လူတွေအမှတ်မှားနေတဲ့ မြင်းကောင်ရေ (Horsepower)အကြောင်း

[Zawgyi version]
လူေတြအမွတ္မွားေနတဲ့ ျမင္းေကာင္ေရ (Horsepower)အေၾကာင္း

အထက္တန္းအဆင့္ေလာက္ စာသင္ဖူးတဲ့သူေတြဆိုရင္ hp အေၾကာင္းကို သင္ခဲ့ရပါလိမ့္မယ္။ ႐ူပေဗဒ သင္ခန္းစာထဲမွာဆိုရင္ေတာ့ What does mean hp ? လို႔ ေမးရင္ မွန္ေအာင္ေျဖႏိုင္ရင္ တစ္မွတ္ ရမွာပါ။ hp ရဲ႕ အဓိပၸါယ္ဖြင့္ဆိုခ်က္ကေတာ့ Work Done (အလုပ္ၿပီးေျမာက္မႈ)လို႔ အလြယ္ေျပာလို႔ရပါတယ္။ ဒါေပမယ့္ hp လို႔ ဆိုလိုက္တာနဲ႔ Work Done ကို မျမင္ေတာ့ပဲ Horsepower ဆိုတဲ့အတိုင္း ျမင္းေတြရဲ႕စြမ္းအားလို႔ အမ်ားက ထင္ေနတတ္ၾကပါတယ္။ ဥပမာ hp 500 ဆိုရင္ ျမင္းအေကာင္ေရ အေကာင္(၅၀၀)ရဲ႕ စြမ္းအားနဲ႔ ညီမွ်တယ္လို႔ လူတိုင္းက ေတြးတတ္ၾကပါတယ္။ တကယ္ေတာ့ အမွားႀကီး မွားပါတယ္။

ဥပမာအားျဖင့္ ဆိုရေသာ္- Tesla S P90D အမ်ိဳးအစား လွ်ပ္စစ္ကားမွာ ေရွ႕ပိုင္းဟာ hp 250 ျဖစ္ၿပီး၊ ေနာက္ပိုင္းကေတာ့ hp 503 ျဖစ္ပါတယ္။ ႏွစ္ခုေပါင္း hp ဟာ (700) ေက်ာ္ေနပါတယ္။ ဒါေပမယ့္ အဲဒီကားရဲ႕ စြမ္းအင္ဟာ အားေကာင္းေမာင္းသန္ ျမင္းေပါင္း (၇၀၀)ေက်ာ္နဲ႔ ညီမွ်တယ္လို႔ ဆိုလိုတာ မဟုတ္ပါဘူး။ အဓိပၸါယ္ေတြက သီးျခားဆီ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ျမင္းတစ္ေကာင္ရဲ႕ စြမ္းအင္ထုတ္လုပ္မႈ အျမင့္ဆုံးအခ်ိန္မွာ hp 14.9 အထိ ရွိၿပီး၊ လူတစ္ေယာက္ရဲ႕ အျမင့္ဆုံးစြမ္းအင္ဟာ hp 5 ျဖစ္ပါတယ္။ ဒါေပမယ့္ လူတိုင္းက စူပါဟီး႐ိုးေတြ မဟုတ္တဲ့အတြက္ လူတိုင္း ျမင္း (၅)ေကာင္နဲ႔ညီမွ်တဲ့ စြမ္းအားေတြပိုင္ဆိုင္ေနတယ္လို႔ ဆိုလိုတာ မဟုတ္ပါဘူး။ ဒီေလာက္ဆိုရင္ hp ဟာ ျမင္းေတြရဲ႕အေရအတြက္ အေကာင္ေရကို ေျပာတာ မဟုတ္ဘူး ဆိုတာ ျမင္သာေစေလာက္ ပါၿပီ။

ဒါျဖင့္ hp က ဘာကို ေျပာတာလဲ …? hp တစ္ယူနစ္ဟာ ျမင္းတစ္ေကာင္ကို ရည္ၫႊန္းတာ မဟုတ္ဘူးဆိုတာ သင့္အေနနဲ႔ ရွင္းလင္းေလာက္ပါၿပီ။ သို႔ေသာ္ hp ဆိုတာ ျမင္းတစ္ေကာင္ကို အေလးခ်ိန္ တစ္ခုခု သူ႔ရဲ႕ေက်ာေပၚမွာသယ္ေစၿပီး အခ်ိန္အတိုင္းအတာ တစ္ခုအတြင္းမွာ ေရာက္သြားတဲ့ ခရီးအတိုင္းအတာကိုေတာ့ hp က ၫႊန္းဆိုႏိုင္ပါတယ္။ အေမရိကန္ စံသတ္မွတ္ခ်က္ဆိုရင္ေတာ့ 1 hp ဟာ 33000 Foot-pounds per minute ျဖစ္ပါတယ္။

ဒါဟာ ဘာကို ဆိုလိုသလဲဆိုရင္ ျမင္းတစ္ေကာင္ေပၚမွာ (၃၃)ေပါင္ အေလးခ်ိန္ရွိတဲ့ ဝန္စည္တစ္ခုကို တင္ၿပီး ေမာင္းႏွင္တယ္ဆိုပါစို႔၊ အဆိုပါ ျမင္းဟာ တစ္မိနစ္အတြင္းမွာ ေပ(၁၀၀၀) သြားႏိုင္ပါတယ္။ ဒီလိုပဲ ေပါင္ (၃၃၀)အေလးခ်ိန္ရွိတဲ့ ဝန္စည္နဲ႔ ျမင္းကို ေမာင္းမယ္ဆိုပါက တစ္မိနစ္မွာ ေပ (၁၀၀)သာ သြားႏိုင္မယ္လို႔ ဆိုလိုတာပါ။ သယ္ရတဲ့ဝတၳဳပစၥည္းက ပိုေလးလာေတာ့ ပိုၿပီးပင္ပင္ပန္းပန္းစြဲရသလို၊ ခရီးေရာက္မႈအတိုင္းအတာကလည္း ပိုနည္းသြားတဲ့ သေဘာျဖစ္ပါတယ္။

hp ဆိုတဲ့ ယူနစ္ကို ဂ်ိမ္းစ္ဝပ္က တီထြင္ခဲ့တာ ျဖစ္ပါတယ္။ hp ဟာ ျမင္းတစ္ေကာင္ရဲ႕ အလုပ္လုပ္ႏိုင္စြမ္းကို အေျခခံတြက္ခ်က္တာျဖစ္ပါတယ္။ ဂ်ိမ္းစ္ဝပ္ရဲ႕နည္းကို မက္ထရစ္စနစ္အသုံးျပဳတဲ့ ႏိုင္ငံေတြက foot-lb အစား meter-kg နဲ႔ အစားထိုးတြက္ၾကပါတယ္။ ဂ်ာမန္ေတြကေတာ့ hp ကို pferdestärke (PS) လို႔ ေျပာင္းေခၚၿပီး၊ အီတလီေတြကေတာ့ cavalli vapore (CV) လို႔ ေခၚေဝၚၾကပါတယ္။ သို႔ေပမယ့္ အေျခခံအားျဖင့္ တူေပမယ့္ အေမရိကန္စံႏႈန္းထက္ (၁.၄)% အထိ ေလွ်ာ့နည္းေနပါတယ္။ ေနာက္ထပ္ မွတ္စရာတစ္ခုက hp ကို အရွည္စာလုံးနဲ႔ ေရးရင္ Horsepower လို႔ ေရးမွ မွန္တယ္လို႔ သိရပါတယ္။ ၾကားထဲမွာ Space မျခားရပါဘူးတဲ့။ ဒါ့အျပင္ hp ကို အကၡရာအေသးစာလုံးေတြနဲ႔ ေရးမွမွန္ကန္ၿပီး HP ဆိုၿပီး စာလုံးအႀကီးနဲ႔ မေရးရဘူးလို႔ သိရပါတယ္။

ေနသူရိန္

MyanmarNote

Source : dailyexpress

Credit – MyanmarNote

[Unicode version]
လူတွေအမှတ်မှားနေတဲ့ မြင်းကောင်ရေ (Horsepower)အကြောင်း

အထက်တန်းအဆင့်လောက် စာသင်ဖူးတဲ့သူတွေဆိုရင် hp အကြောင်းကို သင်ခဲ့ရပါလိမ့်မယ်။ ရူပဗေဒ သင်ခန်းစာထဲမှာဆိုရင်တော့ What does mean hp ? လို့ မေးရင် မှန်အောင်ဖြေနိုင်ရင် တစ်မှတ် ရမှာပါ။ hp ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ Work Done (အလုပ်ပြီးမြောက်မှု)လို့ အလွယ်ပြောလို့ရပါတယ်။ ဒါပေမယ့် hp လို့ ဆိုလိုက်တာနဲ့ Work Done ကို မမြင်တော့ပဲ Horsepower ဆိုတဲ့အတိုင်း မြင်းတွေရဲ့စွမ်းအားလို့ အများက ထင်နေတတ်ကြပါတယ်။ ဥပမာ hp 500 ဆိုရင် မြင်းအကောင်ရေ အကောင်(၅၀၀)ရဲ့ စွမ်းအားနဲ့ ညီမျှတယ်လို့ လူတိုင်းက တွေးတတ်ကြပါတယ်။ တကယ်တော့ အမှားကြီး မှားပါတယ်။

ဥပမာအားဖြင့် ဆိုရသော်- Tesla S P90D အမျိုးအစား လျှပ်စစ်ကားမှာ ရှေ့ပိုင်းဟာ hp 250 ဖြစ်ပြီး၊ နောက်ပိုင်းကတော့ hp 503 ဖြစ်ပါတယ်။ နှစ်ခုပေါင်း hp ဟာ (700) ကျော်နေပါတယ်။ ဒါပေမယ့် အဲဒီကားရဲ့ စွမ်းအင်ဟာ အားကောင်းမောင်းသန် မြင်းပေါင်း (၇၀၀)ကျော်နဲ့ ညီမျှတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အဓိပ္ပါယ်တွေက သီးခြားဆီ ဖြစ်ပါတယ်။ သို့သော်လည်း မြင်းတစ်ကောင်ရဲ့ စွမ်းအင်ထုတ်လုပ်မှု အမြင့်ဆုံးအချိန်မှာ hp 14.9 အထိ ရှိပြီး၊ လူတစ်ယောက်ရဲ့ အမြင့်ဆုံးစွမ်းအင်ဟာ hp 5 ဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းက စူပါဟီးရိုးတွေ မဟုတ်တဲ့အတွက် လူတိုင်း မြင်း (၅)ကောင်နဲ့ညီမျှတဲ့ စွမ်းအားတွေပိုင်ဆိုင်နေတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလောက်ဆိုရင် hp ဟာ မြင်းတွေရဲ့အရေအတွက် အကောင်ရေကို ပြောတာ မဟုတ်ဘူး ဆိုတာ မြင်သာစေလောက်ပါပြီ။

ဒါဖြင့် hp က ဘာကို ပြောတာလဲ …? hp တစ်ယူနစ်ဟာ မြင်းတစ်ကောင်ကို ရည်ညွှန်းတာ မဟုတ်ဘူးဆိုတာ သင့်အနေနဲ့ ရှင်းလင်းလောက်ပါပြီ။ သို့သော် hp ဆိုတာ မြင်းတစ်ကောင်ကို အလေးချိန်တစ်ခုခု သူ့ရဲ့ကျောပေါ်မှာသယ်စေပြီး အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ ရောက်သွားတဲ့ ခရီးအတိုင်းအတာကိုတော့ hp က ညွှန်းဆိုနိုင်ပါတယ်။ အမေရိကန် စံသတ်မှတ်ချက်ဆိုရင်တော့ 1 hp ဟာ 33000 Foot-pounds per minute ဖြစ်ပါတယ်။

ဒါဟာ ဘာကို ဆိုလိုသလဲဆိုရင် မြင်းတစ်ကောင်ပေါ်မှာ (၃၃)ပေါင် အလေးချိန်ရှိတဲ့ ဝန်စည်တစ်ခုကို တင်ပြီး မောင်းနှင်တယ်ဆိုပါစို့၊ အဆိုပါ မြင်းဟာ တစ်မိနစ်အတွင်းမှာ ပေ(၁၀၀၀) သွားနိုင်ပါတယ်။ ဒီလိုပဲ ပေါင် (၃၃၀)အလေးချိန်ရှိတဲ့ ဝန်စည်နဲ့ မြင်းကို မောင်းမယ်ဆိုပါက တစ်မိနစ်မှာ ပေ (၁၀၀)သာ သွားနိုင်မယ်လို့ ဆိုလိုတာပါ။ သယ်ရတဲ့ဝတ္ထုပစ္စည်းက ပိုလေးလာတော့ ပိုပြီးပင်ပင်ပန်းပန်းစွဲရသလို၊ ခရီးရောက်မှုအတိုင်းအတာကလည်း ပိုနည်းသွားတဲ့ သဘောဖြစ်ပါတယ်။

hp ဆိုတဲ့ ယူနစ်ကို ဂျိမ်းစ်ဝပ်က တီထွင်ခဲ့တာ ဖြစ်ပါတယ်။ hp ဟာ မြင်းတစ်ကောင်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို အခြေခံတွက်ချက်တာဖြစ်ပါတယ်။ ဂျိမ်းစ်ဝပ်ရဲ့နည်းကို မက်ထရစ်စနစ်အသုံးပြုတဲ့ နိုင်ငံတွေက foot-lb အစား meter-kg နဲ့ အစားထိုးတွက်ကြပါတယ်။ ဂျာမန်တွေကတော့ hp ကို pferdestärke (PS) လို့ ပြောင်းခေါ်ပြီး၊ အီတလီတွေကတော့ cavalli vapore (CV) လို့ ခေါ်ဝေါ်ကြပါတယ်။ သို့ပေမယ့် အခြေခံအားဖြင့် တူပေမယ့် အမေရိကန်စံနှုန်းထက် (၁.၄)% အထိ လျှော့နည်းနေပါတယ်။ နောက်ထပ် မှတ်စရာတစ်ခုက hp ကို အရှည်စာလုံးနဲ့ ရေးရင် Horsepower လို့ ရေးမှ မှန်တယ်လို့ သိရပါတယ်။ ကြားထဲမှာ Space မခြားရပါဘူးတဲ့။ ဒါ့အပြင် hp ကို အက္ခရာအသေးစာလုံးတွေနဲ့ ရေးမှမှန်ကန်ပြီး HP ဆိုပြီး စာလုံးအကြီးနဲ့ မရေးရဘူးလို့ သိရပါတယ်။

နေသူရိန်

MyanmarNote

Source : dailyexpress

Credit – MyanmarNote

Comments

Leave a Reply

Your email address will not be published. Required fields are marked *