ဗဟုတုသ

ခြၽတ္ မရတဲ့ လက္စြပ္ကို ဒီလို ခြၽတ္မယ္

[Zawgyi version]
ခြၽတ္ မရတဲ့ လက္စြပ္ကို ဒီလို ခြၽတ္မယ္

လက္စြပ္ဝတ္ထားရင္း ကိုယ့္လက္က လက္စြပ္ကို ျပန္ခြၽတ္ရ ခက္ေလာက္ေအာင္ ျဖစ္ေနလား။ ဒီနည္းေလးက လက္ေတြ႕ အသုံးဝင္တာ သိရပါလိမ့္မယ္။ အထူးသျဖင့္ လက္စြပ္ ျပန္ခြၽတ္ဖို႔ လက္ေခ်ာင္းက ဝတုတ္လာတာမ်ိဳးမွာ အျဖစ္မ်ားၾကပါတယ္။

ပထမဆုံး အပ္ခ်ည္ႀကိဳးထက္ အနည္းဆုံး ၅ ဆ လုံးပတ္ႀကီးတဲ့ ႀကိဳးတႀကိဳး ရွာပါ။ ႏိုင္လြန္ႀကိဳးဆိုရင္ ပိုေကာင္းပါလိမ့္မယ္။ ဗြီဒီယိုမွာ ျပထားတဲ့အတိုင္း လက္စြပ္နဲ႕လက္ေခ်ာင္းၾကားကေန ႀကိဳးစတဖက္ကို တထြာ အနည္းဆုံးေလာက္ ထုတ္ထားပါ။

ၿပီးေတာ့ ႀကိဳးကို လက္စြပ္ကို ျပန္ခြၽပ္မယ့္ လမ္းေၾကာင္းအတိုင္း ႀကိဳးကို ေစ့ေစ့ေလး တပတ္ခ်င္း ပတ္သြားပါ။ လက္ေခ်ာင္း အဖ်ားနားေလာက္ထိ ပတ္သြားပါ။ ၿပီးရင္ လက္စြပ္တဖက္မွာ အစထုတ္ထားတဲ့ ႀကိဳးကို ျဖည္းျဖည္းခ်င္း လက္ဖ်ားထိပ္ရွိရာကို ဦးတည္ၿပီး ဆြဲထုတ္ပါ။ လက္စြပ္ဟာ လက္ေခ်ာင္းကို အနာတရ မျဖစ္ပဲ ေခ်ာေခ်ာေမာေမာ ကြၽတ္သြားပါလိမ့္မယ္။

Credit – အိမ့္သံစဥ္
ဧရာဝတီ BLOG

[Zawgyi version]
ချွတ် မရတဲ့ လက်စွပ်ကို ဒီလို ချွတ်မယ်

လက်စွပ်ဝတ်ထားရင်း ကိုယ့်လက်က လက်စွပ်ကို ပြန်ချွတ်ရ ခက်လောက်အောင် ဖြစ်နေလား။ ဒီနည်းလေးက လက်တွေ့ အသုံးဝင်တာ သိရပါလိမ့်မယ်။ အထူးသဖြင့် လက်စွပ် ပြန်ချွတ်ဖို့ လက်ချောင်းက ဝတုတ်လာတာမျိုးမှာ အဖြစ်များကြပါတယ်။

ပထမဆုံး အပ်ချည်ကြိုးထက် အနည်းဆုံး ၅ ဆ လုံးပတ်ကြီးတဲ့ ကြိုးတကြိုး ရှာပါ။ နိုင်လွန်ကြိုးဆိုရင် ပိုကောင်းပါလိမ့်မယ်။ ဗွီဒီယိုမှာ ပြထားတဲ့အတိုင်း လက်စွပ်နဲ့လက်ချောင်းကြားကနေ ကြိုးစတဖက်ကို တထွာ အနည်းဆုံးလောက် ထုတ်ထားပါ။

ပြီးတော့ ကြိုးကို လက်စွပ်ကို ပြန်ချွပ်မယ့် လမ်းကြောင်းအတိုင်း ကြိုးကို စေ့စေ့လေး တပတ်ချင်း ပတ်သွားပါ။ လက်ချောင်း အဖျားနားလောက်ထိ ပတ်သွားပါ။ ပြီးရင် လက်စွပ်တဖက်မှာ အစထုတ်ထားတဲ့ ကြိုးကို ဖြည်းဖြည်းချင်း လက်ဖျားထိပ်ရှိရာကို ဦးတည်ပြီး ဆွဲထုတ်ပါ။ လက်စွပ်ဟာ လက်ချောင်းကို အနာတရ မဖြစ်ပဲ ချောချောမောမော ကျွတ်သွားပါလိမ့်မယ်။

Credit – အိမ့်သံစဉ်
ဧရာဝတီ BLOG

Leave a Reply

Your email address will not be published. Required fields are marked *