ဗဟုတုသ

ဒူးနဲ့တံတောင်ဆစ် ညိုမည်းခြင်းတွေကို ပြန်လည် ဖြူဝင်းလာစေနိုင်မယ့် နည်းလမ်းကောင်းများ

[Zawgyi version]
ဒူးနဲ႔တံေတာင္ဆစ္ ညိဳမည္းျခင္းေတြကို ျပန္လည္ ျဖဴဝင္းလာေစႏိုင္မယ့္ နည္းလမ္းေကာင္းမ်ား

ဒူးနဲ႔ တံေတာင္ဆစ္ အသားအေရေတြဟာ ဆဲလ္ေသေတြ အမ်ားအျပား စုပုံေနတတ္တာေၾကာင့္ ၾကမ္းတမ္းၿပီး ညိဳမည္း လာတတ္ပါတယ္။ မၾကာခဏ လက္ေထာက္ၿပီး ထိုင္တတ္သူေတြ အမ်ားစုဟာ တံေတာင္ဆစ္ ညိဳမည္းတတ္တာေၾကာင့္ လက္ခဏခဏ ေထာက္ၿပီး ထိုင္တတ္တဲ့ အက်င့္ကို ေရွာင္ၾကဥ္သင့္ပါတယ္။

အမ်ိဳးသမီးေတြ စကတ္တို ဝတ္တဲ့အခါ ဒူးဆစ္ေတြ ညိဳမည္းတာေတြက ၾကည့္ရဆိုးတာေၾကာင့္ ဒူး၊ တံေတာင္ဆစ္ ညိဳမည္းလို႔ စိတ္ညစ္ေနသူေတြအတြက္ အလြယ္တကူ ျပဳလုပ္ႏိုင္မယ့္ နည္းလမ္းေကာင္း ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) သခြားသီးမွာ အသားအေရကို ေၾကး(ဂ်ီး) ခြၽတ္ေပးႏိုင္တဲ့ ဂုဏ္သတၱိရွိတာေၾကာင့္ သခြားသီးကို ခပ္ထူထူေလး စိတ္ၿပီး ညိဳမည္းေနတဲ့ ဒူးနဲ႔တံေတာင္ဆစ္ေတြေပၚမွာ ၁၅ မိနစ္ခန႔္ ပြတ္တိုတ္ေပးပါ။ ၿပီးရင္ ေရခပ္ေအးေအးနဲ႔ ေဆးေၾကာေပး႐ုံနဲ႔ ဒူးနဲ႔ တံေတာင္ဆစ္ေပၚက ဆဲလ္ေသေတြကို ဖယ္ရွားေပးႏိုင္မွာ ျဖစ္သလို သခြားသီးမွာ ပါဝင္တဲ့ ဗီတာမင္ ေအနဲ႔ စီက သင့္အသားအေရကို စိုျပည္ၾကည္လင္ ေစမွာ ျဖစ္ပါတယ္။

(၂) သံပ႐ိုသီးကို တျခမ္း ျခမ္းထားတဲ့ သံပ႐ို ျခမ္းေပၚမွာ မုန႔္ဖုတ္ဆိုဒါ အနည္းငယ္သုတ္ၿပီး တံေတာင္ဆစ္နဲ႔ ဒူးဆစ္ ေတြေပၚမွာ ၅ မိနစ္ေလာက္ပြတ္ေပးပါ။ ၿပီးရင္ေတာ့ တစ္ရႈးစေလးနဲ႔ သုတ္ေပးပါ။ ဒီနည္းလမ္းအတိုင္း တပတ္မွာ ၂ ႀကိမ္ ၃ ႀကိမ္ျပဳလုပ္ေပး႐ုံနဲ႔ ညိဳမည္းေနတဲ့ ဒူးနဲ႔တံေတာင္ဆစ္ေတြ ျဖဴဝင္းလာေစမွာ ျဖစ္ပါတယ္။

(၃) အာလူးမွာ အသားအေရကို သဘာဝအတိုင္းျဖဴဝင္းေစႏိုင္စြမ္းရွိတာေၾကာင့္ အာလူးကို ျခစ္ထားၿပီး ရလာတဲ့ အာလူး ရည္ကို ဂြမ္းစေလးနဲ႔တို႔ၿပီး ဒူးနဲ႔ တံေတာင္ဆစ္ေနရာေတြမွာ သုတ္လိမ္းေပးပါ။ ၁၀ မိနစ္ခန႔္ၾကာရင္ ေရနဲ႔ ျပန္လည္ ေဆးေၾကာ ေပးျခင္းအားျဖင့္ အခ်ိန္တိုအတြင္း ဒူးနဲ႔ တံေတာင္ဆစ္ ညိဳမည္းျခင္းေတြကို ေပ်ာက္ကင္း သက္သာေစမွာ ျဖစ္ပါတယ္။

(၄) နႏြင္းမႈန႔္ အနည္းငယ္နဲ႔ ႏြားႏို႔လက္ဖက္ရည္ ဇြန္းတဇြန္းကို ေရာစပ္ၿပီး ညိဳမည္းေနတဲ့ ဒူးနဲ႔ တံေတာင္ဆစ္ ေနရာေတြမွာ လိမ္းေပးၿပီး ေျခာက္ေသြ႕ေအာင္ပါ။ ၿပီးရင္ေတာ့ ေရခပ္ေႏြးေႏြးနဲ႔ ေဆးေၾကာ သန႔္စင္ေပး႐ုံနဲ႔ ဒူးနဲ႔ တံေတာင္ဆစ္ေတြကို ျပန္လည္ ျဖဴဝင္းလာေစမွာ ျဖစ္ပါတယ္။

Credit – ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy – Burmese Edition

[Unicode version]
ဒူးနဲ့တံတောင်ဆစ် ညိုမည်းခြင်းတွေကို ပြန်လည် ဖြူဝင်းလာစေနိုင်မယ့် နည်းလမ်းကောင်းများ

ဒူးနဲ့ တံတောင်ဆစ် အသားအရေတွေဟာ ဆဲလ်သေတွေ အများအပြား စုပုံနေတတ်တာကြောင့် ကြမ်းတမ်းပြီး ညိုမည်း လာတတ်ပါတယ်။ မကြာခဏ လက်ထောက်ပြီး ထိုင်တတ်သူတွေ အများစုဟာ တံတောင်ဆစ် ညိုမည်းတတ်တာကြောင့် လက်ခဏခဏ ထောက်ပြီး ထိုင်တတ်တဲ့ အကျင့်ကို ရှောင်ကြဉ်သင့်ပါတယ်။

အမျိုးသမီးတွေ စကတ်တို ဝတ်တဲ့အခါ ဒူးဆစ်တွေ ညိုမည်းတာတွေက ကြည့်ရဆိုးတာကြောင့် ဒူး၊ တံတောင်ဆစ် ညိုမည်းလို့ စိတ်ညစ်နေသူတွေအတွက် အလွယ်တကူ ပြုလုပ်နိုင်မယ့် နည်းလမ်းကောင်း တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သခွားသီးမှာ အသားအရေကို ကြေး(ဂျီး) ချွတ်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် သခွားသီးကို ခပ်ထူထူလေး စိတ်ပြီး ညိုမည်းနေတဲ့ ဒူးနဲ့တံတောင်ဆစ်တွေပေါ်မှာ ၁၅ မိနစ်ခန့် ပွတ်တိုတ်ပေးပါ။ ပြီးရင် ရေခပ်အေးအေးနဲ့ ဆေးကြောပေးရုံနဲ့ ဒူးနဲ့ တံတောင်ဆစ်ပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်သလို သခွားသီးမှာ ပါဝင်တဲ့ ဗီတာမင် အေနဲ့ စီက သင့်အသားအရေကို စိုပြည်ကြည်လင် စေမှာ ဖြစ်ပါတယ်။

(၂) သံပရိုသီးကို တခြမ်း ခြမ်းထားတဲ့ သံပရို ခြမ်းပေါ်မှာ မုန့်ဖုတ်ဆိုဒါ အနည်းငယ်သုတ်ပြီး တံတောင်ဆစ်နဲ့ ဒူးဆစ် တွေပေါ်မှာ ၅ မိနစ်လောက်ပွတ်ပေးပါ။ ပြီးရင်တော့ တစ်ရှုးစလေးနဲ့ သုတ်ပေးပါ။ ဒီနည်းလမ်းအတိုင်း တပတ်မှာ ၂ ကြိမ် ၃ ကြိမ်ပြုလုပ်ပေးရုံနဲ့ ညိုမည်းနေတဲ့ ဒူးနဲ့တံတောင်ဆစ်တွေ ဖြူဝင်းလာစေမှာ ဖြစ်ပါတယ်။

(၃) အာလူးမှာ အသားအရေကို သဘာဝအတိုင်းဖြူဝင်းစေနိုင်စွမ်းရှိတာကြောင့် အာလူးကို ခြစ်ထားပြီး ရလာတဲ့ အာလူး ရည်ကို ဂွမ်းစလေးနဲ့တို့ပြီး ဒူးနဲ့ တံတောင်ဆစ်နေရာတွေမှာ သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့်ကြာရင် ရေနဲ့ ပြန်လည် ဆေးကြော ပေးခြင်းအားဖြင့် အချိန်တိုအတွင်း ဒူးနဲ့ တံတောင်ဆစ် ညိုမည်းခြင်းတွေကို ပျောက်ကင်း သက်သာစေမှာ ဖြစ်ပါတယ်။

(၄) နနွင်းမှုန့် အနည်းငယ်နဲ့ နွားနို့လက်ဖက်ရည် ဇွန်းတဇွန်းကို ရောစပ်ပြီး ညိုမည်းနေတဲ့ ဒူးနဲ့ တံတောင်ဆစ် နေရာတွေမှာ လိမ်းပေးပြီး ခြောက်သွေ့အောင်ပါ။ ပြီးရင်တော့ ရေခပ်နွေးနွေးနဲ့ ဆေးကြော သန့်စင်ပေးရုံနဲ့ ဒူးနဲ့ တံတောင်ဆစ်တွေကို ပြန်လည် ဖြူဝင်းလာစေမှာ ဖြစ်ပါတယ်။

Credit – ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *