ဗဟုတုသ

ခႏၶာကိုယ္ လႉဒါန္းမႈႏွင့္ ပတ္သက္သည့္ အခ်က္မ်ား

(Zawgyi)

“ေဆးတကၠသိုလ္ ၁ ရန္ကုန္တြင္ ခႏၶာကိုယ္ လႉဒါန္းမႈႏွင့္ ပတ္သက္သည့္ အခ်က္မ်ား”

၁။ လႉဒါန္းႏိုင္သူမ်ား – အသက္ ၁၈ႏွစ္ ျပည့္ၿပီးသူ မည္သူမဆို လႉဒါန္းႏိုင္ပါသည္။

၂။ လႉဒါန္းရန္ေနရာ-

(က) ေဆးတကၠသိုလ္ ၁ ရန္ကုန္၊ ျပည္လမ္း (ယခင္လိပ္ခုံး)၊ ခႏၶာေဗဒဌာန႐ုံးခန္း။

(ခ) ေဆးတကၠသိုလ္ ၁ ရန္ကုန္၊ လမ္းမေတာ္၊ ဘြဲ႕လြန္ႏွင့္စာေမးပြဲဌာန႐ုံးခန္း။

၃။ လႉဒါန္းႏိုင္သည့္အခ်ိန္ – ႐ုံးဖြင့္ရက္၊ ႐ုံးဖြင့္ခ်ိန္အတြင္း။

၄။ လႉဒါန္းရာတြင္လိုအပ္သည္မ်ား – အလႉရွင္ကိုယ္တိုင္၊ ဓာတ္ပုံ ၃ပုံ၊ သက္ေသ ၂ ဦး (ေဆြမ်ိဳးသက္ေသ ၁ ဦး ႏွင့္ အျခားသက္ေသ ၁ဦး)။

၅။ ရွင္းလင္းခ်က္မ်ား

(က) လႉဒါန္းရာတြင္ ဓာတ္ပုံႏွင့္ သက္ေသမ်ား အျပင္ အျခားအရာမ်ား (ဥပမာ – ေဆးစစ္ခ်က္မ်ား) မလိုအပ္ပါ။ လူတဦးအေနႏွင့္ မည္သည့္ေနရာ၊ မည္သည့္အခ်ိန္တြင္ မည္သည့္အေၾကာင္း (မည္သည့္ေရာဂါ) ေၾကာင့္ ကြယ္လြန္မည္ကို ႀကိဳတင္ မသိရွိႏိုင္သျဖင့္၊ လႉဒါန္းမႈကို လက္ခံထားၿပီး အလႉရွင္တဦး ကြယ္လြန္ခ်ိန္တြင္မွ ေသဆုံးသည့္ အေၾကာင္းရင္း၊ အေျခအေနေပၚ မူတည္၍ ခႏၶာကိုယ္ကို လက္ခံႏိုင္ျခင္း ရွိမရွိ ဆုံးျဖတ္ပါသည္။

(ခ) ေယဘူယ်အားျဖင့္ အလႉရွင္တဦးသည္ ေအာက္ပါအခ်က္မ်ားျဖင့္ ကြယ္လြန္ပါက ခႏၶာကိုယ္ကို လက္ခံႏိုင္ျခင္းမရွိပါ။

– ကူးစက္ေရာဂါ (ဥပမာ – ဝမ္းေရာဂါ၊ ပလိပ္ေရာဂါ၊ H1N1၊ စသည္)

– အျခားအေၾကာင္းေၾကာင့္ ကြယ္လြန္ေသာ္လည္း ကူးစက္ေရာဂါ တစုံတခုရွိလ်င္ (ဥပမာ – အသည္းေရာင္အသားဝါေရာဂါ B, C၊ HIV)။

– ကင္ဆာေရာဂါ (အေျခအေနကိုၾကည့္၍ ေလ်ာ့ေပါ့စဥ္းစားေပးပါသည္)။

– ထိခိုက္ဒါဏ္ရာ / မႈခင္းတစုံတရာႏွင့္ ေသဆုံးလ်င္။

၆။ လႉဒါန္းထားေသာ ခႏၶာကိုယ္မ်ားကို အသုံးျပဳပုံ။

– လႉဒါန္းထားေသာ ခႏၶာကိုယ္မ်ားကို ေဆးစိမ္ထိန္းသိမ္းထားၿပီး ေဆးတကၠသိုလ္ ဘြဲ႕ႀကိဳ၊ ဘြဲ႕လြန္ေက်ာင္းသားမ်ား စာသင္ၾကားျခင္း၊ ေဆးဖက္ဆိုင္ရာ သုေတသနမ်ား ျပဳလုပ္ျခင္းမ်ားတြင္ အသုံးျပဳပါသည္။

၇။ အလႉရွင္တဦးကြယ္လြန္လ်င္ ေဆာင္႐ြက္ရန္။

– အလႉရွင္ကြယ္လြန္ေၾကာင္း က်န္ရစ္သူမိသားစုမွ ေဆး ၁ ခႏၶာေဗဒဌာနသို႔ အေၾကာင္းၾကားရန္။

– ကြယ္လြန္သည့္ အေၾကာင္းရင္းေပၚ မူတည္ၿပီး ဌာနမွ လက္ခံႏိုင္ျခင္း ရွိမရွိ စိစစ္၍ အေၾကာင္းျပန္ပါမည္။

– လက္ရွိအေျခအေနအထိ ဌာနတြင္ ေမာ္ေတာ္ယာဥ္ မရွိသည့္အတြက္၊ က်န္ရစ္သူ မိသားစုက အလႉရွင္ ခႏၶာကိုယ္ကို ေဆးတကၠသိုလ္ ၁ ရန္ကုန္၊ ခႏၶာေဗဒဌာနသို႔ ပို႔ေဆာင္ေပးရပါမည္။

၈။ ဆက္သြယ္ရန္ – 09 42761 7774 (လက္ရွိ ကိုင္ေဆာင္ထားသူ – ေဒါက္တာထင္လင္း၊ ကထိက၊ ခႏၶာေဗဒဌာန၊ ေဆးတကၠသိုလ္ ၁ ရန္ကုန္)

Credit – ‌ေဒါက္‌တာထင္‌လင္‌း

(Unicode)

“ဆေးတက္ကသိုလ် ၁ ရန်ကုန်တွင် ခန္ဓာကိုယ် လှူဒါန်းမှုနှင့် ပတ်သက်သည့် အချက်များ”

၁။ လှူဒါန်းနိုင်သူများ – အသက် ၁၈နှစ် ပြည့်ပြီးသူ မည်သူမဆို လှူဒါန်းနိုင်ပါသည်။

၂။ လှူဒါန်းရန်နေရာ-

(က) ဆေးတက္ကသိုလ် ၁ ရန်ကုန်၊ ပြည်လမ်း (ယခင်လိပ်ခုံး)၊ ခန္ဓာဗေဒဌာနရုံးခန်း။

(ခ) ဆေးတက္ကသိုလ် ၁ ရန်ကုန်၊ လမ်းမတော်၊ ဘွဲ့လွန်နှင့်စာမေးပွဲဌာနရုံးခန်း။

၃။ လှူဒါန်းနိုင်သည့်အချိန် – ရုံးဖွင့်ရက်၊ ရုံးဖွင့်ချိန်အတွင်း။

၄။ လှူဒါန်းရာတွင်လိုအပ်သည်များ – အလှူရှင်ကိုယ်တိုင်၊ ဓာတ်ပုံ ၃ပုံ၊ သက်သေ ၂ ဦး (ဆွေမျိုးသက်သေ ၁ ဦး နှင့် အခြားသက်သေ ၁ဦး)။

၅။ ရှင်းလင်းချက်များ

(က) လှူဒါန်းရာတွင် ဓာတ်ပုံနှင့် သက်သေများ အပြင် အခြားအရာများ (ဥပမာ – ဆေးစစ်ချက်များ) မလိုအပ်ပါ။ လူတဦးအနေနှင့် မည်သည့်နေရာ၊ မည်သည့်အချိန်တွင် မည်သည့်အကြောင်း (မည်သည့်ရောဂါ) ကြောင့် ကွယ်လွန်မည်ကို ကြိုတင် မသိရှိနိုင်သဖြင့်၊ လှူဒါန်းမှုကို လက်ခံထားပြီး အလှူရှင်တဦး ကွယ်လွန်ချိန်တွင်မှ သေဆုံးသည့် အကြောင်းရင်း၊ အခြေအနေပေါ် မူတည်၍ ခန္ဓာကိုယ်ကို လက်ခံနိုင်ခြင်း ရှိမရှိ ဆုံးဖြတ်ပါသည်။

(ခ) ယေဘူယျအားဖြင့် အလှူရှင်တဦးသည် အောက်ပါအချက်များဖြင့် ကွယ်လွန်ပါက ခန္ဓာကိုယ်ကို လက်ခံနိုင်ခြင်းမရှိပါ။

– ကူးစက်ရောဂါ (ဥပမာ – ဝမ်းရောဂါ၊ ပလိပ်ရောဂါ၊ H1N1၊ စသည်)

– အခြားအကြောင်းကြောင့် ကွယ်လွန်သော်လည်း ကူးစက်ရောဂါ တစုံတခုရှိလျင် (ဥပမာ – အသည်းရောင်အသားဝါရောဂါ B, C၊ HIV)။

– ကင်ဆာရောဂါ (အခြေအနေကိုကြည့်၍ လျော့ပေါ့စဉ်းစားပေးပါသည်)။

– ထိခိုက်ဒါဏ်ရာ / မှုခင်းတစုံတရာနှင့် သေဆုံးလျင်။

၆။ လှူဒါန်းထားသော ခန္ဓာကိုယ်များကို အသုံးပြုပုံ။

– လှူဒါန်းထားသော ခန္ဓာကိုယ်များကို ဆေးစိမ်ထိန်းသိမ်းထားပြီး ဆေးတက္ကသိုလ် ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားများ စာသင်ကြားခြင်း၊ ဆေးဖက်ဆိုင်ရာ သုတေသနများ ပြုလုပ်ခြင်းများတွင် အသုံးပြုပါသည်။

၇။ အလှူရှင်တဦးကွယ်လွန်လျင် ဆောင်ရွက်ရန်။

– အလှူရှင်ကွယ်လွန်ကြောင်း ကျန်ရစ်သူမိသားစုမှ ဆေး ၁ ခန္ဓာဗေဒဌာနသို့ အကြောင်းကြားရန်။

– ကွယ်လွန်သည့် အကြောင်းရင်းပေါ် မူတည်ပြီး ဌာနမှ လက်ခံနိုင်ခြင်း ရှိမရှိ စိစစ်၍ အကြောင်းပြန်ပါမည်။

– လက်ရှိအခြေအနေအထိ ဌာနတွင် မော်တော်ယာဉ် မရှိသည့်အတွက်၊ ကျန်ရစ်သူ မိသားစုက အလှူရှင် ခန္ဓာကိုယ်ကို ဆေးတက္ကသိုလ် ၁ ရန်ကုန်၊ ခန္ဓာဗေဒဌာနသို့ ပို့ဆောင်ပေးရပါမည်။

၈။ ဆက်သွယ်ရန် – 09 42761 7774 (လက်ရှိ ကိုင်ဆောင်ထားသူ – ဒေါက်တာထင်လင်း၊ ကထိက၊ ခန္ဓာဗေဒဌာန၊ ဆေးတက္ကသိုလ် ၁ ရန်ကုန်)

Credit – ‌ဒေါက်‌တာထင်‌လင်‌း

Leave a Reply

Your email address will not be published. Required fields are marked *