ဗဟုတုသ

ပယင်းအတုအစစ်ခွဲခြင်း၊ ပယင်းနှင့် ဂမ္ဘီရ ဓလေ့ထုံးတမ်း ဗဟုသုတ

[Zawgyi version]

ပယင္းအေၾကာင္း သိေကာင္းစရာနဲ႔ ပယင္းျဖစ္ေပၚလာပုံ အဆင့္ဆင့္

ပယင္း ( Amber ) အေၾကာင္း သိေကာင္းစရာ

ပယင္းသည္ လူသားတို႔၏ အဆင္တန္ဆာအျဖစ္ အသုံးျပဳခဲ့ၾကေသာ ေက်ာက္မ်က္ရတနာတန္းဝင္ထဲမွ ေရွးအက်ဆုံး ရတနာထဲတြင္ ပါဝင္သည္။ ပယင္းပတီး၊ ဆြဲျပား၊ ဆြဲသီးမ်ားကို ဥေရာပေျမာက္ပိုင္းတြင္ ဘီစီ (၈၀၀၀) ေလာက္ကတည္းက အသုံးျပဳခဲ့ၾကေၾကာင္း ေတြရွိခဲ့ရသည္။ ပယင္းသည္ စင္စစ္အားျဖင့္ ေက်ာက္မဟုတ္ပါ။ အဆီထြက္ေသာ အပင္တစ္မ်ိဳး-ထင္း႐ူးပင္ တစ္မ်ိဳးဟု ဆို၏။ အဆီမွ ခဲ၍ ေက်ာက္သားသဖြယ္ ျဖစ္လာျခင္းျဖစ္သည္။ ရံဖန္ရံခါ ပယင္းထဲ၌ အင္းဆက္ပိုးမႊားမ်ားကို ပုံစံမပ်က္ ေတြ႕ရွိရတတ္ပါသည္။

ႏွစ္သန္းေပါင္း အနည္းဆုံး ၂၅ သန္းမွ သန္း ၅၀ အတြင္း ၾကာခဲ့ၿပီး ေက်ာက္ျဖစ္လာခဲ့ေသာ သစ္ေစးမ်ိဳး ျဖစ္သည္။ ရွားပါးအေနျဖင့္ ႏွစ္သန္း ၃၂၀ ရွိေသာ ပယင္းကိုလည္း မွတ္တမ္းတင္ထားၾကသည္။ ပယင္းဟာ ေက်ာက္မ်က္ရတနာ ၉ပါးထဲမွာ အေပါ့ပါးဆုံးျဖစ္ၿပီး မာျခင္းအဆင့္ (၂.၅)သာ ရွိကာ သိပ္သည္းဆလည္း ၁.၀၇သာ ရွိေသာေၾကာင့္ အပူခ်ိန္ ကို ခံႏိုင္ရည္မရွိပဲ ေႂကြကြဲပ်က္ဆီးလြယ္ပါသည္။ မီးရႈိလွ်င္ အလြယ္တကူ ေလာင္ကြၽမ္းႏိုင္ပါသည္။

ပယင္းအစစ္ဟာ အလင္းေပါက္ၿပီး ေပ့ါပါးတာေၾကာင့္ ဆားငံရည္မွာ ေရေပၚေပၚေနႏိုင္ပါသည္။ အျခားေသာ ေက်ာက္မ်က္ရတနာေတြ ျဖစ္တဲ့ ေက်ာက္စိမ္း တာကြိဳက္ဇ္ လို ေက်ာက္မ်က္ေတြဟာ အခန္းတြင္း အပူခ်ိန္ထက္ အနည္းငယ္ေအးေသာ ဂုဏ္သတၱိရွိေသာ္လည္း ပယင္းမွာ လူ႔ အေရျပားႏွင့္ ထိေတြ႕ပါက အနည္းငယ္ ပူေႏြးေနပါသည္။ အရက္ရဲ႕ အေရာင္ျဖစ္တဲ့ ဝါေ႐ႊေ႐ႊ အၾကည္ေရာင္ကို ပယင္းေရာင္ ရယ္လို႔ တင္စားၾကာတာ ၾကားဖူးၾကေပမယ့္ ပယင္းမွာ နီညိဳေရာင္၊ လိေမၼာ္ေရာင္၊ အစိမ္း၊ ႏွင္းဆီေရာင္၊ အဝါေရာင္၊ ခရမ္းေရာင္၊ အျဖဴေရာင္အထိ ရွိၿပီး ရွားရွားပါးပါး ခရမ္းျပာေရာင္အထိ ေတြ႕ရတတ္ ပါသည္။

ေဘာလ္တစ္ ပင္လယ္ကမ္းေျခ တစ္ေလွ်ာက္မွာ ေပ့ါပါးေသာ ပယင္းေတြကို ပင္လယ္ေရလႈိင္းမ်ားႏွင့္ ကမ္းေျခ ကိုေရာက္ရွိလာတတ္ကာ ကမ္းစပ္တစ္ေလ်ာက္မွာ ၎ေရတိမ္ပိုင္းမွာ ေရငုတ္ၿပီး အလြယ္ရွာ ေတြ႕ႏိုင္သည္။ ကမ္းေျခ တစ္ေလွ်ာက္ ပုံစံအမ်ိဳးစုံ အေရာင္မ်ိဳးစုံႏွင့္ ပယင္းမ်ားကို အမ်ားအျပားေတြ႕ရတတ္ၿပီး အျပာေရာင္ ပယင္းကို အထူး အေရာင္းအဝယ္လုပ္ၾကေသာ္လည္း ၎ အျပာေရာင္မွာ ေဘာလ္တစ္ေဒသထြက္ မဟုတ္ဘဲ ဒိုမီနီကန္က ထြက္ေသာ ပယင္းျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ ကခ်င္ျပည္နယ္ ဟူးေကာင္း ေတာင္ၾကား တႏိူင္းနယ္ႏွင့္ စစ္ကိုင္းတိုင္း ခႏ္တႋးနယ္တို႔တြင္ ထြက္ရွိသည္။ ျမန္မာအျပင္ ပယင္းထြက္ ရွိေသာ အျခားႏိုင္ငံမ်ားမွာ ပိုလန္၊ ႐ိုေမးနီးယား၊ ကေနဒါႏွင့္ အေမရိကန္တို႔ ျဖစ္သည္။

ျမန္မာျပည္တြင္ ထြက္ရွိေသာ ပယင္းမွာ အရည္အေသြးေကာင္းပါက တစ္က်ပ္သားလွ်င္ တစ္သိန္းအထိ ေဈးရႏိုင္ၿပီး အထက္တြင္ ေဖာ္ျပသကဲ့သို႔ သစ္ကိုင္းမ်ား အေကာင္ပေလာင္မ်ား ပါဝင္ပါက ေဈးပိုရ ေၾကာင္း သိရသည္။ တစ္ခ်ိဳ႕ကို က်ပ္သိန္း ၅၀ အထိ ေပးေၾကာင္းသိရသည္။ ေ႐ႊေရာင္ပယင္းမွာ ေဈးကြက္အတြင္း လူႀကိဳက္မ်ားၿပီး တိုင္းရင္းသား အခ်ိဳ႕မွာ ပယင္းကို ဝတ္ဆင္ေလ့ ရွိၾကပါသည္။ တ႐ုတ္ လူမ်ိဴးမ်ားဟာ ေသြးလည္ပတ္မႈ ေကာင္းေစရန္၎၊ ကံေကာင္းေစရန္၎ ပယင္းကို အေဆာင္ေက်ာက္အျဖစ္ ဝတ္ဆင္ၾကသည္။ ပြဲလမ္းသဘင္မ်ားတြင္ ခ်မ္းသာ ႂကြယ္ဝသူမ်ားက ဂုဏ္သိကၡာ တစ္ရပ္အျဖစ္ ပယင္းကို မီးရႈိတတ္ၾကသည္။ ျမန္မာႏိုင္ငံ၏ အဓိကဝယ္လက္မွာ တ႐ုတ္၊ ထိုင္းႏွင့္ တိဘက္ ႏိုင္ငံတို႔ျဖစ္သည္။

သစ္ပင္ရဲ႕ အေစးကေန ျဖစ္လာတဲ့ ပယင္းထဲမွာ ပယင္းမျဖစ္ခင္ သစ္ေစးအေျခအေနမွာ မေတာ္တဆ လာေရာက္ ကပ္ၿငိေနေသာ သစ္ပင္ရဲ႕ အစအနမ်ား သစ္႐ြက္၊ ပ်ား၊ လိပ္ျပာ၊ ပု႐ြက္ဆိတ္၊ ပိတုန္း စေသာ အေကာင္ငယ္မ်ားမွာ ႐ုန္းထြက္ မရေတာ့ပဲ သစ္ေစးမ်ားႏွင့္အတူ ႏွစ္သန္းေပါင္းမ်ားစြာ ၾကာေသာအခါ ပယင္းထဲတြင္ ႐ုပ္ႂကြင္းအျဖစ္ ပါဝင္ေနတတ္ပါသည္။ ေရွးေရာမ ကြၽန္ေခတ္တြင္ ပယင္းလည္ဆြဲ ခပ္ေသးေသးကို က်န္းမာသန္စြမ္းတဲ့ ကြၽန္ တစ္ေယာက္ထက္ ေဈးပိုေပးၿပီး အေဆာင္အျဖစ္ ဝတ္ဆင္အသုံးျပဳၾကသည္။ ပယင္းကို ေရေမႊးမ်ား ေဖာ္စပ္ရာတြင္၎ ေဆးေဖာ္စပ္ရာတြင္၎ အသုံးျပဳၾကသည္။

ပယင္းသည္ ေက်ာက္မ်က္ရတနာကဲ့သို႔ မဟုတ္ဘဲ ဝတ္ဆင္သူအတြက္ အသက္ဓာတ္ကို ပိုင္ဆိုင္ေစသည္ဟု ယူဆၾကသည္။ ေရွးေခတ္ တ႐ုတ္လူမ်ိဳးတို႔သည္ က်ားမ်ားေသဆုံးၿပီးေနာက္ က်ားဝိညာဥ္ကို ပယင္းသို႔ ေ႐ႊေျပာင္းေစ၍ အသြင္ေျပာင္းခဲ့သည္ဟု ယုံၾကည္ၾကသည္။ ေရွးေခတ္က မိခင္ နတ္ဘုရားမ်ားကို ပူေဇာ္ ပသရာတြင္ ပယင္းကို အသုံးျပဳၾကသည္။ ပယင္းသည္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းသဖြယ္ျဖစ္ၿပီး ေခတ္ကာလတစ္ရပ္ႏွင့္ ဆက္စပ္ေနေပရာ အသက္ရွည္ျခင္းကို ေပးေဆာင္ေၾကာင္း မွတ္ယူၾကသည္။

အလားတူပင္ သက္ရွိ သတၱဝါျဖစ္ေသာ ပိုးမႊားမ်ား၏ ႐ုပ္ႂကြင္းကိန္းေအာင္းေနၿပီး အာကာသဓာတ္ႏွင့္ ဆက္စပ္ ေနေၾကာင္း လက္ခံထားၾကသည္။ ယင္းကို ပၪၥမေျမာက္ ဓာတ္သဘာဝဟု ေခၚၿပီး ေျမ၊ ေရ၊ ေလ၊ မီး ဟူေသာ ဓာတ္ႀကီးေလးပါး၏ အေပါင္းအစု အျဖစ္ သတ္မွတ္ၾကသည္။ အာကာသဓာတ္သည္ အသက္၊ ဘဝ (အပင္၊သတၱဝါ၊လူ) တို႔ႏွင့္ ပတ္သက္ေၾကာင္း လက္သင့္ခံထားၾကသည္။

အခ်ိဳ႕ေမွာ္ပညာရွင္မ်ားသည္ အထူးသျဖင့္ အမ်ိဳးသမီးမ်ားတြင္ ပယင္းကို လည္ဆြဲ (ဝါ) ပတီး အျဖစ္ ဝတ္ဆင္ကာ ႐ုပ္ျဒပ္သ႑ာန္ကို ေျပာင္းလဲေအာင္ ဖန္တီးျပဳျပင္တည္ေဆာက္ ေစခဲ့ၾကသည္။ ထိုေၾကာင့္ ပယင္းသည္ နတ္ဘုရားႏွင့္ နတ္ဘုရားမမ်ား၏ ထုတ္လႊတ္မႈ၊ ခံယူမႈ စြမ္းအင္ ႏွစ္ရပ္လုံးႏွင့္ ပတ္သက္ေၾကာင္း ၎တြင္ ဂမၻီရစြမ္းအင္၏ ထိေရာက္မႈအား ျမင့္မားလွေၾကာင္း ေရာမေခတ္က ယုံၾကည္ၾကသည္။

ပယင္းကို သိုးေမႊးစ (ဝါ) ပိုးစျဖင့္ ပြတ္တိုက္ေပးပါက လွ်ပ္စစ္ဓာတ္ ထြက္လာၿပီး ေသးငယ္ေသာ အရာဝတၳဳမ်ားကိုပင္ ဆြဲငင္အားႀကီးေၾကာင္း သတ္မွတ္ၾကသည္။ ေရွးဂရိတို႔၏ အီလက္(ခ္) ထ႐ြန္ (Electron) ဟူေသာ စကားလုံးမွ ေခတ္ အီလက္ထရစ္ စီးတႌး (electricity) ဟူေသာ ေဝါဟာရ ဆင္းသက္ေပါက္ဖြားလာျခင္း ျဖစ္သည္ဟု သတ္မွတ္ၾကသည္။ ပယင္းသည္ ဆန္းျပား လွ်ိဳဝွက္ေသာ သဘာဝရွိၿပီး ဂမၻီရတန္ဖိုး ျမင့္မားေသာ အရာဝတၳဳ ျဖစ္ၿပီး ကမာၻေပၚရွိ ဂမၻီရတန္းဝင္ ပစၥည္းမ်ားအားလုံးထဲ၌ က်ယ္ျပန႔္စြာ အသုံးျပဳႏိုင္သည့္အရာအျဖစ္ သုံးၾကသည္။

ပယင္း အတု အစစ္ ခြဲျခားနည္း

ဦးစြာ ပယင္း အစစ္ႏွင့္ အတု ႏွစ္ခုလုံးကို ႐ိုး႐ိုးေရထည့္ထားေသာ ဖလားခြက္ (သို႔) ငၾကင္းခြက္ထဲသု႔ိ ႏွစ္ခ်လိုက္ပါ။ ပယင္း အတုႏွင့္ အစစ္ ႏွစ္ခုစလုံးသည္ ႐ိုး႐ိုးေရထဲတြင္ နစ္ဝင္သြားသည္ကို ေတြ႕ရ မည္။ ထိုေနာက္ ရွိၿပီးသား ႐ိုး႐ိုးေရထဲသို႔ ဆား စတီးဇြန္း တစ္ဇြန္းခန႔္ ထည့္ကာ ဆားေဖ်ာ္ရည္ အျဖစ္ ျပဳလုပ္လိုက္ပါ။ ၎ေနာက္ ပယင္း အစစ္ႏွင့္ အတု ႏွစ္ခုလုံးကို ၎ ဆားေဖ်ာ္ရည္အတြင္းသို႔ ႏွစ္ခ်လိုက္ပါ။ ပယင္းအတုမွာ ဆားေဖ်ာ္ရည္ထဲတြင္ ႏွစ္ျမဳပ္သြားၿပီး အစစ္မွသာ ေပါေလာေပၚေနမည္ကို ေတြ႕ျမင္ႏိုင္မည္ျဖစ္သည္။ ၎နည္းမွာ ပယင္း အစစ္ႏွင့္ အတုကို လ်င္ျမန္စြာ ခြဲျခားႏိုင္ေသာ နည္းေကာင္းျဖစ္ပါသည္။

ဂမၻီရ ဓေလ့ထုံးတမ္း (Magical Lore)

ပယင္းကို ေက်ာက္မ်က္ရတနာအခ်ိဳႏွင့္ တြဲ၍ ေတြ႕ရတတ္ၿပီး ဂမၻီရကိစၥ အားလုံးနီးပါးတြင္ အသုံးျပဳၾကသည္။ မေရမတြက္ႏိုင္ေသာ ဂမၻီရ အစီအရင္မ်ားတြင္ အသုံးျပဳႏိုင္သည္။ ပယင္းကို ဖန္စ၊ ပလပ္စတစ္စမ်ားျဖင့္ အတုျပဳလုပ္ၿပီး ေရာင္းခ်တတ္ျခင္းေၾကာင့္ သတိျပဳ၍ ေ႐ြးခ်ယ္ရပါသည္။ ပုံမွန္ေက်ာက္သားတို႔ထက္ ေပါ့ပါးၿပီး အထူးသျဖင့္ ဆားငံရည္တြင္ ေရေပၚေပၚသည္။

ပယင္းပုတီး လည္ဆြဲတို႔ကို ဝတ္ဆင္သူအား ေကာင္းစြာ အကာအကြယ္ေပးတတ္သည္။ မေကာင္းေသာ ေလာကီပညာ(အဆိုးျပဳေမွာ္ပညာ)မ်ိဳး၏ တိုက္ခိုက္မႈဒဏ္မွ အကာကြယ္ေပးႏိုင္သည္။ အထူးသျဖင့္ ကေလးမ်ားတြင္ ပိုမိုထိေရာက္ေသာ ကာကြယ္မႈကို ျဖစ္ေစႏိုင္သည္။ ပယင္းပုတီး လည္ဆြဲတစ္မ်ိဳး ဝတ္ဆင္ထားေသာ ကေလးမ်ား၏ က်န္းမာေရးကို ေကာင္းစြာ ထိန္းသိမ္းေပးထားႏိုင္ၿပီး ကေလးမ်ား၏ အိပ္ခန္းတြင္း၌ အကာအကြယ္အျဖစ္ ထားေပးႏိုင္ပါသည္။

သင့္တြင္ မေကာင္းေသာ ခံစားရမႈမ်ား လႊမ္းမိုးလြန္ၿပီး မိမိကိုယ္ကို မေကာင္းေသာ ေလာကီပညာျဖင့္ တိုက္ခိုက္မႈ ခံရသည္ဟု ယူဆမိပါက အျဖဴေရာင္ အလင္းတိုင္ (ဖေယာင္းတိုင္)ကို ၾကမ္းျပင္ (သို႔) ေျမျပင္တြင္ ထြန္းညႇိ စိုက္ထူေပးပါ။ ထိုေနာက္ ပယင္းတစ္ခုကိုကိုင္၍၎ အလင္းတိုင္အနီးတြင္ထိုင္ကာ သင့္ခႏၶာကို စက္ဝိုင္းသ႑ာန္ စည္းခ်ေနသည္ဟု စိတ္က ခံစားေနရမည္။ လိုအပ္သည္ ထင္တိုင္း ထိုကဲ့သို႔ ထပ္တလဲလဲ လုပ္ေဆာင္ေပးပါ။

အျခား ကာကြယ္ျခင္း အစီအရင္ တစ္ရပ္တြင္ ပယင္း ပုတီးေစ့ (၉)ေစ့ကို အလြန္ေႏြးေသာ ေရ၌ စိမ္၍ ေရခ်ိဳးေပးရျခင္း ျဖစ္သည္။ ေရခ်ိဳးကန္ (ဝါ) စည္ပိုင္း (ဝါ) စဥ့္အင္တုံႀကီ္းအတြင္း ဆင္း၍ ေႏြးေသာေရ ေအးသြားသည့္တိုင္ စိမ္ေနပါ ထို႔ေနာက္ ပယင္းပုတီးေစ့မ်ားကို ထုတ္ယူၿပီး ကိုယ္လက္ သုတ္သင္ကာ ေျခာက္ေသြ႕ေအာင္ျပဳပါ။

ေရွးက ေမွာ္ပညာရွင္မ်ား ရွာမင္ေလာကီ ပညာရွင္ႀကီးမ်ားသည္ ပယင္းပုတီးကို ေလာကီအစီအရင္ ျပဳလုပ္ရာတြင္ ဝတ္ဆင္ထားေလ့ရွိသည္။ ပယင္း အ႐ြယ္ခပ္ႀကီးႀကီးကို သင္၏ ေလာကီအစီအရင္ ျပဳရာတြင္ အသုံးျပဳ၍ စြမ္းအားထက္ျမက္ ထိေရာက္ေစႏိုင္ပါသည္။

ပယင္းႏွင့္ က်န္းမာေရး

ပယင္းကို အလွက်က္သေရတိုးေအာင္ ဝတ္ဆင္ႏိုင္ၿပီး ေယဘုယ်အားျဖင့္ ဆြဲေဆာင္မႈ ညႇိဳ႕ဓာတ္ကို ျဖစ္ေစႏိုင္ပါသည္။ ပယင္းဝတ္ဆင္သူမ်ားမွာ အခ်စ္ေရးတြင္ ဆြဲငင္အားေကာင္းျခင္း စိတ္ခ်မ္းသာ ေပ်ာ္႐ႊင္မႈ ခံစားရျခင္းတို႔ကို ေပးစြမ္းသည္။

အမ်ိဳးသမီးမ်ားအတြက္ ငါး၊ ဖား၊ ယုန္ ႐ုပ္မ်ား ထုလုပ္၍၎၊ အမ်ိဳးသားမ်ားအတြက္ ေျခေသၤ့၊ ေခြး၊ နဂါး႐ုပ္မ်ား ထုလုပ္ၿပီး ဝတ္ဆင္ျခင္းအားျဖင့္ ကာမစြမ္းအား ေကာင္းေစၿပီး သားသမီး ထြန္းကားေစသည္ဟု ယုံၾကည္ခဲ့ၾကပါသည္။ ၿမဳံသူမ်ားအတြက္ အသုံးျပဳေပးႏိုင္သည္။

ပယင္းကို ဝတ္ဆင္ျခင္းအားျဖင့္ လူသား၏ က်န္းမာေရးကို အေထာက္အကူျဖစ္ေစသည္။ နားထိုင္းျခင္း၊ ၿမဳံျခင္း၊ လည္မ်ိဳနာ၊ နားကိုက္ျခင္း၊ ေလးဘက္နာ၊ အစာမေၾကျခင္းႏွင့္ ကိုယ္ခႏၶာတြင္း၌ ျဖစ္ေသာ ေရာဂါမ်ားကို သက္သာေစၿပီး အကာကြယ္ျဖစ္ေစသည္။ ပယင္းလုံးကို လက္ထဲတြင္ ဆုပ္ကိုင္ ကစားေပးျခင္းျဖင့္ ဖ်ားနာသူမ်ားအား သက္သာ ေပ်ာက္ကင္းေစသည္ဟု ဆိုၾကသည္။ ထို႔ျပင္ ပယင္းသည္ ဝတ္ဆင္သူ၏ မ်က္စိအျမင္အားကို တိုးတက္ေကာင္းမြန္ ေစႏိုင္ပါသည္။ ပယင္းမႈန႔္ကို သားဖြားသူ မိခင္ေလာင္း၏ အနီးတြင္ မီးရႈိ႕ေပးျခင္း (သို႔) မီးခဲေပၚတြင္ အမႈန႔္ျဖဴးေပးျခင္းျဖင့္ သားဖြားရ လြယ္ကူသည္ဟု ေရွးက ယုံၾကည္ေဆာင္႐ြက္ခဲ့ၾကသည္။

ပယင္း၏ ဂမၻီရ ေလာကီပညာ အသုံးဝင္မႈမွာ အထက္က ေဖာ္ျပခဲ့သည္ထက္ မ်ားစြာက်ယ္ျပန႔္ပါသည္။ ဝတ္ဆင္သူ အား အင္အား တိုးတက္ေစၿပီး စီးပြားေရး ေအာင္ျမင္ေစျခင္း၊ စန္းပြင့္ေစသည့္ အခ်စ္ေရး အေဆာင္ေကာင္းျဖစ္ျခင္း စသည္ျဖင့္ မ်ားစြာ အသုံးျပဳႏိုင္ေသးသည္။ ပယင္းမႈန႔္ ကို မည္သည့္ အေမႊးတိုင္တြင္မဆို ထည့္သြင္း ျပဳလုပ္ျခင္းျဖင့္ ပိုမို ထိေရာက္ေသာ စြမ္းအားကို ျဖစ္ေစပါသည္။

ထိုေၾကာင့္ အခ်ဳပ္အားျဖင့္ အာနိသင္ စြမ္းပကားႀကီးမားေသာ တန္းဝင္ရတနာ တစ္ပါး ျဖစ္သည္။ ပယင္းကို လက္ဝတ္ရတနာအျဖစ္ အလွဆင္ အသုံးျပဳေသာ ဖန္စီပစၥည္းသက္သက္ထက္ အဆေပါင္းမ်ားစြာ သာလြန္ေသာ ေလာကီ အက်ိဴိးေက်းဇူးမ်ားကို ရရွိခံစားရမည္ ျဖစ္ပါေၾကာင္း တင္ျပလိုက္ရပါသည္။

Credit – မွီျငမ္း – ဟိန္း (ဘူမိ)၏ ပယင္း အေၾကာင္း

Credit – Aung Siam Gold & Jewellery shop

[Unicode version]

ပယင်းအကြောင်း သိကောင်းစရာနဲ့ ပယင်းဖြစ်ပေါ်လာပုံ အဆင့်ဆင့်

ပယင်း ( Amber ) အကြောင်း သိကောင်းစရာ

ပယင်းသည် လူသားတို့၏ အဆင်တန်ဆာအဖြစ် အသုံးပြုခဲ့ကြသော ကျောက်မျက်ရတနာတန်းဝင်ထဲမှ ရှေးအကျဆုံး ရတနာထဲတွင် ပါဝင်သည်။ ပယင်းပတီး၊ ဆွဲပြား၊ ဆွဲသီးများကို ဥရောပမြောက်ပိုင်းတွင် ဘီစီ (၈၀၀၀) လောက်ကတည်းက အသုံးပြုခဲ့ကြကြောင်း တွေရှိခဲ့ရသည်။ ပယင်းသည် စင်စစ်အားဖြင့် ကျောက်မဟုတ်ပါ။ အဆီထွက်သော အပင်တစ်မျိုး-ထင်းရူးပင် တစ်မျိုးဟု ဆို၏။ အဆီမှ ခဲ၍ ကျောက်သားသဖွယ် ဖြစ်လာခြင်းဖြစ်သည်။ ရံဖန်ရံခါ ပယင်းထဲ၌ အင်းဆက်ပိုးမွှားများကို ပုံစံမပျက် တွေ့ရှိရတတ်ပါသည်။

နှစ်သန်းပေါင်း အနည်းဆုံး ၂၅ သန်းမှ သန်း ၅၀ အတွင်း ကြာခဲ့ပြီး ကျောက်ဖြစ်လာခဲ့သော သစ်စေးမျိုး ဖြစ်သည်။ ရှားပါးအနေဖြင့် နှစ်သန်း ၃၂၀ ရှိသော ပယင်းကိုလည်း မှတ်တမ်းတင်ထားကြသည်။ ပယင်းဟာ ကျောက်မျက်ရတနာ ၉ပါးထဲမှာ အပေါ့ပါးဆုံးဖြစ်ပြီး မာခြင်းအဆင့် (၂.၅)သာ ရှိကာ သိပ်သည်းဆလည်း ၁.၀၇သာ ရှိသောကြောင့် အပူချိန် ကို ခံနိုင်ရည်မရှိပဲ ကြွေကွဲပျက်ဆီးလွယ်ပါသည်။ မီးရှိုလျှင် အလွယ်တကူ လောင်ကျွမ်းနိုင်ပါသည်။

ပယင်းအစစ်ဟာ အလင်းပေါက်ပြီး ပေ့ါပါးတာကြောင့် ဆားငံရည်မှာ ရေပေါ်ပေါ်နေနိုင်ပါသည်။ အခြားသော ကျောက်မျက်ရတနာတွေ ဖြစ်တဲ့ ကျောက်စိမ်း တာကွိုက်ဇ် လို ကျောက်မျက်တွေဟာ အခန်းတွင်း အပူချိန်ထက် အနည်းငယ်အေးသော ဂုဏ်သတ္တိရှိသော်လည်း ပယင်းမှာ လူ့ အရေပြားနှင့် ထိတွေ့ပါက အနည်းငယ် ပူနွေးနေပါသည်။ အရက်ရဲ့ အရောင်ဖြစ်တဲ့ ဝါရွှေရွှေ အကြည်ရောင်ကို ပယင်းရောင် ရယ်လို့ တင်စားကြာတာ ကြားဖူးကြပေမယ့် ပယင်းမှာ နီညိုရောင်၊ လိမ္မော်ရောင်၊ အစိမ်း၊ နှင်းဆီရောင်၊ အဝါရောင်၊ ခရမ်းရောင်၊ အဖြူရောင်အထိ ရှိပြီး ရှားရှားပါးပါး ခရမ်းပြာရောင်အထိ တွေ့ရတတ် ပါသည်။

ဘောလ်တစ် ပင်လယ်ကမ်းခြေ တစ်လျှောက်မှာ ပေ့ါပါးသော ပယင်းတွေကို ပင်လယ်ရေလှိုင်းများနှင့် ကမ်းခြေ ကိုရောက်ရှိလာတတ်ကာ ကမ်းစပ်တစ်လျောက်မှာ ၎င်းရေတိမ်ပိုင်းမှာ ရေငုတ်ပြီး အလွယ်ရှာ တွေ့နိုင်သည်။ ကမ်းခြေ တစ်လျှောက် ပုံစံအမျိုးစုံ အရောင်မျိုးစုံနှင့် ပယင်းများကို အများအပြားတွေ့ရတတ်ပြီး အပြာရောင် ပယင်းကို အထူး အရောင်းအဝယ်လုပ်ကြသော်လည်း ၎င်း အပြာရောင်မှာ ဘောလ်တစ်ဒေသထွက် မဟုတ်ဘဲ ဒိုမီနီကန်က ထွက်သော ပယင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ် ဟူးကောင်း တောင်ကြား တနိူင်းနယ်နှင့် စစ်ကိုင်းတိုင်း ခန်င်္တိးနယ်တို့တွင် ထွက်ရှိသည်။ မြန်မာအပြင် ပယင်းထွက် ရှိသော အခြားနိုင်ငံများမှာ ပိုလန်၊ ရိုမေးနီးယား၊ ကနေဒါနှင့် အမေရိကန်တို့ ဖြစ်သည်။

မြန်မာပြည်တွင် ထွက်ရှိသော ပယင်းမှာ အရည်အသွေးကောင်းပါက တစ်ကျပ်သားလျှင် တစ်သိန်းအထိ ဈေးရနိုင်ပြီး အထက်တွင် ဖော်ပြသကဲ့သို့ သစ်ကိုင်းများ အကောင်ပလောင်များ ပါဝင်ပါက ဈေးပိုရ ကြောင်း သိရသည်။ တစ်ချို့ကို ကျပ်သိန်း ၅၀ အထိ ပေးကြောင်းသိရသည်။ ရွှေရောင်ပယင်းမှာ ဈေးကွက်အတွင်း လူကြိုက်များပြီး တိုင်းရင်းသား အချို့မှာ ပယင်းကို ဝတ်ဆင်လေ့ ရှိကြပါသည်။ တရုတ် လူမျိူးများဟာ သွေးလည်ပတ်မှု ကောင်းစေရန်၎င်း၊ ကံကောင်းစေရန်၎င်း ပယင်းကို အဆောင်ကျောက်အဖြစ် ဝတ်ဆင်ကြသည်။ ပွဲလမ်းသဘင်များတွင် ချမ်းသာ ကြွယ်ဝသူများက ဂုဏ်သိက္ခာ တစ်ရပ်အဖြစ် ပယင်းကို မီးရှိုတတ်ကြသည်။ မြန်မာနိုင်ငံ၏ အဓိကဝယ်လက်မှာ တရုတ်၊ ထိုင်းနှင့် တိဘက် နိုင်ငံတို့ဖြစ်သည်။

သစ်ပင်ရဲ့ အစေးကနေ ဖြစ်လာတဲ့ ပယင်းထဲမှာ ပယင်းမဖြစ်ခင် သစ်စေးအခြေအနေမှာ မတော်တဆ လာရောက် ကပ်ငြိနေသော သစ်ပင်ရဲ့ အစအနများ သစ်ရွက်၊ ပျား၊ လိပ်ပြာ၊ ပုရွက်ဆိတ်၊ ပိတုန်း စသော အကောင်ငယ်များမှာ ရုန်းထွက် မရတော့ပဲ သစ်စေးများနှင့်အတူ နှစ်သန်းပေါင်းများစွာ ကြာသောအခါ ပယင်းထဲတွင် ရုပ်ကြွင်းအဖြစ် ပါဝင်နေတတ်ပါသည်။ ရှေးရောမ ကျွန်ခေတ်တွင် ပယင်းလည်ဆွဲ ခပ်သေးသေးကို ကျန်းမာသန်စွမ်းတဲ့ ကျွန် တစ်ယောက်ထက် ဈေးပိုပေးပြီး အဆောင်အဖြစ် ဝတ်ဆင်အသုံးပြုကြသည်။ ပယင်းကို ရေမွှေးများ ဖော်စပ်ရာတွင်၎င်း ဆေးဖော်စပ်ရာတွင်၎င်း အသုံးပြုကြသည်။

ပယင်းသည် ကျောက်မျက်ရတနာကဲ့သို့ မဟုတ်ဘဲ ဝတ်ဆင်သူအတွက် အသက်ဓာတ်ကို ပိုင်ဆိုင်စေသည်ဟု ယူဆကြသည်။ ရှေးခေတ် တရုတ်လူမျိုးတို့သည် ကျားများသေဆုံးပြီးနောက် ကျားဝိညာဉ်ကို ပယင်းသို့ ရွှေပြောင်းစေ၍ အသွင်ပြောင်းခဲ့သည်ဟု ယုံကြည်ကြသည်။ ရှေးခေတ်က မိခင် နတ်ဘုရားများကို ပူဇော် ပသရာတွင် ပယင်းကို အသုံးပြုကြသည်။ ပယင်းသည် ကျောက်ဖြစ်ရုပ်ကြွင်းသဖွယ်ဖြစ်ပြီး ခေတ်ကာလတစ်ရပ်နှင့် ဆက်စပ်နေပေရာ အသက်ရှည်ခြင်းကို ပေးဆောင်ကြောင်း မှတ်ယူကြသည်။

အလားတူပင် သက်ရှိ သတ္တဝါဖြစ်သော ပိုးမွှားများ၏ ရုပ်ကြွင်းကိန်းအောင်းနေပြီး အာကာသဓာတ်နှင့် ဆက်စပ် နေကြောင်း လက်ခံထားကြသည်။ ယင်းကို ပဉ္စမမြောက် ဓာတ်သဘာဝဟု ခေါ်ပြီး မြေ၊ ရေ၊ လေ၊ မီး ဟူသော ဓာတ်ကြီးလေးပါး၏ အပေါင်းအစု အဖြစ် သတ်မှတ်ကြသည်။ အာကာသဓာတ်သည် အသက်၊ ဘဝ (အပင်၊သတ္တဝါ၊လူ) တို့နှင့် ပတ်သက်ကြောင်း လက်သင့်ခံထားကြသည်။

အချို့မှော်ပညာရှင်များသည် အထူးသဖြင့် အမျိုးသမီးများတွင် ပယင်းကို လည်ဆွဲ (ဝါ) ပတီး အဖြစ် ဝတ်ဆင်ကာ ရုပ်ဒြပ်သဏ္ဍာန်ကို ပြောင်းလဲအောင် ဖန်တီးပြုပြင်တည်ဆောက် စေခဲ့ကြသည်။ ထိုကြောင့် ပယင်းသည် နတ်ဘုရားနှင့် နတ်ဘုရားမများ၏ ထုတ်လွှတ်မှု၊ ခံယူမှု စွမ်းအင် နှစ်ရပ်လုံးနှင့် ပတ်သက်ကြောင်း ၎င်းတွင် ဂမ္ဘီရစွမ်းအင်၏ ထိရောက်မှုအား မြင့်မားလှကြောင်း ရောမခေတ်က ယုံကြည်ကြသည်။

ပယင်းကို သိုးမွှေးစ (ဝါ) ပိုးစဖြင့် ပွတ်တိုက်ပေးပါက လျှပ်စစ်ဓာတ် ထွက်လာပြီး သေးငယ်သော အရာဝတ္ထုများကိုပင် ဆွဲငင်အားကြီးကြောင်း သတ်မှတ်ကြသည်။ ရှေးဂရိတို့၏ အီလက်(ခ်) ထရွန် (Electron) ဟူသော စကားလုံးမှ ခေတ် အီလက်ထရစ် စီးင်္တီး (electricity) ဟူသော ဝေါဟာရ ဆင်းသက်ပေါက်ဖွားလာခြင်း ဖြစ်သည်ဟု သတ်မှတ်ကြသည်။ ပယင်းသည် ဆန်းပြား လျှိုဝှက်သော သဘာဝရှိပြီး ဂမ္ဘီရတန်ဖိုး မြင့်မားသော အရာဝတ္ထု ဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဂမ္ဘီရတန်းဝင် ပစ္စည်းများအားလုံးထဲ၌ ကျယ်ပြန့်စွာ အသုံးပြုနိုင်သည့်အရာအဖြစ် သုံးကြသည်။

ပယင်း အတု အစစ် ခွဲခြားနည်း

ဦးစွာ ပယင်း အစစ်နှင့် အတု နှစ်ခုလုံးကို ရိုးရိုးရေထည့်ထားသော ဖလားခွက် (သို့) ငကြင်းခွက်ထဲသု့ိ နှစ်ချလိုက်ပါ။ ပယင်း အတုနှင့် အစစ် နှစ်ခုစလုံးသည် ရိုးရိုးရေထဲတွင် နစ်ဝင်သွားသည်ကို တွေ့ရ မည်။ ထိုနောက် ရှိပြီးသား ရိုးရိုးရေထဲသို့ ဆား စတီးဇွန်း တစ်ဇွန်းခန့် ထည့်ကာ ဆားဖျော်ရည် အဖြစ် ပြုလုပ်လိုက်ပါ။ ၎င်းနောက် ပယင်း အစစ်နှင့် အတု နှစ်ခုလုံးကို ၎င်း ဆားဖျော်ရည်အတွင်းသို့ နှစ်ချလိုက်ပါ။ ပယင်းအတုမှာ ဆားဖျော်ရည်ထဲတွင် နှစ်မြုပ်သွားပြီး အစစ်မှသာ ပေါလောပေါ်နေမည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ၎င်းနည်းမှာ ပယင်း အစစ်နှင့် အတုကို လျင်မြန်စွာ ခွဲခြားနိုင်သော နည်းကောင်းဖြစ်ပါသည်။

ဂမ္ဘီရ ဓလေ့ထုံးတမ်း (Magical Lore)

ပယင်းကို ကျောက်မျက်ရတနာအချိုနှင့် တွဲ၍ တွေ့ရတတ်ပြီး ဂမ္ဘီရကိစ္စ အားလုံးနီးပါးတွင် အသုံးပြုကြသည်။ မရေမတွက်နိုင်သော ဂမ္ဘီရ အစီအရင်များတွင် အသုံးပြုနိုင်သည်။ ပယင်းကို ဖန်စ၊ ပလပ်စတစ်စများဖြင့် အတုပြုလုပ်ပြီး ရောင်းချတတ်ခြင်းကြောင့် သတိပြု၍ ရွေးချယ်ရပါသည်။ ပုံမှန်ကျောက်သားတို့ထက် ပေါ့ပါးပြီး အထူးသဖြင့် ဆားငံရည်တွင် ရေပေါ်ပေါ်သည်။

ပယင်းပုတီး လည်ဆွဲတို့ကို ဝတ်ဆင်သူအား ကောင်းစွာ အကာအကွယ်ပေးတတ်သည်။ မကောင်းသော လောကီပညာ(အဆိုးပြုမှော်ပညာ)မျိုး၏ တိုက်ခိုက်မှုဒဏ်မှ အကာကွယ်ပေးနိုင်သည်။ အထူးသဖြင့် ကလေးများတွင် ပိုမိုထိရောက်သော ကာကွယ်မှုကို ဖြစ်စေနိုင်သည်။ ပယင်းပုတီး လည်ဆွဲတစ်မျိုး ဝတ်ဆင်ထားသော ကလေးများ၏ ကျန်းမာရေးကို ကောင်းစွာ ထိန်းသိမ်းပေးထားနိုင်ပြီး ကလေးများ၏ အိပ်ခန်းတွင်း၌ အကာအကွယ်အဖြစ် ထားပေးနိုင်ပါသည်။

သင့်တွင် မကောင်းသော ခံစားရမှုများ လွှမ်းမိုးလွန်ပြီး မိမိကိုယ်ကို မကောင်းသော လောကီပညာဖြင့် တိုက်ခိုက်မှု ခံရသည်ဟု ယူဆမိပါက အဖြူရောင် အလင်းတိုင် (ဖယောင်းတိုင်)ကို ကြမ်းပြင် (သို့) မြေပြင်တွင် ထွန်းညှိ စိုက်ထူပေးပါ။ ထိုနောက် ပယင်းတစ်ခုကိုကိုင်၍၎င်း အလင်းတိုင်အနီးတွင်ထိုင်ကာ သင့်ခန္ဓာကို စက်ဝိုင်းသဏ္ဍာန် စည်းချနေသည်ဟု စိတ်က ခံစားနေရမည်။ လိုအပ်သည် ထင်တိုင်း ထိုကဲ့သို့ ထပ်တလဲလဲ လုပ်ဆောင်ပေးပါ။

အခြား ကာကွယ်ခြင်း အစီအရင် တစ်ရပ်တွင် ပယင်း ပုတီးစေ့ (၉)စေ့ကို အလွန်နွေးသော ရေ၌ စိမ်၍ ရေချိုးပေးရခြင်း ဖြစ်သည်။ ရေချိုးကန် (ဝါ) စည်ပိုင်း (ဝါ) စဉ့်အင်တုံကြီ်းအတွင်း ဆင်း၍ နွေးသောရေ အေးသွားသည့်တိုင် စိမ်နေပါ ထို့နောက် ပယင်းပုတီးစေ့များကို ထုတ်ယူပြီး ကိုယ်လက် သုတ်သင်ကာ ခြောက်သွေ့အောင်ပြုပါ။

ရှေးက မှော်ပညာရှင်များ ရှာမင်လောကီ ပညာရှင်ကြီးများသည် ပယင်းပုတီးကို လောကီအစီအရင် ပြုလုပ်ရာတွင် ဝတ်ဆင်ထားလေ့ရှိသည်။ ပယင်း အရွယ်ခပ်ကြီးကြီးကို သင်၏ လောကီအစီအရင် ပြုရာတွင် အသုံးပြု၍ စွမ်းအားထက်မြက် ထိရောက်စေနိုင်ပါသည်။

ပယင်းနှင့် ကျန်းမာရေး

ပယင်းကို အလှကျက်သရေတိုးအောင် ဝတ်ဆင်နိုင်ပြီး ယေဘုယျအားဖြင့် ဆွဲဆောင်မှု ညှို့ဓာတ်ကို ဖြစ်စေနိုင်ပါသည်။ ပယင်းဝတ်ဆင်သူများမှာ အချစ်ရေးတွင် ဆွဲငင်အားကောင်းခြင်း စိတ်ချမ်းသာ ပျော်ရွှင်မှု ခံစားရခြင်းတို့ကို ပေးစွမ်းသည်။

အမျိုးသမီးများအတွက် ငါး၊ ဖား၊ ယုန် ရုပ်များ ထုလုပ်၍၎င်း၊ အမျိုးသားများအတွက် ခြေင်္သေ့၊ ခွေး၊ နဂါးရုပ်များ ထုလုပ်ပြီး ဝတ်ဆင်ခြင်းအားဖြင့် ကာမစွမ်းအား ကောင်းစေပြီး သားသမီး ထွန်းကားစေသည်ဟု ယုံကြည်ခဲ့ကြပါသည်။ မြုံသူများအတွက် အသုံးပြုပေးနိုင်သည်။

ပယင်းကို ဝတ်ဆင်ခြင်းအားဖြင့် လူသား၏ ကျန်းမာရေးကို အထောက်အကူဖြစ်စေသည်။ နားထိုင်းခြင်း၊ မြုံခြင်း၊ လည်မျိုနာ၊ နားကိုက်ခြင်း၊ လေးဘက်နာ၊ အစာမကြေခြင်းနှင့် ကိုယ်ခန္ဓာတွင်း၌ ဖြစ်သော ရောဂါများကို သက်သာစေပြီး အကာကွယ်ဖြစ်စေသည်။ ပယင်းလုံးကို လက်ထဲတွင် ဆုပ်ကိုင် ကစားပေးခြင်းဖြင့် ဖျားနာသူများအား သက်သာ ပျောက်ကင်းစေသည်ဟု ဆိုကြသည်။ ထို့ပြင် ပယင်းသည် ဝတ်ဆင်သူ၏ မျက်စိအမြင်အားကို တိုးတက်ကောင်းမွန် စေနိုင်ပါသည်။ ပယင်းမှုန့်ကို သားဖွားသူ မိခင်လောင်း၏ အနီးတွင် မီးရှို့ပေးခြင်း (သို့) မီးခဲပေါ်တွင် အမှုန့်ဖြူးပေးခြင်းဖြင့် သားဖွားရ လွယ်ကူသည်ဟု ရှေးက ယုံကြည်ဆောင်ရွက်ခဲ့ကြသည်။

ပယင်း၏ ဂမ္ဘီရ လောကီပညာ အသုံးဝင်မှုမှာ အထက်က ဖော်ပြခဲ့သည်ထက် များစွာကျယ်ပြန့်ပါသည်။ ဝတ်ဆင်သူ အား အင်အား တိုးတက်စေပြီး စီးပွားရေး အောင်မြင်စေခြင်း၊ စန်းပွင့်စေသည့် အချစ်ရေး အဆောင်ကောင်းဖြစ်ခြင်း စသည်ဖြင့် များစွာ အသုံးပြုနိုင်သေးသည်။ ပယင်းမှုန့် ကို မည်သည့် အမွှေးတိုင်တွင်မဆို ထည့်သွင်း ပြုလုပ်ခြင်းဖြင့် ပိုမို ထိရောက်သော စွမ်းအားကို ဖြစ်စေပါသည်။

ထိုကြောင့် အချုပ်အားဖြင့် အာနိသင် စွမ်းပကားကြီးမားသော တန်းဝင်ရတနာ တစ်ပါး ဖြစ်သည်။ ပယင်းကို လက်ဝတ်ရတနာအဖြစ် အလှဆင် အသုံးပြုသော ဖန်စီပစ္စည်းသက်သက်ထက် အဆပေါင်းများစွာ သာလွန်သော လောကီ အကျိူးကျေးဇူးများကို ရရှိခံစားရမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

Credit – မှီငြမ်း – ဟိန်း (ဘူမိ)၏ ပယင်း အကြောင်း

Credit – Aung Siam Gold & Jewellery shop

Leave a Reply

Your email address will not be published. Required fields are marked *