ဗဟုတုသ

ဒန္႔ကြ်ဲပင္နွင့္ အိပ္မေပ်ာ္ဘူးလား၊ ႏွလုံးသည္းေျခ အားနည္းေနလား၊ စိတ္မၿငိမ္ျဖစ္ေနလား၊ စားမဝင္ဘူးလား။

[Zawgyi version]

ေဆးစြမ္းထက္ျမက္ ဒန႔္ကြၽဲ႐ြက္

အိပ္မေပ်ာ္ဘူးလား/ ႏွလုံးသည္းေျခ အားနည္းေနလား/စိတ္မၿငိမ္ျဖစ္ေနလား/ စားမဝင္ဘူးလားေ။ ငြကုန္ခံမေနပါနဲ႔ လမ္းေဘးသမားေတာ္နဲ႔ ေတြ႕လိုက္ပါ။လမ္းေဘးသမားေတာ္ဟူသည္ကား လမ္းေဘးမွ အညၾတဘဝနဲ႔ မလွမပ ေနထိုင္ေနရသူ ”ဒန႔္ကြၽဲပင္” သာျဖစ္ပါသည္။ အ႐ိုးခံဆိုေပမယ့္ အမ်ိဳးမွန္၍ အဖိုးတန္လွပါသည္။ဒန႔္ကြၽဲပင္ဟာ အိပ္ေပ်ာ္ေစေသာသတၱိ၊ သည္းေျခပ်က္ေရာဂါေသြးပ်က္ ထိတ္လန႔္တတ္ေသာေရာဂါ၊ ႏွလုံးအားနည္း ေရာဂါ တို႔ကို သူတစ္မ်ိဳးတည္း ေပ်ာက္ကင္းေစန္ုင္ေလာက္ေအာင္ ဂုဏ္သတၱိထူးေသာ ေဆးေကာင္းႀကီးတစ္လက္ျဖစ္ပါသည္။ ေဆးၿမီးတိုမဟုတ္ပါ ျမစ္ခ်င္းၿပီးေဆးပါ။

ဒန႔္ကြၽဲ႐ြက္ကို ျပဳတ္ၿပီး လက္သုတ္သုပ္စားၾကသည္။တို႔စရာအျဖစ္ စားၾကသည္။ မိုးက် လဖက္ဟူ၍ပင္ တင္စားေခၚေဝၚၾကသည္။ အလြန္အရသာရွိေသာ အပင္ျဖစ္ပါသည္။ ျမန္မာ့ေျမမွာႀကီး ျမန္မာ့ေျမမွာေမြး ျမန္မာ့ပထဝီဝင္အေနအထားအရ ႀကီးျပင္းလာၾကတဲ့ ျမန္မာေတြအတြက္ ျမန္မာျပည္က သစ္ဥသစ္ဖု ေဆးျမစ္ေတြကသာ အထိေရာက္ဆုံး အေထာက္အကူအျပဳဆုံး အေကာင္းဆုံးျဖစ္ပါသည္။

ဒန႔္ကြၽဲပင္နဲ႔ပါတ္သက္၍ ”ဒန႔္ကြၽဲပင္ ပုခက္လႊဲ”ဟူေသာ စကားပုံကို လူတိုင္းၾကားဖူးၾကေပမည္။ ဒီအပင္ရဲ႕ အမည္ဟာ ျမန္မာတိုင္းနဲ႔ မစိမ္းေသာ ရင္းႏွီးၿပီးသားပင္ ျဖစ္ပါသည္။ ကဲ ေျပာေနၾကာပါတယ္။ ေဆးအသုံးျပဳပုံေလး ဆက္ၾကပါစို႔။

၁။ အိပ္မေပ်ာ္ပါက ဒန႔္ကြၽဲ႐ြက္ကို ၃ခြက္တစ္ခြက္တင္က်ိဳ၍ သၾကားခပ္၍ ေသာက္ပါ။ ဒိုဘာလာသၾကားႏွင့္ ေသာက္ပါက ပိုေကာင္းပါသည္။ (ေရေႏြးၾကမ္း ပန္းကန္ တစ္လုံးေသာက္ပါ) ၂။ ေသြးေလေျခာက္ျခားျခင္း ၃။ စိတ္မၾကည္လင္ျခင္း ၄။ အားနည္းျခင္း ၅။ ႏွလုံးခုန္ ရင္တုန္ေမာပန္းျခင္း ၆။ ဆီးဝမ္းမညီၫြတ္ျခင္း ၇။ ႏွလုံးမခိုင္ ႐ြံရွာတတ္ျခင္း တို႔ကို အထက္ပါနည္းအတိုင္း သုံးခြက္တစ္ခြက္တင္ က်ိဳလွ်က္ သၾကားခပ္ေသာက္ပါ။ သုံးခါေလာက္ ေသာက္လိုက္လွ်င္ သိသာထူးျခား ပါလိမ့္မည္။ စာေတြ႕မဟုတ္ လက္ေတြ႕ျဖစ္ပါသည္။

အစာလည္းေဆး ေဆးလည္းအစာဆိုသလို အပန္းမႀကီးပါက တစ္ပါတ္လွ်င္ ၂ရက္မွ် တို႔စရာအျဖစ္စားၾကပါလို႔ ကြၽန္ေတာ့္ မိဘေတြကို တိုက္တြန္းပါရေစ။

အားလုံးက်န္းမာ ခ်မ္းသာစြာ သာသနာျပဳႏိုင္ၾကပါေစ။

Credit – ဆရာေက်ာ္လင္းေအာင္

[Unicode version]

ဆေးစွမ်းထက်မြက် ဒန့်ကျွဲရွက်

အိပ်မပျော်ဘူးလား/ နှလုံးသည်းခြေ အားနည်းနေလား/စိတ်မငြိမ်ဖြစ်နေလား/ စားမဝင်ဘူးလား

ငွေကုန်ခံမနေပါနဲ့ လမ်းဘေးသမားတော်နဲ့ တွေ့လိုက်ပါ။လမ်းဘေးသမားတော်ဟူသည်ကား လမ်းဘေးမှ အညတြဘဝနဲ့ မလှမပ နေထိုင်နေရသူ ”ဒန့်ကျွဲပင်” သာဖြစ်ပါသည်။ အရိုးခံဆိုပေမယ့် အမျိုးမှန်၍ အဖိုးတန်လှပါသည်။ဒန့်ကျွဲပင်ဟာ အိပ်ပျော်စေသောသတ္တိ၊ သည်းခြေပျက်ရောဂါ၊ သွေးပျက် ထိတ်လန့်တတ်သောရောဂါ၊ နှလုံးအားနည်းရောဂါ တို့ကို သူတစ်မျိုးတည်း ပျောက်ကင်းစေန်ုင်လောက်အောင် ဂုဏ်သတ္တိထူးသော ဆေးကောင်းကြီးတစ်လက်ဖြစ်ပါသည်။ ဆေးမြီးတိုမဟုတ်ပါ မြစ်ချင်းပြီးဆေးပါ။

ဒန့်ကျွဲရွက်ကို ပြုတ်ပြီး လက်သုတ်သုပ်စားကြသည်။တို့စရာ အဖြစ် စားကြသည်။ မိုးကျ လဖက်ဟူ၍ပင် တင်စားခေါ်ဝေါ်ကြသည်။ အလွန်အရသာရှိသော အပင်ဖြစ်ပါသည်။ မြန်မာ့မြေမှာကြီး မြန်မာ့မြေမှာမွေး မြန်မာ့ပထဝီဝင်အနေအထားအရ ကြီးပြင်းလာကြတဲ့ မြန်မာတွေအတွက် မြန်မာပြည်က သစ်ဥသစ်ဖု ဆေးမြစ်တွေကသာ အထိရောက်ဆုံး အထောက်အကူအပြုဆုံး အကောင်းဆုံးဖြစ်ပါသည်။

ဒန့်ကျွဲပင်နဲ့ပါတ်သက်၍ ”ဒန့်ကျွဲပင် ပုခက်လွှဲ”ဟူသော စကားပုံကို လူတိုင်းကြားဖူးကြပေမည်။ ဒီအပင်ရဲ့ အမည်ဟာ မြန်မာတိုင်းနဲ့ မစိမ်းသော ရင်းနှီးပြီးသားပင် ဖြစ်ပါသည်။ ကဲ ပြောနေကြာပါတယ်။ ဆေးအသုံးပြုပုံလေး ဆက်ကြပါစို့။

၁။ အိပ်မပျော်ပါက ဒန့်ကျွဲရွက်ကို ၃ခွက်တစ်ခွက်တင်ကျို၍ သကြားခပ်၍ သောက်ပါ။ ဒိုဘာလာသကြားနှင့် သောက်ပါက ပိုကောင်းပါသည်။ (ရေနွေးကြမ်း ပန်းကန် တစ်လုံးသောက်ပါ)၂။ သွေးလေခြောက်ခြားခြင်း ၃။ စိတ်မကြည်လင်ခြင်း ၄။ အားနည်းခြင်း ၅။ နှလုံးခုန် ရင်တုန်မောပန်းခြင်း ၆။ ဆီးဝမ်းမညီညွတ်ခြင်း ၇။ နှလုံးမခိုင် ရွံရှာတတ်ခြင်းတို့ကို အထက်ပါနည်းအတိုင်း သုံးခွက်တစ်ခွက်တင် ကျိုလျှက် သကြားခပ်သောက်ပါ။ သုံးခါလောက် သောက်လိုက်လျှင် သိသာထူးခြားပါလိမ့်မည်။ စာတွေ့မဟုတ် လက်တွေ့ဖြစ်ပါသည်။

အစာလည်းဆေး ဆေးလည်းအစာဆိုသလို အပန်းမကြီးပါက တစ်ပါတ်လျှင် ၂ရက်မျှ တို့စရာအဖြစ်စားကြပါလို့ ကျွန်တော့် မိဘတွေကို တိုက်တွန်းပါရစေ။

အားလုံးကျန်းမာ ချမ်းသာစွာ သာသနာပြုနိုင်ကြပါစေ။

Credit – ဆရာကျော်လင်းအောင်

Leave a Reply

Your email address will not be published. Required fields are marked *