ဗဟုတုသ

ႏႈတ္ခမ္းသားေတြမည္းေနတာကို လြယ္ကူစြာ အိမ္တြင္းေျဖ႐ွင္းနည္း

[Zawgyi version]
ႏႈတ္ခမ္းသားေတြ မည္းေနလို႔စိတ္မညစ္ေစလို

အခ်ိဳ႕ အမ်ိဳးသား/ အမ်ိဳးသမီးေတြမွာ အ႐ြယ္မတိုင္မီ ႏႈတ္ခမ္းသားေတြ မည္းလာတတ္ၾကပါတယ္။ အေၾကာင္းရင္းကေတာ့ ေကာ္ဖီ-လၻက္ရည္-ေဆးလိပ္ လြန္စြာေသာက္သုံးျခင္းေၾကာင့္ ကဖိန္းဓာတ္ရဲ႕ ေဘးထြက္ဆိုးက်ိဳးမ်ား၊ ေနပူထဲအထြက္မ်ား၍ ေနေလာင္ျခင္း၊ ေရေႏြး၊ ဟင္းခ်ိဳ …စတဲ့အရည္ပူပူေတြကို ခြက္ပူပူထဲကေန စုပ္ယူေသာက္ေလ့ရွိျခင္း၊ ခဲဓာတ္မ်ားတဲ့ ႏႈတ္ခမ္းဆိုး ေဆးအႏၲရာယ၊္ ေရာဂါတစ္ခုခုေၾကာင့္ ေသာက္သုံးေနရတဲ့ ပဋိဇီဝေဆးေတြရဲ႕ တန္ျပန္သက္ေရာက္မႈ…စတာေတြေၾကာင့္ ႏႈတ္ခမ္းသားကို မည္းလာေစပါတယ္။ အဲဒီအတြက္ စိတ္မညစ္ၾကပါနဲ႔။ ေဟာဒီမွာ ႐ိုးရွင္းလြယ္ကူၿပီး ေငြကုန္ေၾကးက် မမ်ားတဲ့ နည္းလမ္းေကာင္းေလးေတြရွိပါတယ္။

(သၾကားနဲ႔ပြတ္ပါ) ႏႈတ္ခမ္းမည္းမည္းေတြအတြက္ သၾကားက အေကာင္းဆုံးေဆးပါဘဲ။ လၻက္ရည္ဇြန္း ၃-ဇြန္းစာပမာဏရွိတဲ့ သၾကားမႈန႔္ျဖဴျဖဴေလးေတြကို ေထာပတ္နဲ႔ေရာၿပီးေနာက္၊ ရလာတဲ့အႏွစ္ကို ႏႈတ္ခမ္းေပၚလိမ္းေပးပါ။ ေထာပတ္က ႏႈတ္ခမ္းသား အစိုဓာတ္ကိုထိန္းေပးသလို၊ သၾကားက ႏႈတ္ခမ္းေပၚရွိ ဆဲလ္အေသေတြကို ဖယ္ရွားေပးပါတယ္။

(မုန္လာဥနီအလုံး(ေခၚ)သၾကားမုန္လာ(ေခၚ) Beetroot ကိုသုံးပါ) ေသြးၾကည္ေရာင္လို ရဲရဲနီတဲ့ သၾကားမုန္လာဥေတြကအေရျပားေပၚရွိ ဆဲလ္အေသေတြကို ေကာင္းစြာဖယ္ရွားေပးႏိုင္ၿပီးေတာ့၊ ႏႈတ္ခမ္းသားမည္းျခင္းကို တျဖည္းျဖည္းေလ်ာ့ပါးသြားေစပါတယ္။

(သံလြင္ဆီလိမ္းပါ) အသားအေရကို ေကာင္းက်ိဳးျပဳကာ အာဟာရတန္ဖိုး ေျမာက္မ်ားစြာပါတဲ့ သံလြင္ဆီကို ႏႈတ္ခမ္းေပၚမွာ အစက္ကေလးေတြခ်ၿပီးေတာ့ ႏႈတ္ခမ္းသားထဲ စိမ့္ဝင္ေအာင္ ပြတ္လိမ္းေပးပါ။

(ႏွင္းဆီပြင့္ခ်ပ္ေလးေတြသုံးပါ) ႏွင္းဆီပြင့္ခ်ပ္ေလးေတြကို ေထာပတ္နဲ႔ေရာေထာင္းၿပီးေတာ့ ရလာတဲ့ အႏွစ္ေတြကို ႏႈတ္ခမ္းေပၚ အုံတင္ထားေပးပါ။ အဲဒီလို ရက္သတၱ ၁-ပတ္မွာ ၂-ႀကိမ္ေလာက္ လုပ္ေပးျခင္းျဖင့္ မည္းေနတဲ့ႏႈတ္ခမ္းသားေတြ တျဖည္းျဖည္း အေရာင္ ေဖ်ာ့သြားလာပါလိမ့္မယ္။

(စေတာ္ဘယ္ရီသီးေတြနဲ႔ပြတ္ပါ) စေတာ္ဘယ္ရီသီးေတြကလည္း ႏႈတ္ခမ္းသားမည္းျခင္းအတြက္ အေကာင္းဆုံး သဘာဝေဆးေလးေတြပါဘဲ။ အဲဒီအသီးမွည့္မွည့္ေတြကို ရွာေစာင္းလက္ပပ္ဂ်ယ္လီ၊ ပ်ားရည္တို႔နဲ႔ ေရာၿပီး ႏႈတ္ခမ္းသားကိုပြတ္တိုက္ေပးပါ။ ၁၀-မိနစ္ခန႔္အၾကာမွာ ေရေအးျဖင့္ေဆးပါ (ေရခဲေရမဟုတ္ပါ)

(သလဲသီးသုံးပါ)သလဲသီးကို အေစ့ဖယ္ၿပီးေနာက္ ရလာတဲ့အသားဖတ္ေလးေတြကို ေထာပတ္နဲ႔နယ္၍ ႏႈတ္ခမ္းသားေတြကို သုတ္လိမ္းေပးပါ။ ညအိပ္ယာဝင္ခါနီးတိုင္းလုပ္ေပးျခင္းျဖင့္ ရက္အနည္းငယ္အတြင္းမွာပင္ ႏႈတ္ခမ္းသားေလး သိသိသာသာ ပန္းေရာင္ ေျပာင္းလာႏိုင္ပါတယ္။

(ဆားနဲ႔ပြတ္ပါ) အိမ္သုံးဆားမႈန္ေလးေတြကို ႏြားႏို႔ နဲ႔ေရာၿပီးေတာ့၊ ရလာတဲ့ အႏွစ္ပ်စ္ပ်စ္ေတြကို ႏႈတ္ခမ္းသားေပၚ ခပ္ဖြဖြ ပြတ္တိုက္ေပးပါ။ ၁၅-မိနစ္ခန႔္အၾကာ ေရေအးျဖင့္ေဆးပါ (ေရခဲေရမဟုတ္ပါ)

(ရွားေစာင္းလက္ပပ္ဂ်ယ္လီသုံးပါ) မည္းညစ္ေနတဲ့ ႏႈတ္ခမ္းသားကို မူလအေရာင္ျပန္ရေစဖို႔အတြက္ ရွားေစာင္းလက္ပပ္ ဂ်ယ္လီက အေကာင္းဆုံးသမားေတာ္ျဖစ္ပါတယ္။ အဲဒီအပင္ထဲက အႏွစ္ေတြကိုညႇစ္ခ်ၿပီးေတာ့ ႏႈတ္ခမ္းသားေပၚတင္ၿပီး ပြတ္လိမ္းလိုက္႐ုံပါဘဲ။

(ဌက္ေပ်ာသီးသုံးပါ) ဌက္ေပ်ာသီးမွည့္မွည့္ကို ႏြားႏို႔၊ ပ်ားရည္တို႔ျဖင့္ သမေအာင္ေရာနယ္ၿပီးေတာ့ ေန႔စဥ္လိမ္းေပးပါ။ ရက္အနည္းအတြင္းမွာပင္ ထူးျခားတဲ့ အာနိသင္ကို လက္ေတြ႕ ခံစားရပါလိမ့္မယ္။

(ေပါက္ေပါက္…..မွ်ေဝသည္)

Credit – ေပါက္ေပါက္

[Unicode version]
နှုတ်ခမ်းသားတွေမည်းနေလို့စိတ်မညစ်စေလို

အချို့ အမျိုးသား/ အမျိုးသမီးတွေမှာ အရွယ်မတိုင်မီ နှုတ်ခမ်းသားတွေ မည်းလာတတ်ကြပါတယ်။အကြောင်းရင်းကတော့ ကော်ဖီ-လ္ဘက်ရည်-ဆေးလိပ် လွန်စွာသောက်သုံးခြင်းကြောင့် ကဖိန်းဓာတ်ရဲ့ ဘေးထွက်ဆိုးကျိုးများ၊ နေပူထဲအထွက်များ၍ နေလောင်ခြင်း၊ ရေနွေး၊ ဟင်းချို …စတဲ့အရည်ပူပူတွေကို ခွက်ပူပူထဲကနေ စုပ်ယူသောက်လေ့ရှိခြင်း၊ ခဲဓာတ်များတဲ့ နှုတ်ခမ်းဆိုး ဆေးအန္တရာယ၊် ရောဂါတစ်ခုခုကြောင့် သောက်သုံးနေရတဲ့ ပဋိဇီဝဆေးတွေရဲ့ တန်ပြန်သက်ရောက်မှု…စတာတွေကြောင့် နှုတ်ခမ်းသားကို မည်းလာစေပါတယ်။ အဲဒီအတွက် စိတ်မညစ်ကြပါနဲ့။ဟောဒီမှာ ရိုးရှင်းလွယ်ကူပြီးငွေကုန်ကြေးကျ မများတဲ့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။

(သကြားနဲ့ပွတ်ပါ) နှုတ်ခမ်းမည်းမည်းတွေအတွက် သကြားက အကောင်းဆုံးဆေးပါဘဲ။ လ္ဘက်ရည်ဇွန်း ၃-ဇွန်းစာပမာဏရှိတဲ့ သကြားမှုန့်ဖြူဖြူလေးတွေကို ထောပတ်နဲ့ရောပြီးနောက်၊ ရလာတဲ့အနှစ်ကို နှုတ်ခမ်းပေါ်လိမ်းပေးပါ။ ထောပတ်က နှုတ်ခမ်းသား အစိုဓာတ်ကိုထိန်းပေးသလို၊ သကြားက နှုတ်ခမ်းပေါ်ရှိ ဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်။

(မုန်လာဥနီအလုံး(ခေါ်)သကြားမုန်လာ(ခေါ်) Beetroot ကိုသုံးပါ) သွေးကြည်ရောင်လို ရဲရဲနီတဲ့ သကြားမုန်လာဥတွေကအရေပြားပေါ်ရှိ ဆဲလ်အသေတွေကို ကောင်းစွာဖယ်ရှားပေးနိုင်ပြီးတော့၊ နှုတ်ခမ်းသားမည်းခြင်းကို တဖြည်းဖြည်းလျော့ပါးသွားစေပါတယ်။

(သံလွင်ဆီလိမ်းပါ) အသားအရေကို ကောင်းကျိုးပြုကာ အာဟာရတန်ဖိုး မြောက်များစွာပါတဲ့ သံလွင်ဆီကို နှုတ်ခမ်းပေါ်မှာ အစက်ကလေးတွေချပြီးတော့ နှုတ်ခမ်းသားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ။

(နှင်းဆီပွင့်ချပ်လေးတွေသုံးပါ) နှင်းဆီပွင့်ချပ်လေးတွေကို ထောပတ်နဲ့ရောထောင်းပြီးတော့ ရလာတဲ့ အနှစ်တွေကို နှုတ်ခမ်းပေါ် အုံတင်ထားပေးပါ။ အဲဒီလို ရက်သတ္တ ၁-ပတ်မှာ ၂-ကြိမ်လောက် လုပ်ပေးခြင်းဖြင့် မည်းနေတဲ့နှုတ်ခမ်းသားတွေ တဖြည်းဖြည်း အရောင် ဖျော့သွားလာပါလိမ့်မယ်။

(စတော်ဘယ်ရီသီးတွေနဲ့ပွတ်ပါ) စတော်ဘယ်ရီသီးတွေကလည်း နှုတ်ခမ်းသားမည်းခြင်းအတွက် အကောင်းဆုံး သဘာဝဆေးလေးတွေပါဘဲ။ အဲဒီအသီးမှည့်မှည့်တွေကို ရှာစောင်းလက်ပပ်ဂျယ်လီ၊ ပျားရည်တို့နဲ့ ရောပြီး နှုတ်ခမ်းသားကိုပွတ်တိုက်ပေးပါ။ ၁၀-မိနစ်ခန့်အကြာမှာ ရေအေးဖြင့်ဆေးပါ (ရေခဲရေမဟုတ်ပါ)

(သလဲသီးသုံးပါ)သလဲသီးကို အစေ့ဖယ်ပြီးနောက် ရလာတဲ့အသားဖတ်လေးတွေကို ထောပတ်နဲ့နယ်၍ နှုတ်ခမ်းသားတွေကို သုတ်လိမ်းပေးပါ။ ညအိပ်ယာဝင်ခါနီးတိုင်းလုပ်ပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်းမှာပင် နှုတ်ခမ်းသားလေး သိသိသာသာ ပန်းရောင် ပြောင်းလာနိုင်ပါတယ်။

(ဆားနဲ့ပွတ်ပါ) အိမ်သုံးဆားမှုန်လေးတွေကို နွားနို့ နဲ့ရောပြီးတော့၊ ရလာတဲ့ အနှစ်ပျစ်ပျစ်တွေကို နှုတ်ခမ်းသားပေါ် ခပ်ဖွဖွ ပွတ်တိုက်ပေးပါ။ ၁၅-မိနစ်ခန့်အကြာ ရေအေးဖြင့်ဆေးပါ (ရေခဲရေမဟုတ်ပါ)

(ရှားစောင်းလက်ပပ်ဂျယ်လီသုံးပါ) မည်းညစ်နေတဲ့ နှုတ်ခမ်းသားကို မူလအရောင်ပြန်ရစေဖို့အတွက် ရှားစောင်းလက်ပပ် ဂျယ်လီက အကောင်းဆုံးသမားတော်ဖြစ်ပါတယ်။ အဲဒီအပင်ထဲက အနှစ်တွေကိုညှစ်ချပြီးတော့ နှုတ်ခမ်းသားပေါ်တင်ပြီး ပွတ်လိမ်းလိုက်ရုံပါဘဲ။

(ဌက်ပျောသီးသုံးပါ) ဌက်ပျောသီးမှည့်မှည့်ကို နွားနို့၊ ပျားရည်တို့ဖြင့် သမအောင်ရောနယ်ပြီးတော့ နေ့စဉ်လိမ်းပေးပါ။ ရက်အနည်းအတွင်းမှာပင် ထူးခြားတဲ့ အာနိသင်ကို လက်တွေ့ခံစားရပါလိမ့်မယ်။

(ပေါက်ပေါက်…..မျှဝေသည်)

Credit – ပေါက်ပေါက်

Leave a Reply

Your email address will not be published. Required fields are marked *