ဗဟုတုသ

အရက္မေသာက္ ေဆးလိပ္မေသာက္ဘဲ ေရာဂါေတြ ျဖစ္ေနတဲ့ တရားခံမႈိ

[Zawgyi version]
အရက္မေသာက္ ေဆးလိပ္မေသာက္ဘဲ ေရာဂါေတြ ျဖစ္ေနတဲ့ တရားခံမႈိ

ဒီေန႔ညစာစားၿပီးေတာ့ ခံတြင္းနည္းနည္း ခ်ဥ္သလိုလိုရွိတာမို႔ မလ်က္တာ ၾကာၿပီျဖစ္တဲ့ လ်က္ဆားပုလင္းကို လွမ္းယူၿပီး ဖြင့္လိုက္မိတယ္…လက္နဲ႔ႏႈိက္ၿပီး လ်က္မယ္ေပါ့…လက္နဲ႔ႏႈိက္ၾကည့္တဲ့အခါ လက္ရဲ႕အထိအေတြ႕က မြမြေလးျဖစ္ေနေတာ့ စိတ္ထဲ မသကၤာတာနဲ႔ လ်က္ဆားပုလင္းထဲကို ဓာတ္မီးနဲ႔ ထိုးၾကည့္မိတယ္…

လားလား…မႈိေတြ… ပုလင္းထဲမွာ ျပည့္လို႔…ဒါက မ်က္ေစ့နဲ႔ျမင္ရတဲ့ အ႐ြယ္ေရာက္လာလို႔…သူတို႔ေတာ္ေတာ္ႀကီးေနေရာေပါ့…ဒါနဲ႔ တစ္ဆက္ထဲ ေတြးမိတယ္…အရပ္ထဲမွာ ေျပာေျပာေနၾကတာေလးကိုပါ…

အဲ့ဒီကေလးက လူေကာင္းကေလး…အရက္လည္းမေသာက္၊ အသည္းေရာင္ပိုးေတြ ဘာေတြလည္းမရွိဘဲနဲ႔အခုေတာ့ အသည္းကင္ဆာျဖစ္လို႔တဲ့…´ ဆိုတဲ့ စကားေလးေတြအေၾကာင္းေလ…

တကယ္ေတာ့…မႈိ…အဲ့ဒီမႈိေတြေၾကာင့္ပါပဲေလ…အဲ့ဒီမႈိေတြက ထုတ္တဲ့ မႈိဆိပ္( Mycotoxin) ေတြေၾကာင့္သာ အသည္းပ်က္စီးၾကတာ…ကြၽန္ေတာ္တို႔ႏိုင္ငံလို က်န္းမာေရးအသိ၊ က်န္းမာေရးသတိ နည္းတဲ့ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာ အမ်ားဆုံး ခံရတာပဲေလ…ကမာၻေပၚမွာ မႈိမ်ိဳးစိတ္ေပါင္း တစ္သန္းခြဲေလာက္ရွိတဲ့အထဲက မ်ိဳးစိတ္ ၃၀၀ ေလာက္က လူေတြကို အႏၲရာယ္ေပးၾကတယ္ေလ…

စနစ္တက် ထုပ္ပိုးမထားတဲ့ တိုင္းရင္းေဆး ေတြအမ်ားစုမွာ အပူခ်ိန္နဲ႔ စိုစြတ္မႈေတြအေပၚမွာ မူတည္ၿပီးေတာ့ မႈိေတြ ေပါက္လာႏိုင္ပါတယ္…

အထူးသျဖင့္ေတာ့ Aspergillus နဲ႔ Penicillium မႈိမ်ိဳးစိတ္ေတြ ေပါက္ေနတာမ်ားပါတယ္… အဲ့ဒီမႈိေတြက မႈိဆိပ္ေတြထုတ္ေပးပါတယ္… မႈိဆိပ္ေၾကာင့္ အသည္း၊ ေက်ာက္ကပ္၊ ဦးေဏွာက္ႏွင့္ အာ႐ုံေၾကာအဖြဲ႕အစည္း၊ ႂကြက္သား၊ အေရျပား၊ အသက္ရွဴအဂၤါမ်ား၊ အစာအိမ္ႏွင့္အူလမ္းေၾကာင္း၊ မ်ိဳးပြားလိင္အဂၤါေတြပါမက်န္ ဆိုးဆိုး႐ြား႐ြား ထိခိုက္ပ်က္စီးေစႏိုင္ပါတယ္…

မႈိဆိပ္အေၾကာင္း အၾကမ္းဖ်င္းေျပာရရင္Aspergillus ဆိုတဲ့မႈိမ်ိဳးစိတ္ထဲက A. flavus နဲ႔ A.parasitius ဆိုတဲ့ မႈိကေန Aflatoxin လို႔ေခၚတဲ့ မႈိဆိပ္ကို အဓိက ထုတ္ေပးပါ တယ္…

ဒီမႈိဆိပ္က အသည္းကင္ဆာ ျဖစ္ေစတဲ့အထိ ျပင္းထန္ပါတယ္… ေျမပဲ၊ ေျမပဲနဲ႔လုပ္ထားတဲ့မုန႔္၊ ေျပာင္း၊ င႐ုတ္သီးေျခာက္၊ ဂ်ဳံ၊ င႐ုတ္၊ ေနၾကာေစ့၊ မက္မြန္သီး၊ သစ္ၾကားသီး၊ င႐ုတ္ေကာင္းမႈန႔္၊ မဆလာ၊ တ႐ုတ္နံနံေစ့၊ စနစ္တက်မထုပ္ပိုးေသာ တိုင္းရင္းေဆး/လ်က္ဆား၊ ပရေဆးအခ်ိဳ႕မွာ အမ်ားဆုံး ပါဝင္ပါတယ္…

Aflatoxin ေတြဟာ အဆိပ္သင့္ႏႈန္းျမင့္ၿပီး ကင္ဆာျဖစ္ေစႏိုင္၊ သေႏၶသား အဂၤါထိခိုက္ေစႏိုင္တဲ့ အႏၲရာယ္ အျမင့္ဆုံးရွိတဲ့ မႈိဆိပ္ျဖစ္ပါတယ္…A.fumigates ဆိုတဲ့ မႈိဟာလည္း ကိုယ္ခံအားနည္းတဲ့သူ၊ အဆုတ္ေရာဂါရွိတဲ့သူေတြမွာ ျပင္းထန္တဲ့ မႈိဆိပ္သင့္ေရာဂါ၊ ဓာတ္မတည့္မူ ေရာဂါျဖစ္ေစပါတယ္…

Aspergillosis လို႔ေခၚတဲ့ မႈိစြဲေရာဂါေၾကာင့္ ပန္းနာရင္ၾကပ္ပုံစံအဆုတ္ေရာဂါျဖစ္တတ္ပါတယ္…A.niger မႈိကထုတ္တဲ့ Ochratoxin A နဲ႔ Fumonisin B2 လို႔ေခၚတဲ့ မႈိဆိပ္ကလည္း အသည္း၊ အဆုတ္၊ ေက်ာက္ကပ္ေတြကို ပ်က္စီးေစပါတယ္…

Penicillium မ်ိဳးစိတ္ထဲက P.Rubrum ဆိုတဲ့ မႈိကထုတ္တဲ့ Rubrum မႈိဆိပ္ကေတာ့ ဗိုက္ေအာင့္၊ အသားဝါ၊ တက္ျခင္း တို႔ကိုျဖစ္ေစၿပီး P. Citrinum ကထုတ္တဲ့ Citrinin မႈိဆိပ္ကေတာ့ ေက်ာက္ကပ္ကို အဆိပ္သင့္ေစပါတယ္။ တျခား မႈိမ်ိဳးစိတ္ေတြကိုေတာ့ မေျပာေတာ့ပါဘူး…

မႈိဆိပ္သင့္ၿပီဆိုရင္ အရင္ဆုံး ခံစားရတာေတြက အစားအေသာက္ ပ်က္မယ္၊ မအီမသာျဖစ္မယ္၊ ဘာေၾကာင့္မွန္းမသိဘဲ အဖ်ားေငြ႕ေငြ႕ဖ်ားေနမယ္…တျဖည္းျဖည္း ၾကာလာၿပီဆိုရင္ ပ်ိဳ႕အန္တာေတြ၊ ဗိုက္ေအာင့္တာေတြ၊ အသည္းေရာင္တာေတြ၊ အသားဝါတာ၊ အသည္းပ်က္စီးတာေတြ၊ အသည္းကင္ဆာျဖစ္တာေတြအထိ ျဖစ္လာၿပီး အသက္အႏၲရာယ္ျဖစ္ေစပါလိမ့္မယ္…

ဒီမႈိဆိပ္မသင့္ေအာင္ အစာစားတဲ့အခါ အတတ္ႏိုင္ဆုံး သတိထားရမွာျဖစ္ပါတယ္…Chlorophyll မ်ားမ်ားပါတဲ့ အစိမ္းေရာင္ရွိတဲ့ အသီးအ႐ြက္ေတြက မႈိဆိပ္သင့္ျခင္းကို သုံးပုံ ႏွစ္ပုံခန႔္ အထိ ေလွ်ာ့ခ်ေပးႏိုင္တယ္လို႔ ေလ့လာမႈတစ္ခုက ေတြ႕ရွိထားတာရွိပါတယ္…ဒါေၾကာင့္ အစိမ္းေရာင္ရွိတဲ့ ဟင္းသီးဟင္း႐ြက္ေတြ မ်ားမ်ားစားျခင္းဟာ က်န္းမာေရး အတြက္ အမွန္တကယ္ အေထာက္အကူျပဳပါလိမ့္မယ္…

ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ကင္ဆာျဖစ္ပြားႏႈန္း ေၾကာက္ခန္းလိလိတက္လာေနတာ ေတြ႕ေနရပါတယ္..အဓိက အေၾကာင္းရင္းကေတာ့ အစားအေသာက္ေတြေၾကာင့္ပါ…အခု ကြၽန္ေတာ္ေရးျပခဲ့တဲ့ မႈိဆိပ္သင့္တာဟာ အဲ့ဒီအေၾကာင္းရင္းေတြထဲက လူေတာ္ေတာ္မ်ားမ်ား သတိမထားမိၾကတဲ့အေၾကာင္းရင္းတစ္ခုပါ…

ဒါေၾကာင့္ဒီစာေလးကို ဖတ္ၿပီးကိုယ့္အတြက္၊ ကိုယ့္မိသားစုအတြက္၊ ကိုယ့္ႏိုင္ငံအတြက္၊ လူသားေတြအတြက္ တစ္ေထာင့္ တစ္ေနရာက အက်ိဳးရွိသြားမယ္ဆိုရင္ကြၽန္ေတာ္ ေက်နပ္ပါၿပီ…အားလုံးပဲစိတ္ခ်မ္းသာလို႔ ကိုယ္က်န္းမာႏိုင္ၾကပါေစ…။

Credit –
Dr.NLA ( Nay Lin Aung )
(Pyaw Bwe)

August 3, 2017 ေန႔တြင္ Myanamr Plus မွ ထုတ္လႊင့္ခ်က္အား ျပန္လည္ကူးယူ ေဖၚျပထားပါသည္။
Via – MiMiTun

[Unicode version]
အရက်မသောက် ဆေးလိပ်မသောက်ဘဲ ရောဂါတွေ ဖြစ်နေတဲ့ တရားခံမှို

ဒီနေ့ညစာစားပြီးတော့ ခံတွင်းနည်းနည်း ချဉ်သလိုလိုရှိတာမို့ မလျက်တာ ကြာပြီဖြစ်တဲ့ လျက်ဆားပုလင်းကို လှမ်းယူပြီး ဖွင့်လိုက်မိတယ်…လက်နဲ့နှိုက်ပြီး လျက်မယ်ပေါ့…လက်နဲ့နှိုက်ကြည့်တဲ့အခါ လက်ရဲ့အထိအတွေ့က မွမွလေးဖြစ်နေတော့ စိတ်ထဲ မသင်္ကာတာနဲ့ လျက်ဆားပုလင်းထဲကို ဓာတ်မီးနဲ့ ထိုးကြည့်မိတယ်…

လားလား…မှိုတွေ… ပုလင်းထဲမှာ ပြည့်လို့…ဒါက မျက်စေ့နဲ့မြင်ရတဲ့ အရွယ်ရောက်လာလို့…သူတို့တော်တော်ကြီးနေရောပေါ့…ဒါနဲ့ တစ်ဆက်ထဲ တွေးမိတယ်…အရပ်ထဲမှာ ပြောပြောနေကြတာလေးကိုပါ…

အဲ့ဒီကလေးက လူကောင်းကလေး…အရက်လည်းမသောက်၊ အသည်းရောင်ပိုးတွေ ဘာတွေလည်းမရှိဘဲနဲ့အခုတော့ အသည်းကင်ဆာဖြစ်လို့တဲ့…´ ဆိုတဲ့ စကားလေးတွေအကြောင်းလေ…

တကယ်တော့…မှို…အဲ့ဒီမှိုတွေကြောင့်ပါပဲလေ…အဲ့ဒီမှိုတွေက ထုတ်တဲ့ မှိုဆိပ်( Mycotoxin) တွေကြောင့်သာ အသည်းပျက်စီးကြတာ…ကျွန်တော်တို့နိုင်ငံလို ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိ နည်းတဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အများဆုံး ခံရတာပဲလေ…ကမ္ဘာပေါ်မှာ မှိုမျိုးစိတ်ပေါင်း တစ်သန်းခွဲလောက်ရှိတဲ့အထဲက မျိုးစိတ် ၃၀၀ လောက်က လူတွေကို အန္တရာယ်ပေးကြတယ်လေ…

စနစ်တကျ ထုပ်ပိုးမထားတဲ့ တိုင်းရင်းဆေး တွေအများစုမှာ အပူချိန်နဲ့ စိုစွတ်မှုတွေအပေါ်မှာ မူတည်ပြီးတော့ မှိုတွေ ပေါက်လာနိုင်ပါတယ်…

အထူးသဖြင့်တော့ Aspergillus နဲ့ Penicillium မှိုမျိုးစိတ်တွေ ပေါက်နေတာများပါတယ်… အဲ့ဒီမှိုတွေက မှိုဆိပ်တွေထုတ်ပေးပါတယ်… မှိုဆိပ်ကြောင့် အသည်း၊ ကျောက်ကပ်၊ ဦးဏှောက်နှင့် အာရုံကြောအဖွဲ့အစည်း၊ ကြွက်သား၊ အရေပြား၊ အသက်ရှူအင်္ဂါများ၊ အစာအိမ်နှင့်အူလမ်းကြောင်း၊ မျိုးပွားလိင်အင်္ဂါတွေပါမကျန် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေနိုင်ပါတယ်…

မှိုဆိပ်အကြောင်း အကြမ်းဖျင်းပြောရရင်Aspergillus ဆိုတဲ့မှိုမျိုးစိတ်ထဲက A. flavus နဲ့ A.parasitius ဆိုတဲ့ မှိုကနေ Aflatoxin လို့ခေါ်တဲ့ မှိုဆိပ်ကို အဓိက ထုတ်ပေးပါ တယ်…

ဒီမှိုဆိပ်က အသည်းကင်ဆာ ဖြစ်စေတဲ့အထိ ပြင်းထန်ပါတယ်… မြေပဲ၊ မြေပဲနဲ့လုပ်ထားတဲ့မုန့်၊ ပြောင်း၊ ငရုတ်သီးခြောက်၊ ဂျုံ၊ ငရုတ်၊ နေကြာစေ့၊ မက်မွန်သီး၊ သစ်ကြားသီး၊ ငရုတ်ကောင်းမှုန့်၊ မဆလာ၊ တရုတ်နံနံစေ့၊ စနစ်တကျမထုပ်ပိုးသော တိုင်းရင်းဆေး/လျက်ဆား၊ ပရဆေးအချို့မှာ အများဆုံး ပါဝင်ပါတယ်…

Aflatoxin တွေဟာ အဆိပ်သင့်နှုန်းမြင့်ပြီး ကင်ဆာဖြစ်စေနိုင်၊ သန္ဓေသား အင်္ဂါထိခိုက်စေနိုင်တဲ့ အန္တရာယ် အမြင့်ဆုံးရှိတဲ့ မှိုဆိပ်ဖြစ်ပါတယ်…A.fumigates ဆိုတဲ့ မှိုဟာလည်း ကိုယ်ခံအားနည်းတဲ့သူ၊ အဆုတ်ရောဂါရှိတဲ့သူတွေမှာ ပြင်းထန်တဲ့ မှိုဆိပ်သင့်ရောဂါ၊ ဓာတ်မတည့်မူ ရောဂါဖြစ်စေပါတယ်…

Aspergillosis လို့ခေါ်တဲ့ မှိုစွဲရောဂါကြောင့် ပန်းနာရင်ကြပ်ပုံစံအဆုတ်ရောဂါဖြစ်တတ်ပါတယ်…A.niger မှိုကထုတ်တဲ့ Ochratoxin A နဲ့ Fumonisin B2 လို့ခေါ်တဲ့ မှိုဆိပ်ကလည်း အသည်း၊ အဆုတ်၊ ကျောက်ကပ်တွေကို ပျက်စီးစေပါတယ်…

Penicillium မျိုးစိတ်ထဲက P.Rubrum ဆိုတဲ့ မှိုကထုတ်တဲ့ Rubrum မှိုဆိပ်ကတော့ ဗိုက်အောင့်၊ အသားဝါ၊ တက်ခြင်း တို့ကိုဖြစ်စေပြီး P. Citrinum ကထုတ်တဲ့ Citrinin မှိုဆိပ်ကတော့ ကျောက်ကပ်ကို အဆိပ်သင့်စေပါတယ်။ တခြား မှိုမျိုးစိတ်တွေကိုတော့ မပြောတော့ပါဘူး…

မှိုဆိပ်သင့်ပြီဆိုရင် အရင်ဆုံး ခံစားရတာတွေက အစားအသောက် ပျက်မယ်၊ မအီမသာဖြစ်မယ်၊ ဘာကြောင့်မှန်းမသိဘဲ အဖျားငွေ့ငွေ့ဖျားနေမယ်…တဖြည်းဖြည်း ကြာလာပြီဆိုရင် ပျို့အန်တာတွေ၊ ဗိုက်အောင့်တာတွေ၊ အသည်းရောင်တာတွေ၊ အသားဝါတာ၊ အသည်းပျက်စီးတာတွေ၊ အသည်းကင်ဆာဖြစ်တာတွေအထိ ဖြစ်လာပြီး အသက်အန္တရာယ်ဖြစ်စေပါလိမ့်မယ်…

ဒီမှိုဆိပ်မသင့်အောင် အစာစားတဲ့အခါ အတတ်နိုင်ဆုံး သတိထားရမှာဖြစ်ပါတယ်…Chlorophyll များများပါတဲ့ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေက မှိုဆိပ်သင့်ခြင်းကို သုံးပုံ နှစ်ပုံခန့် အထိ လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုတစ်ခုက တွေ့ရှိထားတာရှိပါတယ်…ဒါကြောင့် အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ များများစားခြင်းဟာ ကျန်းမာရေး အတွက် အမှန်တကယ် အထောက်အကူပြုပါလိမ့်မယ်…

ကျွန်တော်တို့နိုင်ငံဟာ ကင်ဆာဖြစ်ပွားနှုန်း ကြောက်ခန်းလိလိတက်လာနေတာ တွေ့နေရပါတယ်..အဓိက အကြောင်းရင်းကတော့ အစားအသောက်တွေကြောင့်ပါ…အခု ကျွန်တော်ရေးပြခဲ့တဲ့ မှိုဆိပ်သင့်တာဟာ အဲ့ဒီအကြောင်းရင်းတွေထဲက လူတော်တော်များများ သတိမထားမိကြတဲ့အကြောင်းရင်းတစ်ခုပါ…

ဒါကြောင့်ဒီစာလေးကို ဖတ်ပြီးကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်နိုင်ငံအတွက်၊ လူသားတွေအတွက် တစ်ထောင့် တစ်နေရာက အကျိုးရှိသွားမယ်ဆိုရင်ကျွန်တော် ကျေနပ်ပါပြီ…အားလုံးပဲစိတ်ချမ်းသာလို့ ကိုယ်ကျန်းမာနိုင်ကြပါစေ…။

Credit –
Dr.NLA ( Nay Lin Aung )
(Pyaw Bwe)

August 3, 2017 နေ့တွင် Myanamr Plus မှ ထုတ်လွှင့်ချက်အား ပြန်လည်ကူးယူ ဖေါ်ပြထားပါသည်။
Via – MiMiTun

Leave a Reply

Your email address will not be published. Required fields are marked *