ဗဟုတုသ

မအောင်မြင်သော ဈေးဆိုင်များ၏ အလွဲများ

(Zawgyi)
မေအာင္ျမင္ေသာ ေဈးဆိုင္မ်ား၏ အလြဲမ်ား

(၁) ဖြင့္လွစ္ေရာင္းခ်သည့္ ေနရာႏွင့္ ကုန္စည္ လိုက္ေလ်ာညီေထြ မႈမရွိျခင္း။ ဥပမာ – ေဆာက္လုပ္ေရးပစၥည္းဆိုင္အား လမ္းႀကိဳလမ္းၾကား ဖြင့္ထားျခင္း။ တန္ဖိုးႀကီးပစၥည္း အေရာင္းဆိုင္အား ဆင္းရဲသား လက္လုပ္လက္စား ရပ္ကြက္မွာ ဖြင့္လွစ္ျခင္း။

(၂) ေျပာဆိုဆက္ဆံေရး ညံဖ်င္းျခင္း စိတ္မရွည္ျခင္း၊ ရွင္းမျပခ်င္ျခင္း၊ တစ္ခုမွ ႏွစ္ခု မျပလိုျခင္း။ ဒီဟာက ေဈးႀကီးတယ္ စသျဖင့္ ေဈးဝယ္အား ႏွိမ့္ခ်ေျပာဆိုျခင္း။

(၃) ေဈးႏႈန္းႀကီးျမင့္စြာ ေရာင္းခ်ျခင္း

(၄) မိမိေရာင္းခ်ေသာ ကုန္စည္မ်ားအား မိမိကိုယ္တိုင္ ထဲထဲဝင္ဝင္ သိနားလည္မႈ မရွိျခင္း။

(၅) ေဈးဝယ္သူမွ ျမင္ႏိုင္ေသာေနရာတြင္ အခ်ိန္ျပည့္မေနထိုင္ျခင္း။ ဆိုင္ပစ္၍ အနီးအပါးသြားေရာက္ စကားစျမည္ ေျပာဆိုေနျခင္း။ အျခားအလုပ္ တခုခုလုပ္ကိုင္ေနျခင္း။ TV ၾကည့္ေနျခင္း။

(၆) လႊဲအပ္ထားေသာ ဝန္ထမ္းထားရွိပါက ဝန္ထမ္းအား ၾကပ္မတ္စစ္ေဆးမႈ မျပဳျခင္း။ ဝန္ထမ္းမ်ား အားလပ္ေနေသာ အခ်ိန္မ်ားတြင္ လုပ္ငန္းအေၾကာင္း နားလည္သထက္ နားလည္ေစရန္ သင္ၾကား ျပသေပးမႈ၊ ေလ့က်င့္ေပးမႈ မရွိျခင္း။

(၇) စာရင္းအင္း မထားရွိျခင္း၊ သို႔မဟုတ္ စာရင္းအင္း အခ်ိန္မွန္မွန္မျပဳလုပ္ျခင္း။

(၈) ေဒသအတြင္းရွိ ရပ္ကြက္အတြင္းရွိ အျခားေသာ အေရာင္းဆိုင္မ်ား၏ အေျခအေန လုပ္ပုံကိုင္ပုံအား ေလ့လာမႈ မျပဳျခင္း။

(၉) ေဈးဝယ္မ်ား (တနည္း) ဝယ္ယူသူမ်ား၏ အသံမ်ား ေတာင္းဆိုခ်က္မ်ားကို လ်စ္လ်ဴရႈျခင္း။ မည္သည့္ကုန္စည္ကို အေမးအျမန္းမ်ားေနသည္ကို မွတ္သားမထားျခင္း။

(၁၀) မိမိသာ မွန္သည္ဟု ထင္ျမင္ျခင္း။ မိမိ၏ စီးပြားေရးမွာ အတန္ငယ္ တိုးတက္မႈ ရသည္ကိုပင္လွ်င္ ေရာင့္ရဲေနျခင္း။ အနာဂါတ္ကို ေမ်ာ္မွန္းၾကည့္ရႈမႈ မျပဳလုပ္ျခင္း။ ေနာင္ျဖစ္လာမည့္ ေဈးကြက္ အေနအထားကို သိရွိရန္ ေလ့လာမႈ၊ ဆင္ျခင္သုံးသပ္မႈ မျပဳလုပ္ျခင္း။

(၁၁) ၿပိဳင္ဘက္မ်ားကို အထင္အျမင္ေသးျခင္း။

(၁၂) မေတာ္တဆ ေပၚေပါက္လာႏိုင္သည့္ ျပႆနာအမ်ိဳးမ်ိဳးအတြက္ အရံေငြေၾကး စုေဆာင္းမႈ မရွိျခင္း။

(၁၃) ပိုမိုစုံလင္ေသာ ကုန္စည္မ်ားကို ေရာင္းခ်ေပးႏိုင္ေစေရး အသစ္အသစ္ေသာ လက္ကား ေရာင္းခ်သူမ်ားကို ရွာေဖြမႈ မရွိျခင္း။

(၁၄) ေရာင္းၿပီးကုန္စည္မ်ား၊ က်န္ရွိကုန္စည္မ်ား၊ ေရာင္းအားက်ေနေသာ ကုန္စည္မ်ား၊ ေရာင္းအား အသြက္ဆုံး ကုန္စည္မ်ားစသည့္ ကုန္စည္ႏွင့္ ဆိုင္ေသာ အခ်က္အလက္မ်ားအား စုေဆာင္းျပဳစု ထားရွိမႈ မရွိျခင္း။

(၁၅) ေရာင္းမထြက္ေသာ Expire ျဖစ္ေနေသာ ကုန္စည္မ်ား ကုန္စည္ အေဟာင္းမ်ားကို ဖယ္ထားျခင္း ရွင္းလင္းျခင္းမရွိဘဲ ဝယ္သူအား ဇြတ္ထိုးထည့္ေပးျခင္း။

(၁၆) မိမိဆိုင္မွ ဝယ္ယူသူမ်ားအား ေရာင္းၿပီးလွ်င္ၿပီးေရာ ေနာက္ျပန္လွည့္ ၾကည့္ရႈမႈမရွိျခင္း။ after sales service မရွိျခင္း။ ေစတနာ နည္းပါးျခင္း စသည္တို႔ ျဖစ္ပါသည္။

Credit – Ko Zaw Htoo

(Unicode)
မအောင်မြင်သော ဈေးဆိုင်များ၏ အလွဲများ

(၁) ဖွင့်လှစ်ရောင်းချသည့် နေရာနှင့် ကုန်စည် လိုက်လျောညီထွေ မှုမရှိခြင်း။ ဥပမာ – ဆောက်လုပ်ရေးပစ္စည်းဆိုင်အား လမ်းကြိုလမ်းကြား ဖွင့်ထားခြင်း။ တန်ဖိုးကြီးပစ္စည်း အရောင်းဆိုင်အား ဆင်းရဲသား လက်လုပ်လက်စား ရပ်ကွက်မှာ ဖွင့်လှစ်ခြင်း။

(၂) ပြောဆိုဆက်ဆံရေး ညံဖျင်းခြင်း စိတ်မရှည်ခြင်း၊ ရှင်းမပြချင်ခြင်း၊ တစ်ခုမှ နှစ်ခု မပြလိုခြင်း။ ဒီဟာက ဈေးကြီးတယ် စသဖြင့် ဈေးဝယ်အား နှိမ့်ချပြောဆိုခြင်း။

(၃) ဈေးနှုန်းကြီးမြင့်စွာ ရောင်းချခြင်း

(၄) မိမိရောင်းချသော ကုန်စည်များအား မိမိကိုယ်တိုင် ထဲထဲဝင်ဝင် သိနားလည်မှု မရှိခြင်း။

(၅) ဈေးဝယ်သူမှ မြင်နိုင်သောနေရာတွင် အချိန်ပြည့်မနေထိုင်ခြင်း။ ဆိုင်ပစ်၍ အနီးအပါးသွားရောက် စကားစမြည် ပြောဆိုနေခြင်း။ အခြားအလုပ် တခုခုလုပ်ကိုင်နေခြင်း။ TV ကြည့်နေခြင်း။

(၆) လွှဲအပ်ထားသော ဝန်ထမ်းထားရှိပါက ဝန်ထမ်းအား ကြပ်မတ်စစ်ဆေးမှု မပြုခြင်း။ ဝန်ထမ်းများ အားလပ်နေသော အချိန်များတွင် လုပ်ငန်းအကြောင်း နားလည်သထက် နားလည်စေရန် သင်ကြား ပြသပေးမှု၊ လေ့ကျင့်ပေးမှု မရှိခြင်း။

(၇) စာရင်းအင်း မထားရှိခြင်း၊ သို့မဟုတ် စာရင်းအင်း အချိန်မှန်မှန်မပြုလုပ်ခြင်း။

(၈) ဒေသအတွင်းရှိ ရပ်ကွက်အတွင်းရှိ အခြားသော အရောင်းဆိုင်များ၏ အခြေအနေ လုပ်ပုံကိုင်ပုံအား လေ့လာမှု မပြုခြင်း။

(၉) ဈေးဝယ်များ (တနည်း) ဝယ်ယူသူများ၏ အသံများ တောင်းဆိုချက်များကို လျစ်လျူရှုခြင်း။ မည်သည့်ကုန်စည်ကို အမေးအမြန်းများနေသည်ကို မှတ်သားမထားခြင်း။

(၁၀) မိမိသာ မှန်သည်ဟု ထင်မြင်ခြင်း။ မိမိ၏ စီးပွားရေးမှာ အတန်ငယ် တိုးတက်မှု ရသည်ကိုပင်လျှင် ရောင့်ရဲနေခြင်း။ အနာဂါတ်ကို မျော်မှန်းကြည့်ရှုမှု မပြုလုပ်ခြင်း။ နောင်ဖြစ်လာမည့် ဈေးကွက် အနေအထားကို သိရှိရန် လေ့လာမှု၊ ဆင်ခြင်သုံးသပ်မှု မပြုလုပ်ခြင်း။

(၁၁) ပြိုင်ဘက်များကို အထင်အမြင်သေးခြင်း။

(၁၂) မတော်တဆ ပေါ်ပေါက်လာနိုင်သည့် ပြဿနာအမျိုးမျိုးအတွက် အရံငွေကြေး စုဆောင်းမှု မရှိခြင်း။

(၁၃) ပိုမိုစုံလင်သော ကုန်စည်များကို ရောင်းချပေးနိုင်စေရေး အသစ်အသစ်သော လက်ကား ရောင်းချသူများကို ရှာဖွေမှု မရှိခြင်း။

(၁၄) ရောင်းပြီးကုန်စည်များ၊ ကျန်ရှိကုန်စည်များ၊ ရောင်းအားကျနေသော ကုန်စည်များ၊ ရောင်းအား အသွက်ဆုံး ကုန်စည်များစသည့် ကုန်စည်နှင့် ဆိုင်သော အချက်အလက်များအား စုဆောင်းပြုစု ထားရှိမှု မရှိခြင်း။

(၁၅) ရောင်းမထွက်သော Expire ဖြစ်နေသော ကုန်စည်များ ကုန်စည် အဟောင်းများကို ဖယ်ထားခြင်း ရှင်းလင်းခြင်းမရှိဘဲ ဝယ်သူအား ဇွတ်ထိုးထည့်ပေးခြင်း။

(၁၆) မိမိဆိုင်မှ ဝယ်ယူသူများအား ရောင်းပြီးလျှင်ပြီးရော နောက်ပြန်လှည့် ကြည့်ရှုမှုမရှိခြင်း။ after sales service မရှိခြင်း။ စေတနာ နည်းပါးခြင်း စသည်တို့ ဖြစ်ပါသည်။

Credit – Ko Zaw Htoo

Leave a Reply

Your email address will not be published. Required fields are marked *