ဗဟုတုသ

အားျဖည့္အခ်ိဳရည္ (Energy Drink) ေန႔စဥ္ေသာက္သုံးျခင္းေၾကာင့္ ျဖစ္လာႏိုင္တဲ့ ဆိုးက်ိဳးမ်ား

[Zawgyi version]

အားျဖည့္အခ်ိဳရည္ (Energy Drink) ေန႔စဥ္ေသာက္သုံးျခင္းေၾကာင့္ ျဖစ္လာႏိုင္တဲ့ ဆိုးက်ိဳးမ်ား

ဒီေန႔ေခတ္မွာ အားျဖည့္အခ်ိဳရည္ (Energy Drink) ေတြဟာ တံဆိပ္အမ်ိဳးစုံနဲ႔ အမ်ိဳးမ်ိဳး ေဈးကြက္ထဲမွာ ေရာင္းခ်ေနသလို လူေတြကလည္း လြယ္လြယ္ပဲ ႐ိုး႐ိုးအခ်ိဳရည္ေတြလို အေမာေျပအျဖစ္ အရသာခံၿပီး ေန႔စဥ္ေသာက္သုံးေနတာကို ေတြ႕ေနရပါတယ္။ ဒါဟာ အလြန္အႏၲရာယ္ရွိၿပီး ျပင္းထန္တဲ့က်န္းမာေရးဆိုးက်ိဳးေတြကို ခံစားရေစႏိုင္ပါတယ္။

အားျဖည့္အခ်ိဳရည္ေတြကို အေသာက္မ်ားမယ္ဆိုရင္ က်န္းမာေရးအတြက္ ထိခိုက္မႈေတြရွိလာႏိုင္ၿပီး ေသေစႏိုင္ေလာက္တဲ့အထိ ျဖစ္သြားတာမ်ိဳးလဲ ႀကဳံရႏိုင္ပါတယ္။

ဘာေၾကာင့္လဲဆိုရင္ အားျဖည့္အခ်ိဳရည္ေတြဟာ ႏွလုံးခုန္ႏႈန္းကို ျမန္ေစၿပီး လန္းဆန္းေအာင္ ျပဳလုပ္ေပးေလ့ရွိတာေၾကာင့္ ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ ႏွလုံးေရာဂါ၊ ႏွလုံးကိုပ်က္စီးေစတာေတြ ျဖစ္လာေစႏိုင္ပါတယ္။

တစ္ေန႔ကို အားျဖည့္အခ်ိဳရည္ ၄ ဗူးကေန ၅ ဗူးေလာက္ေသာက္တဲ့ ေဆာက္လုပ္ေရးလုပ္သားတစ္ေယာက္ကို ၃ ပတ္ၾကာေလ့လာလိုက္တဲ့အခါ ဆိုး႐ြားတဲ့ အသည္းေရာင္ျခင္း၊ မအီမသာ ပ်ိဳ႕အန္ျခင္းနဲ႔ ဝမ္းဗိုက္ေအာင့္ျခင္းေတြ ျဖစ္ေပၚလာတာကို ေလ့လာေတြ႕ရွိခဲ့ပါတယ္။ အသားအေရာင္ေတြဟာ ဝါလာၿပီး အေရးေပၚကုသမႈခံခဲ့တဲ့အထိ ျဖစ္သြားေစတာပါ။

ဗီတာမင္ ဘီ အုပ္စုဝင္ ဗီတာမင္တစ္မ်ိဳး ျဖစ္တဲ့ ႏိုင္ယာစင္ (niacin) မ်ားလာတာေၾကာင့္ အသည္းကို ဖ်က္ဆီးသလို ျဖစ္ေစတယ္လို႔ဆိုပါတယ္။ ဒါေၾကာင့္ မေသာက္နဲ႔လို႔ေတာ့ ဆိုလိုတာမဟုတ္ဘဲ ေန႔စဥ္အၿမဲ ေသာက္သုံးတာကို တတ္ႏိုင္သေလာက္ ေရွာင္ၾကဥ္ၾကဖို႔လိုအပ္ပါတယ္။

Ref : Men’sHealth “Your Energy Drink Is Killing You From The Inside”
Cj (႐ိုးရာေလး)
www.yoyarlay.com
Credit – Yoyarlay

[Unicode version]
အားဖြည့်အချိုရည် (Energy Drink) နေ့စဉ်သောက်သုံးခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ

ဒီနေ့ခေတ်မှာ အားဖြည့်အချိုရည် (Energy Drink) တွေဟာ တံဆိပ်အမျိုးစုံနဲ့ အမျိုးမျိုး ဈေးကွက်ထဲမှာ ရောင်းချနေသလို လူတွေကလည်း လွယ်လွယ်ပဲ ရိုးရိုးအချိုရည်တွေလို အမောပြေအဖြစ် အရသာခံပြီး နေ့စဉ်သောက်သုံးနေတာကို တွေ့နေရပါတယ်။ ဒါဟာ အလွန်အန္တရာယ်ရှိပြီး ပြင်းထန်တဲ့ကျန်းမာရေးဆိုးကျိုးတွေကို ခံစားရစေနိုင်ပါတယ်။

အားဖြည့်အချိုရည်တွေကို အသောက်များမယ်ဆိုရင် ကျန်းမာရေးအတွက် ထိခိုက်မှုတွေရှိလာနိုင်ပြီး သေစေနိုင်လောက်တဲ့အထိ ဖြစ်သွားတာမျိုးလဲ ကြုံရနိုင်ပါတယ်။

ဘာကြောင့်လဲဆိုရင် အားဖြည့်အချိုရည်တွေဟာ နှလုံးခုန်နှုန်းကို မြန်စေပြီး လန်းဆန်းအောင် ပြုလုပ်ပေးလေ့ရှိတာကြောင့် ဘေးထွက်ဆိုးကျိုးအနေနဲ့ နှလုံးရောဂါ၊ နှလုံးကိုပျက်စီးစေတာတွေ ဖြစ်လာစေနိုင်ပါတယ်။

တစ်နေ့ကို အားဖြည့်အချိုရည် ၄ ဗူးကနေ ၅ ဗူးလောက်သောက်တဲ့ ဆောက်လုပ်ရေးလုပ်သားတစ်ယောက်ကို ၃ ပတ်ကြာလေ့လာလိုက်တဲ့အခါ ဆိုးရွားတဲ့ အသည်းရောင်ခြင်း၊ မအီမသာ ပျို့အန်ခြင်းနဲ့ ဝမ်းဗိုက်အောင့်ခြင်းတွေ ဖြစ်ပေါ်လာတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ အသားအရောင်တွေဟာ ဝါလာပြီး အရေးပေါ်ကုသမှုခံခဲ့တဲ့ အထိ ဖြစ်သွားစေတာပါ။

ဗီတာမင် ဘီ အုပ်စုဝင် ဗီတာမင်တစ်မျိုးဖြစ်တဲ့ နိုင်ယာစင် (niacin) များလာတာကြောင့် အသည်းကို ဖျက်ဆီးသလို ဖြစ်စေတယ်လို့ဆိုပါတယ်။ ဒါကြောင့် မသောက်နဲ့လို့တော့ ဆိုလိုတာမဟုတ်ဘဲ နေ့စဉ်အမြဲ သောက်သုံးတာကို တတ်နိုင်သလောက် ရှောင်ကြဉ်ကြဖို့လိုအပ်ပါတယ်။

Ref : Men’sHealth “Your Energy Drink Is Killing You From The Inside”
Cj (ရိုးရာလေး)
www.yoyarlay.com
Credit – Yoyarlay

Leave a Reply

Your email address will not be published. Required fields are marked *