ဗဟုတုသ

ဘုရား အေနကဇာ မတင္ဘဲ ကိုးကြယ္လို႔ ရ / မရ

(Zawgyi)
ဘုရား အေနကဇာ မတင္ဘဲ ကိုးကြယ္လို႔ ရ / မရ

ဘုရား ဆင္းတုေတြကို တစ္ခ်ိဳ႕က အေနကဇာတင္မွ အသက္ဝင္တယ္။ အေနကဇာ မတင္ရင္ အသက္မဝင္ဘူးလို႔ ေျပာၾကသလို တစ္ခ်ိဳ႕က အေနကဇာတင္မွ ဘုရားျဖစ္တာ အေနကဇာ မတင္ဘဲ ကိုးကြယ္ရင္ ကုသိုလ္ မရဘူးလို႔လဲ ေျပာၾကပါတယ္။ တစ္ခ်ိဳ႕က အေနကဇာ မတင္ဘဲ မကိုးကြယ္ေကာင္းဘူးလို႔လဲ ယူဆၾကပါေသးတယ္။

ယၡဳ အယူအဆေတြက မွားပါတယ္။ တစ္ကယ္ေတာ့ အေနကဇာတင္တယ္ ဆိုတာ ျမတ္ဗုဒၶ၏ ဂုဏ္ေတာ္ေတြ ေက်းဇူးေတာ္ေတြကို ေအာက္ေမ့ ႐ြတ္ဖတ္ ပူေဇာ္ျခင္း အမွတ္ရျခင္းျပဳတဲ့ သေဘာမ်ိဳးပါ။ ေစတီေတာ္ ဆင္းတု ေတာ္ေတြကို ထပ္မံ မြန္းမံျခင္းလို႔လဲ ဆိုႏိူင္ပါတယ္။ အေနကဇာတင္ေတာ့ အေနကဇာတိ စတဲ့ ဗုဒၶ ႀကဳံးဝါးခဲ့တဲ့ ဂါထာေတာ္ေတြကို ၾကားနာခြင့္ရတယ္။ ဗုဒၶ ဆင္ျခင္သုံးသပ္ခဲ့တဲ့ ပဋိစၥသမုပၸါဒ္ကို နာခြင့္ရတယ္။ ရဟန္းေတာ္ေတြကို လႉဒါန္း ကုသိုလ္ျပဳခြင့္ရတယ္ အစရွိသျဖင့္ ဆိုင္ရာအက်ိဳးေတြ ရပါတယ္။

ဒါေပမဲ့ အဲဒီလို အေနကဇာ တင္ျခင္းေၾကာင့္ ေစတီ ႐ုပ္ထုေတြက အသက္ဝင္လာတာေတာ့ မဟုတ္ပါဘူး။ ဗုဒၶဘာသာ ေတြကလဲ အဲဒီ ႐ုပ္ထုေတြကို ကိုးကြယ္ေနတာ မဟုတ္ရပါဘူး။ ဗုဒၶ၏ ဂုဏ္ေတာ္ေတြကို ကိုးကြယ္တာပါ။ ေစတီ႐ုပ္ထု ဆိုတာက ဗုဒၶ၏ ဂုဏ္ေတာ္ေတြကို အာ႐ုံျပဳလို႔ လြယ္ကူေအာင္ အေထာက္ပံ့ျပဳတဲ့ အရာမွ်သာ ျဖစ္ၾကပါတယ္။ ေစတီ၊ ဆင္းတုေတာ္ေတြကို ဖူးေမွ်ာ္ၿပီး ဗုဒၶ၏ ဂုဏ္ေတာ္ ေက်းဇူးေတာ္ေတြကို အာ႐ုံျပဳၾက ပူေဇာ္ၾကရပါတယ္။ ေရွ႕မွာ ရွိေနတဲ့ ေစတီ ဆင္းတုေတာ္ေတြကို ပူေဇာ္ေနၾကတာ မဟုတ္ပါဘူး ပရိနိဗၺာန္ ဝင္စံေတာ္မူၿပီးျဖစ္တဲ့ ျမတ္စြာဘုရားရွင္၏ ေက်းဇူးေတာ္ အနႏၲ ဂုဏ္ေတာ္အနႏၲကို ပူေဇာ္ေနၾကတာပါ။

မိမိစိတ္က ဗုဒၶ၏ ဂုဏ္ေတာ္ေတြကို ရည္မွတ္ဖို႔သာ အဓိက က်တာျဖစ္ပါတယ္ ေစတီဆင္းတုေတြက အဓိက မက်ပါဘူး။ သာမညမွ်သာ ျဖစ္ၾကပါတယ္။ ဒါေၾကာင့္ မိမိအေနနဲ႔ ဗုဒၶ၏ ဂုဏ္ေတာ္ေတြကို ရည္မွတ္ရရင္ အေနကဇာ တင္တင္ မတင္တင္ ကိုးကြယ္လို႔ ရပါတယ္။ ျမတ္ဗုဒၶအား မိမိ၏ ၾကည္ညိဳမႈ သဒၶါ ထက္သန္သေလာက္ အက်ိဳးထူးရရွိမွာသာ ျဖစ္ပါတယ္ သူေတာ္ေကာင္းတို႔။

စာဖတ္သူ ဓမၼမိတ္ေဆြ အေပါင္းသူေတာ္ေကာင္းတို႔ အားလုံး ျမတ္ဗုဒၶ၏ ေက်းဇူးေတာ္ ဂုဏ္ေတာ္ အနႏၲေတြကို ထက္သန္ေသာ သဒၶါတရားႏွင့္ ကိုးကြယ္ ဆည္းကပ္ ပူေဇာ္တတ္သူ စစ္စစ္မ်ား ျဖစ္ၾကပါေစ။

“ ဘာေၾကာင့္ အေနကဇာ တင္ၾကပါသလဲ” ဆိုေတာ့ ေထရဝါဒ ဗုဒၶဘာသာဝင္မ်ားသည္ အိမ္သစ္၊ ေက်ာင္းသစ္ စသည္ ေဆာက္လုပ္ၾကေသာအခါ အိမ္ဦးခန္း ေက်ာင္းဦးခန္းမွာ ဘုရားရွင္ သီတင္းသုံးဖို႔ရန္အတြက္ ေက်ာင္းေဆာင္ ေလးမ်ားကိုပါ အဦးထား၍ ေဆာက္လုပ္ၾကပါသည္။ ေဆာက္လုပ္၍ ၿပီးစီးၾကေသာအခါ ဘုရားရွင္၏ ႐ုပ္ပြားေတာ္ကို ပင့္ေဆာင္၍ အိမ္ဦးခန္း၊ ေက်ာင္းဦးခန္းမွာ ကိုးကြယ္ထားၾကပါသည္။

ထိုသို႔ ကိုးကြယ္ၾကရာ၌ အသစ္ျဖစ္ေသာ အိမ္ေက်ာင္းမွာ အစဦးဆုံးအျဖစ္ ဘုရားရွင္ကို ပင့္ေဆာင္ၾကျခင္းျဖစ္၍ ဘုရားရွင္ကို ပူေဇာ္ၾကဖို႔ရန္ အတြက္ သံဃာေတာ္မ်ားကို ပင့္ဖိတ္ၿပီး ဘုရားရွင္ကို ပူေဇာ္သမႈ ျပဳေစၾကျခင္း ျဖစ္ပါသည္။ ဒါသည္ ပုဂံေခတ္မွ လာခဲ့ေသာ အစဥ္အလာ အတိုင္းပင္ ျဖစ္ပါသည္။ သံဃာေတာ္မ်ားက ႐ြတ္ဆိုပူေဇာ္နည္းကို မသိၾကပါကုန္ေသာ လူမ်ားကိုယ္စား ဘုရားရွင္ကို ပူေဇာ္ေပးၾကျခင္း ျဖစ္ပါသည္။ ထိုသို႔ သံဃာေတာ္မ်ားကို မိမိတို႔ အိမ္ေဂဟာသို႔ ပင့္ဖိတ္၍ ဘုရားရွင္ကို ပူေဇာ္ေစၾကသူတို႔သည္ ဘုရား၊ တရား၊ သံဃာ ရတနာသုံးျဖာလုံးကိုပင္ ပူေဇာ္ၿပီးသား ျဖစ္ရပါသည္။ ႐ြတ္ဆိုပူေဇာ္နည္းကို သိၾကပါကုန္ေသာ လူမ်ားကေတာ့ ကိုယ္တိုင္လည္း ႐ြတ္ဆို ပူေဇာ္ႏိုင္ၾကပါသည္။

Credit –

ေမတၱာျဖင့္ အရွင္နေႏၵာဘာသ (ဓမၼေရာင္စဥ္)

(Unicode)
ဘုရား အနေကဇာ မတင်ဘဲ ကိုးကွယ်လို့ ရ / မရ

ဘုရား ဆင်းတုတွေကို တစ်ချို့က အနေကဇာတင်မှ အသက်ဝင်တယ်။ အနေကဇာ မတင်ရင် အသက်မဝင်ဘူးလို့ ပြောကြသလို တစ်ချို့က အနေကဇာတင်မှ ဘုရားဖြစ်တာ အနေကဇာ မတင်ဘဲ ကိုးကွယ်ရင် ကုသိုလ် မရဘူးလို့လဲ ပြောကြပါတယ်။ တစ်ချို့က အနေကဇာ မတင်ဘဲ မကိုးကွယ်ကောင်းဘူးလို့လဲ ယူဆကြပါသေးတယ်။

ယ္ခု အယူအဆတွေက မှားပါတယ်။ တစ်ကယ်တော့ အနေကဇာတင်တယ် ဆိုတာ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တွေ ကျေးဇူးတော်တွေကို အောက်မေ့ ရွတ်ဖတ် ပူဇော်ခြင်း အမှတ်ရခြင်းပြုတဲ့ သဘောမျိုးပါ။ စေတီတော် ဆင်းတု တော်တွေကို ထပ်မံ မွန်းမံခြင်းလို့လဲ ဆိုနိူင်ပါတယ်။ အနေကဇာတင်တော့ အနေကဇာတိ စတဲ့ ဗုဒ္ဓ ကြုံးဝါးခဲ့တဲ့ ဂါထာတော်တွေကို ကြားနာခွင့်ရတယ်။ ဗုဒ္ဓ ဆင်ခြင်သုံးသပ်ခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ်ကို နာခွင့်ရတယ်။ ရဟန်းတော်တွေကို လှူဒါန်း ကုသိုလ်ပြုခွင့်ရတယ် အစရှိသဖြင့် ဆိုင်ရာအကျိုးတွေ ရပါတယ်။

ဒါပေမဲ့ အဲဒီလို အနေကဇာ တင်ခြင်းကြောင့် စေတီ ရုပ်ထုတွေက အသက်ဝင်လာတာတော့ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ တွေကလဲ အဲဒီ ရုပ်ထုတွေကို ကိုးကွယ်နေတာ မဟုတ်ရပါဘူး။ ဗုဒ္ဓ၏ ဂုဏ်တော်တွေကို ကိုးကွယ်တာပါ။ စေတီရုပ်ထု ဆိုတာက ဗုဒ္ဓ၏ ဂုဏ်တော်တွေကို အာရုံပြုလို့ လွယ်ကူအောင် အထောက်ပံ့ပြုတဲ့ အရာမျှသာ ဖြစ်ကြပါတယ်။ စေတီ၊ ဆင်းတုတော်တွေကို ဖူးမျှော်ပြီး ဗုဒ္ဓ၏ ဂုဏ်တော် ကျေးဇူးတော်တွေကို အာရုံပြုကြ ပူဇော်ကြရပါတယ်။ ရှေ့မှာ ရှိနေတဲ့ စေတီ ဆင်းတုတော်တွေကို ပူဇော်နေကြတာ မဟုတ်ပါဘူး ပရိနိဗ္ဗာန် ဝင်စံတော်မူပြီးဖြစ်တဲ့ မြတ်စွာဘုရားရှင်၏ ကျေးဇူးတော် အနန္တ ဂုဏ်တော်အနန္တကို ပူဇော်နေကြတာပါ။

မိမိစိတ်က ဗုဒ္ဓ၏ ဂုဏ်တော်တွေကို ရည်မှတ်ဖို့သာ အဓိက ကျတာဖြစ်ပါတယ် စေတီဆင်းတုတွေက အဓိက မကျပါဘူး။ သာမညမျှသာ ဖြစ်ကြပါတယ်။ ဒါကြောင့် မိမိအနေနဲ့ ဗုဒ္ဓ၏ ဂုဏ်တော်တွေကို ရည်မှတ်ရရင် အနေကဇာ တင်တင် မတင်တင် ကိုးကွယ်လို့ ရပါတယ်။ မြတ်ဗုဒ္ဓအား မိမိ၏ ကြည်ညိုမှု သဒ္ဓါ ထက်သန်သလောက် အကျိုးထူးရရှိမှာသာ ဖြစ်ပါတယ် သူတော်ကောင်းတို့။

စာဖတ်သူ ဓမ္မမိတ်ဆွေ အပေါင်းသူတော်ကောင်းတို့ အားလုံး မြတ်ဗုဒ္ဓ၏ ကျေးဇူးတော် ဂုဏ်တော် အနန္တတွေကို ထက်သန်သော သဒ္ဓါတရားနှင့် ကိုးကွယ် ဆည်းကပ် ပူဇော်တတ်သူ စစ်စစ်များ ဖြစ်ကြပါစေ။

“ ဘာကြောင့် အနေကဇာ တင်ကြပါသလဲ” ဆိုတော့ ထေရဝါဒ ဗုဒ္ဓဘာသာဝင်များသည် အိမ်သစ်၊ ကျောင်းသစ် စသည် ဆောက်လုပ်ကြသောအခါ အိမ်ဦးခန်း ကျောင်းဦးခန်းမှာ ဘုရားရှင် သီတင်းသုံးဖို့ရန်အတွက် ကျောင်းဆောင် လေးများကိုပါ အဦးထား၍ ဆောက်လုပ်ကြပါသည်။ ဆောက်လုပ်၍ ပြီးစီးကြသောအခါ ဘုရားရှင်၏ ရုပ်ပွားတော်ကို ပင့်ဆောင်၍ အိမ်ဦးခန်း၊ ကျောင်းဦးခန်းမှာ ကိုးကွယ်ထားကြပါသည်။

ထိုသို့ ကိုးကွယ်ကြရာ၌ အသစ်ဖြစ်သော အိမ်ကျောင်းမှာ အစဦးဆုံးအဖြစ် ဘုရားရှင်ကို ပင့်ဆောင်ကြခြင်းဖြစ်၍ ဘုရားရှင်ကို ပူဇော်ကြဖို့ရန် အတွက် သံဃာတော်များကို ပင့်ဖိတ်ပြီး ဘုရားရှင်ကို ပူဇော်သမှု ပြုစေကြခြင်း ဖြစ်ပါသည်။ ဒါသည် ပုဂံခေတ်မှ လာခဲ့သော အစဉ်အလာ အတိုင်းပင် ဖြစ်ပါသည်။ သံဃာတော်များက ရွတ်ဆိုပူဇော်နည်းကို မသိကြပါကုန်သော လူများကိုယ်စား ဘုရားရှင်ကို ပူဇော်ပေးကြခြင်း ဖြစ်ပါသည်။ ထိုသို့ သံဃာတော်များကို မိမိတို့ အိမ်ဂေဟာသို့ ပင့်ဖိတ်၍ ဘုရားရှင်ကို ပူဇော်စေကြသူတို့သည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးဖြာလုံးကိုပင် ပူဇော်ပြီးသား ဖြစ်ရပါသည်။ ရွတ်ဆိုပူဇော်နည်းကို သိကြပါကုန်သော လူများကတော့ ကိုယ်တိုင်လည်း ရွတ်ဆို ပူဇော်နိုင်ကြပါသည်။

Credit –

မေတ္တာဖြင့် အရှင်နန္ဒောဘာသ (ဓမ္မရောင်စဉ်)

Leave a Reply

Your email address will not be published. Required fields are marked *