ဗဟုတုသ

အောက်ချင်းငှက်နှင့် ၎င်း၏ ထူးခြားသည့် သဘာဝအကျင့်များ

[Zawgyi version]

ေအာက္ခ်င္းငွက္၏ ထူးျခားသည့္ သဘာဝအက်င့္မ်ား

ေအာက္ခ်င္းငွက္လို ခ်စ္ရဲလား

ခ်စ္ျခင္းေမတၱာရယ္၊ သစၥာတရားရယ္ကိုယ့္ခ်စ္သူအေပၚမွာထားတဲ့ တာဝန္ယူမႈရယ္နဲ႔ ပတ္သက္လာရင္ က်ေနာ့္ရဲ႕ စံျပပုဂၢိဳလ္ေတြက လူသားေတြမဟုတ္ဘူး။ လူသားေတြထက္ အစစအရာရာ နိမ့္က်တယ္လို႔ လက္ခံထားတဲ့ တိရစာၦန္ေတြထဲက တိရစာၦန္ျဖစ္တဲ့ေအာက္ခ်င္းငွက္ေတြပဲ…

ဟုတ္ပါတယ္။ ေအာက္ခ်င္းငွက္ေတြက ငွက္ေတြထဲမွာေတာ့ ေတာ္ေတာ္ထူးျခားတဲ့ငွက္ပါ။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အဖိုေသရင္အမကလည္း လိုက္ေသတတ္ပါတယ္။ ဒါမွမဟုတ္ တစ္ေကာင္ေကာင္က သစၥာပ်က္တယ္လို႔သံသယဝင္႐ုံနဲ႔လည္း သတ္ေသတတ္ပါတယ္။ အခ်စ္ကို အသက္နဲ႔ရင္းၿပီး သစၥာေစာင့္ၾကပါတယ္…

ေနာက္ၿပီး တျခားငွက္ေတြလို မ်ိဳးတူတယ္ဆိုတာနဲ႔ ေတြ႕ကရာ အထီး၊ အမမွန္သမွ်နဲ႔ ေပ်ာ္ျမဴးေလ့မရွိပါဘူး။သူတို႔တကယ္ခ်စ္ခင္စုံမက္တယ္ဆိုမွ မိတ္လိုက္ၿပီး တစ္သက္လုံး ေပါင္းသင္းေလ့ရွိပါတယ္။ အထူးျခားဆုံးကေတာ့ အသိုက္ဖြဲ႕ျခင္းနဲ႔ သားသမီး၊ ဇနီးမယားကို ငွက္အဖိုက ျပဳစုေစာင့္ေရွာက္တာ၊ ၾကင္နာယုယတာျဖစ္ပါတယ္…

ေအာက္ခ်င္းငွက္ေတြက အုပ္စုဖြဲ႕ေနရာကေန အဖိုနဲ႔ အမက ခ်စ္ႀကိဳက္သြားၿပီဆိုရင္ အဲ့ဒီအုပ္စုကေန ခြဲထြက္ၿပီး ႏွစ္ေကာင္တည္း တစ္အိုးတစ္အိမ္ထူေထာင္ၾကတယ္။ သြားအတူ၊ လာအတူ၊ စားအတူ၊ အိပ္အတူေပါ့။ အဲ့လိုအခ်ိန္မွာ မုဆိုးေတြ ဘာေတြက တစ္ေကာင္ေကာင္ကို သတ္လိုက္ၿပီဆိုရင္ က်န္တစ္ေကာင္က မိုးစြန္တိမ္ၫြန႔္ဖ်ားအထိ ပ်ံတက္သြားၿပီး အေတာင္ကို႐ုပ္ခ်ကာ ေျမေပၚထိုးခ် အေသခံတတ္တယ္။ အဲ့ဒါေၾကာင့္လည္း ေအာက္ခ်င္းငွက္ေတြက ရွားပါးစာရင္းဝင္ငွက္မ်ိဳးျဖစ္ေနၾကတာပဲ…

ငွက္အေတာ္မ်ားမ်ားက မိတ္လိုက္ၿပီးရင္ အထီးက အမကို စြန႔္ခြာသြားတာမ်ားတယ္။ အဲ့ေတာ့ကိုယ္ဝန္ႀကီးနဲ႔ က်န္ခဲ့တဲ့အမက ေတာ္ေတာ္ဒုကၡေရာက္ပါတယ္။ ဥဥ၊ ကေလးေမြး၊ ကေလးကိုေစာင့္ေရွာက္ အစာရွာနဲ႔ ေတာ္ေတာ္ဒုကၡေရာက္ပါတယ္…

ဒါေပမဲ့ ေအာက္ခ်င္းငွက္ကေတာ့ အဲ့ဒီလိုမဟုတ္ပါဘူး။ မိတ္လိုက္ၿပီးကတည္းက သူ႔ခ်စ္သူနားက လုံးဝမခြာလိုက္တာ ရာသက္ပန္ပါပဲ။ အစာလည္း သူကိုယ္တိုင္ပဲ မိန္းမကိုေရာ ကေလးေတြကိုေရာ ရွာေကြၽးပါတယ္။ ေျပာရရင္ လင့္ဝတၱရား ေက်ပြန္လြန္းတယ္ေပါ့…

ငွက္မဥဥဖို႔ သစ္ေခါင္းကို အတူရွာၾကတယ္။ အဖိုက အမကို ကိုယ္ဝန္ရွိၿပီဆိုတာနဲ႔အရမ္းအလိုလိုက္တယ္ ဂ႐ုစိုက္တယ္။ အိပ္ရင္ေတာင္မွ ကိုယ္ခ်င္းကပ္ၿပီး ငွက္မက သူ႔ေယာက္်ားရဲ႕ေတာင္ပံၾကားထဲ ေခါင္းေလးလွ်ိဳၿပီး အိပ္တယ္။ ေတြးၾကည့္ရင္ကို ၾကည္ႏူးစရာ…

သူတို႔က သူတို႔အိမ္ျဖစ္တဲ့ သစ္ေခါင္းကို သူတို႔သဘာဝအရ ေသခ်ာေ႐ြးတယ္။ ေတြ႕ၿပီဆိုရင္ ငွက္မက အမႈိက္ေတြ၊ သစ္႐ြက္ေတြကို ၾကမ္းျပင္မွာ ခင္းၿပီး ညီေနေအာင္လုပ္တယ္။ ပါေကးခင္းသလိုေပါ့။ အဲ့လိုအခ်ိန္မွာ အဖိုကလည္းအရမ္းအလုပ္မ်ားတယ္။ သူကဘာလုပ္လဲဆိုေတာ့ ေတာင္ကြၽန္း၊ ေျမာက္ကြၽန္း အေရွ႕ကြၽန္း၊ အေနာက္ကြၽန္းစတဲ့ ေလးကြၽန္းေျမကို အေခါက္ေခါက္အခါခါ ကိုက္ခ်ီသယ္ေဆာင္ၿပီး ခုနက ငွက္မပါေကးခင္းတဲ့ေနရာကို ယူလာေပးရတယ္။ အဲ့လိုပုံစံနဲ႔ သူတို႔ရဲ႕မီးေနခန္းကို ျပဳျပင္ၾကတယ္။ ေနာက္ၿပီး အဲ့ဒီေလးကြၽန္းေျမကလည္း အင္မတန္ ေဆးဖက္ဝင္တယ္တဲ့…

ေလးကြၽန္းေျမရွာၿပီးေတာ့လည္း အဖိုရဲ႕တာဝန္က မၿပီးေသးဘူး။ ဘာလုပ္ရေသးလဲဆိုေတာ့ သစ္ေစးအမ်ိဳးမ်ိဳးကို ပတ္ရွာရေသးတယ္။ ရွာၿပီးေတာ့မွ ငွက္မက အတြင္းကေန ငွက္ဖိုက အျပင္ကေနၿပီး အဲ့ဒီ သစ္ေစးေတြနဲ႔ သူတို႔ရဲ႕အသိုက္ကို အဂၤေတကိုင္ရတယ္။ အဲ့ဒီမွာ ငွက္မရဲ႕ႏႈတ္သီးထြက္႐ုံအေပါက္တစ္ေပါက္ပဲခ်န္ထားေတာ့တယ္ ငွက္မလည္း ထြက္မရ ငွက္ထီးလည္း ဝင္မရ…ဒါသည္ သူတို႔ သားေပါက္သည္အထိပဲ…

အဲ့ဒီေတာ့ ငွက္မ သစ္ေခါင္းထဲမွာ ရွိေနသမွ် ကာလပတ္လုံး အစာရွာေကြၽးရဖို႔ တာဝန္သည္ လုံးဝငွက္ထီးပဲ။ အဲ့ဒီလိုပဲ သားေပါက္လာရင္လည္း သားသမီးအတြက္ေရာ မယားအတြက္ပါ ရွာေကြၽးေပးေတာ့ပဲ။ အထဲက မထြက္မခ်င္း အဖိုက အစာကို ႏႈတ္သီးနဲ႔ခ်ီတယ္။ ေရကို သူ႔မွာအပိုပါတဲ့အေမာက္ထဲကို ထည့္တယ္။ အဲ့ဒီအေမာက္ထဲက ေရေလွာင္ကန္လို ျဖစ္ေနေတာ့ မိန္းမအတြက္ေရာ သားသမီးအတြက္ေရာ ေရကမပူရဘူး။ အဲ့ဒီလိုမ်ိဳး အစာနဲ႔ေရကို သယ္သယ္ၿပီးမိန္းမနဲ႔ ကေလးေတြဆီကို ေျပးရလႊားရတာ အဖိုေတြမွာ တစ္ေန႔ကို အႀကိမ္ ၆ဝ၊ ၇ဝ ေလာက္ လြန္းထိုးေနရတာပါ ဘယ္ေလာက္ခ်စ္လဲ စဥ္းစားသာၾကည့္…

အဲ့ဒီမွာ အဖိုက သူခုနက သစ္ေစးေတြနဲ႔ အျပင္ကေန အဂၤေတကိုင္ထားတဲ့ေနရာမွာ သူ႔အမွတ္အသားနဲ႔ သူကိုင္ထားတယ္။ ျဖစ္သလို လုပ္ထားတာမဟုတ္ဘူး။ ဘာလို႔အဲ့လိုလုပ္လဲဆိုေတာ့ သူမရွိတုန္း တျခားတစ္ေကာင္က သူ႔မိန္းမကို လာေၾကာင္မွာစိုးလို႔။ စိတ္မခ်လို႔။ အဲ့လိုလုပ္ထားတာ ဒါမွ တျခားတစ္ေကာင္ သူ႔မိန္းမကို အစာလာေကြၽး၊ ေရလာတိုက္နဲ႔ လာလုံးရင္သူသိမွာေလ…

အဲ့လိုပဲ အထဲက အမကလည္း အျပင္က သူ႔ေယာက္်ား သူ႔ဆီကို ေပၚမလာဘဲ နည္းနည္းၾကာေနရင္ စိတ္ကပူၿပီ။ငါ့ေယာက္်ား တျခားငွက္မနဲ႔မ်ား သြားၾကဴေနလားဆိုၿပီး အထဲကေန အသဲကြဲၿပီ။ အဲ့ဒီေတာ့ ငွက္ဖိုကလည္း အခ်ိန္မွန္ရတယ္။ ၿပီးေတာ့ ငွက္ဖိုကလည္း သူ႔အမွတ္အသားေတြကို ေန႔စဥ္စစ္တယ္…ပ်က္ေနလို႔ကေတာ့ အစာလည္းမေကြၽးေတာ့ဘူး ေရလည္းမတိုက္ဘူး သူလည္းသတ္ေသတာပဲ…

အဖိုကလည္း တစ္ေန႔တစ္ေန႔ အေခါက္ ၆ဝ၊ ၇ဝ ေလာက္ သူ႔မိန္းမကို အစာေကြၽး ေရတိုက္လုပ္ရတာကို နည္းနည္းမွ စိတ္မပ်က္ဘူး ေပ်ာ္ေနတာ။ ဒီလိုနဲ႔ သူတို႔သီရိေဂဟာေလးမွာ ကေလးေတြ ေမြးလာတယ္။ အဲ့ဒီမွာ အခ်ိန္တန္ေတာ့ သူ႔တို႔သစ္ေစးေတြနဲ႔ အဂၤေတကိုင္ထားတဲ့ အေပါက္ကို ဝိုင္းခြာၾကတယ္။ ပြင့္လည္းသြားေရာ ငွက္ဖိုႀကီးမွာ သူ႔မိန္းမ မီးေနသည္ကို ၾကည့္ၿပီး က႐ုဏာ သက္ရျပန္ေရာ…

ဘာလို႔လဲဆိုေတာ့ သူ႔မိန္းမမွာ အေမႊးေတြ အေတာင္ေတြ မရွိေတာ့ဘူးေလ။ ကိုယ္တုံးလုံးျဖစ္ေနၿပီ ကေလးေတြလိုပဲ အထဲမွာ လနဲ႔ခ်ီၿပီး ေနခဲ့ရတာကို ပ်ံလည္းမပ်ံႏိုင္ေသးဘူး အေညာင္းမိေနလို႔။ အဲ့ေတာ့ တစ္ခါ ငွက္ဖိုႀကီးမွာ မိန္းမနဲ႔ ကေလးေတြ အေတာင္စုံၿပီး ပ်ံႏိုင္တဲ့အထိ မေမာမပန္းနဲ႔ ရွာေကြၽးရျပန္ေရာ။ ဒါသူ႔ဝတၱရားကိုး။ ကဲ…ဒီေတာ့ ကိုယ့္ရည္းစားေတြကို စိန္ေခၚလိုက္ၾကစမ္းပါဦး ေအာက္ခ်င္းငွက္လို ခ်စ္ရဲလားေဟ့လို႔…

Credit – Wai Phyo Maung

အောက်ချင်းငှက်၏ ထူးခြားသည့် သဘာဝအကျင့်များ

အောက်ချင်းငှက်လို ချစ်ရဲလား

ချစ်ခြင်းမေတ္တာရယ်၊ သစ္စာတရားရယ်ကိုယ့်ချစ်သူအပေါ်မှာထားတဲ့ တာဝန်ယူမှုရယ်နဲ့ ပတ်သက်လာရင် ကျနော့်ရဲ့ စံပြပုဂ္ဂိုလ်တွေက လူသားတွေမဟုတ်ဘူး။ လူသားတွေထက် အစစအရာရာ နိမ့်ကျတယ်လို့ လက်ခံထားတဲ့ တိရစ္ဆာန်တွေထဲက တိရစ္ဆာန်ဖြစ်တဲ့အောက်ချင်းငှက်တွေပဲ…

ဟုတ်ပါတယ်။ အောက်ချင်းငှက်တွေက ငှက်တွေထဲမှာတော့ တော်တော်ထူးခြားတဲ့ငှက်ပါ။ အကြောင်းအမျိုးမျိုးကြောင့် အဖိုသေရင်အမကလည်း လိုက်သေတတ်ပါတယ်။ ဒါမှမဟုတ် တစ်ကောင်ကောင်က သစ္စာပျက်တယ်လို့သံသယဝင်ရုံနဲ့လည်း သတ်သေတတ်ပါတယ်။ အချစ်ကို အသက်နဲ့ရင်းပြီး သစ္စာစောင့်ကြပါတယ်…

နောက်ပြီး တခြားငှက်တွေလို မျိုးတူတယ်ဆိုတာနဲ့ တွေ့ကရာ အထီး၊ အမမှန်သမျှနဲ့ ပျော်မြူးလေ့မရှိပါဘူး။သူတို့တကယ်ချစ်ခင်စုံမက်တယ်ဆိုမှ မိတ်လိုက်ပြီး တစ်သက်လုံး ပေါင်းသင်းလေ့ရှိပါတယ်။ အထူးခြားဆုံးကတော့ အသိုက်ဖွဲ့ခြင်းနဲ့ သားသမီး၊ ဇနီးမယားကို ငှက်အဖိုက ပြုစုစောင့်ရှောက်တာ၊ ကြင်နာယုယတာဖြစ်ပါတယ်…

အောက်ချင်းငှက်တွေက အုပ်စုဖွဲ့နေရာကနေ အဖိုနဲ့ အမက ချစ်ကြိုက်သွားပြီဆိုရင် အဲ့ဒီအုပ်စုကနေ ခွဲထွက်ပြီး နှစ်ကောင်တည်း တစ်အိုးတစ်အိမ်ထူထောင်ကြတယ်။ သွားအတူ၊ လာအတူ၊ စားအတူ၊ အိပ်အတူပေါ့။ အဲ့လိုအချိန်မှာ မုဆိုးတွေ ဘာတွေက တစ်ကောင်ကောင်ကို သတ်လိုက်ပြီဆိုရင် ကျန်တစ်ကောင်က မိုးစွန်တိမ်ညွန့်ဖျား အထိ ပျံတက်သွားပြီး အတောင်ကိုရုပ်ချကာ မြေပေါ်ထိုးချ အသေခံ တတ်တယ်။ အဲ့ဒါကြောင့်လည်း အောက်ချင်းငှက်တွေကရှားပါးစာရင်းဝင်ငှက်မျိုးဖြစ်နေကြတာပဲ…

ငှက်အတော်များများက မိတ်လိုက်ပြီးရင် အထီးက အမကို စွန့်ခွာသွားတာများတယ်။ အဲ့တော့ကိုယ်ဝန်ကြီးနဲ့ ကျန်ခဲ့တဲ့အမက တော်တော်ဒုက္ခရောက်ပါတယ်။ ဥဥ၊ ကလေးမွေး၊ ကလေးကိုစောင့်ရှောက် အစာရှာနဲ့ တော်တော်ဒုက္ခရောက်ပါတယ်…

ဒါပေမဲ့ အောက်ချင်းငှက်ကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ မိတ်လိုက်ပြီးကတည်းက သူ့ချစ်သူနားက လုံးဝမခွာလိုက်တာ ရာသက်ပန်ပါပဲ။ အစာလည်း သူကိုယ်တိုင်ပဲ မိန်းမကိုရော ကလေးတွေကိုရော ရှာကျွေး ပါတယ်။ ပြောရရင် လင့်ဝတ္တရား ကျေပွန်လွန်းတယ်ပေါ့…

ငှက်မဥဥဖို့ သစ်ခေါင်းကို အတူရှာကြတယ်။ အဖိုက အမကို ကိုယ်ဝန်ရှိပြီဆိုတာနဲ့အရမ်းအလိုလိုက်တယ် ဂရုစိုက်တယ်။ အိပ်ရင်တောင်မှ ကိုယ်ချင်းကပ်ပြီး ငှက်မက သူ့ယောက်ျားရဲ့တောင်ပံကြားထဲ ခေါင်းလေးလျှိုပြီး အိပ်တယ်။ တွေးကြည့်ရင်ကို ကြည်နူးစရာ…

သူတို့က သူတို့အိမ်ဖြစ်တဲ့ သစ်ခေါင်းကို သူတို့သဘာဝအရ သေချာရွေးတယ်။ တွေ့ပြီဆိုရင် ငှက်မက အမှိုက်တွေ၊ သစ်ရွက်တွေကို ကြမ်းပြင်မှာ ခင်းပြီး ညီနေအောင်လုပ်တယ်။ ပါကေးခင်းသလိုပေါ့။ အဲ့လိုအချိန်မှာ အဖိုကလည်းအရမ်းအလုပ်များတယ်။ သူကဘာလုပ်လဲဆိုတော့ တောင်ကျွန်း၊ မြောက်ကျွန်း အရှေ့ကျွန်း၊ အနောက်ကျွန်းစတဲ့ လေးကျွန်းမြေကို အခေါက်ခေါက်အခါခါ ကိုက်ချီသယ်ဆောင်ပြီး ခုနက ငှက်မပါကေးခင်းတဲ့နေရာကို ယူလာပေးရတယ်။ အဲ့လိုပုံစံနဲ့ သူတို့ရဲ့မီးနေခန်းကို ပြုပြင်ကြတယ်။ နောက်ပြီး အဲ့ဒီလေးကျွန်းမြေကလည်း အင်မတန် ဆေးဖက်ဝင်တယ်တဲ့…

လေးကျွန်းမြေရှာပြီးတော့လည်း အဖိုရဲ့တာဝန်က မပြီးသေးဘူး။ ဘာလုပ်ရသေးလဲဆိုတော့ သစ်စေးအမျိုးမျိုးကို ပတ်ရှာရသေးတယ်။ ရှာပြီးတော့မှ ငှက်မက အတွင်းကနေ ငှက်ဖိုက အပြင်ကနေပြီး အဲ့ဒီ သစ်စေးတွေနဲ့ သူတို့ရဲ့အသိုက်ကို အင်္ဂတေကိုင်ရတယ်။ အဲ့ဒီမှာ ငှက်မရဲ့နှုတ်သီးထွက်ရုံအပေါက်တစ်ပေါက်ပဲချန်ထားတော့တယ် ငှက်မလည်း ထွက်မရ ငှက်ထီးလည်း ဝင်မရ…ဒါသည် သူတို့ သားပေါက် သည်အထိပဲ…

အဲ့ဒီတော့ ငှက်မ သစ်ခေါင်းထဲမှာ ရှိနေသမျှ ကာလပတ်လုံး အစာရှာကျွေးရဖို့ တာဝန်သည် လုံးဝငှက်ထီးပဲ။ အဲ့ဒီလိုပဲ သားပေါက်လာရင်လည်း သားသမီးအတွက်ရော မယားအတွက်ပါ ရှာကျွေးပေးတော့ပဲ။ အထဲက မထွက်မချင်း အဖိုက အစာကို နှုတ်သီးနဲ့ချီတယ်။ ရေကို သူ့မှာအပိုပါတဲ့အမောက်ထဲကို ထည့်တယ်။ အဲ့ဒီအမောက်ထဲက ရေလှောင်ကန်လို ဖြစ်နေတော့ မိန်းမအတွက်ရော သားသမီးအတွက်ရော ရေကမပူရဘူး။ အဲ့ဒီလိုမျိုး အစာနဲ့ရေကို သယ်သယ်ပြီးမိန်းမနဲ့ ကလေးတွေဆီကို ပြေးရလွှားရတာ အဖိုတွေမှာ တစ်နေ့ကို အကြိမ် ၆ဝ၊ ၇ဝ လောက် လွန်းထိုးနေရတာပါ ဘယ်လောက်ချစ်လဲ စဉ်းစား သာကြည့်…

အဲ့ဒီမှာ အဖိုက သူခုနက သစ်စေးတွေနဲ့ အပြင်ကနေ အင်္ဂတေကိုင်ထားတဲ့နေရာမှာ သူ့အမှတ်အသားနဲ့ သူကိုင်ထားတယ်။ ဖြစ်သလို လုပ်ထားတာမဟုတ်ဘူး။ ဘာလို့အဲ့လိုလုပ်လဲဆိုတော့ သူမရှိတုန်း တခြားတစ်ကောင်က သူ့မိန်းမကို လာကြောင်မှာစိုးလို့ ။စိတ်မချလို့။ အဲ့လိုလုပ်ထားတာ ဒါမှ တခြားတစ်ကောင် သူ့မိန်းမကို အစာလာကျွေး၊ ရေလာတိုက်နဲ့ လာလုံးရင်သူသိမှာလေ…

အဲ့လိုပဲ အထဲက အမကလည်း အပြင်က သူ့ယောက်ျား သူ့ဆီကို ပေါ်မလာဘဲ နည်းနည်းကြာနေရင် စိတ်ကပူပြီ။ငါ့ယောက်ျား တခြားငှက်မနဲ့များ သွားကြူနေလားဆိုပြီး အထဲကနေ အသဲကွဲပြီ။ အဲ့ဒီတော့ ငှက်ဖိုကလည်း အချိန်မှန်ရတယ်။ ပြီးတော့ ငှက်ဖိုကလည်း သူ့အမှတ်အသားတွေကို နေ့စဉ်စစ်တယ်…ပျက်နေလို့ကတော့ အစာလည်းမကျွေးတော့ဘူး ရေလည်းမတိုက်ဘူး သူလည်းသတ်သေတာပဲ…

အဖိုကလည်း တစ်နေ့တစ်နေ့ အခေါက် ၆ဝ၊ ၇ဝ လောက် သူ့မိန်းမကို အစာကျွေး ရေတိုက်လုပ်ရတာကို နည်းနည်းမှ စိတ်မပျက်ဘူး ပျော်နေတာ။ ဒီလိုနဲ့ သူတို့သီရိဂေဟာလေးမှာ ကလေးတွေ မွေးလာ တယ်။ အဲ့ဒီမှာ အချိန်တန်တော့ သူ့တို့သစ်စေးတွေနဲ့ အင်္ဂတေကိုင်ထားတဲ့ အပေါက်ကို ဝိုင်းခွာကြတယ်။ ပွင့်လည်းသွားရော ငှက်ဖိုကြီးမှာ သူ့မိန်းမ မီးနေသည်ကို ကြည့်ပြီး ကရုဏာ သက်ရပြန်ရော…

ဘာလို့လဲဆိုတော့ သူ့မိန်းမမှာ အမွှေးတွေ အတောင်တွေ မရှိတော့ဘူးလေ။ ကိုယ်တုံးလုံးဖြစ်နေပြီ ကလေးတွေလိုပဲ အထဲမှာ လနဲ့ချီပြီး နေခဲ့ရတာကို ပျံလည်းမပျံနိုင်သေးဘူး အညောင်းမိနေလို့။ အဲ့တော့ တစ်ခါ ငှက်ဖိုကြီးမှာ မိန်းမနဲ့ ကလေးတွေ အတောင်စုံပြီး ပျံနိုင်တဲ့အထိ မမောမပန်းနဲ့ ရှာကျွေးရပြန်ရော။ ဒါသူ့ဝတ္တရားကိုး။ ကဲ…ဒီတော့ ကိုယ့်ရည်းစားတွေကို စိန်ခေါ်လိုက်ကြစမ်းပါဦး အောက်ချင်းငှက်လို ချစ်ရဲလားဟေ့လို့…

Credit – Wai Phyo Maung

Leave a Reply

Your email address will not be published. Required fields are marked *