ဗဟုတုသ

မိမိကားကို ဆီစားနည္းေအာင္ ေမာင္းႏွင္ႏိုင္မယ့္ ပံုစံမ်ား

[Zawgyi version]

ဆီစားနည္းပါးေအာင္ ေမာင္းႏွင္နိုင္မယ့္ ပုံစံမ်ား


(၁) လိုအပ္တဲ့ အျမန္ႏႈန္း၊ အရွိန္ထက္ ပိုမိုျမႇင့္တင္ ေမာင္းႏွင္ျခင္းဟာ သင့္ကားရဲ႕ ဆီစားႏႈန္းကို ပိုမို မ်ားျပား ေစမယ့္ အခ်က္ ျဖစ္လာပါတယ္။ ျမန္ႏႈန္းျမင့္ ေမာင္းႏွင္မႈေၾကာင့္ သြားလိုရာခရီးအတြက္ သြားလာရမႈ အခ်ိန္ေပးရျခင္း သက္သာမႈထက္ မေတာ္တဆမႈလည္း နည္းပါးေစသလို အင္ဂ်င္လည္း အထိနာ သက္သာေစၿပီး ဆီစားႏႈန္းပါ ခ်ိဳသာေစပါတယ္။ အရွိန္၊ အျမန္ႏႈန္းကို လိုအပ္သည္ထက္ ပိုမေမာင္းပါနဲ႕။

(၂) လူငယ္အမ်ားစု ေမာင္းႏွင္ ေလ့ရွိတဲ့ ေမာင္းႏွင္မႈ တခုျဖစ္တဲ့ အျမန္ႏႈန္း အတင္အခ် ေမာင္းႏွင္ျခင္းဟာ ဆီစားႏႈန္း မ်ားေစတဲ့ အခ်က္ျဖစ္လို႔ ပုံမွန္ႏႈန္းထားနဲ႕ ေမာင္းႏွင္မယ္ဆိုရင္ ဆီစား ခ်ိဳသာေစနိုင္ ပါတယ္။ Sport ကားေတြ ပုံစံမ်ိဳး အျမန္ႏႈန္း ကစားၿပီး ေမာင္းႏွင္ျခင္းမ်ိဳး ေရွာင္ၾကဥ္ပါ။

(၃) ႀကိဳတင္လမ္းေၾကာင္း ေ႐ြးခ်ယ္ေမာင္းႏွင္ျခင္းဟာ သင္လိုရာ ခရီးသြားလာနိုင္မႈအတြက္ အခ်ိန္ေပးရမႈအပိုင္းမွာ သက္သာၿပီး ေမာင္းႏွင္ရမႈ အခ်ိန္နည္းေလေလ ဆီစားနည္းလာေလေလ ျဖစ္လာပါတယ္။ ဒီအတြက္ သင္ သြားမယ့္ ခရီးစဥ္ကို ႀကိဳတင္ေတြးဆၿပီး လမ္းေၾကာင္း ႀကိဳတင္ ေ႐ြးခ်ယ္ေမာင္းႏွင္ပါ။

(၄) မီးပြိုင့္၊ လမ္းေကြ႕၊ ရပ္တန႔္မယ့္ ေနရာေတြအတြက္ အျမန္ႏႈန္း ႀကိဳတင္ ေလ်ာ့ခ်ျခင္းမ်ိဳး လုပ္ေဆာင္ပါ၊ ရပ္ခါနီးမွ ထိုးရပ္ ျခင္း ေရွာင္ၾကည္ပါ။ဆိုလိုတာကေတာ့ ကိုယ္ရပ္နားမယ့္ ခရီးနဲ႕ ညီမွ်တဲ့ ျမန္ႏႈန္းနဲ႕ ေ႐ြ႕လ်ားမႈ ရွိေနေသးရင္ လီဗာထပ္ မနင္းပါနဲ႕ေတာ့၊ ရွိလက္စ အရွိန္နဲ႕ပဲ ဆက္သြားလိုက္ပါ။

(၅) ေလေအးေပးစက္ ဖြင့္လွစ္ေမာင္းႏွင္ျခင္းဟာ မသုံးဘဲ ေမာင္းႏွင္ျခင္းထက္ အင္ဂ်င္အ႐ြယ္အစား အေပၚ မူတည္ၿပီး ပ်မ္းမွ် ဆီစားႏႈန္း ၂၀ရာခိုင္ႏႈန္း ေလာက္ထိေအာင္ ပိုေစပါတယ္။ ဒါေၾကာင့္ မလိုအပ္ဘဲ ေလေအးေပးစက္ မဖြင့္ပါနဲ႕။ အင္ဂ်င္အပူခ်ိန္လည္း အတက္ျမန္ေစတာေၾကာင့္ မိမိကားရဲ႕အင္ဂ်င္ ေသးငယ္မယ္ဆိုရင္ ခရီးေဝးေမာင္းႏွင္မႈအတြက္ ေလေအးေပးစက္ ပိတ္ၿပီး ေမာင္းႏွင္ပါ။

Credit – လင္းထက္(IA), The Irrawaddy-Burmese Edition

[Unicode version]
ဆီစားနည်းပါးအောင် မောင်းနှင်နိုင်မယ့် ပုံစံများ

(၁) လိုအပ်တဲ့ အမြန်နှုန်း၊ အရှိန်ထက် ပိုမိုမြှင့်တင် မောင်းနှင်ခြင်းဟာ သင့်ကားရဲ့ ဆီစားနှုန်းကို ပိုမို များပြား စေမယ့် အချက် ဖြစ်လာပါတယ်။ မြန်နှုန်းမြင့် မောင်းနှင်မှုကြောင့် သွားလိုရာခရီးအတွက် သွားလာရမှု အချိန်ပေးရခြင်း သက်သာမှုထက် မတော်တဆမှုလည်း နည်းပါးစေသလို အင်ဂျင်လည်း အထိနာ သက်သာစေပြီး ဆီစားနှုန်းပါ ချိုသာစေပါတယ်။ အရှိန်၊ အမြန်နှုန်းကို လိုအပ်သည်ထက် ပိုမမောင်းပါနဲ့။

(၂) လူငယ်အများစု မောင်းနှင် လေ့ရှိတဲ့ မောင်းနှင်မှု တခုဖြစ်တဲ့ အမြန်နှုန်း အတင်အချ မောင်းနှင်ခြင်းဟာ ဆီစားနှုန်း များစေတဲ့ အချက်ဖြစ်လို့ ပုံမှန်နှုန်းထားနဲ့ မောင်းနှင်မယ်ဆိုရင် ဆီစား ချိုသာစေနိုင်ပါတယ်။ Sport ကားတွေ ပုံစံမျိုး အမြန်နှုန်း ကစားပြီး မောင်းနှင်ခြင်းမျိုး ရှောင်ကြဉ်ပါ။

(၃) ကြိုတင်လမ်းကြောင်း ရွေးချယ်မောင်းနှင်ခြင်းဟာ သင်လိုရာ ခရီးသွားလာနိုင်မှုအတွက် အချိန်ပေးရမှုအပိုင်းမှာ သက်သာပြီး မောင်းနှင်ရမှု အချိန်နည်းလေလေ ဆီစားနည်းလာလေလေ ဖြစ်လာပါတယ်။ ဒီအတွက် သင် သွားမယ့် ခရီးစဉ်ကို ကြိုတင်တွေးဆပြီး လမ်းကြောင်း ကြိုတင် ရွေးချယ်မောင်းနှင်ပါ။

(၄) မီးပွိုင့်၊ လမ်းကွေ့၊ ရပ်တန့်မယ့် နေရာတွေအတွက် အမြန်နှုန်း ကြိုတင် လျော့ချခြင်းမျိုး လုပ်ဆောင်ပါ၊ ရပ်ခါနီးမှ ထိုးရပ် ခြင်း ရှောင်ကြည်ပါ။ဆိုလိုတာကတော့ ကိုယ်ရပ်နားမယ့် ခရီးနဲ့ ညီမျှတဲ့ မြန်နှုန်းနဲ့ ရွေ့လျားမှု ရှိနေသေးရင် လီဗာထပ် မနင်းပါနဲ့တော့၊ ရှိလက်စ အရှိန်နဲ့ပဲ ဆက်သွားလိုက်ပါ။

(၅) လေအေးပေးစက် ဖွင့်လှစ်မောင်းနှင်ခြင်းဟာ မသုံးဘဲ မောင်းနှင်ခြင်းထက် အင်ဂျင်အရွယ်အစား အပေါ် မူတည်ပြီး ပျမ်းမျှ ဆီစားနှုန်း ၂၀ရာခိုင်နှုန်း လောက်ထိအောင် ပိုစေပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ လေအေးပေးစက် မဖွင့်ပါနဲ့။
အင်ဂျင်အပူချိန်လည်း အတက်မြန်စေတာကြောင့် မိမိကားရဲ့အင်ဂျင် သေးငယ်မယ်ဆိုရင် ခရီးဝေးမောင်းနှင်မှုအတွက် လေအေးပေးစက် ပိတ်ပြီး မောင်းနှင်ပါ။

Credit – လင်းထက်(IA), The Irrawaddy-Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *