္ပါ။ ၃၀ မိနစ္ၾကာတဲ့အခါ ေရေႏြးေလးနဲ႔ ေဆးခ်ၿပီး အစိုဓာတ္ထိန္းခရမ္တစ္ခုခု လိမ္းေပးလိုက္ရင္ ေခြၽးေပါက္ေလးေတြက်ဥ္းၿပီး လန္းဆန္းေခ်ာေမြ႕ေနတဲ့ မ်က္ႏွာေလးကို ရရွိပါလိမ့္မယ္ေနာ္။

ငွက္ေပ်ာသီးနဲ႔ ပ်ားရည္ မ်က္ႏွာေပါင္းတင္ေဆး

– ဒါကေတာ့ အလြယ္ဆုံးနည္းေလးပါပဲ။ ေခ်ထားတဲ့ ငွက္ေပ်ာသီးနဲ႔ ပ်ားရည္ကိုေရာ သမေအာင္ေမႊၿပီး အႏွစ္ပ်စ္ပ်စ္ေလး ရလာတဲ့အခါ မ်က္ႏွာေပၚမွာ လိမ္းပါ။ ၁၀ မိနစ္ေနရင္ ေရေႏြးေလးနဲ႔ ေဆးခ်လိုက္႐ုံ ပါပဲ။ အရမ္းလြယ္တယ္ေနာ္.. ဒါေပမယ့္ အရမ္းလည္း အစြမ္းထက္ပါတယ္။ ငွက္ေပ်ာသီးမွာပါတဲ့ သဘာဝအက္စစ္က ဆဲလ္ေဟာင္းေတြကို ဖယ္ရွားေပးၿပီး ပ်ားရည္က အသားအေရကို ႏူးညံ့ ေခ်ာေမြ႕ ေစတယ္ေလ။ ဒီနည္းနဲ႔ပဲ ေခြၽးေပါက္ေလးေတြကို က်ဥ္းေစတာပါ။ ငွက္ေပ်ာသီးအစား ေခ်ထားတဲ့ စပ်စ္သီး (သို႔) စေတာ္ဘယ္ရီသီးနဲ႔ ပ်ားရည္ကို ေရာၿပီးေတာ့လည္း လုပ္လို႔ရတယ္ေနာ္။

ခ်က္ခ်င္းလက္ငင္း ေခြၽးေပါက္က်ဥ္းေစ

– ခ်က္ခ်င္းလက္ငင္း ေခြၽးေပါက္က်ဥ္းေစဆိုေတာ့ စိတ္ဝင္စားသြားၿပီ ဟုတ္ ??

ေခြၽးေပါက္ေတြ ခ်က္ခ်င္းက်ဥ္းေစဖို႔အတြက္ အေအးဓာတ္ကို သုံးရမွာပါ။ ႏို႔ထဲမွာပါတဲ့ လက္တစ္အက္စစ္လို႔ေခၚတဲ့ Alpha Hydroxy Acid ဟာ အသားအေရကို ႏူးညံ့ေခ်ာေမြ႕ေစသလို ဆဲလ္အသစ္ ပြားတာကိုလည္း အားေပးတယ္ေလ။ အဲဒီေတာ့ အေအးဓာတ္နဲ႔ ႏို႔ရဲ႕ အစြမ္းေတြကို အသုံးခ်ၿပီး ေခြၽးေပါက္ေတြက်ဥ္းေအာင္ လုပ္ၾကစို႔ေနာ္။

– အဝတ္သန႔္သန႔္တစ္ခုကို အေအးခံထားတဲ့ႏို႔ထဲ ႏွစ္လိုက္ပါ။

– အဝတ္မွာ ပိုေနတဲ့ႏို႔ေတြကို ညႇစ္လိုက္ၿပီး အဝတ္ကိုမ်က္ႏွာေပၚ ကပ္ထားပါ။

– ၅-၁၀ မိနစ္ၾကာတဲ့အခါ အဝတ္ကိုဖယ္ၿပီး ေရေအးေအးေလးနဲ႔ မ်က္ႏွာသစ္လိုက္႐ုံပါပဲ။

– ဒီနည္းေလးဟာ ေခြၽးေပါက္ေတြကို ယာယီက်ဥ္းသြားေစၿပီး အသားအေရကို ေခ်ာေမြ႕သြားေစသလို ေခြၽးေပါက္ေတြ ထဲကို မိတ္ကပ္ေတြ မဝင္ေအာင္လည္း ကာကြယ္ေပးပါတယ္။ အားလုံးအတြက္ အသုံးတည့္မွာပါေနာ္။

Credit: ေ႐ႊအိမ္စည္စာၾကည့္တိုက္

(Unicode)

ချွေးပေါက်လေးတွေ ပြန်ကျဉ်းစေမယ့် သဘာဝရဲ့စွမ်းအားများ

ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားခြင်းဟာ ချွေးပေါက်တွေကို ပြန်ကျဉ်းစေမယ့် အကောင်းဆုံးနည်းပါပဲ။ ဆဲလ်အသေတွေကို ဖယ်ရှားတာကို အိမ်မှာပဲ သဘာဝပစ္စည်းတွေနဲ့ လုပ်လို့ရတယ်နော်။

– အရင်ဆုံး မျက်နှာသစ်ပါ။

– ပြီးတော့ မျက်နှာသုတ်ပုဝါကို ရေနွေးဆွတ် အရေညှစ်ပြီး မျက်နှာပေါ်ခဏတင်ထားပါ။ ဒါမှ ချွေးပေါက်တွေကို ပွင့်စေပြီး ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်စေပါတယ်။

– ဂျုံ (သို့) မုန့်ဖုတ်ဆော်ဒါနဲ့ ရေကို ဆတူရောပြီး မျက်နှာပေါ်လိမ်းပါ။

– ခဏနေရင် ရေဆေးချလိုက်ရုံပါပဲ။

– တစ်ပတ်မှာ တစ်ခါထက်တော့ ပိုပြီး မလုပ်မိစေနဲ့နော်.. အလွန်အကျွံလုပ်ရင် အသားအရေကို ထိခိုက်သွားနိုင်တယ်လေ။

သခွားသီးနဲ့ ထောပတ်သီး မျက်နှာပေါင်းတင်ဆေး

– ပါးပါးလှီးထားတဲ့ သခွားသီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ထောပတ်သီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ကြက်ဥအကာ တစ်လုံး၊ နို့မှုန့် လ္ဘက်ရည်ဇွန်း ၂ ဇွန်းအားလုံးကို သေချာသမပြီး ပျစ်ပျစ်လေး ဖြစ်သွားအောင် Blender နဲ့ ရောမွှေလိုက်နော်။

– ရရှိလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်းမှာ နှံ့စပ်အောင်လိမ်းပေးပါ။

– ၃၀ မိနစ် (သို့) ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ အရင်ဆေးချပြီး ရေအေးနဲ့ ပြန်ဆေးလိုက်ပါ။

– မျက်နှာနဲ့ လည်ပင်းကို ခြောက်သွေ့အောင် သုတ်ပြီးတဲ့အခါ သင့်ချွေးပေါက်လေးတွေကျဉ်းပြီး နူးညံ့ချောမွေ့နေတဲ့ မျက်နှာလေးကို တွေ့ပြီး သင်လည်း အရမ်းကို ပျော်ရွှင်သွားမှာနော်။

ကြက်ဥနဲ့ သံပုရာသီး မျက်နှာပေါင်းတင်ဆေး

– သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး ကြက်ဥအကာတစ်လုံးနဲ့ ၃ မိနစ်ခန့်ကြာအောင် ခေါက်မွှေပါ။ ပြီးတော့ မျက်လုံးတဝှိက်ကို ချန်ထားပြီး မျက်နှာအနှံ့လိမ်းလိုက်ပါ။ ၃၀ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးချပြီး အစိုဓာတ်ထိန်းခရမ်တစ်ခုခု လိမ်းပေးလိုက်ရင် ချွေးပေါက်လေးတွေကျဉ်းပြီး လန်းဆန်းချောမွေ့နေတဲ့ မျက်နှာလေးကို ရရှိပါလိမ့်မယ်နော်။

ငှက်ပျောသီးနဲ့ ပျားရည် မျက်နှာပေါင်းတင်ဆေး

– ဒါကတော့ အလွယ်ဆုံးနည်းလေးပါပဲ။ ချေထားတဲ့ ငှက်ပျောသီးနဲ့ ပျားရည်ကိုရော သမအောင်မွှေပြီး အနှစ်ပျစ်ပျစ်လေး ရလာတဲ့အခါ မျက်နှာပေါ်မှာ လိမ်းပါ။ ၁၀ မိနစ်နေရင် ရေနွေးလေးနဲ့ ဆေးချလိုက်ရုံ ပါပဲ။ အရမ်းလွယ်တယ်နော်.. ဒါပေမယ့် အရမ်းလည်း အစွမ်းထက်ပါတယ်။ ငှက်ပျောသီးမှာပါတဲ့ သဘာဝအက်စစ်က ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးပြီး ပျားရည်က အသားအရေကို နူးညံ့ ချောမွေ့ စေတယ်လေ။ ဒီနည်းနဲ့ပဲ ချွေးပေါက်လေးတွေကို ကျဉ်းစေတာပါ။ ငှက်ပျောသီးအစား ချေထားတဲ့ စပျစ်သီး (သို့) စတော်ဘယ်ရီသီးနဲ့ ပျားရည်ကို ရောပြီးတော့လည်း လုပ်လို့ရတယ်နော်။

ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေ

– ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေဆိုတော့ စိတ်ဝင်စားသွားပြီ ဟုတ် ??

ချွေးပေါက်တွေ ချက်ချင်းကျဉ်းစေဖို့အတွက် အအေးဓာတ်ကို သုံးရမှာပါ။ နို့ထဲမှာပါတဲ့ လက်တစ်အက်စစ်လို့ခေါ်တဲ့ Alpha Hydroxy Acid ဟာ အသားအရေကို နူးညံ့ချောမွေ့စေသလို ဆဲလ်အသစ် ပွားတာကိုလည်း အားပေးတယ်လေ။ အဲဒီတော့ အအေးဓာတ်နဲ့ နို့ရဲ့ အစွမ်းတွေကို အသုံးချပြီး ချွေးပေါက်တွေကျဉ်းအောင် လုပ်ကြစို့နော်။

– အဝတ်သန့်သန့်တစ်ခုကို အအေးခံထားတဲ့နို့ထဲ နှစ်လိုက်ပါ။

– အဝတ်မှာ ပိုနေတဲ့နို့တွေကို ညှစ်လိုက်ပြီး အဝတ်ကိုမျက်နှာပေါ် ကပ်ထားပါ။

– ၅-၁၀ မိနစ်ကြာတဲ့အခါ အဝတ်ကိုဖယ်ပြီး ရေအေးအေးလေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။

– ဒီနည်းလေးဟာ ချွေးပေါက်တွေကို ယာယီကျဉ်းသွားစေပြီး အသားအရေကို ချောမွေ့သွားစေသလို ချွေးပေါက်တွေ ထဲကို မိတ်ကပ်တွေ မဝင်အောင်လည်း ကာကွယ်ပေးပါတယ်။ အားလုံးအတွက် အသုံးတည့်မှာပါနော်။

Credit: ရွှေအိမ်စည်စာကြည့်တိုက်

Leave a Reply

Your email address will not be published. Required fields are marked *