ဗဟုတုသ

စဥ့္ႏွီးတံုးညစ္ပတ္ေနတာ၊ ေကာ္ဖီ ေရေႏြးခ်ိဳးေတြ၊ ဟင္းအိုးက ဟင္းခ်ိဳးေတြ၊ မီးပူက မီးပူဂ်ိဳးမဲမဲေတြအတြက္ အိမ္သံုးဆားနဲ႕ ဘယ္လိုရွင္း

(Zawgyi)

အိမ္ရွင္မေတြအတြက္ အသုံးတည့္ေစမယ့္ အိမ္သုံးဆားရဲ႕ အသုံးဝင္ပုံမ်ား

အိမ္သုံးဆားဟာ ဟင္းခ်က္ရာမွာသာမက တျခားေသာ ေနရာေတြမွာ အသုံးတည့္လွပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာတည္းက ဆားကို ဟင္းခ်က္ရာမွာ အသုံးျပဳတဲ့အျပင္ အိမ္သန႔္ရွင္းေရးမွာပါ အသုံးျပဳခဲ့ ၾကပါတယ္။ အိမ္သုံးဆားဟာ ဟင္းခ်က္ရာမွာသာမက တျခားေသာ ေနရာေတြမွာ အသုံးတည့္လွတာေၾကာင့္ အိမ္ရွင္မေတြအတြက္ အိမ္သုံးဆားရဲ႕ ထူးထူးျခားျခား အသုံးဝင္ပုံေတြကို ေရးသားေဖာ္ျပလိုက္ ပါတယ္။

(၁) စဥ္းႏွီတုံး ဒါမွမဟုတ္ စဥ္းႏွီျပားေတြဟာ အသုံးျပဳခ်ိန္ ၾကာလာတာနဲ႔အမွ် စင္းရာျခစ္ရာေတြနဲ႔ ညိဳညစ္ညစ္ ျဖစ္လာတတ္တာေၾကာင့္ ဒီျပႆနာအတြက္ အိမ္သုံးဆား ခပ္မ်ားမ်ားကို စဥ္းနီတုံးေပၚတင္ၿပီး သံပုရာျခမ္းတစ္ျခမ္းနဲ႔ ပြတ္တိုက္ေပး႐ုံနဲ႔ အညစ္အေၾကးေတြကို ဖယ္ရွားေပးႏိုင္မွာ ျဖစ္ပါတယ္။

(၂) ေကာ္ဖီခြက္ေတြနဲ႔ ေရေႏြးထည့္ေသာက္တဲ့ ခြက္ေတြဟာ ေကာ္ဖီနဲ႔ လက္ဖက္ရည္ခ်ိဳးေတြေၾကာင့္ ဘယ္ေလာက္ တိုက္တိုက္ မေျပာင္ေတာ့တဲ့ အခါမ်ိဳးေတြမွာ အိမ္သုံးဆား လက္ဖက္ရည္ဇြန္း တဇြန္းနဲ႔ ရွာလကာရည္ လက္ဖက္ရည္ဇြန္း တဇြန္းတို႔ကို ခြက္ထဲ ေလာင္းခ်ေပးၿပီး ပြတ္တိုက္ ေဆးေၾကာေပး႐ုံနဲ႔ အညစ္အေၾကးေတြ ေျပာင္လက္သြားတာကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

(၃) ဟင္းခ်က္တဲ့အခါ အသုံးျပဳတဲ့ အိုးခြက္နဲ႔ ဒယ္အိုးေတြမွာ ဟင္းခ်ိဳးေတြ ကပ္ေနတဲ့အခါ ဆားအနည္းငယ္ကို အိုးထဲထည့္၊ ေရေႏြးအနည္းငယ္ ေလာင္းခ်ေပးျခင္းအားျဖင့္ ၅ မိနစ္အတြင္း ဟင္းခ်ိဳးေတြ ကြာက်လာတာကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

(၄) ဆီလီကြန္ေခါင္းအုံးအမ်ားစုဟာ အသုံးျပဳတာၾကာလာတာနဲ႔အမွ် မူလအျဖဴေရာင္ကေန ဝါညစ္ညစ္ေရာင္ ေျပာင္းလာ တတ္ၾကပါတယ္။ ဒီလိုမ်ိဳး ႀကဳံေတြ႕တဲ့အခါ အိမ္သုံးဆား လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ဆိုဒါရည္ဘူး တဝက္စာေလာက္နဲ႔ ေရေႏြး အနည္းငယ္ကိုေရာၿပီး သန႔္ရွင္းေပး႐ုံနဲ႔ မူလအတိုင္း ျပန္လည္ေတာက္ပလာေစမွာ ျဖစ္ပါတယ္။

(၅) မီးပူမွာ မီးပူဂ်ိဳးေတြ ကပ္ေနတဲ့အခါမ်ိဳးေတြမွာလည္း သတင္းစာတ႐ြက္ေပၚမွာ ဆားအနည္းငယ္ျဖဴးၿပီး ျဖဴးထားတဲ့ ဆားေပၚမွာ မီးပူနဲ႔ တိုက္ေပး႐ုံနဲ႔ မီးပူဂ်ိဳးေတြကြာၿပီး သန႔္ရွင္းသြားတာကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

Ref : brightside.me

Credit – ဟယ္လ္သင္ (ဧရာဝတီ) – The Irrawaddy – Burmese Edition

(Unicode)

အိမ်ရှင်မတွေအတွက် အသုံးတည့်စေမယ့် အိမ်သုံးဆားရဲ့ အသုံးဝင်ပုံများ

အိမ်သုံးဆားဟာ ဟင်းချက်ရာမှာသာမက တခြားသော နေရာတွေမှာ အသုံးတည့်လှပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ဆားကို ဟင်းချက်ရာမှာ အသုံးပြုတဲ့အပြင် အိမ်သန့်ရှင်းရေးမှာပါ အသုံးပြုခဲ့ ကြပါတယ်။ အိမ်သုံးဆားဟာ ဟင်းချက်ရာမှာသာမက တခြားသော နေရာတွေမှာ အသုံးတည့်လှတာကြောင့် အိမ်ရှင်မတွေအတွက် အိမ်သုံးဆားရဲ့ ထူးထူးခြားခြား အသုံးဝင်ပုံတွေကို ရေးသားဖော်ပြလိုက် ပါတယ်။

(၁) စဉ်းနှီတုံး ဒါမှမဟုတ် စဉ်းနှီပြားတွေဟာ အသုံးပြုချိန် ကြာလာတာနဲ့အမျှ စင်းရာခြစ်ရာတွေနဲ့ ညိုညစ်ညစ် ဖြစ်လာတတ်တာကြောင့် ဒီပြဿနာအတွက် အိမ်သုံးဆား ခပ်များများကို စဉ်းနီတုံးပေါ်တင်ပြီး သံပုရာခြမ်းတစ်ခြမ်းနဲ့ ပွတ်တိုက်ပေးရုံနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။

(၂) ကော်ဖီခွက်တွေနဲ့ ရေနွေးထည့်သောက်တဲ့ ခွက်တွေဟာ ကော်ဖီနဲ့ လက်ဖက်ရည်ချိုးတွေကြောင့် ဘယ်လောက် တိုက်တိုက် မပြောင်တော့တဲ့ အခါမျိုးတွေမှာ အိမ်သုံးဆား လက်ဖက်ရည်ဇွန်း တဇွန်းနဲ့ ရှာလကာရည် လက်ဖက်ရည်ဇွန်း တဇွန်းတို့ကို ခွက်ထဲ လောင်းချပေးပြီး ပွတ်တိုက် ဆေးကြောပေးရုံနဲ့ အညစ်အကြေးတွေ ပြောင်လက်သွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

(၃) ဟင်းချက်တဲ့အခါ အသုံးပြုတဲ့ အိုးခွက်နဲ့ ဒယ်အိုးတွေမှာ ဟင်းချိုးတွေ ကပ်နေတဲ့အခါ ဆားအနည်းငယ်ကို အိုးထဲထည့်၊ ရေနွေးအနည်းငယ် လောင်းချပေးခြင်းအားဖြင့် ၅ မိနစ်အတွင်း ဟင်းချိုးတွေ ကွာကျလာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

(၄) ဆီလီကွန်ခေါင်းအုံးအများစုဟာ အသုံးပြုတာကြာလာတာနဲ့အမျှ မူလအဖြူရောင်ကနေ ဝါညစ်ညစ်ရောင် ပြောင်းလာ တတ်ကြပါတယ်။ ဒီလိုမျိုး ကြုံတွေ့တဲ့အခါ အိမ်သုံးဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆိုဒါရည်ဘူး တဝက်စာလောက်နဲ့ ရေနွေး အနည်းငယ်ကိုရောပြီး သန့်ရှင်းပေးရုံနဲ့ မူလအတိုင်း ပြန်လည်တောက်ပလာစေမှာ ဖြစ်ပါတယ်။

(၅) မီးပူမှာ မီးပူဂျိုးတွေ ကပ်နေတဲ့အခါမျိုးတွေမှာလည်း သတင်းစာတရွက်ပေါ်မှာ ဆားအနည်းငယ်ဖြူးပြီး ဖြူးထားတဲ့ ဆားပေါ်မှာ မီးပူနဲ့ တိုက်ပေးရုံနဲ့ မီးပူဂျိုးတွေကွာပြီး သန့်ရှင်းသွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Ref : brightside.me

Credit – ဟယ်လ်သင် (ဧရာဝတီ) – The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *