ဗဟုတုသ

ျခင္ေဆးတစ္ေခြသည္ ေဆးလိပ္ ၁၃၀ ေက်ာ္ႏွင့္ ညီမွ်

[Zawgyi version]
ျခင္ေဆးေခြတစ္ေခြတြင္ ပါဝင္ေသာ ဓာတုေဗဒ ပစၥည္းမ်ားသည္ ေဆးလိပ္အေရအတြက္ ၆၀ ေက်ာ္မွ ၁၃ဝ ေက်ာ္အထိ ပါဝင္ေသာ ဓာတုပစၥည္းမ်ားႏွင့္ ညီမွ်သျဖင့္ ျခင္ေဆးေခြကို ေန႔စဥ္ ရွဴရႈိက္ေနရ သူမ်ား အေနျဖင့္ သာမန္ေဆးလိပ္ေသာက္သူမ်ားထက္ အသက္အႏၲရာယ္ ပိုမိုျဖစ္ပြားႏိုင္ေၾကာင္း သိရသည္။

ယင္းႏွင့္ပတ္သက္ၿပီး ဓာတုကုန္ထုတ္လုပ္သူမ်ား အသင္းမွ အလုပ္အမႈေဆာင္ ေဒၚစႏၵီေအာင္က “ေဆးလိပ္ေသာက္တဲ့သူေတာင္ က်န္းမာေရးကို ထိခိုက္ႏိုင္တာ။ ျခင္ေဆးေခြမွာ ပါဝင္တဲ့ ပိုးသတ္ေဆး ပမာဏက ေဆးလိပ္ေပါင္း ေျမာက္ျမားစြာနဲ႔ညီမွ်တယ္လို႔ သုေတသန ျပဳလုပ္ခ်က္အရသိရတယ္။ သုေတသနျပဳတဲ့ ျခင္ေဆးေခြမွာ ပါတဲ့ ပိုးသတ္ေဆးပမာဏ အေပၚမူတည္ၿပီး ဘယ္ႏွလိပ္နဲ႔ညီမွ်တယ္လို႔သာ ကြာသြားတာ။ ဒါေၾကာင့္ ျခင္ေဆးေငြ႕ကိုရွဴ ရႈိက္တဲ့သူေတြက ေဆးလိပ္ေသာက္သူေတြထက္ အသက္အႏၲရာယ္ ပိုျဖစ္ႏိုင္တဲ့အတြက္ ျခင္ေဆးေခြအစား ႐ိုးရာနႏြင္းတက္ကိုပဲ သုံးသင့္တယ္”ဟု ထုတ္ေဖာ္ ေျပာသည္။

“ျခင္ေဆးေခြတစ္ေခြထြန္း ထားတယ္ဆိုရင္ ျခင္ကိုထိခိုက္ေစတာက နည္းနည္းပါ။ အမွန္တကယ္က အဲဒီျခင္ေဆးေခြ အနီးမွာရွိေနတဲ့ လူႀကီးေတြ၊ ကေလးေတြက ပိုၿပီးရွဴမိတဲ့ ပမာဏပိုမ်ားပါတယ္။ ကေလး ေတြမွာ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါျဖစ္ရတာက ျခင္ေဆးေခြထြန္းတာ အဓိက အေၾကာင္းအရင္းျဖစ္ပါတယ္။ တစ္ရက္တည္းနဲ႔ ျခင္ေဆးေငြ႕ေတြကို အၾကာႀကီးရွဴမိရင္လဲ အသက္အႏၲရာယ္ ျဖစ္ႏိုင္သလို ေန႔စဥ္ရွဴရင္လဲ ေရရွည္အဆိပ္သင့္ၿပီး အသက္အႏၲရာယ္ျဖစ္ႏိုင္ပါတယ္။ က်န္းမာေရးဌာနအေနနဲ႔ ျခင္ေဆးေခြထြန္းတာကို လုံးဝအားမေပးပါဘူး။ ကန႔္ကြက္ပါတယ္” ဟု က်န္းမာေရး ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး (ေရာဂါႏွိမ္နင္းေရး) ေဒါက္တာ သာထြန္းေက်ာ္က ထုတ္ေဖာ္ေျပာ ၾကားလိုက္သည္။

ျခင္ေဆးေခြတြင္ မ်ားေသာအားျဖင့္ ျခင္မ်ားေျပးေစရန္ႏွင့္ ျခင္မ်ားေသေစရန္ Pyrethroid အုပ္စုမွ Permethrin ပိုးသတ္ေဆးမ်ားကို အမ်ားဆုံး အသုံးျပဳရၿပီး တခ်ိဳ႕ေသာ ျခင္ေဆးေခြမ်ားမွာ Deltamethrin ပိုးသတ္ေဆးကို အသုံးျပဳၾကေၾကာင္း၊ ျဖစ္ႏိုင္ပါက ျခင္ေဆးေခြကို လုံးဝမထြန္းဘဲ အႏၲရာယ္မရွိေသာ ျခင္ေျပးေစသည့္ မီးသီး၊ မီးေခ်ာင္း၊ ျခင္ေျပးစက္၊ ျခင္လုံဆန္ခါစသည့္ တျခားေသာ နည္းလမ္းမ်ားကိုသာ အသုံးျပဳသင့္ေၾကာင္း၊ ျခင္မကိုက္ရန္အတြက္ လိမ္းေသာ လိမ္းေဆးမ်ားကို ပိုးသတ္ေဆးမ်ား ပါဝင္ပါက အေရျပားမွတစ္ဆင့္ စိမ့္ဝင္ႏိုင္သျဖင့္ ေရရွည္အသုံးမျပဳသင့္ေၾကာင္း သိရသည္။

Credit –
ေႏြဦးလင္း
Yangon Media Group

[Unicode version]
ခြင်ဆေးခွေတစ်ခွေတွင် ပါဝင်သော ဓာတုဗေဒ ပစ္စည်းများသည် ဆေးလိပ်အရေအတွက် ၆၀ ကျော်မှ ၁၃ဝ ကျော်အထိ ပါဝင်သော ဓာတုပစ္စည်းများနှင့် ညီမျှသဖြင့် ခြင်ဆေးခွေကို နေ့စဉ် ရှူရှိုက်နေရ သူများ အနေဖြင့် သာမန်ဆေးလိပ်သောက်သူများထက် အသက်အန္တရာယ် ပိုမိုဖြစ်ပွားနိုင်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဓာတုကုန်ထုတ်လုပ်သူများ အသင်းမှ အလုပ်အမှုဆောင် ဒေါ်စန္ဒီအောင်က “ဆေးလိပ်သောက် တဲ့သူတောင် ကျန်းမာရေးကို ထိခိုက်နိုင်တာ။ ခြင်ဆေးခွေမှာ ပါဝင်တဲ့ ပိုးသတ်ဆေး ပမာဏက ဆေးလိပ်ပေါင်း မြောက်မြားစွာနဲ့ညီမျှတယ်လို့ သုတေသန ပြုလုပ်ချက်အရသိရတယ်။ သုတေသနပြုတဲ့ ခြင်ဆေးခွေမှာ ပါတဲ့ ပိုးသတ်ဆေးပမာဏ အပေါ်မူတည်ပြီး ဘယ်နှလိပ်နဲ့ညီမျှတယ်လို့သာ ကွာသွားတာ။ ဒါကြောင့် ခြင်ဆေးငွေ့ကိုရှူ ရှိုက်တဲ့သူတွေက ဆေးလိပ်သောက်သူတွေထက် အသက်အန္တရာယ် ပိုဖြစ်နိုင်တဲ့အတွက် ခြင်ဆေးခွေအစား ရိုးရာနနွင်းတက်ကိုပဲ သုံးသင့်တယ်”ဟု ထုတ်ဖော် ပြောသည်။

“ခြင်ဆေးခွေတစ်ခွေထွန်း ထားတယ်ဆိုရင် ခြင်ကိုထိခိုက်စေတာက နည်းနည်းပါ။ အမှန်တကယ်က အဲဒီခြင်ဆေးခွေ အနီးမှာရှိနေတဲ့ လူကြီးတွေ၊ ကလေးတွေက ပိုပြီးရှူမိတဲ့ ပမာဏပိုများပါတယ်။ ကလေး တွေမှာ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါဖြစ်ရတာက ခြင်ဆေးခွေထွန်းတာ အဓိက အကြောင်းအရင်းဖြစ်ပါတယ်။ တစ်ရက်တည်းနဲ့ ခြင်ဆေးငွေ့တွေကို အကြာကြီးရှူမိရင်လဲ အသက်အန္တရာယ် ဖြစ်နိုင်သလို နေ့စဉ်ရှူရင်လဲ ရေရှည်အဆိပ်သင့်ပြီး အသက် အန္တရာယ်ဖြစ်နိုင်ပါတယ်။ ကျန်းမာရေးဌာနအနေနဲ့ ခြင်ဆေးခွေထွန်းတာကို လုံးဝအားမပေးပါဘူး။ ကန့်ကွက်ပါတယ်” ဟု ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာ သာထွန်းကျော်က ထုတ်ဖော်ပြော ကြားလိုက်သည်။

ခြင်ဆေးခွေတွင် များသောအားဖြင့် ခြင်များပြေးစေရန်နှင့် ခြင်များသေစေရန် Pyrethroid အုပ်စုမှ Permethrin ပိုးသတ်ဆေးများကို အများဆုံး အသုံးပြုရပြီး တချို့သော ခြင်ဆေးခွေများမှာ Deltamethrin ပိုးသတ်ဆေးကို အသုံးပြုကြကြောင်း၊ ဖြစ်နိုင်ပါက ခြင်ဆေးခွေကို လုံးဝမထွန်းဘဲ အန္တရာယ်မရှိသော ခြင်ပြေးစေသည့် မီးသီး၊ မီးချောင်း၊ ခြင်ပြေးစက်၊ ခြင်လုံဆန်ခါစသည့် တခြားသော နည်းလမ်းများကိုသာ အသုံးပြုသင့်ကြောင်း၊ ခြင်မကိုက်ရန်အတွက် လိမ်းသော လိမ်းဆေးများကို ပိုးသတ်ဆေးများ ပါဝင်ပါက အရေပြားမှတစ်ဆင့် စိမ့်ဝင်နိုင်သဖြင့် ရေရှည်အသုံး မပြုသင့်ကြောင်း သိရသည်။

Credit –
နွေဦးလင်း
Yangon Media Group

Leave a Reply

Your email address will not be published. Required fields are marked *