ဗဟုတုသ

အသင့္စား ေခါက္ဆြဲေျခာက္ေတြကို အႏၲရာယ္ကင္းေအာင္ စားနည္း

[Zawgyi version]

အသင့္စား ေခါက္ဆြဲေျခာက္ေတြမွာ က်န္းမာေရးအတြက္ ေဘးထြက္ ဆိုးက်ိဳးေတြျဖစ္ေစတဲ့ ကစီဓာတ္ လြန္ကဲစြာ ပါဝင္ပါတယ္။ ေဈးႏႈန္းခ်ိဳသာၿပီး အလြယ္တကူနဲ႔ ပူပူေႏြးေႏြး စားသုံးလို႔ရတဲ့ အသင့္စား ေခါက္ဆြဲေျခာက္ေတြမွာ က်န္းမာေရးအတြက္ ေဘးထြက္ ဆိုးက်ိဳးေတြျဖစ္ေစတဲ့ ကစီဓာတ္ လြန္ကဲစြာ ပါဝင္ၿပီး ဗီတာမင္၊ အမွ်င္ဓာတ္နဲ႔ သတၱဳဓာတ္စတဲ့ က်န္းမာေရးကို အက်ိဳးျပဳေစတဲ့ အာဟာရ ဓာတ္ေတြေတာ့ မပါဝင္ပါဘူး။

ဒါေၾကာင့္မို႔လို႔ အာဟာရ သုေတသနပညာရွင္ေတြက အသင့္စား ေခါက္ဆြဲေျခာက္ေတြကို အာဟာရျဖစ္တဲ့ အစားအစာလို႔ သတ္မွတ္ မထားပါဘူး။ အသင့္စား ေခါက္ဆြဲေျခာက္ေတြကို ရံဖန္ရံခါမွ စားသုံးမယ္ ဆိုရင္ေတာ့ ျပႆနာ မရွိလွေပမယ့္ စြဲစြဲၿမဲၿမဲ စားသုံးမယ္ဆိုရင္ အစာအိမ္ရဲ႕ အစာေျခစနစ္ကို ဒုကၡျဖစ္ေစႏိုင္ပါတယ္။


ဒါေၾကာင့္မို႔လို႔ အသင့္စား ေခါက္ဆြဲေျခာက္ေတြ စားသုံးေတာ့မယ္ဆိုရင္ ခႏၶာကိုယ္အတြက္ က်န္းမာေရးဆိုးက်ိဳးေတြ မျဖစ္ေပၚေအာင္ စားသုံးလို႔ရတဲ့ နည္းလမ္းေတြကို စာဖတ္ပရိသတ္ေတြအတြက္ ေရးသားေဖာ္ျပလိုက္ပါတယ္။

(၁) အသင့္စား ေခါက္ဆြဲေျခာက္ေတြကို ေရေႏြးေဖ်ာ္တဲ့အခါ ပထမေရကို သြန္ပစ္လိုက္ပါ။ သြန္ပစ္လိုက္တဲ့ ေရေႏြးေတြထဲမွာ ေခါက္ဆြဲေျခာက္ေတြ တမွ်င္နဲ႔တမွ်င္ မကပ္ေအာင္လို႔ အသုံးျပဳထားတဲ့ ဖေယာင္းေတြ ပါသြားမွာ ျဖစ္ပါတယ္။ သြန္လိုက္တဲ့ ေရေႏြးေတြအစား ေနာက္ထပ္ ေရေႏြးထပ္ထည့္ၿပီးမွ စားသုံးသင့္ပါတယ္။

(၂) ေကာ္ဘူး ဒါမွမဟုတ္ စကၠဴဘူးနဲ႔ ထုတ္ပိုးထားတဲ့ အသင့္စား ေခါက္ဆြဲေျခာက္ေတြကို စားသုံးေတာ့မယ္ဆိုရင္ ေကာ္ဘူးထဲကို ေရေႏြး တခါတည္း ထည့္ၿပီး စားသုံးျခင္းကို ေရွာင္ၾကဥ္သင့္ပါတယ္။ ေကာ္ဘူးေတြထဲမွာပါတဲ့ Styrene ဓာတ္ဟာ အပူနဲ႔ေတြ႕တဲ့အခါ အစားအေသာက္ထဲကို အလြယ္တကူနဲ႔ေပ်ာ္ဝင္သြားတာေၾကာင့္ ေခါက္ဆြဲေျခာက္ ျပဳတ္စားတဲ့အခါ ေကာ္ဘူးထဲမွာ တခါတည္း ျပဳတ္ၿပီး စားသုံးမယ့္အစား ပန္းကန္လုံး တစ္ခုထဲမွာ သက္သက္ထည့္ၿပီး စားသုံးသင့္ပါတယ္။

(၃) အသင့္စား ေခါက္ဆြဲေျခာက္ေတြ စားတဲ့အခါ ေခါက္ဆြဲခ်ည္း သက္သက္စားတာမ်ိဳးထက္ တျခားေသာ အာဟာရရွိတဲ့ အစားအစာေတြျဖစ္တဲ့ ထမင္း၊ ၾကက္ဥ၊ အသား၊ အသီးအ႐ြက္ စတဲ့ တစ္မ်ိဳးမ်ိဳးနဲ႔ တြဲဖက္ၿပီး စားသုံးသင့္ပါတယ္။

Credit : ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy – Burmese Edition

[Unicode version]

အသင့်စား ခေါက်ဆွဲခြောက်တွေမှာ ကျန်းမာရေးအတွက် ဘေးထွက် ဆိုးကျိုးတွေဖြစ်စေတဲ့ ကစီဓာတ် လွန်ကဲစွာ ပါဝင်ပါတယ်။ ဈေးနှုန်းချိုသာပြီး အလွယ်တကူနဲ့ ပူပူနွေးနွေး စားသုံးလို့ရတဲ့ အသင့်စား ခေါက်ဆွဲခြောက်တွေမှာ ကျန်းမာရေးအတွက် ဘေးထွက် ဆိုးကျိုးတွေဖြစ်စေတဲ့ ကစီဓာတ် လွန်ကဲစွာ ပါဝင်ပြီး ဗီတာမင်၊ အမျှင်ဓာတ်နဲ့ သတ္တုဓာတ်စတဲ့ ကျန်းမာရေးကို အကျိုးပြုစေတဲ့ အာဟာရ ဓာတ်တွေတော့ မပါဝင်ပါဘူး။

ဒါကြောင့်မို့လို့ အာဟာရ သုတေသနပညာရှင်တွေက အသင့်စား ခေါက်ဆွဲခြောက်တွေကို အာဟာရဖြစ်တဲ့ အစားအစာလို့ သတ်မှတ် မထားပါဘူး။ အသင့်စား ခေါက်ဆွဲခြောက်တွေကို ရံဖန်ရံခါမှ စားသုံးမယ် ဆိုရင်တော့ ပြဿနာ မရှိလှပေမယ့် စွဲစွဲမြဲမြဲ စားသုံးမယ်ဆိုရင် အစာအိမ်ရဲ့ အစာခြေစနစ်ကို ဒုက္ခဖြစ်စေနိုင်ပါတယ်။

ဒါကြောင့်မို့လို့ အသင့်စား ခေါက်ဆွဲခြောက်တွေ စားသုံးတော့မယ်ဆိုရင် ခန္ဓာကိုယ်အတွက် ကျန်းမာရေးဆိုးကျိုးတွေ မဖြစ်ပေါ်အောင် စားသုံးလို့ရတဲ့ နည်းလမ်းတွေကို စာဖတ်ပရိသတ်တွေအတွက် ရေးသားဖော်ပြလိုက်ပါတယ်။

(၁) အသင့်စား ခေါက်ဆွဲခြောက်တွေကို ရေနွေးဖျော်တဲ့အခါ ပထမရေကို သွန်ပစ်လိုက်ပါ။ သွန်ပစ်လိုက်တဲ့ ရေနွေးတွေထဲမှာ ခေါက်ဆွဲခြောက်တွေ တမျှင်နဲ့တမျှင် မကပ်အောင်လို့ အသုံးပြုထားတဲ့ ဖယောင်းတွေ ပါသွားမှာ ဖြစ်ပါတယ်။ သွန်လိုက်တဲ့ ရေနွေးတွေအစား နောက်ထပ် ရေနွေးထပ်ထည့်ပြီးမှ စားသုံးသင့်ပါတယ်။

(၂) ကော်ဘူး ဒါမှမဟုတ် စက္ကူဘူးနဲ့ ထုတ်ပိုးထားတဲ့ အသင့်စား ခေါက်ဆွဲခြောက်တွေကို စားသုံးတော့မယ်ဆိုရင် ကော်ဘူးထဲကို ရေနွေး တခါတည်း ထည့်ပြီး စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ကော်ဘူးတွေထဲမှာပါတဲ့ Styrene ဓာတ်ဟာ အပူနဲ့တွေ့တဲ့အခါ အစားအသောက်ထဲကို အလွယ်တကူနဲ့ပျော်ဝင်သွားတာကြောင့် ခေါက်ဆွဲခြောက် ပြုတ်စားတဲ့အခါ ကော်ဘူးထဲမှာ တခါတည်း ပြုတ်ပြီး စားသုံးမယ့်အစား ပန်းကန်လုံး တစ်ခုထဲမှာ သက်သက်ထည့်ပြီး စားသုံးသင့်ပါတယ်။

(၃) အသင့်စား ခေါက်ဆွဲခြောက်တွေ စားတဲ့အခါ ခေါက်ဆွဲချည်း သက်သက်စားတာမျိုးထက် တခြားသော အာဟာရရှိတဲ့ အစားအစာတွေဖြစ်တဲ့ ထမင်း၊ ကြက်ဥ၊ အသား၊ အသီးအရွက် စတဲ့ တစ်မျိုးမျိုးနဲ့ တွဲဖက်ပြီး စားသုံးသင့်ပါတယ်။

Credit : ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *