ဗဟုတုသ

မင္းတုန္းမင္းႀကီး ေန႔စဥ္ တစ္ေန႔တာမွာ ဘာေတြလုပ္

[Zawgyi version]
မင္းတုန္းမင္းႀကီးဟာ အရွင္ဘုရင္ဆိုေပမယ့္ ေအးေအးေဆးေဆး ဇိမ္ခံေနတာမ်ိဳး မဟုတ္ဘဲ သူ႔ခ်ိန္ဇယားနဲ႔သူ အလုပ္အလုပ္လုပ္ေနခဲ့တာကို ခ်ီးက်ဴးဖို႔ ေကာင္းပါတယ္။

မနက္ေစာေစာ ၅ နာရီခြဲေလာက္မွာ အိပ္ရာကထတယ္။ အျပင္မထြက္ခင္ အလွည့္က် မိဖုရားမ်ားက သလြန္ေတာ္ ေအာက္ကေန တစ္ကိုယ္လုံးကို ဆီေတာ္မ်ားနဲ႔ ပြတ္လိမ္းေပးရတယ္။ ေခါင္းလိမ္းဆီ၊ ကိုယ္လိမ္းဆီ ဆိုၿပီး ႏွစ္မ်ိဳးခြဲျခားထားၿပီး ႏွစ္မ်ိဳးစလုံးဟာ စပါယ္၊ ျမတ္ေလးစတဲ့ သင္းပ်ံ႕ေမႊးႀကိဳင္တဲ့ အဖိုးတန္ဆီမ်ားျဖစ္ၾကတယ္။ ေရမခ်ိဳးလို႔ မျဖစ္တဲ့ အေၾကာင္းကိစၥေတြကလြဲၿပီး မင္းတုန္းမင္းႀကီးဟာ ေရခ်ိဳးေလ့မရွိဘူးတဲ့။ ေရအစား ဆီေတြနဲ႔ ပြတ္လိမ္းၿပီး တစ္ကိုယ္လုံးမွာရွိတဲ့ ေခ်းေညာ္မ်ားနဲ႔ မေကာင္းတဲ့ အနံ႔အသက္ေတြကို သုတ္သင္တာျဖစ္မယ္ထင္ပါတယ္။

ၿပီးေတာ့နာရီဝက္ခန႔္ ၾကာေအာင္ ကိုယ္မွာ ဆီေတြလိမ္းၿပိး ကတိုးမႈန္႔မ်ားနဲ႔ ပြတ္လိမ္းတာကိုခံပါတယ္။အလွည့္က် ပ်ိဳေတာ္မ်ားက မင္းႀကီးက်န္းမာေရးအတြက္ အႏွိပ္ေတာ္ ဆက္ၾကရပါတယ္။

အႏွိပ္ခံၿပီးေနာက္မွာ အိမ္သာေတာ္ဝင္ပါတယ္။ အိမ္သာတက္ေနတဲ့ အခ်ိန္မွာ အလွည့္က် မိဘုရားမ်ားက တစ္ပါတည္းလိုက္ပါရာၿပီး ေထာက္လွမ္းခ်က္ရေသာစကားမ်ား၊ အလိုေတာ္ ေမးေတာ္ရွိေသာ စကားမ်ားကို ျပန္လည္ေလွ်ာက္ထားရန္ျဖစ္ပါတယ္။

အိမ္သာမွထြက္လာတဲ့အခါ နန္းေတာ္ဦး အေရွ႕ပိုင္းမွာ သားေတာ္မ်ားက မ်က္ႏွာသစ္ေရဆက္ၾကရပါတယ္။

မ်က္ႏွာသစ္ၿပီးနာက္မွာ ဆံေတာ္ရွင္းတယ္ (ေခါင္းၿဖီးတယ္)။ နန္းမယ္ေတာ္မိဖုရားေခါင္ႀကီး (စၾကာေဒၤဝီ) ရွိစဥ္အခါက ေန႔စဥ္ေခါင္းၿဖီးေပးရတယ္တဲ့။ မိဖုုရားႀကီး ကြယ္လြန္ၿပီးတဲ့ ေနာက္ပိုင္း ကိုယ္တိုင္ဖီးပါတယ္။ ဘယ္သူ႔ကိုမွ မခိုင္း၊ ဘယ္သူကိုမွ သူ႔ဦးေခါင္းကို ကိုင္ခြင့္ မျပဳ၊ ဘယ္သူ႔ကိုမွ မယုံ။ ၿပီးေတာ့မွ ဝတ္ေတာ္လဲၿပီး ဘုရားၾကည္ညိဳ (ရွိခိုး) တယ္။

နံနက္ ၈ နာရီခန႔္ အေရာက္မွာ နံက္စာစားတယ္။ နံက္နက္စာ စားေနစဥ္မွာ သမီးေတာ္မ်ားက နေဘးနားမွေနၿပီး အလွည့္က် ကမၼဌာန္း ႐ြတ္ဖတ္ေပးၾကရတယ္။

နံနက္ ၉ နာရီခန႔္အေရာက္ ညီလာခံမွာ အသင့္ေစာင့္ေနၿပီျဖစ္တဲ့ မႉးေတာ္ မတ္ေတာ္မ်ားကို ေတာင္နန္းေတာ္ေ႐ႊေဆာင္ဦးမွာ အေတြ႕ခံတယ္။ အဲဒီ ညီလာခံမွာ ပထမဆုံး အေဝးကေၾကးနန္းစာ၊ ေလွ်ာက္တင္စာ၊ ဆရာေတာ္တို႔ သြင္းစာမ်ားဖတ္ၾကားတာကို နားေထာင္တယ္။ အေဝးကေရာက္လာတဲ့ေျခလ်င္ေတာ္၊ ျမင္းလ်င္ေတာ္၊ ေလွလ်င္ေတာ္၊ ဓာတ္စီးေတာ္တို႔ရဲ႕ ထြက္ဆိုခ်က္မ်ားကို နားေထာင္ၿပီး မွတ္တမ္းတင္ေစတယ္။ တင္ေလွ်ာက္ခ်က္မ်ားကို နားေထာင္ၿပီး ေပၚေပါက္ေနတဲ့ ႏိုင္ငံေရး အျခင္းအရာမ်ားကို ေဆြးေႏြးေျဖရွင္းၿပီး ညီလာခံသိမ္းတယ္။

ညီလာခံ ကြဲၿပီးေနာက္မွာ နန္းေတာ္ ေနာက္ပိုင္းကိုဝင္ၿပီး မိဖုုရားမ်ား သမီးေတာ္မ်ားနဲ႔ ေတြ႕ကာ ေမးသင့္တာေမး၊ ေဆြးေႏြးသင့္တာ ေဆြးေႏြးတယ္။ သတင္းထူး၊ အေၾကာင္းထူး မရွိရင္ ေတာင္နန္းေတာ္မွာ စာၾကည့္တယ္။

ေန႔လည္ တစ္နာရီေလာက္မွာ ေတာင္နန္းေတာ္မွာပဲ အခ်ိဳပြဲသုံးေဆာင္တယ္။ ၿပီးရင္ ဗိုလ္ရႈခံ ထြက္ေတာ္ မူတယ္။ ဗိုလ္ရႈခံရာမွာေတာ့ လက္႐ုံးဘက္ သက္ဆိုင္ရာ အရာရွိခ်ည္း သက္သက္ျဖစ္ၿပီး အမိန႔္ေတာ္ မွတ္ရန္နဲ႔ အမိန႔္ေတာ္ျပန္ရန္အတြက္ျဖစ္ပါတယ္။ ကုန္းေၾကာင္း ေရေၾကာင္း ရာဇဌာနီၿမိဳ႕ေစာင့္၊ အေဝးၿမိဳ႕ေစာင့္နဲ႔ တပ္ေျပာင္းတပ္လႊဲတို႔ အေၾကာင္းကို အထူးေဆြးေႏြးတယ္။ ဗိုလ္ရႈခံၿပီးေနာက္မွာ ေတာင္နန္းေတာ္ ေနာက္ပိုင္းကိုဝင္ၿပီး စာၾကည့္ျပန္တယ္။

ညေနေလးနာရီေလာက္မွာ ေတာင္နန္းေတာ္မွာဘဲ ညစာစားပါတယ္။ ၅ နာရီေလာက္မွာ နံ႔သာျဖဴနန္းေတာ္ကိုကူးၿပီး သီးျခားခန္႔ထားတဲ့အေထာက္ေတာ္မ်ားကို အေတြ႕ခံတယ္။ ေထာက္လွမ္းခ်က္မ်ားကို လက္ခံတယ္။ အဲဒီေထာက္လွန္းခ်က္ေတြကို သင့္ေတာ္တဲ့ မႉးမတ္မ်ားကို ခန႔္အပ္ၿပီး တိတ္တဆိတ္ ထပ္မံစုံစမ္းေစတယ္။ အေရးယူသင့္တဲ့ကိစၥ အေၾကာင္းအရာမ်ားကို နံနက္ ညီလာခံမွာ ေဆြးေႏြး အေရးယူတယ္။

ညေန ၆ နာရီေလာက္မွာ နံ႔သာျဖဴ နန္းေတာ္ကေန ေ႐ႊနန္းေတာ္ ဦးကိုကူးၿပီး ညညီလာခံမွာ အဆင္သင့္ ေစာင့္ေနၾကတဲ့ မႉးႀကီး မတ္ႀကီးမ်ားကို အေတြ႕ခံတယ္။

ညညီလာခံ ကြဲၿပီးေနာက္မွာ ေ႐ႊနန္းေတာ္အေနာက္ပိုင္းဝင္ၿပီး ဆင္ျဖဴရွင္မ မိဖုရားေဆာင္မွာ အခ်ိဳပြဲ သုံးေဆာင္တယ္။ အခ်ိဳပြဲတည္ၿပီးေနာက္မွာ ဝတ္လဲေတာ္ မ်ားလဲၿပီး စက္ေတာ္ေခၚၿမဲ အခန္းေတြကို ဝင္တယ္။ စက္ေတာ္ေခၚတဲ့ အခန္းမွာ အလွည့္က်မိန္းမ စာေတာ္ဖတ္မ်ား စာဖတ္တာကို နားေထာင္တယ္။

ဥပုသ္ေန႔ေတြမွာ ႐ုံးပိတ္ၿပီး အလွည့္က် ဆရေတာ္မ်ားရဲ႕တရားမ်ားကို နာယူမွတ္သားတယ္။

မင္းတုန္းမင္းရဲ႕ အေထာက္ေတာ္ မ်ားမ်ားခန႔္ အပ္ထားပုံမွာ စိတ္ဝင္စားဖို႔ ေကာင္းလွတယ္။ အေဝးၿမိဳ႕မ်ားတြက္ တစ္မ်ိဳး၊ ရာဇဌာနီအတြက္ တစ္မ်ိဳးထားတယ္။ အဲဒီ အေထာက္ေတာ္ေတြကို ထင္ရွားတဲ့အဖြဲ႕နဲ႔ မထင္မရွား ေထာက္လွန္းေရးအဖြဲ႕ဆိုၿပီး ဖြဲ႕ထားေပးတယ္။ မထင္မရွားအေထာက္ေတာ္ မ်ားထဲမွာ ဆရာသံဃာေတာ္၊ မိဖုရား၊ သားေတာ္၊ သမီးေတာ္၊ အပ်ိဳေတာ္၊ အရာရွိႀကီး အရာရွိငယ္၊ အစုႀကီးမႈထမ္း၊ အစုေသးမႈထမ္း၊ အစုႏုမႈထမ္း၊ ဖိုးသူေတာ္၊ မယ္သီလရွင္၊ သမားေတာ္၊ အႏွိပ္ေတာ္၊ ဆတၱာသည္စတာေတြပါဝင္ပါတယ္။

ရာဇဌာနီမွာ ေထာက္လွမ္းရတဲ့ အေထာက္ေတာ္ေတြထဲမွာ အိမ္ေရွ႕စံ ကေနာင္မင္းအိမ္ကို ေထာက္လွမ္းရတဲ့ အေထာက္ေတာ္မ်ားလည္းပါဝင္တယ္လို႔ ဆိုပါတယ္။ ဒါကိုၾကည့္ျခင္းအားျဖင့္ မင္းတုန္းမင္းႀကီးဟာ သူ႔ကိုထီးနန္းရေအာင္ ကူညီေပးခဲ့တဲ့ ကေနာင္မင္းသားကို အိမ္ေရွ႕အရာအပ္ႏွင္းထားေပမယ့္ စိတ္ခ် ယုံၾကည္မႈ မရွိေၾကာင္းေပၚလြင္ပါတယ္။

မင္းတုန္းမင္းရဲ႕ခ်စ္လွစြာေသာ သမီးေတာ္ျဖစ္တဲ့ စုဖုရားလတ္ဟာလည္း အလယ္နန္းမိဖုရား ဆင္ျဖဴရွင္မေဆာင္ေတာ္မွာအေထာက္ေတာ္ ျဖစ္ပါတယ္တဲ့။ သူနဲ႔အတူ တစ္ခ်ိန္လုံးလိုက္ပါခစားေနတဲ့ ဆင္ျဖဴရွင္မ ကိုလည္း မယုံျပန္ပါဘူး။

သရစိမ္းမိဖုရားကို ဘ႑ာစိုး စာရင္းကိုင္အျဖစ္ခန႔္ အပ္ထားတယ္။ မိဖုရားမ်ား၊ မင္းသား မင္းသမီးမ်ားနဲ႔ ဆိုင္တဲ့ေ႐ႊေငြေက်ာက္သံပထၳျမားစာရင္း၊ အထည္လိပ္နဲ႔ ပစၥည္းေတြထားတဲ့အခန္း စတာေတြ တာဝန္ ယူရပါတယ္။ ဘ႑ာစိုးျဖစ္တဲ့ သရစိမ္းမိဖုုရားဟာ ညဘက္ အေဆာင္ျပန္အိပ္ခြင့္ မရဘဲ အရွင္ဘုရင္ စက္ေတာ္ေခၚရာအခန္း သလြန္ေတာ္ေျခရင္းမွာ သမီးေတာ္မိုင္းလုံၿမိဳ႔စားနဲ႔ အတူအိပ္ရတယ္တဲ့။ ဘ႑ာစိုးဆိုေတာ့ မ်က္စိေအာက္ကေန အေပ်ာက္မခံတာလားမသိဘူး။

Source: မင္းတုန္းမင္းႀကီးဘာေတြလုပ္-မၾကန္

[Unicode version]
မင်းတုန်းမင်းကြီးဟာ အရှင်ဘုရင်ဆိုပေမယ့် အေးအေးဆေးဆေး ဇိမ်ခံနေတာမျိုး မဟုတ်ဘဲ သူ့ချိန်ဇယားနဲ့သူ အလုပ်အလုပ်လုပ်နေခဲ့တာကို ချီးကျူးဖို့ ကောင်းပါတယ်။

မနက်စောစော ၅ နာရီခွဲလောက်မှာ အိပ်ရာကထတယ်။ အပြင်မထွက်ခင် အလှည့်ကျ မိဖုရားများက သလွန်တော် အောက်ကနေ တစ်ကိုယ်လုံးကို ဆီတော်များနဲ့ ပွတ်လိမ်းပေးရတယ်။ ခေါင်းလိမ်းဆီ၊ ကိုယ်လိမ်းဆီ ဆိုပြီး နှစ်မျိုးခွဲခြားထားပြီး နှစ်မျိုးစလုံးဟာ စပါယ်၊ မြတ်လေးစတဲ့ သင်းပျံ့မွှေးကြိုင်တဲ့ အဖိုးတန်ဆီများဖြစ်ကြတယ်။ ရေမချိုးလို့ မဖြစ်တဲ့ အကြောင်းကိစ္စတွေကလွဲပြီး မင်းတုန်းမင်းကြီးဟာ ရေချိုးလေ့မရှိဘူးတဲ့။ ရေအစား ဆီတွေနဲ့ ပွတ်လိမ်းပြီး တစ်ကိုယ်လုံးမှာရှိတဲ့ ချေးညော်များနဲ့ မကောင်းတဲ့ အနံ့အသက်တွေကို သုတ်သင်တာဖြစ်မယ်ထင်ပါတယ်။

ပြီးတော့နာရီဝက်ခန့် ကြာအောင် ကိုယ်မှာ ဆီတွေလိမ်းပြိး ကတိုးမှုန့်များနဲ့ ပွတ်လိမ်းတာကိုခံပါတယ်။အလှည့်ကျ ပျိုတော်များက မင်းကြီးကျန်းမာရေးအတွက် အနှိပ်တော် ဆက်ကြရပါတယ်။

အနှိပ်ခံပြီးနောက်မှာ အိမ်သာတော်ဝင်ပါတယ်။ အိမ်သာတက်နေတဲ့ အချိန်မှာ အလှည့်ကျ မိဘုရားများက တစ်ပါတည်းလိုက်ပါရာပြီး ထောက်လှမ်းချက်ရသောစကားများ၊ အလိုတော် မေးတော်ရှိသော စကားများကို ပြန်လည်လျှောက်ထားရန်ဖြစ်ပါတယ်။

အိမ်သာမှထွက်လာတဲ့အခါ နန်းတော်ဦး အရှေ့ပိုင်းမှာ သားတော်များက မျက်နှာသစ်ရေဆက်ကြရပါတယ်။

မျက်နှာသစ်ပြီးနာက်မှာ ဆံတော်ရှင်းတယ် (ခေါင်းဖြီးတယ်)။ နန်းမယ်တော်မိဖုရားခေါင်ကြီး (စကြာင်္ဒေဝီ) ရှိစဉ်အခါက နေ့စဉ်ခေါင်းဖြီးပေးရတယ်တဲ့။ မိဖုရားကြီး ကွယ်လွန်ပြီးတဲ့ နောက်ပိုင်း ကိုယ်တိုင်ဖီးပါတယ်။ ဘယ်သူ့ကိုမှ မခိုင်း၊ ဘယ်သူကိုမှ သူ့ဦးခေါင်းကို ကိုင်ခွင့် မပြု၊ ဘယ်သူ့ကိုမှ မယုံ။ ပြီးတော့မှ ဝတ်တော်လဲပြီး ဘုရားကြည်ညို (ရှိခိုး) တယ်။

နံနက် ၈ နာရီခန့် အရောက်မှာ နံက်စာစားတယ်။ နံက်နက်စာ စားနေစဉ်မှာ သမီးတော်များက နဘေးနားမှနေပြီး အလှည့်ကျ ကမ္မဌာန်း ရွတ်ဖတ်ပေးကြရတယ်။

နံနက် ၉ နာရီခန့်အရောက် ညီလာခံမှာ အသင့်စောင့်နေပြီဖြစ်တဲ့ မှူးတော် မတ်တော်များကို တောင်နန်းတော်ရွှေဆောင်ဦးမှာ အတွေ့ခံတယ်။ အဲဒီ ညီလာခံမှာ ပထမဆုံး အဝေးကကြေးနန်းစာ၊ လျှောက်တင်စာ၊ ဆရာတော်တို့ သွင်းစာများဖတ်ကြားတာကို နားထောင်တယ်။ အဝေးကရောက်လာတဲ့ခြေလျင်တော်၊ မြင်းလျင်တော်၊ လှေလျင်တော်၊ ဓာတ်စီးတော်တို့ရဲ့ ထွက်ဆိုချက်များကို နားထောင်ပြီး မှတ်တမ်းတင်စေတယ်။ တင်လျှောက်ချက်များကို နားထောင်ပြီး ပေါ်ပေါက်နေတဲ့ နိုင်ငံရေး အခြင်းအရာများကို ဆွေးနွေးဖြေရှင်းပြီး ညီလာခံသိမ်းတယ်။

ညီလာခံ ကွဲပြီးနောက်မှာ နန်းတော် နောက်ပိုင်းကိုဝင်ပြီး မိဖုရားများ သမီးတော်များနဲ့ တွေ့ကာ မေးသင့်တာမေး၊ ဆွေးနွေးသင့်တာ ဆွေးနွေးတယ်။ သတင်းထူး၊ အကြောင်းထူး မရှိရင် တောင်နန်းတော်မှာ စာကြည့်တယ်။

နေ့လည် တစ်နာရီလောက်မှာ တောင်နန်းတော်မှာပဲ အချိုပွဲသုံးဆောင်တယ်။ ပြီးရင် ဗိုလ်ရှုခံ ထွက်တော် မူတယ်။ ဗိုလ်ရှုခံရာမှာတော့ လက်ရုံးဘက် သက်ဆိုင်ရာ အရာရှိချည်း သက်သက်ဖြစ်ပြီး အမိန့်တော် မှတ်ရန်နဲ့ အမိန့်တော်ပြန်ရန်အတွက်ဖြစ်ပါတယ်။ ကုန်းကြောင်း ရေကြောင်း ရာဇဌာနီမြို့စောင့်၊ အဝေးမြို့စောင့်နဲ့ တပ်ပြောင်းတပ်လွှဲတို့ အကြောင်းကို အထူးဆွေးနွေးတယ်။ ဗိုလ်ရှုခံပြီးနောက်မှာ တောင်နန်းတော် နောက်ပိုင်းကိုဝင်ပြီး စာကြည့်ပြန်တယ်။

ညနေလေးနာရီလောက်မှာ တောင်နန်းတော်မှာဘဲ ညစာစားပါတယ်။ ၅ နာရီလောက်မှာ နံ့သာဖြူနန်းတော်ကိုကူးပြီး သီးခြားခန့်ထားတဲ့အထောက်တော်များကို အတွေ့ခံတယ်။ ထောက်လှမ်းချက်များကို လက်ခံတယ်။ အဲဒီထောက်လှန်းချက်တွေကို သင့်တော်တဲ့ မှူးမတ်များကို ခန့်အပ်ပြီး တိတ်တဆိတ် ထပ်မံစုံစမ်းစေတယ်။ အရေးယူသင့်တဲ့ကိစ္စ အကြောင်းအရာများကို နံနက် ညီလာခံမှာ ဆွေးနွေး အရေးယူတယ်။

ညနေ ၆ နာရီလောက်မှာ နံ့သာဖြူ နန်းတော်ကနေ ရွှေနန်းတော် ဦးကိုကူးပြီး ညညီလာခံမှာ အဆင်သင့် စောင့်နေကြတဲ့ မှူးကြီး မတ်ကြီးများကို အတွေ့ခံတယ်။

ညညီလာခံ ကွဲပြီးနောက်မှာ ရွှေနန်းတော်အနောက်ပိုင်းဝင်ပြီး ဆင်ဖြူရှင်မ မိဖုရားဆောင်မှာ အချိုပွဲ သုံးဆောင်တယ်။ အချိုပွဲတည်ပြီးနောက်မှာ ဝတ်လဲတော် များလဲပြီး စက်တော်ခေါ်မြဲ အခန်းတွေကို ဝင်တယ်။ စက်တော်ခေါ်တဲ့ အခန်းမှာ အလှည့်ကျမိန်းမ စာတော်ဖတ်များ စာဖတ်တာကို နားထောင်တယ်။

ဥပုသ်နေ့တွေမှာ ရုံးပိတ်ပြီး အလှည့်ကျ ဆရတော်များရဲ့တရားများကို နာယူမှတ်သားတယ်။

မင်းတုန်းမင်းရဲ့ အထောက်တော် များများခန့် အပ်ထားပုံမှာ စိတ်ဝင်စားဖို့ ကောင်းလှတယ်။ အဝေးမြို့များတွက် တစ်မျိုး၊ ရာဇဌာနီအတွက် တစ်မျိုးထားတယ်။ အဲဒီ အထောက်တော်တွေကို ထင်ရှားတဲ့အဖွဲ့နဲ့ မထင်မရှား ထောက်လှန်းရေးအဖွဲ့ဆိုပြီး ဖွဲ့ထားပေးတယ်။ မထင်မရှားအထောက်တော် များထဲမှာ ဆရာသံဃာတော်၊ မိဖုရား၊ သားတော်၊ သမီးတော်၊ အပျိုတော်၊ အရာရှိကြီး အရာရှိငယ်၊ အစုကြီးမှုထမ်း၊ အစုသေးမှုထမ်း၊ အစုနုမှုထမ်း၊ ဖိုးသူတော်၊ မယ်သီလရှင်၊ သမားတော်၊ အနှိပ်တော်၊ ဆတ္တာသည်စတာတွေပါဝင်ပါတယ်။

ရာဇဌာနီမှာ ထောက်လှမ်းရတဲ့ အထောက်တော်တွေထဲမှာ အိမ်ရှေ့စံ ကနောင်မင်းအိမ်ကို ထောက်လှမ်းရတဲ့ အထောက်တော်များလည်းပါဝင်တယ်လို့ ဆိုပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မင်းတုန်းမင်းကြီးဟာ သူ့ကိုထီးနန်းရအောင် ကူညီပေးခဲ့တဲ့ ကနောင်မင်းသားကို အိမ်ရှေ့အရာအပ်နှင်းထားပေမယ့် စိတ်ချ ယုံကြည်မှု မရှိကြောင်းပေါ်လွင်ပါတယ်။

မင်းတုန်းမင်းရဲ့ချစ်လှစွာသော သမီးတော်ဖြစ်တဲ့ စုဖုရားလတ်ဟာလည်း အလယ်နန်းမိဖုရား ဆင်ဖြူရှင်မဆောင်တော်မှာအထောက်တော် ဖြစ်ပါတယ်တဲ့။ သူနဲ့အတူ တစ်ချိန်လုံးလိုက်ပါခစားနေတဲ့ ဆင်ဖြူရှင်မ ကိုလည်း မယုံပြန်ပါဘူး။

သရစိမ်းမိဖုရားကို ဘဏ္ဍာစိုး စာရင်းကိုင်အဖြစ်ခန့် အပ်ထားတယ်။ မိဖုရားများ၊ မင်းသား မင်းသမီးများနဲ့ ဆိုင်တဲ့ရွှေငွေကျောက်သံပထ္ထမြားစာရင်း၊ အထည်လိပ်နဲ့ ပစ္စည်းတွေထားတဲ့အခန်း စတာတွေ တာဝန် ယူရပါတယ်။ ဘဏ္ဍာစိုးဖြစ်တဲ့ သရစိမ်းမိဖုရားဟာ ညဘက် အဆောင်ပြန်အိပ်ခွင့် မရဘဲ အရှင်ဘုရင် စက်တော်ခေါ်ရာအခန်း သလွန်တော်ခြေရင်းမှာ သမီးတော်မိုင်းလုံမြို့စားနဲ့ အတူအိပ်ရတယ်တဲ့။ ဘဏ္ဍာစိုးဆိုတော့ မျက်စိအောက်ကနေ အပျောက်မခံတာလားမသိဘူး။

Source: မင်းတုန်းမင်းကြီးဘာတွေလုပ်-မကြန်

Leave a Reply

Your email address will not be published. Required fields are marked *