ဗဟုတုသ

မနက်စောစောစီးစီး မှာ ဘာတွေ စားကြမလဲ

မနက်စောစောစီးစီး မှာ ဘာတွေ စားကြမလဲ

ကျွန်တော်တို့ပြောပြောနေတဲ့ ‘မနက်စာကို ဘုရင်လိုစား’ ဆိုတဲ့ အတိုင်း အခုနောက်ပိုင်း လူတော်တော် များများ က မနက်စာကို သတိထားစားလာကြပါတယ်။ ကောင်းကောင်းစား ဆိုပေမယ့် ကယ်လိုရီ ကန့်သက်ချက်လေးနဲ့တော့ စားဖို့လိုပါတယ်။ မနက်စာကို ကယ်လိုရီ ၄၀၀-၅၀၀ စားပေးဖို့လိုပါတယ်။

မြန်မာ့အစားအစာ တွေ ဖြစ်တဲ့ မုန့်ပာင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုပ်စုံ စတာတွေ ကို ရံဖန်ရံခါ စားလို့ရပါတယ်။ အမြဲတမ်းတော့ စားလို့ အဆင်မပြေပါဘူး။ အချိုမှုန့်တွေ ဆီတွေ အရမ်းများတဲ့ အတွက်ကြောင့်ပါ။

ဆီကြော်တွေ ဖြစ်တဲ့ စမူဆာ၊ အီကြာကွေး၊ ပလာတာ၊ အကြော်စုံ စတာတွေ ကတော့ တက်နိုင်သလောက် ရှောင်ပေးပါ။

စားသင့်တာတွေ ကတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အစားများတဲ့ ကောင်ညှင်းပေါင်း၊ ထန်းသီးမုန့် စတဲ့ မြန်မာ့ရိုးရာ အစားအစာတွေ၊ ပေါင်မုန့်၊ဒိန်ခဲ၊ Oatmeal၊ ကွေကာအုပ်၊ ကြက်ဥပြုတ်၊ ပဲနို့၊ နို့ချောကလက်၊ လိမ္မော်သီးဖျော်ရည် စတာတွေ အပြင် အသီးအနှံ တစ်မျိုးမျိုး ဥပမာ ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီး စတာတွေ ပါ ထပ်ထည့်စားပေးပါက စိတ်ကြည်လင်တက်ကြွစေပါတယ်။
မနက်စာကို စနစ်တကျ ရွေးချယ် စားသောက်ပြီး တက်ကြွလန်းဆန်း သောနေ့ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Photo from internet source

Leave a Reply

Your email address will not be published. Required fields are marked *