ဗဟုတုသ

ပန္ကာႏွင့္ အိပ္စက္ျခင္း အႏၲာရယ္

(Zawgyi)

ပူလြန္းတဲ့ ရာသီဆို လူေတြက ပူအိုက္တာ သက္သာေအာင္ ယပ္ေတာင္၊ ပန္ကာ၊ အဲယားကြန္း အသုံးျပဳလာၾကေတာ့တယ္။ ယပ္ေတာင္နဲ႔ အဲကြန္းက ဒီေလာက္ ျပႆနာမရွိေပမယ့္၊ ပန္ကာေၾကာင့္ လူေသတာေတြ မၾကာခဏ ေတြ႕ရတယ္။ မေသေတာင္ ပါး႐ြဲ႕၊ ေလျဖတ္တာ ေတာ္ေတာ္မ်ားတယ္။

*ပန္ကာက လူဘယ္လိုသတ္ႏိုင္လဲ?

ပန္ကာေရွ႕ အေအး၊ ဘီယာ ပုလင္းတစ္လုံး ေရစို အဝတ္ပတ္ၿပီး ခ်ထားၾကည့္ပါ။ တစ္နာရီေက်ာ္ေလာက္ဆိုရင္ ေတာ္ေတာ္ ေအးျမသြားတာ ေတြ႕ပါလိမ့္မယ္။ ေရခဲေသတၱာမရွိတဲ့ ေနရာေတြမွာ အေအးေသာက္ခ်င္ သုံးလို႔ရပါတယ္။ ပန္ကာေလေၾကာင့္ ပတ္ထားတဲ့ ေရစိုအဝတ္ဟာ အေငြ႕ပ်ံတယ္။ အေငြ႕ပ်ံဖို႔ အပူလိုအပ္ပါတယ္ (စာမွာေတာ့ ေအာင္းပူလို႔ ေခၚပါတယ္။) လိုအပ္တဲ့ အပူကို ပုလင္းဆီက စုတ္ယူလိုက္ေတာ့၊ အဝတ္က ေျခာက္ေသြ႕လာတာနဲ႔အမွ် ပုလင္းလဲ ေအးျမသြားပါတယ္။ လူကအိုက္လို႔ ညဘက္ေရထခ်ိဳးတယ္၊ ေခါင္းေလွ်ာ္တယ္။ ၿပီးေတာ့ အိပ္ရာထဲ ေခြၽးမျပန္ေအာင္ ပန္ကာဖြင့္ အိပ္တတ္ၾကတယ္။

ပန္ကာဖြင့္ေတာ့ ထုံးစံအတိုင္း စိုစိစိေတြက အေငြ႕ထပ်ံပါတယ္။ လိုအပ္တဲ့ အပူခ်ိန္ကိုေတာ့ ဦးေခါင္းကေန ရယူပါတယ္။ ဒါေၾကာင့္ ဦးေခါင္း တေျဖးေျဖး အပူခ်ိန္ေလ်ာ့လာတယ္။ အိပ္မေပ်ာ္ေသးခင္ေတာ့ ခႏၡာကိုယ္က အပူထုတ္ေပးေနေတာ့ သိပ္ျပႆနာမေပးေသးပါဘူး။ အိပ္ေပ်ာ္သြားၿပီဆိုရင္ အပူ မထုတ္ေတာ့ပါဘူး (အပူထုတ္တာ အရမ္း နည္းသြားတယ္။) ဒါေၾကာင့္ ဦးေခါင္းဟာ အတိုင္းအဆမရွိ ေအးလာတယ္။ ေအးလာေတာ့ ဦးေခါင္းက အေရျပား က်ဳံ႔လာပါတယ္။ အတြင္းပိုင္းကေတာ့ အခန္း အပူအခ်ိန္ အတိုင္းပဲ ဆက္ရွိေနတယ္။ ဒါေၾကာင့္ ဦးေခါင္းကို စီးေနတဲ့ ေသြးေတြကို အတင္း ျဖစ္ညႇစ္သလိုျဖစ္ၿပီး ေသြးေၾကာျပတ္ကာ မနက္က်ေတာ့ ေလွ်ာေနေတာ့တာပါ။ အိမ္နီးနားခ်င္း ၂ ဦး ၃ ဦး ျဖစ္ဘူးၾကတယ္။ တစ္ခ်ိဳ႕က ေသေလာက္တဲ့အထိ မျဖစ္ေပမယ့္ ပါး႐ြဲ႕ျခင္း၊ ေလျဖတ္ျခင္း ျဖစ္ၾကတယ္။

*ဒါေတြ သတိထားပါ။

ညမိုးခ်ဳပ္ အိပ္ခါနီးမွ ေခါင္းမေလွ်ာ္ပါနဲ႔။ မိန္းကေလးမ်ား ပိုဆိုးပါတယ္။ ဘယ္လိုမွ မေျခာက္ပဲ စိုထိုင္းထိုင္းနဲ႔ အိပ္ယာဝင္ရင္ ဒုကၡေရာက္ၿပီ။ အသက္ ၃၀ မျပည့္ေသးတဲ့ အသိ မိန္းကေလး ပါး႐ြဲ႕သြားခဲ့ပါတယ္။ ပန္ကာနဲ႔ အိပ္မယ္ဆို ၁ နာရီေလာက္ အိပ္ေပ်ာ္ခ်ိန္မွန္း timer ေပးအိပ္ပါ။ Timer မရွိရင္ ပန္ကာေလကို တိုက္႐ိုက္ မထိပါေစနဲ႔။ အရက္ ေသာက္ၿပီး အိပ္ရင္လည္း ပန္ကာေလ တိုက္႐ိုက္မထိပါေစနဲ႔။ အသိတစ္ေယာက္ ေလျဖတ္ခဲ့ၿပီး အိမ္နီးခ်င္း ၂ ေယာက္ ေသသြားခဲ့ဘူးပါတယ္။

Credit : Moe Hein

က်န္းမာေရးဗဟုသုတမ်ား

(Unicode)

ပူလွန်းတဲ့ ရာသီဆို လူတွေက ပူအိုက်တာ သက်သာအောင် ယပ်တောင်၊ ပန်ကာ၊ အဲယားကွန်း အသုံးပြုလာကြတော့တယ်။ ယပ်တောင်နဲ့ အဲကွန်းက ဒီလောက် ပြဿနာမရှိပေမယ့်၊ ပန်ကာကြောင့် လူသေတာတွေ မကြာခဏ တွေ့ရတယ်။ မသေတောင် ပါးရွဲ့၊ လေဖြတ်တာ တော်တော်များတယ်။

*ပန်ကာက လူဘယ်လိုသတ်နိုင်လဲ?

ပန်ကာရှေ့ အအေး၊ ဘီယာ ပုလင်းတစ်လုံး ရေစို အဝတ်ပတ်ပြီး ချထားကြည့်ပါ။ တစ်နာရီကျော်လောက်ဆိုရင် တော်တော် အေးမြသွားတာ တွေ့ပါလိမ့်မယ်။ ရေခဲသေတ္တာမရှိတဲ့ နေရာတွေမှာ အအေးသောက်ချင် သုံးလို့ရပါတယ်။ ပန်ကာလေကြောင့် ပတ်ထားတဲ့ ရေစိုအဝတ်ဟာ အငွေ့ပျံတယ်။ အငွေ့ပျံဖို့ အပူလိုအပ်ပါတယ် (စာမှာတော့ အောင်းပူလို့ ခေါ်ပါတယ်။) လိုအပ်တဲ့ အပူကို ပုလင်းဆီက စုတ်ယူလိုက်တော့၊ အဝတ်က ခြောက်သွေ့လာတာနဲ့အမျှ ပုလင်းလဲ အေးမြသွားပါတယ်။ လူကအိုက်လို့ ညဘက်ရေထချိုးတယ်၊ ခေါင်းလျှော်တယ်။ ပြီးတော့ အိပ်ရာထဲ ချွေးမပြန်အောင် ပန်ကာဖွင့် အိပ်တတ်ကြတယ်။

ပန်ကာဖွင့်တော့ ထုံးစံအတိုင်း စိုစိစိတွေက အငွေ့ထပျံပါတယ်။ လိုအပ်တဲ့ အပူချိန်ကိုတော့ ဦးခေါင်းကနေ ရယူပါတယ်။ ဒါကြောင့် ဦးခေါင်း တဖြေးဖြေး အပူချိန်လျော့လာတယ်။ အိပ်မပျော်သေးခင်တော့ ခန္ခာကိုယ်က အပူထုတ်ပေးနေတော့ သိပ်ပြဿနာမပေးသေးပါဘူး။ အိပ်ပျော်သွားပြီဆိုရင် အပူ မထုတ်တော့ပါဘူး (အပူထုတ်တာ အရမ်း နည်းသွားတယ်။) ဒါကြောင့် ဦးခေါင်းဟာ အတိုင်းအဆမရှိ အေးလာတယ်။ အေးလာတော့ ဦးခေါင်းက အရေပြား ကျုံ့လာပါတယ်။ အတွင်းပိုင်းကတော့ အခန်း အပူအချိန် အတိုင်းပဲ ဆက်ရှိနေတယ်။ ဒါကြောင့် ဦးခေါင်းကို စီးနေတဲ့ သွေးတွေကို အတင်း ဖြစ်ညှစ်သလိုဖြစ်ပြီး သွေးကြောပြတ်ကာ မနက်ကျတော့ လျှောနေတော့တာပါ။ အိမ်နီးနားချင်း ၂ ဦး ၃ ဦး ဖြစ်ဘူးကြတယ်။ တစ်ချို့က သေလောက်တဲ့အထိ မဖြစ်ပေမယ့် ပါးရွဲ့ခြင်း၊ လေဖြတ်ခြင်း ဖြစ်ကြတယ်။

*ဒါတွေ သတိထားပါ။

ညမိုးချုပ် အိပ်ခါနီးမှ ခေါင်းမလျှော်ပါနဲ့။ မိန်းကလေးများ ပိုဆိုးပါတယ်။ ဘယ်လိုမှ မခြောက်ပဲ စိုထိုင်းထိုင်းနဲ့ အိပ်ယာဝင်ရင် ဒုက္ခရောက်ပြီ။ အသက် ၃၀ မပြည့်သေးတဲ့ အသိ မိန်းကလေး ပါးရွဲ့သွားခဲ့ပါတယ်။ ပန်ကာနဲ့ အိပ်မယ်ဆို ၁ နာရီလောက် အိပ်ပျော်ချိန်မှန်း timer ပေးအိပ်ပါ။ Timer မရှိရင် ပန်ကာလေကို တိုက်ရိုက် မထိပါစေနဲ့။ အရက် သောက်ပြီး အိပ်ရင်လည်း ပန်ကာလေ တိုက်ရိုက်မထိပါစေနဲ့။ အသိတစ်ယောက် လေဖြတ်ခဲ့ပြီး အိမ်နီးချင်း ၂ ယောက် သေသွားခဲ့ဘူးပါတယ်။

Credit : Moe Hein

ကျန်းမာရေးဗဟုသုတများ

Leave a Reply

Your email address will not be published. Required fields are marked *