ဗဟုတုသ

ဓာတုဆေးဝါး၊ အဆိပ်အတောက်ကင်းသော ဆေးဘက်ဝင် သဘာဝဆေးဘဲဥ အိမ်တွင်လုပ်နည်း

[Zawgyi version]

ဓာတုေဆး၀ါး၊ အဆိပ္အေတာက္ကင္းေသာ ေဆးဘက္၀င္ သဘာ၀ေဆးဘဲဥ အိမ္တြင္လုပ္နည္း

ေဆးဘဲဥလုပ္တတ္သလား ညီမငယ္

ေဆးဘဲဥရဲ႕ အဓိကအက်ဆုံး တစ္ခုကိုဘဲ ေျပာရမယ္ဆိုရင္ ဒဏ္ေၾကပါသတဲ့။ ဘာဒဏ္ေတြလို႔ ေျပာျပန္ရင္လည္း ေဆးဘဲဥ က်မ္းႀကီးတစ္ေစာင္ ျဖစ္သြားမွာေၾကာက္လို႔ တစ္ခုဘဲေျပာမယ္ေနာ္။ အဲ့ဒါကေတာ့ ညီမငယ္ တို႔ေတြ (၁) လတစ္ႀကိမ္ ခံစားရတဲ့ ဒုကၡဒဏ္ကို သူကေျဖေပးပါသတဲ့။ ဝီစကီေလးတျမျမ၊ ဘီယာခြက္ ႀကီးတဆဆနဲ႔ ညီငယ္ေတြအတြက္လဲ သူရာရဲ႕ဒဏ္ကို ေခ်ေပးျပန္သတဲ့ေလ။ ကဲ…. ေဆးဘဲဥသုပ္ စားခ်င္စိတ္ေပၚလာၿပီ မဟုတ္လား။

ကဲ ညီမငယ္ …….. ဘဲဥေတြကို ေရစင္စင္ ေဆးလိုက္ဘို႔လိုတယ္ေနာ္။ ၿပီးေတာ့ အဝတ္သန္႕သန္႕နဲ႔ ေရေျခာက္ေအာင္ သုတ္လိုက္ပါအုံး။ ၿပီးရင္ ဘဲဥေပၚမွာ မံ(အုံ)မယ့္ပစၥည္း လုပ္ၾကရေအာင္။ မီးဖိုျပာ(ၿမိဳ႕ႀကီးက လွ်ပ္စစ္အိုး၊ Gas အိုးေတြနဲ႔ခ်က္တဲ့မီးဖိုေတြဆီကေတာ့ ျပာမရေလာက္ပါဘူးေနာ္….စိတ္မပ်က္ပါနဲ႔…. သတင္းစာေဟာင္း၊ ဂ်ာနယ္ေဟာင္း၊ စာ႐ြက္ေဟာင္းေတြကို သံပုံးတစ္ခုထဲ ထည့္ၿပီး မီးရႈိ႕ရင္လဲ လိုအပ္တဲ့ျပာကို ရပါသဗ်ား……)

ျပာႏို႔ဆီဗူး (၁)ဗူး၊ မေဖာက္ထံုး (၁)ဗူး၊ စပါးခြံဖြဲလက္တစ္ဆုပ္ စာတို႔ကို ဇလုံတစ္ခုထဲထည့္ၿပီး သမေအာင္ေမႊထားေနာ္။ အဲ့ဒီအထဲကို လက္ဖက္ေျခာက္ အသားမ်ားမ်ားကို ေရနည္းနည္းထည့္ၿပီး က်ေအာင္ႏွပ္ ထားတဲ့ အက်ရည္ကို ျဖည္းျဖည္းခ်င္း ေလာင္းထည့္ၿပီး ေစးပိုင္ပိုင္ ျပစ္ပစ္ခဲတဲ့ အေနအထားရေအာင္ နယ္ေပးေနာ္။ အဲ့ဒါကို ဘဲဥေတြရဲ႕ အေပၚမွာ အထူအပါးညီညီ မံ(အုံ) ေပးၿပီး စဥ့္အင္တုံတစ္ခုထဲမွာ ေထာင္ရက္ကေလးနဲ႔ အစီအရီထည့္ေနာ္။ ရက္(၄၀)ေတာ့ ေစာင့္ရမယ္ေနာ္။

အဲ့ဒီေဆးဘဲဥကို ၾကက္သြန္နီ၊ ႏွမ္းေလွာ္၊ ေျမပဲဆီသန႔္သန႔္ေလး၊ ဆား၊ အခ်ိဳမႈန႔္ (အားမေပးပါ) ထည့္ၿပီး သုပ္စားေပေတာ့။ ေအာ္ ေမ့လို႔ေမ့လို႔ ျပာေတြ ထုံးေတြကိုနယ္တာတို႔၊ ဘဲဥကို မံ(အုံ)တာတို႔လုပ္ရင္ လက္အိပ္စြပ္ၿပီးလုပ္ေနာ္၊ ေတာ္ၾကာ မေဖာက္ထုံးက ညီမငယ္ လက္ကိုစားသြားလို႔ လက္ေလာင္သြားမွျဖင့္ လက္ကိုင္ဖုံးမပြတ္ႏိုင္လို႔ Facebook မသုံးရဘဲ ျဖစ္ေနအုံးမယ္….. သတိ..သတိ။

ေအာ္ …ေအာ္…. တစ္ခုက်န္သြားေသးတယ္။ အကာခြာလိုက္ရင္ အရစ္ရစ္ ဆန္းကေလးေတြနဲ႔ အျမင္လွတဲ့ ေဆးဘဲဥေလးေတြ ေတြ႕ဘူးမွာပါေနာ္။ အဲ့ဒီလို အရစ္လွလွေလးေတြ ျဖစ္ဖို႔က်ေတာ့ ႐ိုး႐ိုးမီးဖိုျပာ သုံးမယ့္အစား ဝါး႐ြက္ျပာကို သုံးရသတဲ့ေလ။

Credit – နဂါးႏိုင္

[Unicode version]

ဓာတုဆေးဝါး၊ အဆိပ်အတောက်ကင်းသော ဆေးဘက်ဝင် သဘာဝဆေးဘဲဥ အိမ်တွင်လုပ်နည်း

ဆေးဘဲဥလုပ်တတ်သလား ညီမငယ်

ဆေးဘဲဥရဲ့ အဓိကအကျဆုံး တစ်ခုကိုဘဲ ပြောရမယ်ဆိုရင် ဒဏ်ကြေပါသတဲ့။ ဘာဒဏ်တွေလို့ ပြောပြန်ရင်လည်း ဆေးဘဲဥ ကျမ်းကြီးတစ်စောင် ဖြစ်သွားမှာကြောက်လို့ တစ်ခုဘဲပြောမယ်နော်။ အဲ့ဒါကတော့ ညီမငယ် တို့တွေ (၁) လတစ်ကြိမ် ခံစားရတဲ့ ဒုက္ခဒဏ်ကို သူကဖြေပေးပါသတဲ့။ ဝီစကီလေးတမြမြ၊ ဘီယာခွက် ကြီးတဆဆနဲ့ ညီငယ်တွေအတွက်လဲ သူရာရဲ့ဒဏ်ကို ချေပေးပြန်သတဲ့လေ။ ကဲ…. ဆေးဘဲဥသုပ် စားချင်စိတ်ပေါ်လာပြီ မဟုတ်လား။

ကဲ ညီမငယ် …….. ဘဲဥတွေကို ရေစင်စင် ဆေးလိုက်ဘို့လိုတယ်နော်။ ပြီးတော့ အဝတ်သန့်သန့်နဲ့ ရေခြောက်အောင် သုတ်လိုက်ပါအုံး။ ပြီးရင် ဘဲဥပေါ်မှာ မံ(အုံ)မယ့်ပစ္စည်း လုပ်ကြရအောင်။ မီးဖိုပြာ(မြို့ကြီးက လျှပ်စစ်အိုး၊ Gas အိုးတွေနဲ့ချက်တဲ့မီးဖိုတွေဆီကတော့ ပြာမရလောက်ပါဘူးနော်….စိတ်မပျက်ပါနဲ့…. သတင်းစာဟောင်း၊ ဂျာနယ်ဟောင်း၊ စာရွက်ဟောင်းတွေကို သံပုံးတစ်ခုထဲ ထည့်ပြီး မီးရှို့ရင်လဲ လိုအပ်တဲ့ပြာကို ရပါသဗျား……)

ပြာနို့ဆီဗူး (၁)ဗူး၊ မဖောက်ထုံး (၁)ဗူး၊ စပါးခွံဖွဲလက်တစ်ဆုပ် စာတို့ကို ဇလုံတစ်ခုထဲထည့်ပြီး သမအောင်မွှေထားနော်။ အဲ့ဒီအထဲကို လက်ဖက်ခြောက် အသားများများကို ရေနည်းနည်းထည့်ပြီး ကျအောင်နှပ် ထားတဲ့ အကျရည်ကို ဖြည်းဖြည်းချင်း လောင်းထည့်ပြီး စေးပိုင်ပိုင် ပြစ်ပစ်ခဲတဲ့ အနေအထားရအောင် နယ်ပေးနော်။ အဲ့ဒါကို ဘဲဥတွေရဲ့ အပေါ်မှာ အထူအပါးညီညီ မံ(အုံ) ပေးပြီး စဉ့်အင်တုံတစ်ခုထဲမှာ ထောင်ရက်ကလေးနဲ့ အစီအရီထည့်နော်။ ရက်(၄၀)တော့ စောင့်ရမယ်နော်။

အဲ့ဒီဆေးဘဲဥကို ကြက်သွန်နီ၊ နှမ်းလှော်၊ မြေပဲဆီသန့်သန့်လေး၊ ဆား၊ အချိုမှုန့် (အားမပေးပါ) ထည့်ပြီး သုပ်စားပေတော့။ အော် မေ့လို့မေ့လို့ ပြာတွေ ထုံးတွေကိုနယ်တာတို့၊ ဘဲဥကို မံ(အုံ)တာတို့လုပ်ရင် လက်အိပ်စွပ်ပြီးလုပ်နော်၊ တော်ကြာ မဖောက်ထုံးက ညီမငယ် လက်ကိုစားသွားလို့ လက်လောင်သွားမှဖြင့် လက်ကိုင်ဖုံးမပွတ်နိုင်လို့ Facebook မသုံးရဘဲ ဖြစ်နေအုံးမယ်….. သတိ..သတိ။

အော် …အော်…. တစ်ခုကျန်သွားသေးတယ်။ အကာခွာလိုက်ရင် အရစ်ရစ် ဆန်းကလေးတွေနဲ့ အမြင်လှတဲ့ ဆေးဘဲဥလေးတွေ တွေ့ဘူးမှာပါနော်။ အဲ့ဒီလို အရစ်လှလှလေးတွေ ဖြစ်ဖို့ကျတော့ ရိုးရိုးမီးဖိုပြာ သုံးမယ့်အစား ဝါးရွက်ပြာကို သုံးရသတဲ့လေ။

Credit – နဂါးနိုင်

Leave a Reply

Your email address will not be published. Required fields are marked *