ဗဟုတုသ

မိုင္းအေၾကာင္း သိမွတ္ဖြယ္

(Zawgyi)
“လူသတ္မိုင္းအေၾကာင္း သိမွတ္ဖြယ္”

တခ်ိဳ႕ကမိုင္းဆိုတာ နင္းမိရင္ေျခေထာက္ျပန္ၾကြမွ ေပါက္ကြဲတယ္လို႔ ထင္ၾကေသးတယ္။ အေျခခံအားျဖင့္ မိုင္းေတြကို-

၁။ Pull (ဆြဲအားတစ္ခုခုရွိတာနဲ႔ေပါက္ကြဲ)

၂။ Pressure (ဖိအားတစ္ခုခုရွိတာနဲ႔ေပါက္ကြဲ)

၃။ Release (ၾကြလႊတ္အား နင္းမိျပီးျပန္ၾကြလိုက္မွေပါက္ကြဲ)

၄။ Bounding (ေလထဲကိုခုန္ပ်ံျပီးေပါက္ကြဲ)

၅။ Control(လ်ွပ္စစ္ စနက္တံကို လူကျဖဳတ္ေပးတာျဖစ္ျဖစ္ အခ်ိန္ကိုက္သံုးတာျဖစ္ျဖစ္ အေပၚက Pull Pressure Release နည္း တစ္နည္းနည္းေၾကာင့္ျဖစ္ျဖစ္ ေပါက္ကြဲေစရင္)ဆိုျပီး အဓိက(၅)မ်ိဳးရွိပါတယ္။

၁။ Pull

ဒီမိုင္းအမ်ိဳးအစားက ပံုစံအမ်ိဳးမ်ိဳးရွိႏိုင္ပါတယ္။ မိုင္းကြဲေစတဲ႕စနက္တံကို ႀကိဳးနဲ႕ျဖစ္ေစ တံခါး အဝင္အထြက္ေတြ ေသတၲာပိတ္ထားျပီး ဆြဲဖြင့္လိုက္မွ ေပါက္ကြဲေအာင္ စသည္ျဖင့္ မိုင္းေထာင္သူရဲ႕ ဥာဏ္ရည္ေျပးမွဳ အေပၚမူတည္ျပီး အႏၲရာယ္ရွိတဲ့ မိုင္းအမ်ိဳးအစားပါပဲ။ အဓိကကေတာ့ သူ႕စနက္တံကို အားတစ္ခုခုနဲ႔ ဆြဲမိတာနဲ႔ ေပါက္ကြဲပါတယ္။

၂။ Pressure

ဒီမိုင္းအမ်ိဳးအစားကေတာ့ သတ္မွတ္ဖိအားရွိမွ ေပါက္ကြဲပါတယ္။ ဥပမာ လူအတြက္ဆိုရင္ လူတစ္ေယာက္ နင္းမိတဲ့အားရွိတာနဲ႔ ေပါက္ကြဲတာပါ။ တင့္ဖ်က္မိုင္းေတြေပၚမွာ လူတက္နင္း မိတာနဲ႔ မေပါက္ကြဲႏိုင္ပါ။ တင့္ကားရဲ႕ Weight ျဖတ္မွ ေပါက္ကြဲတာမ်ိဳးပါ။ သူ႔အမ်ိဳးအစားေပၚမူတည္ျပီး သတ္မွတ္ဖိအားနဲ႔ ဖိမိမွသာ ေပါက္ကြဲပါတယ္။ နင္းမိတာနဲ႕ ပြဲခ်င္းျပီးျပတ္ရင္ျပတ္ မျပတ္ရင္ေသပါတယ္။ ရုပ္ရွင္ကားေတြမွာလို မိုင္းနင္းမိေနပါတယ္ ကယ္ပါဆိုလို႕မရပါဘူး။

၃။ Release

ဒီမိုင္းကေတာ့ ရုပ္ရွင္ကားေတြမွာ သည္းထိတ္ရင္ဖိုေတြ႕ရတတ္တဲ့မိုင္းပါ။ နင္းမိရင္မကြဲေသးပါဘူး။ နင္းမိျပီး ေျခေထာက္(သို႕)ဖိအား ျပန္ႀကြသြားမွ ကြဲတာပါ။ သိမိသေလာက္ေတာ့ အခုေခတ္မွာ Releaseကို သိပ္မသံုးေတာ့ပါဘူး။

၄။ Bounding

ဒီမိုင္းကထူးျခားပါတယ္။ နံပါတ္ ၁ Pull စနစ္အတိုင္းပါပဲ။ ဒါေပမယ့္ ဒီမိုင္းက စနက္တံျပဳတ္သြားတာနဲ႕ ေလထဲကို ၃ ေပ ၄ ေပေလာက္ ေျမာက္တက္ျပီးမွ ကြဲတာျဖစ္လို႕ ပတ္ဝန္းက်င္မွာ လူအမ်ားရွိေနရင္ ပိုျပီး ထိခိုက္ႏိုင္ ေသေစႏိုင္ပါတယ္။

၅။ Control

ဒီမိုင္းရဲ႕အဓိက အလုပ္လုပ္ပံုက လွ်ပ္စစ္စနက္တံပါ။ ဓါတ္ခဲနဲ႕ခ်ိတ္ျပီး Volt အားေပးထားရပါတယ္။ ကြဲေစခ်င္တာနဲ႕ ခလုတ္ကို နည္းလမ္းမ်ိဳးစံု (လူက ျဖဳတ္ေပးလို႕ျဖစ္ျဖစ္ Phone က Vibrate Motor Switch မွာခ်ိတ္ထားျပီး တျခားဖုန္းတစ္ခုက ဖုန္းေခၚလို႔ျဖစ္ျဖစ္ နာရီလို Timer Switch တစ္ခုခုနဲ႕ခ်ိတ္လို႕ျဖစ္ျဖစ္ နည္းလမ္းမ်ိဳးစံုနဲ႕) မိုင္းေထာင္သူရဲ႕ ဥာဏ္ရည္ေပၚမူတည္ျပီး အႏၲရာယ္ေပးႏိုင္တဲ့ မိုင္းေတြျဖစ္ပါတယ္။

အခုေရးျပခဲ့တဲ့ မိုင္းဗဟုသုတေလးက မိုင္းမွာပါတဲ့ စနက္တံ(Switch) ေတြရဲ႕ လုပ္ေဆာင္ခ်က္မ်ွေလာက္နဲ႕ အေျခခံသေဘာတရားေလာက္ပဲျဖစ္ပါတယ္။ Mine Body မ်ိဳးစံု၊ သံကိုယ္ထည္၊ ပလတ္စတစ္ ကိုယ္ထည္ေတြ မ်ိဳးစံု မပါေသးပါဘူး။ မိုင္းရွာစက္နဲ႕ပါ ရွာလို႕မရတဲ့ မိုင္းေတြ လူသံုးကုန္ပစၥည္း ကေလးကစားစရာအျဖစ္ အသြင္ေျပာင္းထားတဲ့ မိုင္းေတြ အမ်ားႀကီးရွိသလို မိုင္းေထာင္ နည္းစနစ္ေတြ အမ်ားႀကီးရွိပါေသးတယ္။

ေဒသႏၲရ လက္လုပ္မိုင္းေတြ၊ ပေဒသာမိုင္းေတြ၊ ႀကိမ္ကြင္းနဲ႕ေထာင္ထားတာ၊ ဝါးလံုးကို ၂ ျခမ္းခြဲျပီး လွ်ပ္စစ္စနက္တံရဲ႕ Switch ကို ဝါးျခမ္းကြဲမွာထားျပီး ေတာထဲမွာ ေထာင္ ထားတာမ်ိဳးနဲ႕ ေျခေထာက္ ျပတ္ခဲ့ရတဲ့ သူငယ္ခ်င္းေတြရွိသလို မိုင္းထိတဲ့လူနာ ထမ္းဖို႕ထမ္းစင္အတြက္ နီးတဲ့ဝါးရံုက ဝါးခုတ္မွ ထပ္ျပီးမိုင္းထိလို႕ ဖြဲ႕စည္းပံု ပ်က္ခဲ႕ရတာေတြ ရွိပါတယ္။ ဘာပဲျဖစ္ျဖစ္ မိုင္းအသိ မိုင္းသတိေလး ရွိမယ္ဆိုရင္ ကိုယ့္ပတ္ဝန္းက်င္က ထူးျခားမွဳ၊ သဘာဝအတိုင္း မျဖစ္တာေတြကို သတိထားမိျပီး မိုင္းအႏၲရာယ္ကို ႀကိဳတင္ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။ မိုင္းအႏၲရာယ္ကင္းရွင္းႀကပါေစ။

Credit – Aries Myanmar

(Unicode)
“လူသတ်မိုင်းအကြောင်း သိမှတ်ဖွယ်”

တချို့ကမိုင်းဆိုတာ နင်းမိရင်ခြေထောက်ပြန်ကြွမှ ပေါက်ကွဲတယ်လို့ ထင်ကြသေးတယ်။ အခြေခံအားဖြင့် မိုင်းတွေကို-

၁။ Pull (ဆွဲအားတစ်ခုခုရှိတာနဲ့ပေါက်ကွဲ)

၂။ Pressure (ဖိအားတစ်ခုခုရှိတာနဲ့ပေါက်ကွဲ)

၃။ Release (ကြွလွှတ်အား နင်းမိပြီးပြန်ကြွလိုက်မှပေါက်ကွဲ)

၄။ Bounding (လေထဲကိုခုန်ပျံပြီးပေါက်ကွဲ)

၅။ Control(လျှပ်စစ် စနက်တံကို လူကဖြုတ်ပေးတာဖြစ်ဖြစ် အချိန်ကိုက်သုံးတာဖြစ်ဖြစ် အပေါ်က Pull Pressure Release နည်း တစ်နည်းနည်းကြောင့်ဖြစ်ဖြစ် ပေါက်ကွဲစေရင်)ဆိုပြီး အဓိက(၅)မျိုးရှိပါတယ်။

၁။ Pull

ဒီမိုင်းအမျိုးအစားက ပုံစံအမျိုးမျိုးရှိနိုင်ပါတယ်။ မိုင်းကွဲစေတဲ့စနက်တံကို ကြိုးနဲ့ဖြစ်စေ တံခါး အဝင်အထွက်တွေ သေတ္တာပိတ်ထားပြီး ဆွဲဖွင့်လိုက်မှ ပေါက်ကွဲအောင် စသည်ဖြင့် မိုင်းထောင်သူရဲ့ ဉာဏ်ရည်ပြေးမှု အပေါ်မူတည်ပြီး အန္တရာယ်ရှိတဲ့ မိုင်းအမျိုးအစားပါပဲ။ အဓိကကတော့ သူ့စနက်တံကို အားတစ်ခုခုနဲ့ ဆွဲမိတာနဲ့ ပေါက်ကွဲပါတယ်။

၂။ Pressure

ဒီမိုင်းအမျိုးအစားကတော့ သတ်မှတ်ဖိအားရှိမှ ပေါက်ကွဲပါတယ်။ ဥပမာ လူအတွက်ဆိုရင် လူတစ်ယောက် နင်းမိတဲ့အားရှိတာနဲ့ ပေါက်ကွဲတာပါ။ တင့်ဖျက်မိုင်းတွေပေါ်မှာ လူတက်နင်း မိတာနဲ့ မပေါက်ကွဲနိုင်ပါ။ တင့်ကားရဲ့ Weight ဖြတ်မှ ပေါက်ကွဲတာမျိုးပါ။ သူ့အမျိုးအစားပေါ်မူတည်ပြီး သတ်မှတ်ဖိအားနဲ့ ဖိမိမှသာ ပေါက်ကွဲပါတယ်။ နင်းမိတာနဲ့ ပွဲချင်းပြီးပြတ်ရင်ပြတ် မပြတ်ရင်သေပါတယ်။ ရုပ်ရှင်ကားတွေမှာလို မိုင်းနင်းမိနေပါတယ် ကယ်ပါဆိုလို့မရပါဘူး။

၃။ Release

ဒီမိုင်းကတော့ ရုပ်ရှင်ကားတွေမှာ သည်းထိတ်ရင်ဖိုတွေ့ရတတ်တဲ့မိုင်းပါ။ နင်းမိရင်မကွဲသေးပါဘူး။ နင်းမိပြီး ခြေထောက်(သို့)ဖိအား ပြန်ကြွသွားမှ ကွဲတာပါ။ သိမိသလောက်တော့ အခုခေတ်မှာ Releaseကို သိပ်မသုံးတော့ပါဘူး။

၄။ Bounding

ဒီမိုင်းကထူးခြားပါတယ်။ နံပါတ် ၁ Pull စနစ်အတိုင်းပါပဲ။ ဒါပေမယ့် ဒီမိုင်းက စနက်တံပြုတ်သွားတာနဲ့ လေထဲကို ၃ ပေ ၄ ပေလောက် မြောက်တက်ပြီးမှ ကွဲတာဖြစ်လို့ ပတ်ဝန်းကျင်မှာ လူအများရှိနေရင် ပိုပြီး ထိခိုက်နိုင် သေစေနိုင်ပါတယ်။

၅။ Control

ဒီမိုင်းရဲ့အဓိက အလုပ်လုပ်ပုံက လျှပ်စစ်စနက်တံပါ။ ဓါတ်ခဲနဲ့ချိတ်ပြီး Volt အားပေးထားရပါတယ်။ ကွဲစေချင်တာနဲ့ ခလုတ်ကို နည်းလမ်းမျိုးစုံ (လူက ဖြုတ်ပေးလို့ဖြစ်ဖြစ် Phone က Vibrate Motor Switch မှာချိတ်ထားပြီး တခြားဖုန်းတစ်ခုက ဖုန်းခေါ်လို့ဖြစ်ဖြစ် နာရီလို Timer Switch တစ်ခုခုနဲ့ချိတ်လို့ဖြစ်ဖြစ် နည်းလမ်းမျိုးစုံနဲ့) မိုင်းထောင်သူရဲ့ ဉာဏ်ရည်ပေါ်မူတည်ပြီး အန္တရာယ်ပေးနိုင်တဲ့ မိုင်းတွေဖြစ်ပါတယ်။

အခုရေးပြခဲ့တဲ့ မိုင်းဗဟုသုတလေးက မိုင်းမှာပါတဲ့ စနက်တံ(Switch) တွေရဲ့ လုပ်ဆောင်ချက်မျှလောက်နဲ့ အခြေခံသဘောတရားလောက်ပဲဖြစ်ပါတယ်။ Mine Body မျိုးစုံ၊ သံကိုယ်ထည်၊ ပလတ်စတစ် ကိုယ်ထည်တွေ မျိုးစုံ မပါသေးပါဘူး။ မိုင်းရှာစက်နဲ့ပါ ရှာလို့မရတဲ့ မိုင်းတွေ လူသုံးကုန်ပစ္စည်း ကလေးကစားစရာအဖြစ် အသွင်ပြောင်းထားတဲ့ မိုင်းတွေ အများကြီးရှိသလို မိုင်းထောင် နည်းစနစ်တွေ အများကြီးရှိပါသေးတယ်။

ဒေသန္တရ လက်လုပ်မိုင်းတွေ၊ ပဒေသာမိုင်းတွေ၊ ကြိမ်ကွင်းနဲ့ထောင်ထားတာ၊ ဝါးလုံးကို ၂ ခြမ်းခွဲပြီး လျှပ်စစ်စနက်တံရဲ့ Switch ကို ဝါးခြမ်းကွဲမှာထားပြီး တောထဲမှာ ထောင် ထားတာမျိုးနဲ့ ခြေထောက် ပြတ်ခဲ့ရတဲ့ သူငယ်ချင်းတွေရှိသလို မိုင်းထိတဲ့လူနာ ထမ်းဖို့ထမ်းစင်အတွက် နီးတဲ့ဝါးရုံက ဝါးခုတ်မှ ထပ်ပြီးမိုင်းထိလို့ ဖွဲ့စည်းပုံ ပျက်ခဲ့ရတာတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် မိုင်းအသိ မိုင်းသတိလေး ရှိမယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်က ထူးခြားမှု၊ သဘာဝအတိုင်း မဖြစ်တာတွေကို သတိထားမိပြီး မိုင်းအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။ မိုင်းအန္တရာယ်ကင်းရှင်းကြပါစေ။

Credit – Aries Myanmar

Leave a Reply

Your email address will not be published. Required fields are marked *