ဗဟုတုသ

မျက်ခုံးတွေ ဘာလို့ လှုပ်နေတာလဲ? အခြား သိချင်စရာလေးများ

[Zawgyi version]
မ်က္ခုံးေတြ ဘာလို႔ လႈပ္ေနတာလဲ၊ မ်က္ကြင္းေတြ ဘာလို႔ညိဳေနတာလဲနဲ႔ အျခား သိခ်င္စရာေလးမ်ား?

မ်က္ခုံး ခဏခဏ လႈပ္ေနရင္ ဘာမ်ားျဖစ္မလဲဟု စိတ္ထင့္ လာတတ္သည္။ မ်က္ကြင္းေတြ ညိဳလာၿပီဆို တစ္ခုခုမ်ား ျဖစ္ေတာ့မလား စိုးရိမ္ၾကသည္။ အအိပ္မ်ားသြားလွ်င္ ကိုယ္လက္ မအီမသာေတြ ျဖစ္ၿပီး ေလးလံထိုင္းမႈိင္း သြားရတာကေရာ ဘာေၾကာင့္လဲ။ လူပင္ပန္း လာရင္း ျဖဴဖတ္ျဖဴေရာ္ ျဖစ္သြားတာကေရာ အသို႔နည္း။

ဇတ္ခနဲ ဇတ္ခနဲ မ်က္ခုံးလႈပ္တာ ဘာေၾကာင့္လဲ။
လူသည္ ပင္ပန္း ႏြမ္းနယ္ေနသည့္အခါ၊ စိတ္ဖိစီးေနသည့္အခါ၊ အေသာက္လြန္သည့္ အခါမ်ိဳးတြင္ အာ႐ုံေၾကာမ်ား အားနည္းလာတတ္သည္။ မ်က္လုံးတစ္ဝိုက္က ႂကြက္သားမ်ားသည္ ႏူးညံ့သိမ္ေမြ႕ၾကသည္။ ၎တို႔ကို ထိန္းခ်ဳပ္ေသာ အာ႐ုံေၾကာစနစ္ အားနည္းပါက လႈပ္ရွားမႈ ေဖာက္ျပန္တတ္ၿပီး ဇတ္ခနဲ ဇတ္ခနဲ ေဆာင့္ၿပီး လႈပ္ရွားတတ္ၾကသည္။ ထိုသို႔ လႈပ္ျခင္းကို မ်က္ခုံးလႈပ္ျခင္း (သို႔မဟုတ္) မ်က္ခြံေတြ လႈပ္ေနျခင္းဟု ဆိုၾကျခင္း ျဖစ္သည္။ အိပ္ေရး၀၀ အိပ္လိုက္ၿပီး လူက လန္းဆန္း အားရွိသြားလွ်င္ ထိုသို႔ လႈပ္ေနတာ အလိုလို ေပ်ာက္သြားသည္။ အေသာက္လြန္လို႔ ျဖစ္ရသူမ်ား အေနျဖင့္လည္း အေသာက္ေလွ်ာ့ျခင္းျဖင့္ ထိုကိစၥ ေျပလည္ႏိုင္သည္။

အိပ္ရာႏိုးရင္ အာပုပ္ေစာ္ဘာေၾကာင့္ နံ။
အာေျခာက္ျခင္းေၾကာင့္ ျဖစ္သည္။ ပလုတ္က်င္းလိုက္႐ုံ၊ သြားတိုက္လိုက္႐ုံႏွင့္ အနံ႔ေပ်ာက္သည္။ အိပ္ေနခ်ိန္တြင္ တံေတြးထြက္ႏႈန္း နည္းျခင္း၊ အိမ္ေနစဥ္ ပါးစပ္ဟကာ အသက္႐ူျခင္း တို႔ေၾကာင့္ ေလဝင္ကာ ပါးစပ္ထဲက တံေတြးေျခာက္ သြားရသည္။ ထိုသို႔ ေျခာက္သြားသည့္အခါ ပါးစပ္ထဲက ဘက္တီးရီးယားမ်ား၊ စားႂကြင္း စားက်န္မ်ား ပုပ္သိုးေျခာက္ေသြ႕ၿပီး ဆာလဖာ ဓာတ္ထြက္လာသည္။ အာပုပ္ေစာ္သည္ ထိုဆာလဖာနံ႔ ျဖစ္သည္။

မ်က္ကြင္းညိဳတာ ဘာေၾကာင့္လဲ။
မ်က္ကြင္းညိဳျခင္းသည္ အေရျပား ျပႆနာေၾကာင့္ မဟုတ္။ အေရျပား တင္းရင္း သိပ္သည္းမႈ ေလ်ာ့နည္းသြားသျဖင့္ မ်က္လုံးေအာက္က ေသြးေၾကာမ်ားကို လွမ္းျမင္ရျခင္းသာ ျဖစ္သည္။ လူက ပင္ပန္း၊ ခႏၶာကိုယ္က ေရငတ္လာသည့္အခါ အေရျပားသည္ ေရဓာတ္ခန္း ေျခာက္လာသည္။ ထိုသို႔ ေရဓာတ္ခန္း ေျခာက္လာသည္တြင္ မ်က္လုံးေအာက္က အေရျပားသည္ တင္းရင္းမႈ ေလ်ာ့နည္းသြားသျဖင့္ ေအာက္က ေသြးေၾကာမ်ားကို လွမ္းျမင္လာရျခင္း ျဖစ္သည္။ ထိုအခါ အျပင္က ၾကည့္လိုက္လွ်င္ မ်က္ကြင္းသည္ ညိဳမည္းနည္း ျဖစ္ေနေတာ့သည္။ အေရျပား ေျခာက္ေသြ႕ပါ မ်ားသူတို႔သည္ မ်က္ကြင္း ပိုညိဳမည္းတတ္ၾကသည္။ အဲကြန္း သို႔မဟုတ္ အေႏြးေပးစက္မ်ိဳး နားေနပါ မ်ားသူတို႔သည္ အေရျပား အစိုဓာတ္ခန္း ေျခာက္ကာ မ်က္ကြင္း ပိုညိဳေလ့ရွိသည္။

အိပ္လြန္းရင္ က်န္းမာေရး ထိခိုက္ႏိုင္လား။
ေလးကန္ထိုင္းမႈိင္း ကိုယ္လက္ မအီမသာနဲ႔ ႏိုးလာလွ်င္ အိပ္ေရးမဝလို႔ဟု မထင္ပါနဲ႔။ ပိုအိပ္မိျခင္းေၾကာင့္သာ ျဖစ္ပါသည္။ အိပ္ေရးမဝဘဲ ႏိုးလာပါက လူသည္ အိပ္ေရးမဝေသးဘူး ဆိုတာ အလိုလို သိေနၿပီး ျပန္အိပ္ခ်င္စိတ္က အလိုလို ေပၚေနသည္။ အအိပ္လြန္လို႔ ႏုံးခ်ိၿပီး ႏိုးလာသူကား အိပ္ေရးမဝစိတ္၊ ျပန္အိပ္ခ်င္စိတ္မ်ိဳးမေပၚ၊ ႏုံးခ်ိေလးကန္ စိတ္သာ ေပၚေနသည္။ ထိုသို႔ ျဖစ္ရျခင္းမွာ အအိပ္လြန္ၿပီး ေနျမင့္မွ ႏိုးသူမ်ားသည္ ခႏၶာကိုယ္ ဇီဝနာရီစနစ္ စည္းခ်က္ ပ်က္ေအာင္ လုပ္ရာေရာက္ေသာေၾကာင့္ အက်ိဳးဆက္အျဖစ္ လူသည္ ပုံမွန္လည္ပတ္မႈ ပ်က္ယြင္းကာ ႏုံးခ်ိ ပင္ပန္းေနေတာ့သည္။ မိမိအိပ္ခ်ိန္မ်ားလား နည္းလားကို မိမိဖာသာ အကဲျဖတ္ရမည္။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ အိပ္ခ်ိန္ လိုအပ္ပုံခ်င္း ကြဲျပားသည္။ ပ်မ္းမွ်အားျဖင့္ ေျခာက္နာရီမွ ကိုးနာရီၾကား အိပ္စက္ျခင္းသည္ ပုံမွန္ အိပ္ခ်ိန္စံႏႈန္း ျဖစ္သည္။ ေျခာက္နာရီ အိပ္႐ုံနဲ႔ အိပ္ေရး၀ လန္းဆန္းသူမ်ား ရွိသလို၊ ကိုးနာရီေလာက္ အိပ္ရမွ လန္းဆန္းသူမ်ားလည္း ရွိသည္။ ေျခာက္နာရီထက္နည္း၊ ကိုးနာရီထက္ မ်ားလွ်င္ေတာ့ က်န္းမာေရး ထိခိုက္သည့္ဘက္ကို ေရာက္သြားၿပီ။

ပင္ပန္းလာရင္ မ်က္လုံးေတြ ဘာေၾကာင့္ ရဲလာတာလဲ။
လူက လုပ္စရာေတြမ်ား၊ ဖိစီးမႈေတြမ်ားၿပီး အလုပ္ေတြနဲ႔ လုံးပမ္းကာ ပင္ပန္းႏုံးခ်ိလာၿပီဆိုလွ်င္ မ်က္ေတာင္ခတ္ဖို႔ ေမ့တတ္သည္။ ဦးေႏွာက္ ကိုယ္တိုင္က အျခားဖိစီးမႈေတြ မ်ားလာသည့္အခါ မ်က္ေတာင္ခတ္ဖို႔ ေမ့တတ္သည္။ မ်က္ေတာင္ခတ္ျခင္းသည္ အေရးႀကီးသည္။ မ်က္ေတာင္ခတ္ပါမွ မ်က္ရည္မ်ားသည္ မ်က္လုံးအႏွံ႔ ေရာက္ရွိကာ မ်က္လုံး စိုစြတ္ေနသည္။ မ်က္ေတာင္ခတ္ဖို႔ ေမ့ေနသည့္အခါ မ်က္လုံးတြင္ မ်က္ရည္ေျခာက္ခန္းၿပီး မ်က္လုံးထဲက ဆံျခည္မွ်င္ ေသြးေၾကာေလးမ်ား ေရာင္ရမ္း ေဖာင္းတက္လာေတာ့သည္။ ထိုသို႔ ျဖစ္ျခင္းကို မ်က္လုံးေတြ နီရဲလာျခင္းဟု ေခၚသည္။ မ်က္ရည္ေျခာက္လာသည့္အခါ မ်က္လုံးသည္ ဖုန္ပိုကပ္ၿပီး ယားလာတတ္သည္။ ထိုအခါ လူသည္ လက္နဲ႔ ပိုပြတ္မိျပန္သည္။ ထိုသို႔ ပြတ္သည့္အခါ မ်က္လုံးပိုၿပီး ရဲလာေတာ့သည္။ အေကာင္းဆုံး ကုစားရန္ကား အိပ္ေရးဝေအာင္ အိပ္လိုက္ရန္ ျဖစ္သည္။ အိပ္ေရးဝၿပီး စိတ္ၾကည္သြားလွ်င္ မ်က္ေတာင္ပုံမွန္ ခတ္ျဖစ္သြားၿပီး မ်က္လုံးရဲတာလည္း ေပ်ာက္သြားသည္။ တစ္ေရးေလာက္ အိပ္လိုက္ျခင္းသည္လည္း အက်ိဳးရွိသည္။ သို႔မဟုတ္လွ်င္လည္း သတိေလးထားၿပီး ကိုယ့္ကိုယ့္ကိုယ္ မ်က္ေတာင္ခတ္ဖို႔ သတိေပးရန္ ျဖစ္သည္။

Ref: Daily Mail
Credit – MessengerNewsJournal

[Unicode version]
မျက်ခုံးတွေ ဘာလို့ လှုပ်နေတာလဲ၊ မျက်ကွင်းတွေ ဘာလို့ညိုနေတာလဲနဲ့ အခြား သိချင်စရာလေးများ?

မျက်ခုံး ခဏခဏ လှုပ်နေရင် ဘာများဖြစ်မလဲဟု စိတ်ထင့် လာတတ်သည်။ မျက်ကွင်းတွေ ညိုလာပြီဆို တစ်ခုခုများ ဖြစ်တော့မလား စိုးရိမ်ကြသည်။ အအိပ်များသွားလျှင် ကိုယ်လက် မအီမသာတွေ ဖြစ်ပြီး လေးလံထိုင်းမှိုင်း သွားရတာကရော ဘာကြောင့်လဲ။ လူပင်ပန်း လာရင်း ဖြူဖတ်ဖြူရော် ဖြစ်သွားတာကရော အသို့နည်း။

ဇတ်ခနဲ ဇတ်ခနဲ မျက်ခုံးလှုပ်တာ ဘာကြောင့်လဲ။
လူသည် ပင်ပန်း နွမ်းနယ်နေသည့်အခါ၊ စိတ်ဖိစီးနေသည့်အခါ၊ အသောက်လွန်သည့် အခါမျိုးတွင် အာရုံကြောများ အားနည်းလာတတ်သည်။ မျက်လုံးတစ်ဝိုက်က ကြွက်သားများသည် နူးညံ့သိမ်မွေ့ကြသည်။ ၎င်းတို့ကို ထိန်းချုပ်သော အာရုံကြောစနစ် အားနည်းပါက လှုပ်ရှားမှု ဖောက်ပြန်တတ်ပြီး ဇတ်ခနဲ ဇတ်ခနဲ ဆောင့်ပြီး လှုပ်ရှားတတ်ကြသည်။ ထိုသို့ လှုပ်ခြင်းကို မျက်ခုံးလှုပ်ခြင်း (သို့မဟုတ်) မျက်ခွံတွေ လှုပ်နေခြင်းဟု ဆိုကြခြင်း ဖြစ်သည်။ အိပ်ရေး၀၀ အိပ်လိုက်ပြီး လူက လန်းဆန်း အားရှိသွားလျှင် ထိုသို့ လှုပ်နေတာ အလိုလို ပျောက်သွားသည်။ အသောက်လွန်လို့ ဖြစ်ရသူများ အနေဖြင့်လည်း အသောက်လျှော့ခြင်းဖြင့် ထိုကိစ္စ ပြေလည်နိုင်သည်။

အိပ်ရာနိုးရင် အာပုပ်စော်ဘာကြောင့် နံ။
အာခြောက်ခြင်းကြောင့် ဖြစ်သည်။ ပလုတ်ကျင်းလိုက်ရုံ၊ သွားတိုက်လိုက်ရုံနှင့် အနံ့ပျောက်သည်။ အိပ်နေချိန်တွင် တံတွေးထွက်နှုန်း နည်းခြင်း၊ အိမ်နေစဉ် ပါးစပ်ဟကာ အသက်ရူခြင်း တို့ကြောင့် လေဝင်ကာ ပါးစပ်ထဲက တံတွေးခြောက် သွားရသည်။ ထိုသို့ ခြောက်သွားသည့်အခါ ပါးစပ်ထဲက ဘက်တီးရီးယားများ၊ စားကြွင်း စားကျန်များ ပုပ်သိုးခြောက်သွေ့ပြီး ဆာလဖာ ဓာတ်ထွက်လာသည်။ အာပုပ်စော်သည် ထိုဆာလဖာနံ့ ဖြစ်သည်။

မျက်ကွင်းညိုတာ ဘာကြောင့်လဲ။
မျက်ကွင်းညိုခြင်းသည် အရေပြား ပြဿနာကြောင့် မဟုတ်။ အရေပြား တင်းရင်း သိပ်သည်းမှု လျော့နည်းသွားသဖြင့် မျက်လုံးအောက်က သွေးကြောများကို လှမ်းမြင်ရခြင်းသာ ဖြစ်သည်။ လူက ပင်ပန်း၊ ခန္ဓာကိုယ်က ရေငတ်လာသည့်အခါ အရေပြားသည် ရေဓာတ်ခန်း ခြောက်လာသည်။ ထိုသို့ ရေဓာတ်ခန်း ခြောက်လာသည်တွင် မျက်လုံးအောက်က အရေပြားသည် တင်းရင်းမှု လျော့နည်းသွားသဖြင့် အောက်က သွေးကြောများကို လှမ်းမြင်လာရခြင်း ဖြစ်သည်။ ထိုအခါ အပြင်က ကြည့်လိုက်လျှင် မျက်ကွင်းသည် ညိုမည်းနည်း ဖြစ်နေတော့သည်။ အရေပြား ခြောက်သွေ့ပါ များသူတို့သည် မျက်ကွင်း ပိုညိုမည်းတတ်ကြသည်။ အဲကွန်း သို့မဟုတ် အနွေးပေးစက်မျိုး နားနေပါ များသူတို့သည် အရေပြား အစိုဓာတ်ခန်း ခြောက်ကာ မျက်ကွင်း ပိုညိုလေ့ရှိသည်။

အိပ်လွန်းရင် ကျန်းမာရေး ထိခိုက်နိုင်လား။
လေးကန်ထိုင်းမှိုင်း ကိုယ်လက် မအီမသာနဲ့ နိုးလာလျှင် အိပ်ရေးမဝလို့ဟု မထင်ပါနဲ့။ ပိုအိပ်မိခြင်းကြောင့်သာ ဖြစ်ပါသည်။ အိပ်ရေးမဝဘဲ နိုးလာပါက လူသည် အိပ်ရေးမဝသေးဘူး ဆိုတာ အလိုလို သိနေပြီး ပြန်အိပ်ချင်စိတ်က အလိုလို ပေါ်နေသည်။ အအိပ်လွန်လို့ နုံးချိပြီး နိုးလာသူကား အိပ်ရေးမဝစိတ်၊ ပြန်အိပ်ချင်စိတ်မျိုးမပေါ်၊ နုံးချိလေးကန် စိတ်သာ ပေါ်နေသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အအိပ်လွန်ပြီး နေမြင့်မှ နိုးသူများသည် ခန္ဓာကိုယ် ဇီဝနာရီစနစ် စည်းချက် ပျက်အောင် လုပ်ရာရောက်သောကြောင့် အကျိုးဆက်အဖြစ် လူသည် ပုံမှန်လည်ပတ်မှု ပျက်ယွင်းကာ နုံးချိ ပင်ပန်းနေတော့သည်။ မိမိအိပ်ချိန်များလား နည်းလားကို မိမိဖာသာ အကဲဖြတ်ရမည်။ လူတစ်ယောက်နဲ့ တစ်ယောက် အိပ်ချိန် လိုအပ်ပုံချင်း ကွဲပြားသည်။ ပျမ်းမျှအားဖြင့် ခြောက်နာရီမှ ကိုးနာရီကြား အိပ်စက်ခြင်းသည် ပုံမှန် အိပ်ချိန်စံနှုန်း ဖြစ်သည်။ ခြောက်နာရီ အိပ်ရုံနဲ့ အိပ်ရေး၀ လန်းဆန်းသူများ ရှိသလို၊ ကိုးနာရီလောက် အိပ်ရမှ လန်းဆန်းသူများလည်း ရှိသည်။ ခြောက်နာရီထက်နည်း၊ ကိုးနာရီထက် များလျှင်တော့ ကျန်းမာရေး ထိခိုက်သည့်ဘက်ကို ရောက်သွားပြီ။

ပင်ပန်းလာရင် မျက်လုံးတွေ ဘာကြောင့် ရဲလာတာလဲ။
လူက လုပ်စရာတွေများ၊ ဖိစီးမှုတွေများပြီး အလုပ်တွေနဲ့ လုံးပမ်းကာ ပင်ပန်းနုံးချိလာပြီဆိုလျှင် မျက်တောင်ခတ်ဖို့ မေ့တတ်သည်။ ဦးနှောက် ကိုယ်တိုင်က အခြားဖိစီးမှုတွေ များလာသည့်အခါ မျက်တောင်ခတ်ဖို့ မေ့တတ်သည်။ မျက်တောင်ခတ်ခြင်းသည် အရေးကြီးသည်။ မျက်တောင်ခတ်ပါမှ မျက်ရည်များသည် မျက်လုံးအနှံ့ ရောက်ရှိကာ မျက်လုံး စိုစွတ်နေသည်။ မျက်တောင်ခတ်ဖို့ မေ့နေသည့်အခါ မျက်လုံးတွင် မျက်ရည်ခြောက်ခန်းပြီး မျက်လုံးထဲက ဆံခြည်မျှင် သွေးကြောလေးများ ရောင်ရမ်း ဖောင်းတက်လာတော့သည်။ ထိုသို့ ဖြစ်ခြင်းကို မျက်လုံးတွေ နီရဲလာခြင်းဟု ခေါ်သည်။ မျက်ရည်ခြောက်လာသည့်အခါ မျက်လုံးသည် ဖုန်ပိုကပ်ပြီး ယားလာတတ်သည်။ ထိုအခါ လူသည် လက်နဲ့ ပိုပွတ်မိပြန်သည်။ ထိုသို့ ပွတ်သည့်အခါ မျက်လုံးပိုပြီး ရဲလာတော့သည်။ အကောင်းဆုံး ကုစားရန်ကား အိပ်ရေးဝအောင် အိပ်လိုက်ရန် ဖြစ်သည်။ အိပ်ရေးဝပြီး စိတ်ကြည်သွားလျှင် မျက်တောင်ပုံမှန် ခတ်ဖြစ်သွားပြီး မျက်လုံးရဲတာလည်း ပျောက်သွားသည်။ တစ်ရေးလောက် အိပ်လိုက်ခြင်းသည်လည်း အကျိုးရှိသည်။ သို့မဟုတ်လျှင်လည်း သတိလေးထားပြီး ကိုယ့်ကိုယ့်ကိုယ် မျက်တောင်ခတ်ဖို့ သတိပေးရန် ဖြစ်သည်။

Ref: Daily Mail
Credit – MessengerNewsJournal

Leave a Reply

Your email address will not be published. Required fields are marked *