ဗဟုတုသ

ယာဥ္တိုက္မႈ အမွားအမွန္ဆံုးျဖတ္ပံုမ်ား

[Zawgyi version]

သိထားသင့္တဲ့ ယာဥ္တိုက္မႈ(၁၀)မ်ဳိးႏွင့္ သိသင့္ေသာ အမွားအမွန္ဆံုးျဖတ္ပံု

(၁) *ရပ္ထားေသာယာဥ္ကို ဝင္ေရာက္တိုက္မိျခင္း*

ရပ္ထားေသာယာဥ္ကို အျခားယာဥ္တစ္စီးမွ ဝင္ေရာက္မိတဲ့အခါမွာ တိုက္တဲ့ယာဥ္ အမွားပဲျဖစ္ပါတယ္။ ဒါေပမယ့္ ညအခ်ိန္ အေမွာင္ထဲမွာ ေဘးမီးဖြင့္မထားဘဲ လမ္းမေပၚ ရပ္ထားခဲ့မယ္။ အႏၲရာယ္ မျဖစ္ႏိုင္ေအာင္ သတိေပးမယ့္သူ ရွိမေနခဲ့ရင္ေတာ့ ရပ္ထားတဲ့ယာဥ္မွာလည္း တာဝန္ရွိႏိုင္ပါတယ္။

(၂) *ေရွ႕ယာဥ္အားေနာက္ယာဥ္မွ ဝင္ေရာက္တိုက္မိျခင္း*

ေနာက္ကယာဥ္မွာ တာဝန္ရွိပါတယ္။ ဒီေနရာမွာ တခ်ဳိ႕ကေျပာၾကပါတယ္။ ေရွ႕ယာဥ္က ႐ုတ္တရက္ ဘရိတ္အုပ္လို႔ တိုက္ရတာပါလို႔ ေျပာၾကပါတယ္။ ဒါေပမယ့္ ယာဥ္သြားလာမႈ စည္းကမ္းနည္းဥပေဒ၁၄၅မွာ ေရွ႕ယာဥ္ ႐ုတ္တရက္ရပ္တန္႔လွ်င္ ေနာက္မွယာဥ္သည္ ထိခိုက္မႈမျဖစ္ေစရန္ သင့္ေလ်ာ္ေသာ အကြာအေဝးမွ လိုက္ရမည္လို႔ ေဖာ္ျပထားပါတယ္။ သင့္ေလ်ာ္ေသာအကြာအေဝး ဆိုတာကေတာ့ ပံုေသမရွိႏိုင္ပါဘူး။ ေရွ႕ယာဥ္အရွိန္ မ်ားရင္မ်ားသလို အရွိန္နည္းရင္နည္းသလို ထိခိုက္မႈမရွိပဲ ရပ္တန္႔ႏိုင္မယ့္ အကြာအေဝးကို ခ်ိန္ဆေမာင္းႏွင္ရမွာပါ။ အဲ့ဒီအတြက္ ေရွ႕ယာဥ္မွ ေခြးျဖတ္ေျပးလို႔ျဖစ္ျဖစ္ လူျဖတ္ေျပးလို႔ပဲျဖစ္ျဖစ္ အေၾကာင္းတစံုရာေၾကာင့္ ရပ္တန္႔ခ်ိန္မွာ ေနာက္ယာဥ္သည္လည္း ထိခိုက္မႈမရွိေအာင္ ရပ္တန္႔ႏိုင္ရပါမယ္။ ဖရီးေၾကာလို႔ေခၚတဲ့ ရပ္မ်ဥ္းမရွိတဲ့ ေကြ႕ေၾကာ၊ တည့္ေၾကာမွာတိုက္ရင္ေတာ့ ေရွ႕ယာဥ္အမွားျဖစ္ပါတယ္။ လမ္းၫႊန္အမွတ္အသားကို လိုက္နာျခင္းမရွိတဲ့ အတြက္ပါ။

(၃) *လမ္းဆံုတြင္ယာဥ္(၂)စီးတိုက္ျခင္း*

မိန္းလမ္းမႀကီးနဲ႔ လမ္းသြယ္ဆိုရင္ေတာ့ လမ္းသြယ္ယာဥ္ရဲ႕ တာဝန္ပဲ ျဖစ္ပါတယ္။ နည္းဥပေဒ ၁၄၉(ခ)အရ လမ္းမႀကီးမွ ယာဥ္သည္ ဦးစားေပးရတဲ့အတြက္ပါ။ တကယ္လို႔ တူညီလမ္းဆံုမွာဆိုရင္ေတာ့ နည္းဥပေဒ ၁၄၉(က)အရ လက္ယာဘက္ယာဥ္သည္ ဦးစားေပးရပါတယ္။တူညီလမ္းဆံုသို႔ ယာဥ္(၂)စီး တၿပိဳင္တည္း ေရာက္ရွိလွ်င္ ဦးစြာေရာက္ရွိေသာယာဥ္ကို ဦးစားေပးရမည္ျဖစ္ၿပီး တခ်ိန္တည္း ေရာက္ရွိလွ်င္ လက္ယာဘက္ယာဥ္ကို ဦးစားေပးရမည္လို႔ သတ္မွတ္ထားတဲ့အတြက္ပါ။

(၄) *လမ္းလယ္တြင္ မ်က္ႏွာခ်င္းဆိုင္ တိုက္မိျခင္း*

ဒါကေတာ့ ယာဥ္(၂)စီးလံုးမွာ တာဝန္ရွိပါတယ္။ လက္ယာကပ္ေမာင္း စနစ္ျဖစ္တဲ့ ဒီႏိုင္ငံမွာ သာမန္အားျဖင့္ မည္သည့္ယာဥ္မဆို လက္ယာကပ္ေမာင္းရမွာ ျဖစ္တဲ့အတြက္ပါ။ နည္းဥပေဒ ၁၄၁မွာလည္း ေဖာ္ျပထားပါတယ္။ အျမန္လမ္းေတြလို ယာဥ္ေၾကာ(၃)ေၾကာရွိတဲ့လမ္းဆို လက္ဝဲဘက္အစြန္းေၾကာသည္ ေက်ာ္တက္ရန္ႏွင့္ အျမန္ေမာင္းႏွင္ရန္မွာသာ အသံုးျပဳရမွာ ျဖစ္ပါတယ္။

(၅) *T ပံုသ႑န္လမ္းဆံုတြင္ တိုက္မိျခင္း*

Tလမ္းဆံုမွာ တိုက္ရင္လည္း လမ္းမေပၚ ေကြ႕ထြက္တဲ့ယာဥ္က အမွားပဲ ျဖစ္ပါတယ္။

(၆) *တည့္ယာဥ္ႏွင့္ဝဲဘက္သို႔ ‘ဂ’ေကြ႕ေကြ႕ေသာယာဥ္တိုက္မိျခင္း*

နည္းဥပေဒ ၁၄၈ နဲ႔ ၁၅၀အရ တည့္တည့္လာေနတဲ့ ယာဥ္မရွင္းပဲ ေကြ႕တဲ့ယာဥ္က အမွားပဲျဖစ္ပါတယ္။ ”လြတ္မယ္ထင္လို႔ေကြ႕တာပါ” တို႔ ”ေရွ႕က တည့္တည့္လာတဲ့ ယာဥ္ကအရွိန္မ်ားတာ” တို႕ ေျပာတက္ၾကပါတယ္။ ဘယ္လိုပဲေျပာေျပာ ရွင္းရမွာပါပဲ။

(၇) *လမ္းေျပာင္းျပန္ေက်ာ္တက္၍ မ်က္ႏွာခ်င္းဆိုင္ယာဥ္ႏွင့္တိုက္မိျခင္း*

နည္းဥပေဒ ၁၄၆အရေရွ႕မွ မ်က္ႏွာျခင္းဆိုင္လာေသာ ယာဥ္မရွင္းဘဲ လမ္းေျပာင္းျပန္ ေက်ာ္တက္တက္တဲ့ ယာဥ္မွာ တာဝန္ရွိပါတယ္။

(၈)*ေဘးခ်င္းယွဥ္ေက်ာ္တက္၍ ပြတ္တိုက္ျခင္း*

လက္ဝဲဘက္မွေက်ာ္တက္ပြတ္တိုက္မိသည့္ယာဥ္သာ အမွားျဖစ္ပါတယ္။

(၉) *အဝိုင္းတြင္ယာဥ္(၂)စီး တိုက္မိျခင္း။*

နည္းဥပေဒ၁၄၉အရ အဝိုင္းပတ္ေနတဲ့ယာဥ္သာ အမွန္ျဖစ္ပါတယ္။ အဝိုင္းပတ္ယာဥ္ ဦးစားေပးရမွာ ျဖစ္ေပမယ့္ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ အဝိုင္းပတ္ေနတဲ့ ယာဥ္ေတြကပဲ ရပ္ေပးေနတာကို ျမင္ေနရပါတယ္။ရန္ကုန္ၿမိဳ႕က ဦးေထာင္ဘို/ဟံသာဝတီအဝိုင္းလိုမ်ဳိး ေနျပည္ေတာ္ၾကာပန္းအဝိုင္းလိုမ်ဳိး အဝိုင္းႀကီးေတြမွာ အဝိုင္းပတ္ေနတဲ့ ယာဥ္အခ်င္းခ်င္း တိုက္မိရင္ေတာ့ လက္ဝဲဘက္ အတြင္းေၾကာကယာဥ္ အမွန္ျဖစ္ပါတယ္။

(၁၀) *ယာဥ္မွလူကိုတိုက္ျခင္း*

စက္တပ္ယာဥ္နဲ႔လူ တိုက္မိၿပီဆိုရင္ေတာ့ စက္တပ္ယာဥ္သာ အမွားျဖစ္ပါတယ္။ ေျပာစရာေတာင္ မလိုေလာက္ပါဘူး။

ယာဥ္တိုက္မႈျဖစ္ပြားရတဲ့ အေၾကာင္းအရင္းေတြကေတာ့ ယာဥ္ေမာင္းႏွင္သူမ်ားရဲ႕ ေပါ့ေလ်ာ့မႈေၾကာင့္ရယ္ ယာဥ္ရဲ႕စက္ပစၥည္း ခ်ဳိ႕ယြင္းမႈေၾကာင့္ရယ္ လမ္းအသံုးျပဳသူမ်ားရဲ႕ ေပါ့ေလ်ာ့မႈေတြေၾကာင့္ အျဖစ္မ်ားၾကပါတယ္။ ဒါကေတာ့ ကြ်န္ေတာ္ မွတ္ထားသေလာက္ကို ျပန္ေဝမွ်ေပးတာပါ။ အမွားပါေကာင္း ပါႏိုင္္ပါတယ္။ တက္သိနားလည္ေသာ ဆရာမ်ားမွ အမွားဝင္ေရာက္ ေထာက္ျပႏိုင္ပါတယ္။

Credit – BO WIN

[Unicode version]

သိထားသင့်တဲ့ ယာဉ်တိုက်မှု(၁၀)မျိုးနှင့် သိသင့်သော အမှားအမှန်ဆုံးဖြတ်ပုံ

(၁) *ရပ်ထားသောယာဉ်ကို ဝင်ရောက်တိုက်မိခြင်း*

ရပ်ထားသောယာဉ်ကို အခြားယာဉ်တစ်စီးမှ ဝင်ရောက်မိတဲ့အခါမှာ တိုက်တဲ့ယာဉ် အမှားပဲဖြစ်ပါတယ်။ ဒါပေမယ့် ညအချိန် အမှောင်ထဲမှာ ဘေးမီးဖွင့်မထားဘဲ လမ်းမပေါ် ရပ်ထားခဲ့မယ်။ အန္တရာယ် မဖြစ်နိုင်အောင် သတိပေးမယ့်သူ ရှိမနေခဲ့ရင်တော့ ရပ်ထားတဲ့ယာဉ်မှာလည်း တာဝန်ရှိနိုင်ပါတယ်။

(၂) *ရှေ့ယာဉ်အားနောက်ယာဉ်မှ ဝင်ရောက်တိုက်မိခြင်း*

နောက်ကယာဉ်မှာ တာဝန်ရှိပါတယ်။ ဒီနေရာမှာ တချို့ကပြောကြပါတယ်။ ရှေ့ယာဉ်က ရုတ်တရက် ဘရိတ်အုပ်လို့ တိုက်ရတာပါလို့ ပြောကြပါတယ်။ ဒါပေမယ့် ယာဉ်သွားလာမှု စည်းကမ်း နည်းဥပဒေ၁၄၅မှာ ရှေ့ယာဉ် ရုတ်တရက်ရပ်တန့်လျှင် နောက်မှယာဉ်သည် ထိခိုက်မှုမဖြစ်စေရန် သင့်လျော်သော အကွာအဝေးမှ လိုက်ရမည်လို့ ဖော်ပြထားပါတယ်။ သင့်လျော်သောအကွာအဝေး ဆိုတာကတော့ ပုံသေမရှိနိုင်ပါဘူး။ ရှေ့ယာဉ်အရှိန် များရင်များသလို အရှိန်နည်းရင်နည်းသလို ထိခိုက်မှုမရှိပဲ ရပ်တန့်နိုင်မယ့် အကွာအဝေးကို ချိန်ဆမောင်းနှင်ရမှာပါ။ အဲ့ဒီအတွက် ရှေ့ယာဉ်မှ ခွေးဖြတ်ပြေးလို့ဖြစ်ဖြစ် လူဖြတ်ပြေးလို့ပဲဖြစ်ဖြစ် အကြောင်းတစုံရာကြောင့် ရပ်တန့်ချိန်မှာ နောက်ယာဉ်သည်လည်း ထိခိုက်မှုမရှိအောင် ရပ်တန့်နိုင်ရပါမယ်။ ဖရီးကြောလို့ခေါ်တဲ့ ရပ်မျဉ်းမရှိတဲ့ ကွေ့ကြော၊ တည့်ကြောမှာတိုက်ရင်တော့ ရှေ့ယာဉ်အမှားဖြစ်ပါတယ်။ လမ်းညွှန်အမှတ်အသားကို လိုက်နာခြင်းမရှိတဲ့ အတွက်ပါ။

(၃) *လမ်းဆုံတွင်ယာဉ်(၂)စီးတိုက်ခြင်း*

မိန်းလမ်းမကြီးနဲ့ လမ်းသွယ်ဆိုရင်တော့ လမ်းသွယ်ယာဉ်ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ နည်းဥပဒေ ၁၄၉(ခ)အရ လမ်းမကြီးမှ ယာဉ်သည် ဦးစားပေးရတဲ့အတွက်ပါ။ တကယ်လို့ တူညီလမ်းဆုံမှာဆိုရင်တော့ နည်းဥပဒေ ၁၄၉(က)အရ လက်ယာဘက်ယာဉ်သည် ဦးစားပေးရပါတယ်။တူညီလမ်းဆုံသို့ ယာဉ်(၂)စီး တပြိုင်တည်း ရောက်ရှိလျှင် ဦးစွာရောက်ရှိသောယာဉ်ကို ဦးစားပေးရမည်ဖြစ်ပြီး တချိန်တည်း ရောက်ရှိလျှင် လက်ယာဘက်ယာဉ်ကို ဦးစားပေးရမည်လို့ သတ်မှတ်ထားတဲ့အတွက်ပါ။

(၄) *လမ်းလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိခြင်း*

ဒါကတော့ ယာဉ်(၂)စီးလုံးမှာ တာဝန်ရှိပါတယ်။ လက်ယာကပ်မောင်း စနစ်ဖြစ်တဲ့ ဒီနိုင်ငံမှာ သာမန်အားဖြင့် မည်သည့်ယာဉ်မဆို လက်ယာကပ်မောင်းရမှာ ဖြစ်တဲ့အတွက်ပါ။ နည်းဥပဒေ ၁၄၁မှာလည်း ဖော်ပြထားပါတယ်။ အမြန်လမ်းတွေလို ယာဉ်ကြော(၃)ကြောရှိတဲ့လမ်းဆို လက်ဝဲဘက်အစွန်းကြောသည် ကျော်တက်ရန်နှင့် အမြန်မောင်းနှင်ရန်မှာသာ အသုံးပြုရမှာ ဖြစ်ပါတယ်။

(၅) *T ပုံသဏ္ဍန်လမ်းဆုံတွင် တိုက်မိခြင်း*

Tလမ်းဆုံမှာ တိုက်ရင်လည်း လမ်းမပေါ် ကွေ့ထွက်တဲ့ယာဉ်က အမှားပဲ ဖြစ်ပါတယ်။

(၆) *တည့်ယာဉ်နှင့်ဝဲဘက်သို့ ‘ဂ’ကွေ့ကွေ့သောယာဉ်တိုက်မိခြင်း*

နည်းဥပဒေ ၁၄၈ နဲ့ ၁၅၀အရ တည့်တည့်လာနေတဲ့ ယာဉ်မရှင်းပဲ ကွေ့တဲ့ယာဉ်က အမှားပဲဖြစ်ပါတယ်။ ”လွတ်မယ်ထင်လို့ကွေ့တာပါ” တို့ ”ရှေ့က တည့်တည့်လာတဲ့ ယာဉ်ကအရှိန်များတာ” တို့ ပြောတက်ကြပါတယ်။ ဘယ်လိုပဲပြောပြော ရှင်းရမှာပါပဲ။

(၇) *လမ်းပြောင်းပြန်ကျော်တက်၍ မျက်နှာချင်းဆိုင်ယာဉ်နှင့်တိုက်မိခြင်း*

နည်းဥပဒေ ၁၄၆အရရှေ့မှ မျက်နှာခြင်းဆိုင်လာသော ယာဉ်မရှင်းဘဲ လမ်းပြောင်းပြန် ကျော်တက်တက်တဲ့ ယာဉ်မှာ တာဝန်ရှိပါတယ်။

(၈)*ဘေးချင်းယှဉ်ကျော်တက်၍ ပွတ်တိုက်ခြင်း*

လက်ဝဲဘက်မှကျော်တက်ပွတ်တိုက်မိသည့်ယာဉ်သာ အမှားဖြစ်ပါတယ်။

(၉) *အဝိုင်းတွင်ယာဉ်(၂)စီး တိုက်မိခြင်း။*

နည်းဥပဒေ၁၄၉အရ အဝိုင်းပတ်နေတဲ့ယာဉ်သာ အမှန်ဖြစ်ပါတယ်။ အဝိုင်းပတ်ယာဉ် ဦးစားပေးရမှာ ဖြစ်ပေမယ့် မြို့တော်တော်များများမှာ အဝိုင်းပတ်နေတဲ့ ယာဉ်တွေကပဲ ရပ်ပေးနေတာကို မြင်နေရ ပါတယ်။ရန်ကုန်မြို့က ဦးထောင်ဘို/ဟံသာဝတီအဝိုင်းလိုမျိုး နေပြည်တော်ကြာပန်းအဝိုင်းလိုမျိုး အဝိုင်းကြီးတွေမှာ အဝိုင်းပတ်နေတဲ့ ယာဉ်အချင်းချင်း တိုက်မိရင်တော့ လက်ဝဲဘက် အတွင်းကြောကယာဉ် အမှန်ဖြစ်ပါတယ်။

(၁၀) *ယာဉ်မှလူကိုတိုက်ခြင်း*

စက်တပ်ယာဉ်နဲ့လူ တိုက်မိပြီဆိုရင်တော့ စက်တပ်ယာဉ်သာ အမှားဖြစ်ပါတယ်။ ပြောစရာတောင် မလိုလောက်ပါဘူး။

ယာဉ်တိုက်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေကတော့ ယာဉ်မောင်းနှင်သူများရဲ့ ပေါ့လျော့မှုကြောင့်ရယ် ယာဉ်ရဲ့စက်ပစ္စည်း ချို့ယွင်းမှုကြောင့်ရယ် လမ်းအသုံးပြုသူများရဲ့ ပေါ့လျော့မှုတွေကြောင့် အဖြစ်များကြပါတယ်။ ဒါကတော့ ကျွန်တော် မှတ်ထားသလောက်ကို ပြန်ဝေမျှပေးတာပါ။ အမှားပါကောင်း ပါနိုင်ပါတယ်။ တက်သိနားလည်သော ဆရာများမှ အမှားဝင်ရောက် ထောက်ပြနိုင်ပါတယ်။

Credit – BO WIN

Leave a Reply

Your email address will not be published. Required fields are marked *